{{Zawgyi/Unicode}}
အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပး Jake Sullivan က အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကိုယ္စားလွယ္ေတြနဲ႔ ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာ အြန္လိုင္းကေနတဆင့္ ေတြ႔ဆုံေဆြးေႏြးခဲ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။
ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိေရးနဲ႔ ပတ္သက္ၿပီး NUG ကိုယ္စားလွယ္ေတြ ျဖစ္ၾကတဲ့ ဒူဝါလရွီးလနဲ႔ ေဒၚဇင္မာေအာင္တို႔နဲ႔ ေဆြးေႏြးခဲ့တာပါ။ ျမန္မာစစ္တပ္ရဲ႕ ရက္ရက္စက္စက္ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း Mr. Sullivanက ေျပာဆိုခဲ့ၿပီး စစ္အာဏာသိမ္းမႈအတြက္ တာဝန္ယူမႈ တာဝန္ခံမႈရွိေရးကို အေမရိကန္က ဆက္လက္ လုပ္ေဆာင္သြားမယ့္အေၾကာင္းလည္း ေျပာဆိုသြားခဲ့ပါတယ္။
မၾကာေသးခင္က အဖမ္းခံခဲ့ရတဲ့ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူ ကိုဂ်င္မီနဲ႔ တျခား မတရား ဖမ္းဆီးခံထားရသူေတြအားလုံး လြတ္ေျမာက္ေရးကို အေမရိကန္က ဆက္လက္ ဦးေဆာင္လႈပ္ရွားသြားမယ့္အေၾကာင္းလည္း ေျပာသြားပါတယ္။
ဒါ့အျပင္ ကိုဗစ္ 19 ကပ္ေဘးနဲ႔ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေတြ ျမန္မာျပည္သူမ်ားဆီ တိုက္႐ိုက္ေရာက္ရွိေရး ႀကိဳးပမ္းအားထုတ္တဲ့ကိစၥေတြကိုလည္း ႏွစ္ဘက္ ေဆြးေႏြးခဲ့ၾကတယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ေဒသတြင္းနဲ႔ ႏိုင္ငံတကာ ထိေတြ႔ဆက္ဆံေရးအေၾကာင္းကိုလည္း ေဆြးေႏြးခဲ့ၾကသလို ျမန္မာစစ္ေခါင္းေဆာင္ကိုယ္တိုင္ တက္ေရာက္ သေဘာတူခဲ့တဲ့ အာဆီယံ သေဘာတူညီခ်က္ ၅ ခ်က္ အေကာင္အထည္ေဖာ္ေရး၊ တာဝန္ယူမႈ တာဝန္ခံမႈ ရွိေစေရး အာဆီယံႀကိဳးပမ္းအားထုတ္မႈအေပၚ အေမရိကန္က ေထာက္ခံ အားေပးတဲ့အေၾကာင္းကိုလည္း အေမရိကန္ အမ်ိဳးသား လုံၿခဳံေရးအႀကံေပး Jake Sullivan က အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံစဥ္မွာ အေလးထား ေျပာၾကားသြားခဲ့ပါတယ္။
===========
{{Unicode}}
ကန် အမျိုးသားလုံခြုံရေးအကြံပေးနဲ့ NUG ကိုယ်စားလှယ်တွေ အွန်လိုင်းမှာ တွေ့ဆုံဆွေးနွေး
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ အွန်လိုင်းကနေတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ ပတ်သက်ပြီး NUG ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဒူဝါလရှီးလနဲ့ ဒေါ်ဇင်မာအောင်တို့နဲ့ ဆွေးနွေးခဲ့တာပါ။မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း Mr. Sullivanက ပြောဆိုခဲ့ပြီး စစ်အာဏာသိမ်းမှုအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရေးကို အမေရိကန်က ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။
မကြာသေးခင်က အဖမ်းခံခဲ့ရတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီနဲ့ တခြား မတရား ဖမ်းဆီးခံထားရသူတွေအားလုံး လွတ်မြောက်ရေးကို အမေရိကန်က ဆက်လက် ဦးဆောင်လှုပ်ရှားသွားမယ့်အကြောင်းလည်း ပြောသွားပါတယ်။
ဒါ့အပြင် ကိုဗစ် 19 ကပ်ဘေးနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ မြန်မာပြည်သူများဆီ တိုက်ရိုက်ရောက်ရှိရေး ကြိုးပမ်းအားထုတ်တဲ့ကိစ္စတွေကိုလည်း နှစ်ဘက် ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာ ထိတွေ့ဆက်ဆံရေးအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသလို မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက် သဘောတူခဲ့တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး၊ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး အာဆီယံကြိုးပမ်းအားထုတ်မှုအပေါ် အမေရိကန်က ထောက်ခံ အားပေးတဲ့အကြောင်းကိုလည်း အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ အလေးထား ပြောကြားသွားခဲ့ပါတယ်။
#MyanmarNUG #MyanmarUS #JakeSullivan #VOABurmese
#ဇင်မာအောင်#အမျိုးသားညီညွတ်ရေးအစိုးရ#ကိုဂျင်မီ#JakeSullivan
==========