သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္ဝမ္ အေပၚ ကန္သေဘာထား ေျပာင္းလဲမည္ မဟုတ္ (သမၼတ Biden)


(Zawgyi / Unicode)


အေမရိကန္သမၼတ Joe Biden နဲ႔ တ႐ုတ္သမၼတ Xi Jinping တို႔ ၾကာသပေတးေန႔က ၂ နာရီေက်ာ္ၾကာ ေဆြးေႏြးရာမွာ ထိုင္၀မ္အေရး၊ ယူကရိန္းအေပၚ ႐ုရွားက်ဳးေက်ာ္မႈေတြနဲ႔ ပတ္သက္လို႔ တင္းမာမႈေတြ၊ စီးပြားေရးကိစၥေတြကို ေဆြးေႏြးၾကပါတယ္။

ေဆြးေႏြးမႈအတြင္း ထိုင္၀မ္အေရးနဲ႔ ပတ္သက္လို႔ အေမရိကန္ရဲ႕ မူဝါဒအေျပာင္းအလဲ မရွိေၾကာင္း သမၼတဘိုင္ဒင္က ေျပာခဲ့သလို၊ တ႐ုတ္သမၼတကေတာ့ ထိုင္၀မ္အေရး အေမရိကန္ကို သတိေပးခဲ့ေၾကာင္းလည္း ေနာက္ပိုင္းမွာ သတင္းထုတ္ျပန္ခဲ့တာပါ။

ထိုင္၀မ္အေရးနဲ႔ ပတ္သက္လို႔ အေမရိကန္ရဲ႕ မူဝါဒအေျပာင္းအလဲ မရွိေၾကာင္းနဲ႔ လက္ရွိအေျခအေနကို အတင္းအက်ပ္ ေျပာင္းလဲဖို႔ ႀကိဳးပမ္းမႈေတြ၊ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈ ပ်က္ျပားေစမယ့္ လုပ္ရပ္ေတြကို အျပင္းအထန္ ဆန္႔က်င္ေၾကာင္း အေလးထား ေျပာၾကားခဲ့တယ္လို႔လည္း အေမရိကန္သမၼတ အိမ္ျဖဴေတာ္က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တ႐ုတ္သမၼတကေတာ့ ထိုင္၀မ္အေရးနဲ႔ ပတ္သက္လို႔ မီးနဲ႔ကစားတဲ့သူဟာ ေနာက္ဆုံးတေန႔မွာ မီးဒဏ္သင့္တတ္ေၾကာင္းနဲ႔ ဒါကိုလည္း အေမရိကန္က အျပည့္အ၀နားလည္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ႏိုင္ငံပိုင္ ဆင္ဟြာသတင္းက ေဖာ္ျပပါတယ္။ အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi သြားေရာက္ဖို႔ ျပင္ဆင္ေနတာ အပါအ၀င္ ထိုင္၀မ္အေရးနဲ႔ ပတ္သက္လို႔ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈသစ္ေတြ ေပၚေပါက္ေနခ်ိန္မွာပဲ ၂ ႏိုင္ငံ ေခါင္းေဆာင္ေတြ ဆက္သြယ္စကားေျပာခဲ့ၾကတာပါ။

တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian ကေတာ့ အေမရိကန္ လႊတ္ေတာ္ဥကၠ႒ရဲ႕ ထိုင္၀မ္ခရီးစဥ္ကို အျပင္းအထန္ တုံ႔ျပန္မယ့္အေၾကာင္း ဗုဒၶဟူးေန႔မွာပဲ ေျပာဆိုထားပါတယ္။ အေမရိကန္ အမ်ဳိးသားလုံျခံဳေရးေကာင္စီ ေျပာခြင့္ရ John Kirby ကေတာ့ တ႐ုတ္သမၼတနဲ႔ ဆက္သြယ္ေရး လမ္းေၾကာင္းေတြ ဖြင့္ထားဖို႔ သမၼတဘိုင္ဒင္က လိုလားေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တိုင်ဝမ် အပေါ် ကန်သဘောထား ပြောင်းလဲမည် မဟုတ် (သမ္မတ Biden)


အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ ကြာသပတေးနေ့က ၂ နာရီကျော်ကြာ ဆွေးနွေးရာမှာ ထိုင်ဝမ်အရေး၊ ယူကရိန်းအပေါ် ရုရှားကျုးကျော်မှုတွေနဲ့ ပတ်သက်လို့ တင်းမာမှုတွေ၊ စီးပွားရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။ ဆွေးနွေးမှုအတွင်း ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲ မရှိကြောင်း သမ္မတဘိုင်ဒင်က ပြောခဲ့သလို၊ တရုတ်သမ္မတကတော့ ထိုင်ဝမ်အရေး အမေရိကန်ကို သတိပေးခဲ့ကြောင်းလည်း နောက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲ မရှိကြောင်းနဲ့ လက်ရှိအခြေအနေကို အတင်းအကျပ် ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေ၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပျက်ပြားစေမယ့် လုပ်ရပ်တွေကို အပြင်းအထန် ဆန့်ကျင်ကြောင်း အလေးထား ပြောကြားခဲ့တယ်လို့လည်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်သမ္မတကတော့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ မီးနဲ့ကစားတဲ့သူဟာ နောက်ဆုံးတနေ့မှာ မီးဒဏ်သင့်တတ်ကြောင်းနဲ့ ဒါကိုလည်း အမေရိကန်က အပြည့်အဝနားလည်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြပါတယ်။ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi သွားရောက်ဖို့ ပြင်ဆင်နေတာ အပါအဝင် ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုသစ်တွေ ပေါ်ပေါက်နေချိန်မှာပဲ ၂ နိုင်ငံ ခေါင်းဆောင်တွေ ဆက်သွယ်စကားပြောခဲ့ကြတာပါ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian ကတော့ အမေရိကန် လွှတ်တော်ဥက္ကဋ္ဌရဲ့ ထိုင်ဝမ်ခရီးစဉ်ကို အပြင်းအထန် တုံ့ပြန်မယ့်အကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုထားပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby ကတော့ တရုတ်သမ္မတနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ထားဖို့ သမ္မတဘိုင်ဒင်က လိုလားကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG