သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကန့်ကွက်နေတဲ့ကြားက ကန်အမတ်တဦး တိုင်ဝမ်ကို သွားရောက်


အမေရိကန်အထက်လွှတ်တော်အမတ် Marsha Blackburn နဲ့ထိုင်ဝမ်နိုင်ငံခြားရေးဌာန ညွန်ကြားရေးမှုးချုပ် Douglas Yu-Tien Hsu
အမေရိကန်အထက်လွှတ်တော်အမတ် Marsha Blackburn နဲ့ထိုင်ဝမ်နိုင်ငံခြားရေးဌာန ညွန်ကြားရေးမှုးချုပ် Douglas Yu-Tien Hsu

အမေရိကန်ဆီးနိတ်အထက်လွှတ်တော် ကူးသန်းရောင်းဝယ်ရေးနဲ့ စစ်မှုထမ်းကော်မတီအဖွဲ့ဝင်၊ အထက်အလွှတ်တော်အမတ် Marsha Blackburn ဟာတိုင်ဝမ်ကျွန်းကို ကြာသတေးနေ့က ရောက်ရှိသွားပါတယ်။
တရုတ်အစိုးရကတားမြစ်ကန့်ကွက်နေတဲ့အကြားကပဲ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ပြီးနောက် ဒီလအတွင်း တတိယမြောက်သွားရောက်တဲ့ အမေရိကန် အဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ် Marsha Blackburn ဟာအမေရိကန်စစ်တပ်လေယာဉ်နဲ့သွားရောက်ခဲ့တာဖြစ်ပြီး၊ တိုင်ဝမ်နိုင်ငံခြားရေးဌာန ညွန်ကြားရေးမှုးချုပ် Douglas Hus ကလေယာဉ်ကွင်းမှာလာရောက်ကြိုဆိုခဲ့ပါတယ်။
Marsha Blackburn ဟာ တိုင်ဝမ်သမ္မတနဲ့တွေဆုံမှာဖြစ်သလို လုံခြုံရေးဆိုင်ရာအကြီး အကဲ Wellington Koo အပါအဝင် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်းတွေဆုံမယ်လို့ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေငြာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။

တိုင်ဝမ်-အမေရိကန် လုံခြုံရေးဆိုင်ရာကိစ္စရပ်အပြင် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ကိစ္စတွေကိုပါဆွေးနွေးမယ်လို့ လည်းဖေါ်ပြပါတယ်။ တိုင်ဝမ်ဟာ အင်ဒိုပစ္စဖိတ်ဒေသအတွက် မဟာဗျူဟာမြောက်မဟာမိတ်ဖြစ်ပြီး အမေရိကန်အဆင့်မြင့်အရာရှိတွေလာရောက်လည်ပတ်တာဟာ အစဉ်အလာတခုဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်အစိုးရအနိုင်ကျင့်ကန့်ကွက်မှုကိုလက်ခံမှာမဟုတ်ဘူးလို့ အထက်လွှတ်တော်အမတ် Marsha Blackburn ကကြေငြာချက်မှာပြောဆိုထားပါတယ်။
တရုတ်ကတော့ တိုင်ဝမ်ကျွန်းကို သူပိုင်နယ်မြေလို့သတ်မှတ်ထားပြီး ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ တရုတ်သံရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ Liu Pengyu ကတော့ ရန်စမှုတရပ် လို့သုံးနှုန်းလိုက်သလို ထိုက်တန်တဲ့တုန့်ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode




XS
SM
MD
LG