သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ တိုးတက္မႈမရွိတဲ့အေပၚ အင္ဒိုနီးရွားစိတ္ပ်က္


အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi

Zawgyi/Unicode

အေရွ့ေတာင္အာရွအသင္းႀကီးကခ်မွတ္ထားတဲ့ ျမန္မာႏုိင္ငံဆုိင္ရာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြနဲ့ပတ္သက္ၿပီး တစုံတရာ ထူးထူးျခားျခား တုိးတက္လာေအာင္ လုပ္ေဆာင္တာမေတြ႔ရတဲ့အတြက္ စိတ္ပ်က္မိေၾကာင္း အင္ဒုိနီးရွားႏုိင္ငံျခားေရးဝန္ႀကီးက တနလၤာေန႔မွာေျပာဆုိလုိက္ပါတယ္။

အေရွ့ေတာင္အာရွႏုိင္ငံျခားေရးဝန္ႀကီးေတြရဲ့အစည္းအေဝးမွာ အမ်ားစုက ျမန္မာႏုိင္ငံနဲ့ပတ္သက္ၿပီး စိတ္ပ်က္ၾကတယ္လုိ့ အင္ဒုိနီးရွားႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိခဲ့ပါတယ္။ ဒါ့အျပင္ အာဆီယံအထူးကုိယ္စားလွယ္နဲ့ပတ္သက္ၿပီး ဘာမွ ထူးထူးျခားျခား တုံ႔ျပန္ေဆာင္ရြက္တာလည္း မရွိဘူးလုိ့ ဆုိပါတယ္။

အာဆီယံ အထူးကုိယ္စားလွယ္ ျမန္မာႏုိင္ငံကုိလာေရာက္ရင္ ေဒၚေအာင္ဆန္းစုၾကည္နဲ့ေတြ႔ဖုိ့ အကန့္အသတ္ေတြရွိႏုိင္တယ္လုိ့ စစ္ေကာင္စီဘက္ကေျပာဆုိထားပါတယ္။ တရားဥပေဒအရ အမွုရင္ဆုိင္ေနရ သူမ်ားႏွင့္ေတြ႔ဆုံေရး စီစဥ္ေပးဖုိ့ ကန့္သတ္ခ်က္ေတြရွိ ႏုိင္ပါတယ္လုိ့ စစ္ေကာင္စီေျပာခြင့္ရပုဂၢဳလ္ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆုိထားပါတယ္။

ျမန္မာ့အေရးနဲ့ပတ္သက္လုိ့ အာဆီယံ သေဘာတူညီခ်က္ ၅ ခ်က္ထဲက နံပါတ္ ၅ အခ်က္မွာ ျမန္မာႏုိင္ငံက ျပႆနာေတြကုိ ေျဖရွင္းႏုိင္ဖုိ့အတြက္ ျမန္မာႏုိင္ငံကုိ အထူးကုိယ္စားလွယ္ သြားေရာက္တဲ့အခါ ပဋိပကၡအတြင္း ပါဝင္တဲ့ အဖဲြ႔အစည္းအားလုံး ပါဝင္ေနသူအားလုံးနဲ့ ေတြ႔ဆုံခြင့္ေပးရမယ္ဆုိတဲ့ အခ်က္ပါဝင္ပါတယ္။

ေဖေဖၚဝါရီလ ၁ ရက္ေန့ စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ ႏုိင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကုိ ဖမ္းဆီးထိန္းသိမ္းထားၿပီး ၅၀၅ (ခ) အပါအဝင္ အဂတိလုိက္စားမွု၊ သဘာဝေဘးအႏၱရယ္ ကာကြယ္ေရး ဥပေဒ ခ်ိဳးေဖါက္မွု၊ ဆက္သြယ္ေရးပစၥည္းတရားမပုိင္ဆုိင္မွု၊ စသည္ျဖင့္ အမွုေပါင္း ၁၁ နဲ့စြဲဆုိထားပါတယ္။ ေအာက္တုိဘာလ ၄ ရက္ေန့မွာ ေနာက္ထပ္ အဂတိလုိက္စားမွု စဲြခ်က္နဲ့ အမွု ၃ မွုထပ္တုိးဖုိ့ ဆင့္ေခၚစာပုိ့ထားတယ္လို့ ေဒၚေအာင္ ဆန္းစုၾကည္ရဲ့ ေရွ့ေနေတြကေျပာဆုိပါတယ္။ ဒီအမွု ၃ မွု ထပ္တုိးရင္ ေဒၚေအာင္ဆန္းစုၾကည္ကုိ စဲြဆုိထားတဲ့ စုစုေပါင္း အမွုဟာ ၁၄ ခုရွိသြားမွာျဖစ္ပါတယ္။ ေလာေလာဆယ္ စဲြဆုိထားတဲ့အမွု ၁၁ မွုအတြက္တနလၤာ၊ အဂၤါ၊ ၾကာသာပေတးနဲ့ ေသာၾကာေန့တုိင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ တရားရင္ဆုိင္ေနရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ့ က်မ္းမာေရးအေျခအေနေၾကာင့္ အခုလုိ ေန့စဥ္ရက္ဆက္နီးပါး တရားရင္ ဆုိင္ေနရတာေတြကုိ ရက္ေလွ်ာ့ခ်ေပးဖုိ့ေရွ့ေနေတြကေနတဆင့္ တနလၤာေန့မွာပဲ တရားရုံးကုိတင္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုမရှိတဲ့အပေါ် အင်ဒိုနီးရှားစိတ်ပျက်

အရှေ့တောင်အာရှအသင်းကြီးကချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တစုံတရာ ထူးထူးခြားခြား တိုးတက်လာအောင် လုပ်ဆောင်တာမတွေ့ရတဲ့အတွက် စိတ်ပျက်မိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာပြောဆိုလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ အများစုက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စိတ်ပျက်ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်နဲ့ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား တုံ့ပြန်ဆောင်ရွက်တာလည်း မရှိဘူးလို့ ဆိုပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ အကန့်အသတ်တွေရှိနိုင်တယ်လို့ စစ်ကောင်စီဘက်ကပြောဆိုထားပါတယ်။ တရားဥပဒေအရ အမှုရင်ဆိုင်နေရ သူများနှင့်တွေ့ဆုံရေး စီစဉ်ပေးဖို့ ကန့်သတ်ချက်တွေရှိ နိုင်ပါတယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ သဘောတူညီချက် ၅ ချက်ထဲက နံပါတ် ၅ အချက်မှာ မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် သွားရောက်တဲ့အခါ ပဋိပက္ခအတွင်း ပါဝင်တဲ့ အဖွဲ့အစည်းအားလုံး ပါဝင်နေသူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၅၀၅ (ခ) အပါအဝင် အဂတိလိုက်စားမှု၊ သဘာဝဘေးအန္တရယ် ကာကွယ်ရေး ဥပဒေ ချိုးဖေါက်မှု၊ ဆက်သွယ်ရေးပစ္စည်းတရားမပိုင်ဆိုင်မှု၊ စသည်ဖြင့် အမှုပေါင်း ၁၁ နဲ့စွဲဆိုထားပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့မှာ နောက်ထပ် အဂတိလိုက်စားမှု စွဲချက်နဲ့ အမှု ၃ မှုထပ်တိုးဖို့ ဆင့်ခေါ်စာပို့ထားတယ်လို့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရှေ့နေတွေကပြောဆိုပါတယ်။ ဒီအမှု ၃ မှု ထပ်တိုးရင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ စုစုပေါင်း အမှုဟာ ၁၄ ခုရှိသွားမှာဖြစ်ပါတယ်။ လောလောဆယ် စွဲဆိုထားတဲ့အမှု ၁၁ မှုအတွက်တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေးနဲ့ သောကြာနေ့တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရင်ဆိုင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျမ်းမာရေးအခြေအနေကြောင့် အခုလို နေ့စဉ်ရက်ဆက်နီးပါး တရားရင် ဆိုင်နေရတာတွေကို ရက်လျှော့ချပေးဖို့ရှေ့နေတွေကနေတဆင့် တနင်္လာနေ့မှာပဲ တရားရုံးကိုတင်ပြထားပါတယ်။

#MyanmarMilitaryCoup #MyanmarASEAN #MyanmarIndonesia #MyanmarPeace #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG