သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုယ္စားလွယ္မပါတဲ့ အာဆီယံထိပ္သီးအစည္းအေဝးက်င္းပ


ျမန္မာႏုိင္ငံအတြက္ ေနရာခ်ပ္လွပ္က်င္းပေနတဲ့ အာဆီယံ ထိပ္သီးအစည္းအေဝး။

{{Zawgyi/Unicode}}

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း - အာဆီယံရဲ႕ ထိပ္သီးစည္းေဝးပြဲကို ျမန္မာႏိုင္ငံကကိုယ္စားလွယ္ မပါဘဲ ဘ႐ူႏိုင္းႏိုင္ငံမွာ ဒီကေန႔ စတင္လိုက္ပါၿပီ။ ျမန္မာႏိုင္ငံမွာ တိုင္းျပည္အာဏာသိမ္းယူထားတဲ့ စစ္တပ္အႀကီးအကဲ ဒါမွမဟုတ္ ျပည္ေထာင္စုအဆင့္ဝန္ႀကီးတဦးဦး ထိပ္သီး စည္းေဝးပြဲကို တက္ေရာက္ခြင့္မျပဳရင္ ျမန္မာဘက္က ကိုယ္စားလွယ္လႊတ္မွာမဟုတ္ဘူးလို႔ စစ္ေကာင္စီဘက္က မေန႔ တနလၤာေန႔မွာ တုံ႔ျပန္ခဲ့ပါတယ္။

စစ္ေကာင္စီရဲ႕ ဒီကေန႔ည ထုတ္ျပန္ခ်က္မွာေတာ့ - ျမန္မာအေနနဲ႔ ဒီအစည္းအေဝးကို မတက္တာဟာ အာဆီယံကို မေက်နပ္လို႔၊ အာဆီယံကို သပိတ္ေမွာက္ေနျခင္းမဟုတ္ဘဲ ပဋိဉာဏ္စာခ်ဳပ္ပါမူမ်ားနဲ႔အညီ ႏိုင္ငံတႏိုင္ငံက ရရွိသင့္တဲ့အခြင့္အေရးကို ေတာင္းဆိုေနျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီရဲ႕ ဒီကေန႔ည ထုတ္ျပန္ခ်က္မွာေတာ့ - ျမန္မာအေနနဲ႔ ဒီအစည္းအေဝးကို မတက္တာဟာ အာဆီယံကို မေက်နပ္လို႔၊ အာဆီယံကို သပိတ္ေမွာက္ေနျခင္းမဟုတ္ဘဲ ပဋိဉာဏ္စာခ်ဳပ္ပါမူမ်ားနဲ႔အညီ ႏိုင္ငံတႏိုင္ငံက ရရွိသင့္တဲ့အခြင့္အေရးကို ေတာင္းဆိုေနျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။


ဒီ ထိပ္သီးစည္းေဝးပြဲမွာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳတက္ေရာက္ဖို႔အတြက္ ႏိုင္ငံေရးအရကိုယ္စားျပဳမႈမဟုတ္တဲ့၊ ႏိုင္ငံျခားေရးဌာနကအၿမဲတန္းအတြင္းဝန္ တဦးကို အာဆီယံဘက္က ဖိတ္ၾကားခဲ့တာပါ။

ျမန္မာႏိုင္ငံကို အာဆီယံရဲ႕ အေျခခံမူေဘာင္အတြင္းကေန အာဆီယံက ထုတ္ပယ္လိုက္တာမဟုတ္ဘဲ ျမန္မာဘက္က ထြက္ခြာသြားျခင္းသာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံမပါဘဲ အာဆီယံ ထိပ္သီးစည္းေဝးပြဲ က်င္းပေနရတာဟာ ျမန္မာႏိုင္ငံရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္သာျဖစ္ေၾကာင္း ေရွ႕ႏွစ္မွာ အာဆီယံအသင္းႀကီးရဲ႕ အလွည့္က်ဥကၠ႒ျဖစ္လာမယ့္ ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ Hun Sen က ဒီကေန႔က်င္းပတဲ့ ထိပ္သီးစည္းေဝးအတြင္း ေျပာၾကားလိုက္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Ratno Marsudi ကလည္း ထိပ္သီးစည္းေဝးပြဲမွာ ျမန္မာအတြက္ တေနရာ အဆင္သင့္ခ်န္ထားေပမယ့္ ျမန္မာဘက္က လာေရာက္ဖို႔ ပ်က္ကြက္ခဲ့တာလို႔ ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာစစ္တပ္အႀကီးအကဲကို မဖိတ္ဘဲ ႏိုင္ငံေရးပိုင္းကမဟုတ္တဲ့ ကိုယ္စားလွယ္ကိုဖိတ္ၾကားဖို႔ ဆုံးျဖတ္ခဲ့တာဟာ ေလးနက္ျပင္းထန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေပမယ့္ ဒါဟာ လုပ္သင့္လုပ္ထိုက္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔လည္း ဝန္ႀကီး Marsudi က ေျပာပါတယ္။

အာဆီယံနဲ႔ ျမန္မာႏိုင္ငံအၾကား ဧၿပီလအတြင္း ရရွိခဲ့တဲ့ သေဘာတူညီခ်က္ အေျခခံမူေဘာင္ (၅) ခ်က္ ကို ျမန္မာဘက္က အေကာင္အထည္ေဖာ္ လုပ္ေဆာင္ျခင္းမရွိတဲ့အေပၚ အာဆီယံဘက္က စိတ္ပ်က္ၿပီး ေအာက္တိုဘာ ၂၆ ရက္ကေန ၂၈ ရက္ေန႔အထိ ၃ ရက္ၾကာက်င္းပမယ့္ ထိပ္သီးစည္းေဝးကို ျမန္မာစစ္ေခါင္းေဆာင္ကို မဖိတ္ဖို႔ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြက ဆုံးျဖတ္ခဲ့ၾကတာပါ။

တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

မြန်မာကိုယ်စားလှယ်မပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပ

စစ်ကောင်စီရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်မှာတော့ - မြန်မာအနေနဲ့ ဒီအစည်းအဝေးကို မတက်တာဟာ အာဆီယံကို မကျေနပ်လို့၊ အာဆီယံကို သပိတ်မှောက်နေခြင်းမဟုတ်ဘဲ ပဋိဉာဏ်စာချုပ်ပါမူများနဲ့အညီ နိုင်ငံတနိုင်ငံက ရရှိသင့်တဲ့အခွင့်အရေးကို တောင်းဆိုနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။


အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံရဲ့ ထိပ်သီးစည်းဝေးပွဲကို မြန်မာနိုင်ငံကကိုယ်စားလှယ် မပါဘဲ ဘရူနိုင်းနိုင်ငံမှာ ဒီကနေ့ စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံမှာ တိုင်းပြည်အာဏာသိမ်းယူထားတဲ့ စစ်တပ်အကြီးအကဲ ဒါမှမဟုတ် ပြည်ထောင်စုအဆင့်ဝန်ကြီးတဦးဦး ထိပ်သီး စည်းဝေးပွဲကို တက်ရောက်ခွင့်မပြုရင် မြန်မာဘက်က ကိုယ်စားလှယ်လွှတ်မှာမဟုတ်ဘူးလို့ စစ်ကောင်စီဘက်က မနေ့ တနင်္လာနေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်မှာတော့ - မြန်မာအနေနဲ့ ဒီအစည်းအဝေးကို မတက်တာဟာ အာဆီယံကို မကျေနပ်လို့၊ အာဆီယံကို သပိတ်မှောက်နေခြင်းမဟုတ်ဘဲ ပဋိဉာဏ်စာချုပ်ပါမူများနဲ့အညီ နိုင်ငံတနိုင်ငံက ရရှိသင့်တဲ့အခွင့်အရေးကို တောင်းဆိုနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီ ထိပ်သီးစည်းဝေးပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ဖို့အတွက် နိုင်ငံရေးအရကိုယ်စားပြုမှုမဟုတ်တဲ့၊ နိုင်ငံခြားရေးဌာနက အမြဲတန်းအတွင်းဝန် တဦးကို အာဆီယံဘက်က ဖိတ်ကြားခဲ့တာပါ။

မြန်မာနိုင်ငံကို အာဆီယံရဲ့ အခြေခံမူဘောင်အတွင်းကနေ အာဆီယံက ထုတ်ပယ်လိုက်တာမဟုတ်ဘဲ မြန်မာဘက်က ထွက်ခွာသွားခြင်းသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမပါဘဲ အာဆီယံ ထိပ်သီးစည်းဝေးပွဲ ကျင်းပနေရတာဟာ မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကြောင့်သာဖြစ်ကြောင်း ရှေ့နှစ်မှာ အာဆီယံအသင်းကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Sen က ဒီကနေ့ကျင်းပတဲ့ ထိပ်သီးစည်းဝေးအတွင်း ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Ratno Marsudi ကလည်း ထိပ်သီးစည်းဝေးပွဲမှာ မြန်မာအတွက် တနေရာ အဆင်သင့်ချန်ထားပေမယ့် မြန်မာဘက်က လာရောက်ဖို့ ပျက်ကွက်ခဲ့တာလို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အကြီးအကဲကို မဖိတ်ဘဲ နိုင်ငံရေးပိုင်းကမဟုတ်တဲ့ ကိုယ်စားလှယ်ကိုဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့တာဟာ လေးနက်ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်း ဝန်ကြီး Marsudi က ပြောပါတယ်။

အာဆီယံနဲ့ မြန်မာနိုင်ငံအကြား ဧပြီလအတွင်း ရရှိခဲ့တဲ့ သဘောတူညီချက် အခြေခံမူဘောင် (၅) ချက် ကို မြန်မာဘက်က အကောင်အထည်ဖော် လုပ်ဆောင်ခြင်းမရှိတဲ့အပေါ် အာဆီယံဘက်က စိတ်ပျက်ပြီး အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမယ့် ထိပ်သီးစည်းဝေးကို မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ခဲ့ကြတာပါ။

#MyanmarASEAN #ASEANSummit #MyanmarMilitaryCoup #VOABurmese

#အာဆီယံ#မြန်မာကိုယ်စားလှယ်မပါ

==========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG