သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ နဲ႔ မဟာဗ်ဴဟာ ပူးေပါင္းေဆာင္ရြက္မႈ သမၼတ Biden တိုးခ်ဲ႕


(Zawgyi / Unicode)

အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ား အသင္း ASEAN နဲ႔ အေမရိကန္ရဲ႕ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္မႈ ခ်ဲ႕ထြင္ေရး အတြက္ အေမရိကန္ ေဒၚလာ ၁၀၂ သန္း ေပးအပ္မယ့္ အေၾကာင္း အေမရိကန္ သမၼတ Joe Biden က ေၾကညာခဲ႔ပါတယ္။

အဖြဲ႔၀င္ ၁၀ ႏိုင္ငံပါ ASEAN အဖြဲ႔နဲ႔ အဂၤါေန႔က အြန္လိုင္းက လုပ္တဲ႔ ထိပ္သီး ေဆြးေႏြးပြဲ အတြင္းမွာ ေၾကညာခဲ႔တာပါ။ VOA ရဲ႕ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ ဆိုင္ရာ သတင္းတာ၀န္ခံ Patsy Widakuswara ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ား အသင္း ASEAN ရဲ႕ အဂၤါေန႔က အြန္လိုင္းကေန လုပ္တဲ႔ ထိပ္သီး ေဆြးေႏြးပြဲကို ဘ႐ူးႏိုင္း ဘုရင္ Sultan Hassanal Bolkiah ႀကီးမွဴးခဲ႔ပါတယ္။

" ျပင္ပက မိတ္ဖက္ေတြနဲ႔ က်ေနာ္တို႔ရဲ႕ ပူးေပါင္းေဆာင္ရြက္မႈ ခိုင္မာေရးမွာ ဒီႏွစ္ အတြင္း ထူးျခားတဲ႔ တိုးတက္မႈေတြ ရရွိခဲ႔ပါတယ္။ "

အေမရိကန္ဟာ အာဆီယံရဲ႕ ျပင္ပ မိတ္ဖက္ တႏိုင္ငံ ျဖစ္ပါတယ္။ ASEAN နဲ႔ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္မႈ တိုးခ်ဲ႕ေရး အတြက္ အေမရိကန္ ေဒၚလာ ၁၀၂ သန္း ေပးအပ္မယ့္ အေၾကာင္း ထိပ္သီး အစည္းအေ၀း အတြင္းမွာဘဲ အေမရိကန္ သမၼတ Joe Biden က ေၾကညာခဲ႔ၿပီး ဒီထဲမွာ လက္ရွိ Covid-19 ကပ္ေဘးေရာဂါ အေရး ေျဖရွင္းေရးမွာ အေထာက္အကူ ေပးဖို႔နဲ႔ အနာဂတ္မွာ ကပ္ေဘးေရာဂါေတြကို ကာကြယ္ေရး၊ ရွာေဖြ ေဖာ္ထုတ္ေရးနဲ႔ တုံ႔ျပန္ကိုင္တြယ္ေရး ASEAN ရဲ႕ ေဆာင္ရြက္ႏိုင္စြမ္း ခိုင္မာေရး အတြက္ ေဒၚလာ သန္း ၄၀ လည္း ပါ၀င္ပါတယ္။

" အာဆီယံဟာ မရွိမျဖစ္ ဆိုတာကို က်ေနာ္တို႔ အဓိက ထားပါတယ္။ အင္ဒို- ပစိဖိတ္ရဲ႕ ေဒသတြင္း တည္ေဆာက္မႈ အတြက္ မရွိမျဖစ္လို႔ က်ေနာ္ ေျပာလိုပါတယ္။ အာဆီယံရဲ႕ အေရးပါမႈကို အေမရိကန္ဘက္ကလည္း အခိုင္အမာ ပိုင္းျဖတ္ထားပါတယ္။ ဒီအခ်က္က အေရးႀကီးဆံုး အခ်က္ တခုျဖစ္ပါတယ္။ က်ေနာ္တို႔ မွ်ေ၀ေနတဲ႔ ေဒသရဲ႕ လံုျခံဳေရး၊ ႂကြယ္၀ တိုးတက္ေရးနဲ႔ တည္တံ႔ ခိုင္ၿမဲေရးကို ထိန္းထားႏိုင္ေရး အတြက္ အေရးႀကီးဆံုး အခ်က္တခု ျဖစ္ပါတယ္။ "

ႏွစ္စဥ္က်င္းပတဲ့ အာဆီယံနဲ႔ ထိပ္သီးအစည္းအေ၀းပဲြေတြကို ေနာက္ဆုံးအႀကိမ္ အေမရိကန္သမၼတတဦး ပါ၀င္တက္ေရာက္ခဲ့တာကေတာ့ ၂၀၁၇ ခုႏွစ္မွာ သမၼတ Donald Trump လက္ထက္မွာ ျဖစ္ပါတယ္။ စီးပြားေရး အရ ဖြဲ႔စည္းထားတဲ႔ အေရွ႕ေတာင္ အာရွ ၁၀ ႏိုင္ငံရဲ႕ ေဒသဆိုင္ရာ အဖြဲ႔ဟာဆိုရင္ ႀကီးထြားလာေနတဲ႔ တ႐ုတ္ကို ထိန္းညႇိေရး အတြက္ အဓိက က်တယ္လို႔လည္း ရႈျမင္ၾကပါတယ္။ ကုန္သြယ္ေရး အဖြဲ႔ ျဖစ္တဲ႔ အေမရိကန္- အာဆီယံ စီးပြားေရး ေကာင္စီကေတာ့ အေမရိကန္ရဲ႕ ျပန္လည္ ထိေတြ႕ ဆက္ဆံမႈကို ႀကိဳဆိုပါတယ္။ အေမရိကန္ - အာဆီယံ စီးပြားေရး ေကာင္စီရဲ႕ မူဝါဒဆိုင္ရာ အႀကီးတန္း ဒုတိယ ဥကၠဌ Marc Mealy က အခုလို ေျပာပါတယ္။

" ၂၀၃၀ ျပည့္ႏွစ္က်ရင္ ကမ ၻာမွာ စီးပြားေရး အင္အားအေကာင္းဆုံး ျဖစ္လာမယ့္ ေဒသတခု အေၾကာင္းကို က်ေနာ္တို႔ ေျပာေနၾကတာပါ။ အေမရိကန္ ျပည္ေထာင္စု အတြင္းက ျပည္နယ္ ၂၁ ခုေက်ာ္ကေန အေရွ႕ေတာင္ အာရွ ၁၀ ႏိုင္ငံကို ႏွစ္စဥ္ ေဒၚလာ ၁ ဘီလ်ံေက်ာ္ ကုန္စည္ေတြ တင္ပို႔ေနတဲ႔ ကမ ၻာ႔ အစိတ္အပိုင္း တခု အေၾကာင္းကို က်ေနာ္တို႔ ေျပာေနတာပါ။ "

တ႐ုတ္ရဲ႕ စစ္ေရး ရည္မွန္းခ်က္ေတြကို တန္ျပန္ႏိုင္မယ့္ လံုျခံဳေရး အာမခံ ခ်က္ တခုအျဖစ္ အေမရိကန္ကို ရႈျမင္ၾကေပမယ့္လည္း စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈမွာေတာ့ အေမရိကန္ အစိုးရက တ႐ုတ္ အစိုးရထက္ ေနာက္က်ေနပါတယ္။ အာဆီယံဟာ တ႐ုတ္ရဲ႕ အႀကီးဆံုး ကုန္သြယ္ဘက္ ျဖစ္ပါတယ္။ ႏွစ္ဘက္စလံုးက RCEP လို႔ ေခၚတဲ႔ ေဒသတြင္း အလံုးစံု စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈမွာ ပါ၀င္ၾကပါတယ္။

၂၀၂၀ မွာ လက္မွတ္ထိုးခဲ႔ၾကတဲ႔ ကမ ၻာ့ အႀကီးဆံုး လြတ္လပ္စြာ ကုန္သြယ္မႈ သေဘာတူညီခ်က္ ျဖစ္ၿပီး အေမရိကန္ မပါ၀င္ပါဘူး။ လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ တခု ျဖစ္ၿပီး ပစိဖိတ္ တဖက္တခ်က္ ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္မႈလို႔ သိၾကတဲ႔ CPTPP သေဘာတူညီခ်က္ကေနလည္း အေမရိကန္ ႏုတ္ထြက္ထားတာ ျဖစ္ပါတယ္။ သမၼတ Barack Obama ေဆာင္ရြက္ခဲ႔တဲ႔ ၂၀၁၆ ခုႏွစ္ TPP သေဘာတူညီခ်က္ကေန ၂၀၁၇ ခုႏွစ္ အတြင္းမွာ သမၼတ Donald Trump က ႏုတ္ထြက္ခဲ႔တာ ျဖစ္ပါတယ္။ Wilson Center ရဲ႕ အာရွ အစီအစဥ္က ပညာရွင္ တဦး ျဖစ္တဲ႔ Prashanth Parameswaran က အခုလို ေျပာပါတယ္။

" ကုန္သြယ္ေရး ဒါမွမဟုတ္လည္း ရာသီဥတု အေရးဘဲ ျဖစ္ေစ ကိစၥရပ္ အမ်ားအျပားမွာ အေမရိကန္ ျပည္ေထာင္စုက အဓိက အခန္းက႑ကေန ပါ၀င္ေဆာင္ရြက္ပါတယ္။ တခါတရံမွာေတာ့ ႏုတ္ထြက္ပါတယ္။ အဲဒီေနာက္မွာ ဂ်ပန္ နဲ႔ အာဆီယံလို ႏိုင္ငံေတြက ဆက္လက္ၿပီး ဆက္ခံ ေဆာင္ရြက္ႏိုင္ပါတယ္။ ဒါေပမယ့္ အေမရိကန္ အေနနဲ႔ အရံႈးနဲ႔ အဆံုးသတ္သြားတယ္လို႔ က်ေနာ္ မထင္ပါဘူး။ "

အေမရိကန္နဲ႔ တ႐ုတ္ၾကား ၿပိဳင္ဆိုင္မႈ ျပင္းထန္လာခဲ႔ခ်ိန္မွာ အာဆီယံ အဖြဲ႔၀င္ေတြကေတာ့ ႏွစ္ႏိုင္ငံ စလံုးနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္တယ္ဆိုတာကို အေလးထားခဲ႔ၾကပါတယ္။ တခ်ိန္တည္းမွာဘဲ ထိုင္၀မ္ ေရလက္ၾကား အတြင္း တင္းမာမႈ စီမံခန္႔ခြဲမႈေတြ အပါအ၀င္ လြတ္လပ္စြာ ေရေၾကာင္း သြားလာမႈကိုလည္း အေသအခ်ာ ေဆာင္ရြက္ခဲ႔ၾကပါတယ္။ အင္ဒိုနီးရွားရဲ႕ ပင္လယ္ေရေၾကာင္း သြားလာမႈနဲ႔ ရင္းႏွီးျမႇုဳပ္ႏွံမႈ ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ၀န္ႀကီး Luhut Pandjaitan က အခုလို ေျပာပါတယ္။

" အဲဒီ ေဒသတြင္း ျဖစ္ေနတဲ႔ ပဋိပကၡေတြရဲ႕ အက်ိဳးအျမတ္က ဘာရွိလဲ။ ဘယ္သူေတြ အျမတ္ထြက္လဲ။ ဘယ္သူမွ အက်ိဳးမရွိပါဘူး။ COVID ေၾကာင့္ ျဖစ္ရတဲ႔ ျပႆနာေတြနဲ႔ဘဲ ေတာ္ေလာက္ပါၿပီ။ "

ဒီႏွစ္ အာဆီယံ ထိပ္သီး အစည္းအေ၀းကိုေတာ့ ျမန္မာႏိုင္ငံ မတက္ေရာက္ပါဘူး။ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ၆ လ အၾကာမွာ အာဆီယံ အသင္းက ဘုံသေဘာတူညီခ်က္ ၅ ရပ္ ခ်မွတ္ၿပီး ျမန္မာ့အေရး ေျဖရွင္းဖို႔ စီစဥ္ခဲ့ေပမဲ့ ျမန္မာစစ္အာဏာပိုင္ေတြက ပူးေပါင္းေဆာင္ရြက္မႈ မရွိဘူးဆိုၿပီး စစ္ေခါင္းေဆာင္ကို အာဆီယံက ထိပ္သီး စည္းေ၀းပြဲ တက္ခြင့္ ပိတ္ပင္ခဲ႔တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဆီယံ နဲ့ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သမ္မတ Biden တိုးချဲ့

အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN နဲ့ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေး အတွက် အမေရိကန် ဒေါ်လာ ၁၀၂ သန်း ပေးအပ်မယ့် အကြောင်း အမေရိကန် သမ္မတ Joe Biden က ကြေညာခဲ့ပါတယ်။ အဖွဲ့ဝင် ၁၀ နိုင်ငံပါ ASEAN အဖွဲ့နဲ့ အင်္ဂါနေ့က အွန်လိုင်းက လုပ်တဲ့ ထိပ်သီး ဆွေးနွေးပွဲ အတွင်းမှာ ကြေညာခဲ့တာပါ။ VOA ရဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော် ဆိုင်ရာ သတင်းတာဝန်ခံ Patsy Widakuswara ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN ရဲ့ အင်္ဂါနေ့က အွန်လိုင်းကနေ လုပ်တဲ့ ထိပ်သီး ဆွေးနွေးပွဲကို ဘရူးနိုင်း ဘုရင် Sultan Hassanal Bolkiah ကြီးမှူးခဲ့ပါတယ်။

" ပြင်ပက မိတ်ဖက်တွေနဲ့ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးမှာ ဒီနှစ် အတွင်း ထူးခြားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ "

အမေရိကန်ဟာ အာဆီယံရဲ့ ပြင်ပ မိတ်ဖက် တနိုင်ငံ ဖြစ်ပါတယ်။ ASEAN နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး အတွက် အမေရိကန် ဒေါ်လာ ၁၀၂ သန်း ပေးအပ်မယ့် အကြောင်း ထိပ်သီး အစည်းအဝေး အတွင်းမှာဘဲ အမေရိကန် သမ္မတ Joe Biden က ကြေညာခဲ့ပြီး ဒီထဲမှာ လက်ရှိ Covid-19 ကပ်ဘေးရောဂါ အရေး ဖြေရှင်းရေးမှာ အထောက်အကူ ပေးဖို့နဲ့ အနာဂတ်မှာ ကပ်ဘေးရောဂါတွေကို ကာကွယ်ရေး၊ ရှာဖွေ ဖော်ထုတ်ရေးနဲ့ တုံ့ပြန်ကိုင်တွယ်ရေး ASEAN ရဲ့ ဆောင်ရွက်နိုင်စွမ်း ခိုင်မာရေး အတွက် ဒေါ်လာ သန်း ၄၀ လည်း ပါဝင်ပါတယ်။

" အာဆီယံဟာ မရှိမဖြစ် ဆိုတာကို ကျနော်တို့ အဓိက ထားပါတယ်။ အင်ဒို- ပစိဖိတ်ရဲ့ ဒေသတွင်း တည်ဆောက်မှု အတွက် မရှိမဖြစ်လို့ ကျနော် ပြောလိုပါတယ်။ အာဆီယံရဲ့ အရေးပါမှုကို အမေရိကန်ဘက်ကလည်း အခိုင်အမာ ပိုင်းဖြတ်ထားပါတယ်။ ဒီအချက်က အရေးကြီးဆုံး အချက် တခုဖြစ်ပါတယ်။ ကျနော်တို့ မျှဝေနေတဲ့ ဒေသရဲ့ လုံခြုံရေး၊ ကြွယ်၀ တိုးတက်ရေးနဲ့ တည်တံ့ ခိုင်မြဲရေးကို ထိန်းထားနိုင်ရေး အတွက် အရေးကြီးဆုံး အချက်တခု ဖြစ်ပါတယ်။ "

နှစ်စဉ်ကျင်းပတဲ့ အာဆီယံနဲ့ ထိပ်သီးအစည်းအဝေးပွဲတွေကို နောက်ဆုံးအကြိမ် အမေရိကန်သမ္မတတဦး ပါဝင်တက်ရောက်ခဲ့တာကတော့ ၂၀၁၇ ခုနှစ်မှာ သမ္မတ Donald Trump လက်ထက်မှာ ဖြစ်ပါတယ်။ စီးပွားရေး အရ ဖွဲ့စည်းထားတဲ့ အရှေ့တောင် အာရှ ၁၀ နိုင်ငံရဲ့ ဒေသဆိုင်ရာ အဖွဲ့ဟာဆိုရင် ကြီးထွားလာနေတဲ့ တရုတ်ကို ထိန်းညှိရေး အတွက် အဓိက ကျတယ်လို့လည်း ရှုမြင်ကြပါတယ်။ ကုန်သွယ်ရေး အဖွဲ့ ဖြစ်တဲ့ အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီကတော့ အမေရိကန်ရဲ့ ပြန်လည် ထိတွေ့ ဆက်ဆံမှုကို ကြိုဆိုပါတယ်။ အမေရိကန် - အာဆီယံ စီးပွားရေး ကောင်စီရဲ့ မူဝါဒဆိုင်ရာ အကြီးတန်း ဒုတိယ ဥက္ကဌ Marc Mealy က အခုလို ပြောပါတယ်။

" ၂၀၃၀ ပြည့်နှစ်ကျရင် ကမ ္ဘာမှာ စီးပွားရေး အင်အားအကောင်းဆုံး ဖြစ်လာမယ့် ဒေသတခု အကြောင်းကို ကျနော်တို့ ပြောနေကြတာပါ။ အမေရိကန် ပြည်ထောင်စု အတွင်းက ပြည်နယ် ၂၁ ခုကျော်ကနေ အရှေ့တောင် အာရှ ၁၀ နိုင်ငံကို နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် ကုန်စည်တွေ တင်ပို့နေတဲ့ ကမ ္ဘာ့ အစိတ်အပိုင်း တခု အကြောင်းကို ကျနော်တို့ ပြောနေတာပါ။ "

တရုတ်ရဲ့ စစ်ရေး ရည်မှန်းချက်တွေကို တန်ပြန်နိုင်မယ့် လုံခြုံရေး အာမခံ ချက် တခုအဖြစ် အမေရိကန်ကို ရှုမြင်ကြပေမယ့်လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာတော့ အမေရိကန် အစိုးရက တရုတ် အစိုးရထက် နောက်ကျနေပါတယ်။ အာဆီယံဟာ တရုတ်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက် ဖြစ်ပါတယ်။ နှစ်ဘက်စလုံးက RCEP လို့ ခေါ်တဲ့ ဒေသတွင်း အလုံးစုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်ကြပါတယ်။ ၂၀၂၀ မှာ လက်မှတ်ထိုးခဲ့ကြတဲ့ ကမ ္ဘာ့ အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ဖြစ်ပြီး အမေရိကန် မပါဝင်ပါဘူး။

လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် တခု ဖြစ်ပြီး ပစိဖိတ် တဖက်တချက် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုလို့ သိကြတဲ့ CPTPP သဘောတူညီချက်ကနေလည်း အမေရိကန် နုတ်ထွက်ထားတာ ဖြစ်ပါတယ်။ သမ္မတ Barack Obama ဆောင်ရွက်ခဲ့တဲ့ ၂၀၁၆ ခုနှစ် TPP သဘောတူညီချက်ကနေ ၂၀၁၇ ခုနှစ် အတွင်းမှာ သမ္မတ Donald Trump က နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ Wilson Center ရဲ့ အာရှ အစီအစဉ်က ပညာရှင် တဦး ဖြစ်တဲ့ Prashanth Parameswaran က အခုလို ပြောပါတယ်။

" ကုန်သွယ်ရေး ဒါမှမဟုတ်လည်း ရာသီဥတု အရေးဘဲ ဖြစ်စေ ကိစ္စရပ် အများအပြားမှာ အမေရိကန် ပြည်ထောင်စုက အဓိက အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပါတယ်။ တခါတရံမှာတော့ နုတ်ထွက်ပါတယ်။ အဲဒီနောက်မှာ ဂျပန် နဲ့ အာဆီယံလို နိုင်ငံတွေက ဆက်လက်ပြီး ဆက်ခံ ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမယ့် အမေရိကန် အနေနဲ့ အရှုံးနဲ့ အဆုံးသတ်သွားတယ်လို့ ကျနော် မထင်ပါဘူး။ "

အမေရိကန်နဲ့ တရုတ်ကြား ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ချိန်မှာ အာဆီယံ အဖွဲ့ဝင်တွေကတော့ နှစ်နိုင်ငံ စလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို အလေးထားခဲ့ကြပါတယ်။ တချိန်တည်းမှာဘဲ ထိုင်ဝမ် ရေလက်ကြား အတွင်း တင်းမာမှု စီမံခန့်ခွဲမှုတွေ အပါအဝင် လွတ်လပ်စွာ ရေကြောင်း သွားလာမှုကိုလည်း အသေအချာ ဆောင်ရွက်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားရဲ့ ပင်လယ်ရေကြောင်း သွားလာမှုနဲ့ ရင်းနှီးမြှုုပ်နှံမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး Luhut Pandjaitan က အခုလို ပြောပါတယ်။

" အဲဒီ ဒေသတွင်း ဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ အကျိုးအမြတ်က ဘာရှိလဲ။ ဘယ်သူတွေ အမြတ်ထွက်လဲ။ ဘယ်သူမှ အကျိုးမရှိပါဘူး။ COVID ကြောင့် ဖြစ်ရတဲ့ ပြဿနာတွေနဲ့ဘဲ တော်လောက်ပါပြီ။ "

ဒီနှစ် အာဆီယံ ထိပ်သီး အစည်းအဝေးကိုတော့ မြန်မာနိုင်ငံ မတက်ရောက်ပါဘူး။ စစ်တပ် အာဏာသိမ်းပြီးနောက် ၆ လ အကြာမှာ အာဆီယံ အသင်းက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ပြီး မြန်မာ့အရေး ဖြေရှင်းဖို့ စီစဉ်ခဲ့ပေမဲ့ မြန်မာစစ်အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီး စစ်ခေါင်းဆောင်ကို အာဆီယံက ထိပ်သီး စည်းဝေးပွဲ တက်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG