သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခြိမ်းခြောက်မှု ကြောက်ရွံ့မည်မဟုတ် (တိုင်ဝမ် ဒု-သမ္မတ)


တိုင်ဝမ် ဒုတိယသမ္မတ ဝီလီယံ လိုင် William Lai
တိုင်ဝမ် ဒုတိယသမ္မတ ဝီလီယံ လိုင် William Lai

တိုင်ဝမ်ဟာ တရုတ်ခြိမ်းခြောက်မှုကြောင့် ကြောက်သွားမှာမဟုတ်ဘူးလို့ တိုင်ဝမ် ဒုတိယသမ္မတ ဝီလီယံ လိုင် William Lai က ပြောပါတယ်။ ပါရာဂွေးသမ္မတ အသစ်ရဲ့ ကျမ်းကျိန်ပွဲတက်ဖို့အသွား နယူးယောက် မြို့မှာ တထောက်ဝင်နားစဉ် နောက်တရက် နေ့လည်စာ စားပွဲမှာ မစ္စတာလိုင်က တနင်္ဂနွေနေ့က အဲဒီလို ပြောလိုက်တာပါ။

"တရုတ်အာဏာပိုင်ဝါဒက ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် .. ကျနော်တို့ က ကြောက်မှာလည်း မဟုတ်သလို ညွတ်သွားမှာလည်း မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တန်ဖိုးတွေကို ဆက်လက် ကိုင်စွဲသွားမှာဖြစ်တယ်" လို့ မစ္စတာ လိုင် က ဆိုပါတယ်။

တိုင်ဝမ်မှာရှိတဲ့ အမေရိကန်ရဲ့ တရားမဝင် ကိုယ်စားလှယ်ရုံးက တာဝန်ရှိသူဖြစ်တဲ့ Ingrid Larson က တိုင်ဝမ် ဒုတိယသမ္မတကို နယူးယောက်လေဆိပ်မှာ လာရောက် ကြိုဆိုပါတယ်။ တရားဝင်အားဖြင့် သူ့ရဲ့ခရီးကို ပါရာဂွေးသို့အသွား လေယာဉ်ပြောင်း ခရီး တထောက်အဖြစ် သတ်မှတ်ပါတယ်။

ဒါပေမဲ့ တိုင်ဝမ်ကို တရုတ်က သူ့ရဲ့ အချုပ်အခြာအာဏာအောက်က နယ်မြေတခုအဖြစ် သဘောထားတာပါ။ ခုလို ဝင်ရောက်တဲ့ ခရီးကိုလည်း တရုတ်က ဝေဖန်လိုက်ပြီး မစ္စတာ ဝီလီယံ လိုင် ကို တိုင်ဝမ်လွတ်လပ်ရေးအတွက် တရုတ်ပြည် က ခွဲထွက်လိုပြီး ခေါင်းမာတဲ့ အဖျက်သမားအဖြစ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချလိုက်ပါတယ်။

XS
SM
MD
LG