သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုံ ထဲ တရုတ်စစ်လေယာဉ်တွေ ထပ်မံဝင်ရောက်


FILE - A Taiwanese F-16 fighter jet flies next to a Chinese H-6 bomber, top, in Taiwan's airspace, in this handout photo taken and released on February 10, 2020, by Taiwan's Defence Ministry.
FILE - A Taiwanese F-16 fighter jet flies next to a Chinese H-6 bomber, top, in Taiwan's airspace, in this handout photo taken and released on February 10, 2020, by Taiwan's Defence Ministry.

ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုံ ADIZ ထဲကို ဒီရက်ပိုင်းတွေ အတွင်းမှာဘဲ တရုတ်ဘက်က လေယာဉ် ၅၀ ကျော် ပျံသန်းခဲ့တာဟာဆိုရင် ဒီနှစ် အစပိုင်း ကတည်းက စစ်ဘက် လေယာဉ် ပျံသန်းမှုတွေ သိသိသာသာ တိုးလာတာ ဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုံ အတွင်းကို တနင်္ဂနွေနေ့က ၃၉ စင်းထိ စံချိန်တင် ပျံသန်းခဲ့ပြီးနောက် တနလာၤနေ့မှာ ၁၃ စင်း ထပ်ပြီး ပျံသန်းခဲ့ကြောင်း ထိုင်ဝမ် အစိုးရက ပြောပါတယ်။

ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုံ ဆိုတာကတော့ ထိုင်ဝမ် စစ်တပ်က စောင့်ကြည့်တဲ့ မြေပြင်နဲ့ ရေပြင် ဧရိယာ သတ်မှတ်ချက် ဖြစ်ပြီး ဒီထဲမှာ ထိုင်ဝမ် ရေလက်ကြားနဲ့ တရုတ် အရှေ့ပိုင်းတို့လည်း ပါဝင်ပါတယ်။ ထိုင်ဝမ် အစိုးရဘက်ကလည်း ဒီ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ တရုတ်စစ်လေယာဉ်တွေကို ရင်ဆိုင်ရေး ထိုင်ဝမ်ရဲ့ တိုက်လေယာဉ် အတော်များများကို တပ်လှန့်ခဲ့သလိုဘဲ သူ့ရဲ့ ဝေဟင် ကာကွယ်ရေး ရေဒါ စနစ်ထဲမှာလည်း သူတို့ကို စစ်ဘက် ထောက်လှမ်းမှု လုပ်ခဲ့ပါတယ်။ ကျူးကျော် ဝင်ရောက်မှုနဲ့ ပတ်သက်လို့တော့ တရုတ် အစိုးရဘက်က မှတ်ချက်ပေး တုံ့ပြန် ပြောဆိုမှု မရှိသေးပါဘူး။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အရတော့ ပုံမှန် အားဖြင့် ထိုင်ဝမ်ကို ဦးတည်ပြီး တရက်ကို လေယာဉ် တစီး ကနေ ၅ စီးလောက်သာ တရုတ်ဘက်က စေလွှတ်လေ့ ရှိပါတယ်။ ဒါပေမယ့်လည်း ထိုင်ဝမ် ရေလက်ကြား တင်းမာမှုတွေနဲ့ တခြားသော နိုင်ငံရေး ဖြစ်စဉ်တွေ အပေါ်မှာ မူတည်ပြီး အစင်းရေ အတက်အကျ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


------------------------------------






XS
SM
MD
LG