သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ်ဆိုင်ရာ အမေရိကန်မူဝါဒသစ် ပြင်ဆင်ပေးဖို့ တရုတ်တောင်းဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Guo Jiakun ရဲ့ ဘေဂျင်းမြို့ သတင်းစာရှင်းလင်းပွဲ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဇန်နဝါရီ ၇၊ ၂၀၂၅)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Guo Jiakun ရဲ့ ဘေဂျင်းမြို့ သတင်းစာရှင်းလင်းပွဲ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဇန်နဝါရီ ၇၊ ၂၀၂၅)

တိုင်ဝမ်ကျွန်းရဲ့ သီးခြားလွတ်လပ်စွာရပ်တည်ခွင့်ကို ထောက်ခံမှာမဟုတ်ကြောင်း အရင်က ဖော်ပြ ထားတာကို အမေရိကန်နိုင်ငံခြားရေးဌာနဝဘ်ဆိုဒ်မှာ ပယ်ဖျက်လိုက်တာကို ပြန်လည်ပြင်ဆင်ပေးဖို့ တရုတ်နိုင်ငံက ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။

တိုင်ဝမ်လွတ်လပ်ရေးကိုမထောက်ခံကြောင်း ဖော်ပြချက်ကိုပယ်ဖျက်လိုက်သလို၊ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ တပိုင်းလျှပ်ကူးပစ္စည် စီမံကိန်းတွေမှာ တိုင်ဝမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထည့်သွင်းဖော်ပြခဲ့သလို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်ဖြစ်ဖို့ အမေရိကန်ကအားပေးမယ်လို့လည်း ပြီးခဲ့တဲ့သီတင်းပတ်ထဲ မူဝါဒသစ်ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း တိုင်ဝမ်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံကပဲဖြစ်ဖြစ်၊ တိုင်ဝမ်ကပဲဖြစ်ဖြစ် တဖက်သတ် အပြောင်းအလဲလုပ်တာကို အမေရိကန်က ဆန့်ကျင်တဲ့သဘောထားကတော့ ဆက်ရှိနေတာပါ။ တရုတ်နိုင်ငံကတော့ ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတဲ့တိုင်ဝမ်ကျွန်းကို လက်အောက်ခံအဖြစ်သဘောထားပြီး နိုင်ငံတကာအသိအမှတ်ပြုမှုတွေကိုလည်း မကြာခဏ ရှုတ်ချလေ့ ရှိပါတယ်။

အခုလို အမေရိကန်နိုင်ငံခြားရေးဌာနဝဘ်ဆိုဒ်မှာ တိုင်ဝမ်နဲ့ပတ်သက်တဲ့ပြင်ဆင်ချက်ဟာ- တိုင်ဝမ် ခွဲထွက်ရေးအင်အားစုတွေအတွက် မှားယွင်းတဲ့သတင်းစကားပါးရာရောက်သလို အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းပြောကြားခဲ့ပါတယ်။

တိုင်ဝမ်နဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒအပြောင်းအလဲကိုတော့ သမ္မတဒေါ်နယ်လ်ထရမ့် အိမ်ဖြူတော်မှာ တာဝန်စတင်ထမ်းဆောင်ပြီး သုံးပတ်လောက်အကြာမှာ လုပ်ခဲ့တာဖြစ်ပါတယ်။

 တိုင်ဝမ်ဆိုင်ရာ အမေရိကန်မူဝါဒသစ် ပြင်ဆင်ပေးဖို့ တရုတ်တောင်းဆို
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG