သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဥရောပ ပါဝင်ခွင့်ရှိမှာ မဟုတ်ကြောင်း အမေရိကန် ပြောကြား


အမေရိကန်သမ္မတ Donald Trump, ယူကရန်းသမ္မတVolodymyr Zelenskyy, ရုရှားသမ္မတ President Vladimir Putin (Photo by AFP)
အမေရိကန်သမ္မတ Donald Trump, ယူကရန်းသမ္မတVolodymyr Zelenskyy, ရုရှားသမ္မတ President Vladimir Putin (Photo by AFP)

ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဥရောပအနေနနဲ့ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ သံတမန်က မနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်း လုံခြုံရေးအတွက် ဥရောပနိုင်ငံတွေအနေနဲ့ ဘာတွေအကူအညီ ပေးနိုင်မလဲလို့ အမေရိကန်ဘက်က ဥရောပနိုင်ငံတွေ မေးခွန်းထုတ်လိုက်ပြီးတဲ့နောက် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းနဲ့ရုရှားကြားမှာ ငြိမ်းချမ်းရေးဆွေးဖို့အတွက် ကြားဝင်ဆောင်ရွက်နိုင်တယ်လို့ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံမှာ အမေရိကန်သမ္မတထရမ့်ရဲ့ ယူကရိန်း ငြိမ်းချမ်းရေးအထူသံတမန်မှာ Keith Kellog က ပြောကြားခဲ့တာပါ။

အဲဒီဆွေးနွေးပွဲ စကားဝိုင်းအတွင်း ဥရောပနိုင်ငံတွေရဲ့ အလားအလာနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့ သူဟာ လက်တွေ့သမားဖြစ်တဲ့အတွက် ဒီကိစ္စက ဖြစ်လာမယ် မထင်ဘူးလို ပြောပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ Kellog က ပြောပါတယ်။

ဒါပေမဲ့လည်း ဥရောပခေါင်းဆောင်တွေဘက်ကတော့ သူတို့ကိုဆွေးနွေးပွဲမှာ ပါဝင်ခွင့် မပေးတာကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
အမေရိကန် သမ္မတထရမ့်ဟာ ဥရောပ မဟာမိတ်နိုင်ငံတွေနဲ့ရော ယူကရိန်းအစိုးရနဲ့ပါ အရင်တိုင်ပင်ဆွေးနွေးခြင်း မရှိဘဲ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို အခုတပတ်အတွင်း ဖုန်းခေါ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အခုချက်ချင်း စတင်ရမယ်လို့ ကြေညာခဲ့တာကြောင့် ဥရောပမဟာမိတ်နိုင်ငံတွေ အံ့အားသင့်ခဲ့ကြပါတယ်။

အမေရိကန်အနေနဲ့ နယ်စပ်လုံခြုံရေး နဲ့ တရုတ်ကို တန်ပြန်ဖို့ကိစ္စအပါအဝင် တခြားဦးစားပေးစရာကိစ္စတွေ ရှိနေတာကြောင့် နေတိုးအဖွဲ့မှာ ပါဝင်တဲ့ ဥရောပ မဟာမိတ်နိုင်ငံတွေအနေနဲ၌ ဥရောပကိစ္စကို အဓိကတာဝန်ယူဖို့ အမေရိကန်က မျှော်လင့်ထားကြောင်း ထရမ့်အစိုးရ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောထားပါတယ်။

Forum

XS
SM
MD
LG