သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံထိပ္သီးစည္းေဝးပဲြ သမၼတ Biden ပါဝင္ေဆြးေႏြးမည္


US President Joe Biden speaks about the situation in Myanmar in the South Court Auditorium of the Eisenhower Executive Office Building in Washington, DC, February 10, 2021. (Photo by SAUL LOEB / AFP)

{{Zawgyi/Unicode}}

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ေအာက္တိုဘာ၂၆ ရက္ အဂၤါေန႔ အြန္လိုင္းကေနက်င္းပမယ့္ ၉ ႀကိမ္ေျမာက္ အာဆီယံ- အေမရိကန္ ထိပ္သီးေဆြးေႏြးပြဲကို တက္ေရာက္မွာ ျဖစ္ပါတယ္။ ဒါဟာ အာဆီယံႏိုင္ငံေတြ တ႐ုတ္ကိုပဲ မွီခိုမေနေစဖို႔လုပ္တဲ့ အေမရိကန္ရဲ႕ မဟာဗ်ဴဟာအတြက္ အေရးပါတယ္လို႔ အေမရိကန္ကရႈျမင္ၿပီး အာဆီယံေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးဖို႔ ၄ ႏွစ္အတြင္း ပထမဆံုး အႀကိမ္ ဒီထိပ္သီးအစည္းေဝးကို အေမရိကန္က တက္ေရာက္တာ ျဖစ္ပါတယ္။

အာဆီယံ အေမရိကန္ ထိပ္သီးအစည္းေဝးကို တက္ေရာက္မယ့္ အေမရိကန္အဖြဲ႔ကို သမၼတဂ်ိဳးဘိုင္ဒန္က ဦးေဆာင္မွာျဖစ္ေၾကာင္း ဘ႐ူႏိုင္းလ္က အေမရိကန္သံရံုးက ေျပာပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက မနီလာမွာ က်င္းပတဲ့ အာဆီယံ- အေမရိကန္ထိပ္သီးေဆြးေႏြးပြဲကို သမၼတေဟာင္း ေဒၚနယ္ထရမ့္ တက္ေရာက္ခဲ့ၿပီးတဲ့ေနာက္ပိုင္း ဒီေဆြးေႏြးပြဲေတြမွာ အေမရိကန္က သမၼတအဆင့္ မတက္ေရာက္ပဲ ေနခဲ့တာျဖစ္ပါတယ္။

သမၼတဘိုင္ဒန္အစိုးရအဖြဲ႔က ေဒသတြင္း တ႐ုတ္ရဲ႕ ၾသဇာႀကီးမားလာမႈကို တုန္႔ျပန္ႏိုင္ဖို႔ အာဆီယံအပါအဝင္ မဟာမိတ္ေတြနဲ႔ လက္တြဲေဆာင္ရြက္ဖို႔ ႀကိဳးစားတာနဲ႔ တခ်ိန္ထည္းမွာပဲ ကိုဗစ္ ၁၉ ကာကြယ္ေဆးျဖန္႔ျဖဴးဖို႔၊ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာနဲ႔ ကုန္ပစၥည္းထုတ္လုပ္ျဖန္႔ျဖဴးေရး ဆိုင္ရာေတြမွာ ပူးေပါင္းေဆာင္ရြက္ေရး အတြက္ ဦးစားေပးလုပ္ေဆာင္မွာ ျဖစ္ေၾကာင္း အကဲခတ္ေတြက သံုးသပ္ၾကပါတယ္။

ဘ႐ူႏိုင္းလ္က အလွည့္က် ဥကၠဌ အျဖစ္တာဝန္ယူၿပီး ဒီသီတင္းပတ္ထဲ ၃ ရက္ၾကာ အြန္လိုင္းကက်င္းပတဲ့ အာဆီယံထိပ္သီး အစည္းေဝးေတြကို တနလၤာေန႔မွာ ဘ႐ူႏိုင္းလ္ သမၼတက ဖြင့္လွစ္ေပးခဲ့ၿပီး ျမန္မာႏိုင္ငံကိုယ္စားျပဳသူ မပါဝင္တဲ့အတြက္ ဒါဟာ အာဆီယံသမိုင္းမွာ ပထမဆံုးအႀကိမ္အျဖစ္ အဖြဲ႔ဝင္ႏိုင္ငံတႏိုင္ငံရဲ႕ အႀကီးအကဲမပါပဲ က်င္းပတာ ျဖစ္ပါတယ္။ အခုက်င္းပမယ့္အစည္းေဝးေတြထဲမွာ အာဆီယံ ဆယ္ႏိုင္ငံရဲ႕ ၃၉ ႀကိမ္ေျမာက္ထိပ္သီးအစည္းအေဝးနဲ႔ ၉ ႀကိမ္ေျမာက္ အာဆီယံ- အေမရိကန္ထိပ္သီးအစည္းေဝးအျပင္ အာဆီယံနဲ႔ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား ေခါင္းေဆာင္ေတြရဲ႕ ASEAN +3 ေဆြးေႏြးပြဲေတြ႔လည္း ပါဝင္မွာျဖစ္ၿပီး ဒီအစည္းေဝးေတြအတြက္ ျမန္မာႏိုင္ငံက အာဏာသိမ္းထားတဲ့ စစ္ေခါင္းေဆာင္ကိုေတာ့ မဖိတ္ၾကားခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

................................

{{Unicode}}

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အောက်တိုဘာ၂၆ ရက် အင်္ဂါနေ့ အွန်လိုင်းကနေကျင်းပမယ့် ၉ ကြိမ်မြောက် အာဆီယံ- အမေရိကန် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံနိုင်ငံတွေ တရုတ်ကိုပဲ မှီခိုမနေစေဖို့လုပ်တဲ့ အမေရိကန်ရဲ့ မဟာဗျူဟာအတွက် အရေးပါတယ်လို့ အမေရိကန်ကရှုမြင်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ၄ နှစ်အတွင်း ပထမဆုံး အကြိမ် ဒီထိပ်သီးအစည်းဝေးကို အမေရိကန်က တက်ရောက်တာ ဖြစ်ပါတယ်။

အာဆီယံ အမေရိကန် ထိပ်သီးအစည်းဝေးကို တက်ရောက်မယ့် အမေရိကန်အဖွဲ့ကို သမ္မတဂျိုးဘိုင်ဒန်က ဦးဆောင်မှာဖြစ်ကြောင်း ဘရူနိုင်းလ်က အမေရိကန်သံရုံးက ပြောပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက မနီလာမှာ ကျင်းပတဲ့ အာဆီယံ- အမေရိကန်ထိပ်သီးဆွေးနွေးပွဲကို သမ္မတဟောင်း ဒေါ်နယ်ထရမ့် တက်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီဆွေးနွေးပွဲတွေမှာ အမေရိကန်က သမ္မတအဆင့် မတက်ရောက်ပဲ နေခဲ့တာဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်အစိုးရအဖွဲ့က ဒေသတွင်း တရုတ်ရဲ့ သြဇာကြီးမားလာမှုကို တုန့်ပြန်နိုင်ဖို့ အာဆီယံအပါအဝင် မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ ကြိုးစားတာနဲ့ တချိန်ထည်းမှာပဲ ကိုဗစ် ၁၉ ကာကွယ်ဆေးဖြန့်ဖြူးဖို့၊ ဥတုရာသီပြောင်းလဲမှုဆိုင်ရာနဲ့ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရေး ဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်ရေး အတွက် ဦးစားပေးလုပ်ဆောင်မှာ ဖြစ်ကြောင်း အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဘရူနိုင်းလ်က အလှည့်ကျ ဥက္ကဌ အဖြစ်တာဝန်ယူပြီး ဒီသီတင်းပတ်ထဲ ၃ ရက်ကြာ အွန်လိုင်းကကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းဝေးတွေကို တနင်္လာနေ့မှာ ဘရူနိုင်းလ် သမ္မတက ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုသူ မပါဝင်တဲ့အတွက် ဒါဟာ အာဆီယံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ အကြီးအကဲမပါပဲ ကျင်းပတာ ဖြစ်ပါတယ်။ အခုကျင်းပမယ့်အစည်းဝေးတွေထဲမှာ အာဆီယံ ဆယ်နိုင်ငံရဲ့ ၃၉ ကြိမ်မြောက်ထိပ်သီးအစည်းအဝေးနဲ့ ၉ ကြိမ်မြောက် အာဆီယံ- အမေရိကန်ထိပ်သီးအစည်းဝေးအပြင် အာဆီယံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်တွေရဲ့ ASEAN +3 ဆွေးနွေးပွဲတွေ့လည်း ပါဝင်မှာဖြစ်ပြီး ဒီအစည်းဝေးတွေအတွက် မြန်မာနိုင်ငံက အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ကိုတော့ မဖိတ်ကြားခဲ့ပါဘူး။

XS
SM
MD
LG