သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တင်းမာနေတဲ့ ဥရောပနဲ့ ဆက်ဆံရေးမြှင့်ဖို့ တရုတ် ကြိုးပမ်း


ဂျာမန်ဝန်ကြီးချုပ် Olaf Scholz နှင့် လက်ဆွဲနှုတ်ဆက်နေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi။ (၁၅ ဖေဖော်ဝါရီ ၂၀၂၅)​ (မှတ်တမ်းဓာတ်ပုံ)
ဂျာမန်ဝန်ကြီးချုပ် Olaf Scholz နှင့် လက်ဆွဲနှုတ်ဆက်နေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi။ (၁၅ ဖေဖော်ဝါရီ ၂၀၂၅)​ (မှတ်တမ်းဓာတ်ပုံ)

အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေကြား ဆက်ဆံရေး တင်းမာလာချိန်မှာ တရုတ်က ဥရောပ တိုင်းပြည်တွေနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားလိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Kaja Kallas၊ ဂျာမနီ န်ကြီးချုပ် Olaf Scholz နဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အတွင်းရေးမှူးချုပ် မာက်ရူသာ Mark Rutte တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

တရုတ်နဲ့ အီးယူကြားမှာ အကျိုးစီးပွါးပဋိပက္ခ ဒါမှမဟုတ် ပထဝီနိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေ အခြေခံအားဖြင့် မရှိပါဘူးလို့ မစ္စကဲလာ့စ်နဲ့ စနေနေ့က တွေ့ဆုံရာမှာ ဝမ်ယိက ပြောပါတယ်။

ငြိမ်းချမ်းရေးဦးတည်တဲ့ လုပ်ဆောင်ချက်အားလုံးကို တရုတ်က ထောက်ခံပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ဥရောပပါဝင်တာကို ထောက်ခံပါတယ်လို့လည်း ဝမ်ယိက ဆိုပါတယ်။

အီးယူက ကုန်သွယ်ရေး၊ စီးပွါးရေးနဲ့ ဥတုရာသီ အပြောင်းအလဲလို ရွေးချယ်ထားတဲ့ နယ်ပယ်တွေ မှာ ဆက်လက် ဆွေးနွေး၊ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ အီးယူ နိုင်ငံခြားရေးအကြီးအကဲ Kallas က ပြောပါတယ်။

ဒါပေမဲ့ စစ်ဘက်ရော၊ အရပ်ဘက်ပါ နှစ်ဘက် ခွသုံးလို့ရတဲ့ ပစ္စည်းတွေ ရုရှားကိုပို့နေတာ ရပ်ဖို့ လည်း ဝမ်ယိကို သူက တိုက်တွန်းလိုက်ပါတယ်။

ဝမ်ယိရဲ့ အခုလို ချဥ်းကပ်မှုတွေက အမေရိကန် ကြားဝင်ပေးနေတဲ့ ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေး စကားပြောပွဲမှာ ဥရောပတိုင်းပြည်တွေ ပါဝင်လိမ့်မယ် မဟုတ်ဘူးလို့ ယူကရိန်းနဲ့ ရုရှားဆိုင်ရာ အမေရိကန် အထူးသံတမန် Keith Kellogg က မြူးနစ်မှာ ပြောလိုက်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အမေရိကန်နဲ့ တင်းမာနေတဲ့ ဥရောပနဲ့ ဆက်ဆံရေးမြှင့်ဖို့ တရုတ် ကြိုးပမ်း
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG