သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းထံက မြေရှားသတ္တု ရရှိရေး အမေရိကန် ညှိနှိုင်း


ကိဗ်မြို့တွင်ကျင်းပသည့် "Ukraine. Year 2025" ဖိုရမ်ပြင်ပ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုနေသည့် သမ္မတ Volodymyr Zelenskyy။ (ဖေဖော်ဝါရီ ၂၃၊​ ၂၀၂၅) (AP)
ကိဗ်မြို့တွင်ကျင်းပသည့် "Ukraine. Year 2025" ဖိုရမ်ပြင်ပ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုနေသည့် သမ္မတ Volodymyr Zelenskyy။ (ဖေဖော်ဝါရီ ၂၃၊​ ၂၀၂၅) (AP)

ရုရှားကျူးကျော်စစ်ကို ကာကွယ်နိုင်အောင် အမေရိကန် အထောက်အပံ့ လက်နက်တွေအတွက် မြေရှားသတ္တု ထုတ်လုပ်ခွင့် အခွင့်အရေး အမေရိကန်ကိုပေးဖို့ သဘောတူညီချက် နီးနေပြီလို့ အမေရိကန်နဲ့ ယူကရိန်းတို့က တနင်္ဂနွေနေ့မှာ ပြောလိုက်ကြပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက သဘောတူညီချက်ရဖို့ တိုးတက်မှုတွေ ရှိနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်အကူ ၁ ဒေါ်လာအတွက် ယူကရိန်းက ၂ ဒေါ်လာပြန်ပေးဖို့ စာချုပ်မူကြမ်းကို ပို့ထားကြောင်း သမ္မတ ဇယ်လန်စကီးက ပြောပါတယ်။

Germany နိုင်ငံက Kiel Institute for the World Economy အဖွဲ့ အပြောအရ အမေရိကန်က ယူကရိန်းကို စစ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုအတွက် အမေရိကန်ဒေါ်လာ ၁၂၈ ဘီလီယံ ပေးခဲ့တာပါ။

ပြန်ပေးဖို့မပါတဲ့ ယူကရိန်းအထောက်အပံ့က သမ္မတထရမ့်အတွက် အဓိပ္ပါယ်မရှိဘူးလို့ အမေရိကန် အထူးသံတမန် Steve Witkoff က စီအင်န်အင်န် ရုပ်မြင်သံကြားကို ပြောပါတယ်။

အမေရိကန်သမ္မတ၊ လွှတ်တော်တို့နဲ့ သဘောတူညီချက်အရ အမေရိကန် ထောက်ပံ့တာက ပေးငွေ လို့ သုံးနှုန်းခဲ့ကြောင်း၊ ပေးငွေဟာ ချေးငွေမဟုတ်ကြောင်း၊ တယောက်ယောက်က ဒါမမျှတဘူးလို့ ထင်မြင်ကောင်း ထင်မြင်နိုင်ကြောင်း ဒါပေမဲ့ သဘောတူညီချက်ကတော့ ဂရန့်ခေါ် ပေးငွေသာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောပါတယ်။

ယူကရိန်းထံက မြေရှားသတ္တု ရရှိရေး အမေရိကန် ညှိနှိုင်း
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG