သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဒီမိုကေရစီျပန္လည္တည္ေဆာက္ေရး ကန္သမၼတတိုက္တြန္းေတာင္းဆို


အာဆီယံနဲ႔ အေမရိကန္သမၼတ ဂ်ဳိးဘန္ဒန္ရဲ႕အြန္လိုင္းအစည္းအေဝး

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြရပ္တန႔္ၿပီး ဒီမိုကေရစီျပန္လည္တည္ေဆာက္ဖို႔ အေမရိကန္သမၼတ Joe Biden က တိုက္တြန္းလိုက္ပါတယ္။ အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲနဲ႔ပတ္သက္လို႔ အေမရိကန္သမၼတအိမ္ျဖဴေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိတာပါ။

သမၼတဘိုင္ဒင္က အာဆီယံႏွင့္ မိတ္ဖက္ဆက္ဆံေရးကို အားေကာင္းလာေစဖို႔ အေမရိကန္ရဲ႕ကတိကဝတ္ကို ထပ္မံ အတည္ျပဳၿပီး အင္ဒို-ပစိဖိတ္ေဒသဆိုင္ရာ အာဆီယံ ေမွ်ာ္မွန္းခ်က္အား ခ်ီးက်ဴးဂုဏ္ျပဳလိုက္တယ္လို႔ အာဆီယံ ထိပ္သီးညီလာခံမွာေျပာဆိုလိုက္ပါတယ္။ ႏိုင္ငံတကာစံႏႈံးနဲ႔ က်င့္ဝတ္ေတြအေပၚၿခိမ္းေျခာက္မႈမ်ားကို ခုခံကာကြယ္ရန္ႏွင့္ လြတ္လပ္ပြင့္လင္းေသာ အင္ဒို-ပစိဖိတ္ေဒသကို ျမႇင့္တင္ရန္ မဟာမိတ္မ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္အတူ၊ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ရန္အတြက္ပူးေပါင္းေဆာင္႐ြက္ေနပါတယ္လို႔ သမၼတက အေလးအနက္ထား ေၾကညာလိုက္ပါတယ္။

ေဒသတြင္း COVID-19 မွ ျပန္လည္နာလန္ထူလာေစရန္၊ ရာသီဥတုေဖါက္ျပန္မႈကို ေျဖရွင္းရန္၊ စီးပြားေရးတိုးတက္မႈကို ျမႇင့္တင္ရန္ႏွင့္ လူ႔စြမ္းအားအရင္းအႏွီးမ်ား ဖြံ႔ၿဖိဳးတိုးတက္လာေစရန္အတြက္ အေမရိကန္-အာဆီယံ မဟာဗ်ဴဟာ မိတ္ဖက္ ဆက္ဆံေရးကို တိုးခ်ဲ႕ရန္ အစပ်ိဳးတဲ့အေနနဲ႔ ေဒၚလာ ၁၀၂ သန္းအထိ ပံ့ပိုးေပးရန္ ရည္မွန္းထားပါေၾကာင္း၊ ဒါ့အျပင္ က်န္းမာေရး၊ ရာသီဥတု၊ စြမ္းအင္၊ လမ္းပန္းဆက္သြယ္ေရးႏွင့္ က်ားမာေရးရာ စြမ္းေဆာင္ရည္ျမႇင့္တင္ေရးစတဲ့ နယ္ပယ္ေတြမွာ အေမရိကန္-အာဆီယံအဆင့္ျမင့္ပူးေပါင္းေဆာင္႐ြက္မႈကို ခ်ဲ႕ထြင္ရန္ ႀကိဳးပမ္းမႈအသစ္မ်ားကို မီးေမာင္းထိုးျပၿပီး အေမရိကန္ႏွင့္ အာဆီယံအၾကား မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ဆက္ဆံေရးရဲ႕ အေရးပါမႈကို အသားေပးေျပာဆိုလိုက္ပါတယ္။

အာဆီယံအသင္းဝင္ ျမန္မာႏိုင္ငံ့အေရးနဲ႔ ပတ္သက္လို႔ မိန္ံခြန္းတိုင္႐ိုက္ေျပာဆိုမႈမွာ မပါဝင္ေပမဲ့ အိမ္ျဖဴေတာ္ရဲ႕ သီးျခားထုတ္ျပန္မႈမွာ အခုလိုေဖၚျပထားပါတယ္။ သမၼတ Joe Biden က ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈႏွင့္အၾကမ္းဖက္ ႏွိပ္ကြပ္မႈမ်ားႏွင့္ပတ္သက္လို႔အလြန္အမင္း စိုးရိမ္ေၾကာင္းနဲ႔ အၾကမ္းဖက္မႈမ်ားကို ခ်က္ခ်င္းရပ္တန႔္ၿပီး မတရားဖမ္းဆီးထားသူမ်ားကို လႊတ္ေပးဖို႔နဲ႔ျမန္မာ့ဒီမိုကေရစီလမ္းစဥ္ကို ျပန္လည္တည္ေဆာက္ရန္ ေတာင္းဆိုလိုက္ပါတယ္။ အာဆီယံသေဘာတူညီခ်က္ ငါးခ်က္အရ ျမန္မာစစ္အစိုးရကတာဝန္ယူရန္ အာဆီယံရဲ႕ ႀကိဳးပမ္းအားထုတ္မႈမ်ားကို ေထာက္ခံေၾကာင္း သမၼတ Joe Biden က မွတ္ခ်က္ခ်ပါေၾကာင္း သမၼတ အိမ္ျဖဴေတာ္ရဲ႕ ေၾကညာခ်က္မွာေဖၚျပထားပါတယ္။

=========

{{Unicode}}

မြန်မာဒီမိုကရေစီပြန်လည်တည်ဆောက်ရေး ကန်သမ္မတတိုက်တွန်းတောင်းဆို

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒီမိုကရေစီပြန်လည်တည်ဆောက်ဖို့ အမေရိကန်သမ္မတ Joe Biden က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

သမ္မတဘိုင်ဒင်က အာဆီယံနှင့် မိတ်ဖက်ဆက်ဆံရေးကို အားကောင်းလာစေဖို့ အမေရိကန်ရဲ့ကတိကဝတ်ကို ထပ်မံ အတည်ပြုပြီး အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံ မျှော်မှန်းချက်အား ချီးကျူးဂုဏ်ပြုလိုက်တယ်လို့ အာဆီယံ ထိပ်သီးညီလာခံမှာပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာစံနှုံးနဲ့ ကျင့်ဝတ်တွေအပေါ်ခြိမ်းခြောက်မှုများကို ခုခံကာကွယ်ရန်နှင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ရန် မဟာမိတ်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက်ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ သမ္မတက အလေးအနက်ထား ကြေညာလိုက်ပါတယ်။

ဒေသတွင်း COVID-19 မှ ပြန်လည်နာလန်ထူလာစေရန်၊ ရာသီဥတုဖေါက်ပြန်မှုကို ဖြေရှင်းရန်၊ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်နှင့် လူ့စွမ်းအားအရင်းအနှီးများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အမေရိကန်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို တိုးချဲ့ရန် အစပျိုးတဲ့အနေနဲ့ ဒေါ်လာ ၁၀၂ သန်းအထိ ပံ့ပိုးပေးရန် ရည်မှန်းထားပါကြောင်း၊ ဒါ့အပြင် ကျန်းမာရေး၊ ရာသီဥတု၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျားမာရေးရာ စွမ်းဆောင်ရည်မြှင့်တင်ရေးစတဲ့ နယ်ပယ်တွေမှာ အမေရိကန်-အာဆီယံအဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန် ကြိုးပမ်းမှုအသစ်များကို မီးမောင်းထိုးပြပြီး အမေရိကန်နှင့် အာဆီယံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးရဲ့ အရေးပါမှုကို အသားပေးပြောဆိုလိုက်ပါတယ်။

အာဆီယံအသင်းဝင် မြန်မာနိုင်ငံ့အရေးနဲ့ ပတ်သက်လို့ မိန်ံခွန်းတိုင်ရိုက်ပြောဆိုမှုမှာ မပါဝင်ပေမဲ့ အိမ်ဖြူတော်ရဲ့ သီးခြားထုတ်ပြန်မှုမှာ အခုလိုဖေါ်ပြထားပါတယ်။ သမ္မတ Joe Biden က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနှင့်အကြမ်းဖက် နှိပ်ကွပ်မှုများနှင့်ပတ်သက်လို့အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပြီး မတရားဖမ်းဆီးထားသူများကို လွှတ်ပေးဖို့နဲ့မြန်မာ့ဒီမိုကရေစီလမ်းစဉ်ကို ပြန်လည်တည်ဆောက်ရန် တောင်းဆိုလိုက်ပါတယ်။ အာဆီယံသဘောတူညီချက် ငါးချက်အရ မြန်မာစစ်အစိုးရကတာဝန်ယူရန် အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း သမ္မတ Joe Biden က မှတ်ချက်ချပါကြောင်း သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

#MyanmarUS #JoeBiden #WhiteHouseMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG