ခရီးသြားလုပ္ငန္းရွင္သန္ေရး အာဆီယံ စႀကႍ ဖြင္႔လွစ္ဖို႔ အင္ဒိုသမၼတ တိုက္တြန္း
{{Zawgyi/Unicode}}
ကုိဗစ္ ၁၉ ကပ္ဆုိးေၾကာင့္ အေရွ့ေတာာင္အာရွေဒသအတြင္း ထိခုိက္က်ဆင္းခဲ့ရတဲ့ ခရီးသြားလုပ္ငန္း ေတြျပန္လည္ေကာင္းမြန္လာဖုိ့အတြက္ အဖဲြ့၀င္ႏုိင္ငံေတြအၾကားျဖတ္သန္းသြားလာႏုိင္မယ့္ခရီးသြား လမ္းေၾကာင္းအစီအစဥ္တခုအတြက္ ျပင္ဆင္မွုေတြကုိ အရွိန္ျမွင့္လုပ္ေဆာင္ၾကဖုိ့အင္ဒုိ နီးရွား သမတ Joko Widodo ကတနလၤာေန့တုန္းကတုိက္တြန္းေျပာဆုိခဲ့ပါတယ္။
အေရွေတာင္အာရွေဒသတြင္း ကုိဗစ္ေရာဂါကူးဆက္မွုႏွုန္းေတြက်ဆင္းလာၿပီျဖစ္တဲ့ အတြက္ ေဒသတြင္း ခရီးသြားလာမွုေတြကုိ ပုိမုိလြတ္လြတ္လပ္လပ္ဖြင့္ေပးဖုိ့ အင္ဒုိနီးရွား သမတက အာစီယံ ထိပ္သီးအစည္းအေ၀းမတုိက္ခင္ အြန္လုိင္းကေနျပုလုပ္တဲ့ စီးပြားေရးလုပ္ငန္းဆုိင္ရာေဆြးေႏြး ပဲြတရပ္မွာ တုိက္တြန္းေျပာဆုိခဲ့တာပါ။
ေဒသတြင္းျဖတ္သန္းသြားလာႏုိင္တဲ့ခရီးသြားစႀကၤန္တခုကုိေဖၚေဆာင္ဖုိ့ ဆုိတဲ့အယူအဆတရပ္ကုိ ၂၀၂၀ ခုႏွစ္က တည္းကအင္ဒုိနီးရွားက ဦးေဆာင္တင္ျပခဲ့တာပါ။
ကုိဗစ္ကပ္ဆုိးေၾကာင့္ ခရီးသြားတင္းၾကပ္မွုဟာ ကမၻာေပၚမွာ အေရွ့ေတာင္အာရွေဒသဟာ အတင္းၾကပ္ဆုံးျဖစ္တယ္လုိ့ WTO ကုလသမဂၢကုန္သြယ္ေရးအဖဲြ့ႀကီးရဲ့ အခ်က္အလက္ေတြကုိ ကုိးကားၿပီး သမတ ၀ီဒူဒူက ေျပာဆုိခဲ့ပါတယ္။
ကုိဗစ္ကပ္ဆုိးကုိ လေပါင္း ၂၀ ၾကာရင္ဆုိင္ခဲ့ၿပီးေနာက္ အခုက်ေနာ္တုိ့ ေမွ်ာ္လင့္ခ်က္အလင္း ေရာင္တခ်ိဳကုိျမင္လာရပါၿပီ။ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္း အေရွ့ေတာင္အာရွေဒသတြင္း ကုိဗစ္ ေရာဂါကူးဆက္ျဖစ္ပြားမွုဟာ ၁၄ ရာႏွုန္းက်ဆင္းသြားခဲ့ပါတယ္။ ဒါဟာ က်ဆင္းမွု ၁ ရာႏွုန္းဘဲ ရွိတဲ့ တကမၻာလုံးက်ဆင္းမွုထက္ အမ်ားႀကီးပုိပါတယ္လုိ့ သမတ ၀ီဒူဒူက ေျပာဆုိခဲ့ပါတယ္။
အေရွ့ေတာင္အာရွေဒသတြင္း အဖဲြ့၀င္ႏုိင္ငံေတြအျခင္းအျခင္းအၾကားခရီးသြားလွုမွုဟာ ေဒသ တခုလုံးခရီးသြားလုပ္ငန္းရဲ့ ၄၀ ရာႏွုန္းေက်ာ္ရွိပါတယ္။
....................................................
ခရီးသွားလုပ်ငန်းရှင်သန်ရေး အာဆီယံ စင်္ကြံ ဖွင့်လှစ်ဖို့ အင်ဒိုသမ္မတ တိုက်တွန်း
{{Zawgyi/Unicode}}
ကိုဗစ် ၁၉ ကပ်ဆိုးကြောင့် အရှေ့တောာင်အာရှဒေသအတွင်း ထိခိုက်ကျဆင်းခဲ့ရတဲ့ ခရီးသွားလုပ်ငန်း တွေပြန်လည်ကောင်းမွန်လာဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေအကြားဖြတ်သန်းသွားလာနိုင်မယ့်ခရီးသွား လမ်းကြောင်းအစီအစဉ်တခုအတွက် ပြင်ဆင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ကြဖို့အင်ဒို နီးရှား သမတ Joko Widodo ကတနင်္လာနေ့တုန်းကတိုက်တွန်းပြောဆိုခဲ့ပါတယ်။
အရှေတောင်အာရှဒေသတွင်း ကိုဗစ်ရောဂါကူးဆက်မှုနှုန်းတွေကျဆင်းလာပြီဖြစ်တဲ့ အတွက် ဒေသတွင်း ခရီးသွားလာမှုတွေကို ပိုမိုလွတ်လွတ်လပ်လပ်ဖွင့်ပေးဖို့ အင်ဒိုနီးရှား သမတက အာစီယံ ထိပ်သီးအစည်းအဝေးမတိုက်ခင် အွန်လိုင်းကနေပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာဆွေးနွေး ပွဲတရပ်မှာ တိုက်တွန်းပြောဆိုခဲ့တာပါ။
ဒေသတွင်းဖြတ်သန်းသွားလာနိုင်တဲ့ခရီးသွားစင်္ကြန်တခုကိုဖေါ်ဆောင်ဖို့ ဆိုတဲ့အယူအဆတရပ်ကို ၂၀၂၀ ခုနှစ်က တည်းကအင်ဒိုနီးရှားက ဦးဆောင်တင်ပြခဲ့တာပါ။
ကိုဗစ်ကပ်ဆိုးကြောင့် ခရီးသွားတင်းကြပ်မှုဟာ ကမ္ဘာပေါ်မှာ အရှေ့တောင်အာရှဒေသဟာ အတင်းကြပ်ဆုံးဖြစ်တယ်လို့ WTO ကုလသမဂ္ဂကုန်သွယ်ရေးအဖွဲ့ကြီးရဲ့ အချက်အလက်တွေကို ကိုးကားပြီး သမတ ဝီဒူဒူက ပြောဆိုခဲ့ပါတယ်။
ကိုဗစ်ကပ်ဆိုးကို လပေါင်း ၂၀ ကြာရင်ဆိုင်ခဲ့ပြီးနောက် အခုကျနော်တို့ မျှော်လင့်ချက်အလင်း ရောင်တချိုကိုမြင်လာရပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အရှေ့တောင်အာရှဒေသတွင်း ကိုဗစ် ရောဂါကူးဆက်ဖြစ်ပွားမှုဟာ ၁၄ ရာနှုန်းကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ကျဆင်းမှု ၁ ရာနှုန်းဘဲ ရှိတဲ့ တကမ္ဘာလုံးကျဆင်းမှုထက် အများကြီးပိုပါတယ်လို့ သမတ ဝီဒူဒူက ပြောဆိုခဲ့ပါတယ်။
အရှေ့တောင်အာရှဒေသတွင်း အဖွဲ့ဝင်နိုင်ငံတွေအခြင်းအခြင်းအကြားခရီးသွားလှုမှုဟာ ဒေသ တခုလုံးခရီးသွားလုပ်ငန်းရဲ့ ၄၀ ရာနှုန်းကျော်ရှိပါတယ်။