သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“ျမန္မာစစ္ေကာင္စီအႀကီးအကဲမဖိတ္မႈ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္” အင္ဒိုႏိုင္ငံျခားေရး ဝန္ႀကီး


အင္ဒိုနီးရွား ႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi

{{Zawgyi/Unicode}}

မေလးရွားနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြက ႏိုင္ငံျခားေရးဝန္ႀကီးေတြက ျမန္မာႏိုင္ငံကို အာဆီယံအထူးကိုယ္စားလွယ္ သြားေရာက္မယ့္ကိစၥ ေႏွာင့္ေႏွးေနရတဲ့ ကိစၥ စိတ္ပ်က္မိေၾကာင္း ေျပာၾကားသြားပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး အၾကပ္အတည္းကို ကူညီေျဖရွင္းဖို႔ အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံသြားေရာက္မယ့္ ကိစၥကို ျမန္မာစစ္ေကာင္စီဘက္က ပူးေပါင္းေဆာင္႐ြတ္ဖို႔ ျငင္းဆန္လို႔ ဒီလေႏွာင္းပိုင္း က်င္းပမယ့္ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို မဖိတ္ဘဲ ႏိုင္ငံေရးနဲ႔ ပတ္သတ္မႈမရွိတဲ့ ျမန္မာကိုယ္စားလွယ္တဦးကို ဖိတ္ၾကားမယ္လို႔ အာဆီယံက ဆုံးျဖတ္ခဲ့ပါတယ္။

ဒီလို အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ အာဆီယံရဲ႕ ျမန္မာ့အေရး ႀကိဳးပမ္းမႈေတြမွာ ျမန္မာဘက္က ေကာင္းမြန္တဲ့ တုံ႔ျပန္မႈေတြ မရွိဘူးလို႔ ေျပာဆိုၿပီး လာမယ့္ အာဆီယံထိပ္သီး အစည္းအေဝးမွာ ျမန္မာစစ္ေကာင္စီ အႀကီးအကဲကို မဖိတ္တာဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ ျဖစ္တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က ဒီကေန႔ ေျပာဆိုလိုက္ပါတယ္။

“က်မတို႔ ႀကိဳးပမ္းမႈေတြနဲ႔ပတ္သက္လို႔ ျမန္မာဘက္က ေကာင္းမြန္တဲ့ တုံ႔ျပန္မႈ မရခဲ့ပါဘူး။ ဒါေပမဲ့လည္း တျခားႏိုင္ငံေတြရဲ႕ ျပည္တြင္းေရး မစြက္ဖက္ဖို႔နဲ႔ ဒီမိုကေရစီ၊ ေကာင္းမြန္တဲ့အုပ္ခ်ဳပ္ေရး၊ လူ႔အခြင့္အေရးနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒနည္းက် ဖြဲ႕စည္းထားတဲ့ အစိုးရ ျဖစ္ေရး ဆိုတဲ့ တျခားေသာ မူဝါဒေတြကိုေလးစားရမယ္ ဆိုတဲ့ အာဆီယံ ပဋိဉာဥ္ပါ အေရးႀကီးတဲ့အခ်က္ေတြကို ထည့္သြင္းစဥ္းစားၿပီး ျမန္မာႏိုင္ငံကို အခြင့္ အေရး ဆက္ေပးထားဆဲ ျဖစ္ပါတယ္။ အင္အားစု အားလုံးပါဝင္တဲ့ ႏိုင္ငံေရး လုပ္ငန္းစဥ္ေတြကေနတဆင့္ ဒီမိုကေရစီ ျပန္လည္ တည္ေဆာက္ႏိုင္ေရး ႀကိဳးပမ္းတဲ့အေနနဲ႔ လာမယ့္ အာဆီယံ အဆင့္ျမင့္ေဆြးေႏြးပြဲမွာ ျမန္မာဘက္က ႏိုင္ငံေရးက႑ကမဟုတ္တဲ့ ကိုယ္စားလွယ္ေတြကိုပဲ ဖိတ္ေခၚသြားမွာျဖစ္ပါတယ္။ ဒါဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္လို႔ ယူဆပါတယ္။” - လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရး ဝန္ႀကီးRetno Marsudi က ဒီကေန႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ပူးတြဲလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားတာပါ။

ဒါေပမဲ့ ခုလို ဆုံးျဖတ္တဲ့အတြက္ ျမန္မာကိုေပးေနတဲ့ လူသားခ်င္းစာနာမႈ အကူအညီေတြ အပါအဝင္ အာဆီယံရဲ႕ အေထာက္အပံ့ေတြကိုေတာ့ ရပ္ပစ္လိုက္မွာ မဟုတ္ပါဘူးလို႔လည္း ဝန္ႀကီး Marsudi က ေျပာပါတယ္။

ဒီလေႏွာင္းပိုင္း က်င္းပမယ့္ အာဆီယံ ထိပ္သီး အစည္းအေဝးမွာ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ဖိတ္ၾကားမွာမဟုတ္တဲ့အေၾကာင္း အာဆီယံ အလွည့္က်ဥကၠ႒ တာဝန္ယူထားတဲ့ ဘ႐ူႏိုင္းႏိုင္ငံက စေနေန႔က တရားဝင္ ေၾကညာခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


--------------

{{Zawgyi/Unicode}}

“မြန်မာစစ်ကောင်စီအကြီးအကဲမဖိတ်မှုမှန်ကန်တဲ့ဆုံးဖြတ်ချက်” အင်ဒိုနိုင်ငံခြားရေးဝန်ကြီး

မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံကို အာဆီယံအထူးကိုယ်စားလှယ် သွားရောက်မယ့်ကိစ္စ နှောင့်နှေးနေရတဲ့ ကိစ္စ စိတ်ပျက်မိကြောင်း ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားရောက်မယ့် ကိစ္စကို မြန်မာစစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွတ်ဖို့ ငြင်းဆန်လို့ ဒီလနှောင်းပိုင်း ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ဘဲ နိုင်ငံရေးနဲ့ ပတ်သတ်မှုမရှိတဲ့ မြန်မာကိုယ်စားလှယ်တဦးကို ဖိတ်ကြားမယ်လို့ အာဆီယံက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေမှာ မြန်မာဘက်က ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ မရှိဘူးလို့ ပြောဆိုပြီး လာမယ့် အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ အကြီးအကဲကို မဖိတ်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

“ကျမတို့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ မြန်မာဘက်က ကောင်းမွန်တဲ့ တုံ့ပြန်မှု မရခဲ့ပါဘူး။ ဒါပေမဲ့လည်း တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး မစွက်ဖက်ဖို့နဲ့ ဒီမိုကရေစီ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနည်းကျ ဖွဲ့စည်းထားတဲ့ အစိုးရ ဖြစ်ရေး ဆိုတဲ့ တခြားသော မူဝါဒတွေကိုလေးစားရမယ် ဆိုတဲ့ အာဆီယံ ပဋိဉာဉ်ပါ အရေးကြီးတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားပြီး မြန်မာနိုင်ငံကို အခွင့် အရေး ဆက်ပေးထားဆဲ ဖြစ်ပါတယ်။ အင်အားစု အားလုံးပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကနေတဆင့် ဒီမိုကရေစီ ပြန်လည် တည်ဆောက်နိုင်ရေး ကြိုးပမ်းတဲ့အနေနဲ့ လာမယ့် အာဆီယံ အဆင့်မြင့်ဆွေးနွေးပွဲမှာ မြန်မာဘက်က နိုင်ငံရေးကဏ္ဍကမဟုတ်တဲ့ ကိုယ်စားလှယ်တွေကိုပဲ ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ယူဆပါတယ်။” - လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးRetno Marsudi က ဒီကနေ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

ဒါပေမဲ့ ခုလို ဆုံးဖြတ်တဲ့အတွက် မြန်မာကိုပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ အပါအဝင် အာဆီယံရဲ့ အထောက်အပံ့တွေကိုတော့ ရပ်ပစ်လိုက်မှာ မဟုတ်ပါဘူးလို့လည်း ဝန်ကြီး Marsudi က ပြောပါတယ်။

ဒီလနှောင်းပိုင်း ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားမှာမဟုတ်တဲ့အကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံက စနေနေ့က တရားဝင် ကြေညာခဲ့တာဖြစ်ပါတယ်။

#MyanmarASEAN #MyanmarMilitaryCoup #MyanmarIndonesia #VOABUrmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG