သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၁ ဘီလျံကျော် ထိုင်ဝမ်ကို လက်နက်ရောင်းနိုင်ခြေရှိတဲ့ အစီအစဉ် အမေရိကန် အတည်ပြု


Combat readiness mission at the airbase in Hualien
Combat readiness mission at the airbase in Hualien

ဒေသတွင်း တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ သင်္ဘောဖျက် မစ်ဇိုင်းဒုံးအစင်း ၆၀ နဲ့ ဝေဟင်ကနေ ဝေဟင်ကိုပစ်တဲ့ မစ်ဇိုင်းဒုံးကျည် အစင်း ၁၀၀ အပါအဝင် စစ်ပစ္စည်းကိရိယာ ဒေါ်လာ ၁.၁ ဘီလီယံဖိုး ရောင်းဖို့ဖြစ်နိုင်တဲ့ အစီအစဉ်တရပ် အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက တိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi သွားရောက်ခဲ့တဲ့နောက် တရုတ်က တိုင်ဝမ် အနီးတဝိုက် စစ်ရေး လေ့ကျင့်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့တာဖြစ်ပြီး သောကြာနေ့ ကတော့ အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က ဒီလက်နက်အရောင်းအဝယ်ကိစ္စကို ကြေညာခဲ့တာပါ။

ဒီလက်နက်ရောင်းဝယ်မှုမှာ ဝေဟင်ကနေ ဝေဟင်ကိုပစ်ခတ်တာနဲ့ မြေပြင်တိုက်ခိုက်မှုတွေမှာ သုံးနိုင်တဲ့ Sidewinder မစ်စိုင်းဒုံးကျည်တွေအတွက် ၈၅.၆ သန်း၊ Harpoon သင်္ဘောဖျက်မစ်စိုင်းဒုံးတွေ အတွက် ၃၅၅ သန်းနဲ့ တိုင်ဝမ်ရဲ့ ရေဒါစောင့်ကြည့်စံနစ်အတွက် ပံ့ပိုးပေးဖို့ ၆၆၅ သန်းကျော်လာက် သုံးစွဲဖို့ လျာထားကြောင်း ပင်တာဂွန်ရဲ့ ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်တဲ့ အေဂျင်စီ DSCA က ပြောပါတယ်။

ဝါရှင်တန်ဒီစီ တရုတ်သံရုံး ပြောခွင့်ရ Liu Pengyu ကတော့ ဖြစ်လာနိုင်ခြေရှိတဲ့ ဒီလက်နက်ရောင်းဝယ်မှုဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကိုရော တိုင်ဝမ်ရေလက်ကြားဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်ပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေမှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဘက်က လိုအပ်တဲ့ တန်ပြန်အရေးယူမှုတွေနဲ့ တရားဝင်တုန့်ပြန်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရအဖွဲ့ကတော့ ဒီလက်နက်အရောင်းအဝယ်ကိစ္စဟာ တချိန်မှာလုပ်ဖို့ စဉ်းစားနေတဲ့အနေထားမှာ ရှိနေတာ ဖြစ်ပြီး တိုင်ဝမ်နဲ့ အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ညှိနှိုင်းမှုပေါ်မူတည် အကောင်ထည်ဖေါ်ဖို့ဖြစ်ကြောင်း ပြောပါတယ်။

=== Unicode ===






XS
SM
MD
LG