သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ်ကျွန်းကို ကာကွယ်ပေးမယ်လို့ သမ္မတဘိုင်ဒန် ထပ်လောင်းကတိပေး


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

{{Zawgyi/Unicode}}

တရုတ်နိုင်ငံက သူပိုင်နယ်အဖြစ် ကြေညာထားတဲ့ တိုင်ဝမ်ကျွန်းကို အမေရိကန်က အကာအကွယ်ပေးသွားမယ်လို့ သမ္မတ Joe Biden က ကြာသပတေးနေ့မှာ ပြောပါတယ်။

"ဟုတ်ပါတယ်၊ အဲဒီအတွက် ကတိပြုထားပါတယ်" လို့ CNN သတင်းဌာနက ကြီးမှူးစီစဉ်တဲ့ လူထုနဲ့ တွေ့ဆုံမေးမြန်းပွဲတခုအတွင်း တိုင်ဝမ်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းကို သမ္မတဘိုင်ဒန်က ဖြေဆိုခဲ့ပါတယ်။

"ကမ္ဘာ့သမိုင်းမှာ ကျနော်တို့ဟာ စစ်ရေးအင်အား အကြီးမားဆုံးဆိုတာ တရုတ်၊ ရုရှားနဲ့ ကျန် တကမ္ဘာလုံးက သိကြတာကြောင့်" အမေရိကန်ရဲ့ စစ်အင်အားနဲ့ပတ်သက်ပြီး လူတွေ စိတ်မပူသင့်ပါဘူးလို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ "စိတ်ပူသင့်တာကတော့ သူတို့တွေအနေနဲ့ အမှားအယွင်းကြီးတခုကို လုပ်မိစေနိုင်တဲ့ အနေအထားထဲ ရောက်သွားစေမယ့် လုပ်ရပ်မျိုးတွေ လုပ်မလား မလုပ်ဘူးလားဆိုတာပါပဲ" လို့ သမ္မတဘိုင်ဒန်က ဆိုပါတယ်။

တိုင်ဝမ်နဲ့ တရုတ်ကြား စစ်ရေးအရ တင်းမာမှုဟာ နှစ်ပေါင်း ၄၀ ကျော်အတွင်း အဆိုးဆုံးအနေအထားမှာ ရောက်နေတာပါ။ တရုတ်နိုင်ငံဟာ ကျူးကျော်တိုက်ခိုက်မှုတခုကို "စွမ်းအားပြည့်" လုပ်နိုင်တဲ့အဆင့် ၂၀၂၅ ခုနှစ်မှာ ရောက်လာမယ်လို့ တိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က ဒီလထဲမှာ ပြောထားပါတယ်။

တိုင်ဝမ်ကျွန်းကို သူတို့ပိုင်နက်အဖြစ် တရုတ်က ကြေညာထားပြီး လိုအပ်ရင် အင်အားသုံးပြီး ပြန်ယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ တိုင်ဝမ်ကတော့ သူတို့ဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်လို့ပြောပြီး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို ခုခံကာကွယ်မယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


===========

{{Unicode}}








===========

XS
SM
MD
LG