သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သံတမန် ယူကရိန်းသမ္မတနဲ့ ဆွေးနွေး

ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ အမေရိကန် အထူးသံကိုယ်စားလှယ် Keith Kellogg တို့ ကိဗ် မြို့တော်မှာတွေ့ဆုံဆွေးနွေးကြ။
ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ အမေရိကန် အထူးသံကိုယ်စားလှယ် Keith Kellogg တို့ ကိဗ် မြို့တော်မှာတွေ့ဆုံဆွေးနွေးကြ။

၃ နှစ်ကြာနေပြီဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ Volodymyr Zelenskyy တို့ကြား အပြန်အလှန် ပြောဆိုမှုတွေနဲ့ တင်းမာမှုရှိခဲ့တဲ့နောက်မှာ ကြာသပတေးနေ့ကတော့ အမေရိကန် သံတမန် Keith Kellogg နဲ့ သမ္မတ Zelenskyy တို့ မြို့တော် Kyiv မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိကန်-ယူကရိန်း ဆက်ဆံရေး ပြေလည်မှု ရှိမရှိ မသိရသေးပါဘူး။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆော်ဒီအာရေဗျမှာ အမေရိကန်နဲ့ ရုရှား ထိပ်တန်းကိုယ်စားလှယ်တွေ ဆွေးနွေးမှုမှာ ယူကရိန်းကို ဘေးဖယ်ထားတာအတွက် ယူကရိန်းအရာရှိတွေ ဒေါသထွက်နေချိန်မှာပဲ သမ္မတ Zelenskyy ရဲ့ သဘောထားကို နားထောင်ဖို့ လာရောက်တာ ဖြစ်ကြောင်း Kyiv ကိုအရောက်မှာ Kellogg က ပြောကြားခဲ့ပါတယ်။

ရုရှားကျူးကျော်စစ် ဥရောပအပေါ် ရိုက်ခတ်နိုင်ခြေ
please wait

No media source currently available

0:00 0:03:35 0:00


သူတို့ ၂ ဦးတွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ မျှော်လင့်ထားပေမယ့် ပျက်သွားခဲ့တာဖြစ်ပြီး ဒါဟာ အမေရိကန်ဘက်က ဖျက်သိမ်းခဲ့တာဖြစ်ကြောင်း ယူကရိန်းက ပြောပါတယ်။

သမ္မတ ထရမ့်က သမ္မတ Zelenskyy ကို အာဏာရှင်လို့ ခေါ်ဝေါ်ခဲ့သလို Zelenskyy ကလည်း ထရမ့်ဟာ ရုရှားကျူးကျော်တဲ့ ဒီစစ်ပွဲကို ယူကရိန်းက စတင်တယ်လို့ ပြောဆိုပြီး သတင်းမှားတွေ ဖြန့်နေတဲ့ ရုရှားရဲ့ သြဇာခံအဖြစ် စွပ်စွဲခဲ့တာပါ။ လက်ရှိဖြစ်ပွါးနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန် သမ္မတက ရုရှားကို အသာစီးပေး ဆုံးဖြတ်မှာကို ယူကရိန်းက စိုးရိမ်နေတာဖြစ်ပါတယ်။

ရုရှားဟာ လက်ရှိမှာ ယူကရိန်းပိုင်နက်အဖြစ် နိုင်ငံတကာက သတ်မှတ်ထားတဲ့ နယ်မြေ ၅ ပုံ ၁ ပုံကို ထိန်းချုပ်ထားတာပါ။ ယူကရိန်းနဲ့ ပတ်သက်တဲ့ သမ္မတထရမ့်ရဲ့ ပြောဆိုချက်အတွက် ဥရောပခေါင်းဆောင်တွေ တုံ့ပြန်ရာမှာတော့ ကာကွယ်ရေး အသုံးစားရိတ် ပိုသုံးမှာဖြစ်ကြောင်း ပြောကြသလို တချို့ကလည်း စစ်ပွဲအဆုံးသတ်သွားရင် အမေရိကန် အကူအညီနဲ့ ဥရောပငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်တွေ ချထားဖို့ စဉ်းစားနေကြတာပါ။

ဒါကို NATO အဖွဲ့နဲ့ သမ္မတ Zelenskyy တို့က ကြိုဆိုကြပေမယ့် ရုရှားကတော့ ဒီအစီစဉ်ကနေ ကြီးမားတဲ့ပြဿနာ ပေါ်လာမှာ စိုးရိမ်ကြောင်းပြောပါတယ်။

ကန်သံတမန် ယူကရိန်းသမ္မတနဲ့ ဆွေးနွေး
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG