သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွား-ၾသစေၾတးလ် ဝန္ႀကီးေလးဦးေဆြးေႏြးပြဲ ျမန္မာ့အေရးပါဝင္


အင္ဒိုနဲ ့ၾသစတေးလ် နိုင္ငံျခားေရးနဲ ့ကာကြယ္ေရး၀န္ၾကီးမ်ား တေြ ့ဆံုဆေြးေႏြးအျပီး သတင္းေထာက္မ်ားနဲ ့ေတြ ့ဆံုစဥ္ (ဓာတ္ပံု - Reuters )

(Zawgyi/Unicode)

အင္ဒို-ပစိဖိတ္ေဒသ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးရာကိစၥရပ္ေတြ ေဆြးေႏြးၾကတဲ့ ၾသစေၾတးလ်နဲ႔ အင္ဒိုနီးရွား ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးနဲ႔ ကာကြယ္ေရး၀န္ႀကီးေတြရဲ႕ ေဆြးေႏြးပြဲမွာ ျမန္မာနဲ႔ အာဖဂန္နစၥတန္ အေရးကိစၥေတြကိုလည္း ထည့္သြင္း ေဆြးေႏြးခဲ့ၾကတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအက်ပ္အတည္းေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေဆြးေႏြး အေျဖရွာႏိုင္ဖို႔အတြက္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ (ASEAN) အထူးကိုယ္စားလွယ္ ခန္႔အပ္ ေဆာင္ရြက္ေနတာေတြကို ႏွစ္ႏိုင္ငံစလံုးက ေထာက္ခံတဲ့အေၾကာင္း ႏွစ္ႏိုင္ငံ ၀န္ႀကီးေတြက ေျပာဆိုခဲ့ၾကပါတယ္။

ေဆြးေႏြးပြဲကိုေတာ့ အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္မွာ ဒီကေန႔ က်င္းပတာျဖစ္ၿပီး ၾသစေၾတးလ် ႏိုင္ငံျခားေရး၀န္ႀကီး Marise Payne ၊ ကာကြယ္ေရး၀န္ႀကီး Peter Dutton နဲ႔ အင္ဒိုနီးရွားဘက္ကေတာ့ ႏိ္ုင္ငံျခားေရး၀န္ႀကီး Retno Marsudi နဲ႔ ကာကြယ္ေရး၀န္ႀကီး Prabowo Subianto တို႔ တက္ေရာက္ၾကတာပါ။

ေဆြးေႏြးပြဲအတြင္း ႏွစ္ႏိုင္ငံ ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္တရပ္ သက္တမ္းတိုးခဲ့ၾကတဲ့အျပင္ လံုျခံဳေရးဆိုင္ရာ ပူးတြဲ သေဘာတူညီခ်က္တခ်ိဳ႕ လက္မွတ္ေရးထိုးခဲ့ၾကၿပီး ဒီအထဲမွာ ေလ့က်င့္ သင္တန္းေပးမႈေတြ တိုးျမႇင့္လုပ္ေဆာင္သြားဖို႔လည္း သေဘာတူခဲ့ၾကပါတယ္။

ျသစေၾတးလ် စစ္သင္တန္းေက်ာင္းေတြမွာ အင္ဒိုနီးရွား စစ္ဗိုလ္ေလာင္းေတြကို သင္တန္းပို႔ခ်ေပးႏိုင္ဖို႔ အင္ဒိုနီးရွား ကာကြယ္ေရး၀န္ႀကီးက ေဆြးေႏြးခဲ့တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရး၀န္ႀကီး Retno Marsudi က ေျပာပါတယ္။

ဒီေဆြးေႏြးမႈအတိုင္း ျဖစ္လာရင္ေတာ့ ဒါဟာ ၾသစေၾတးလ် စစ္သင္တန္းေက်ာင္းေတြမွာ အင္ဒိုနီးရွားတပ္ဖြဲ႔၀င္ေတြ ပထမဆံုး တက္ေရာက္သင္တန္းယူခြင့္ရတဲ့ သမိုင္း၀င္ သေဘာတူညီမႈ ျဖစ္ပါလိမ့္မယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


အင်ဒိုနီးရှား-သြစတြေးလျ ဝန်ကြီးလေးဦးဆွေးနွေးပွဲ မြန်မာ့အရေးပါဝင်

(Unicode)

အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရာကိစ္စရပ်တွေ ဆွေးနွေးကြတဲ့ သြစတြေးလျနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာနဲ့ အာဖဂန်နစ္စတန် အရေးကိစ္စတွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အထူးကိုယ်စားလှယ် ခန့်အပ် ဆောင်ရွက်နေတာတွေကို နှစ်နိုင်ငံစလုံးက ထောက်ခံတဲ့အကြောင်း နှစ်နိုင်ငံ ဝန်ကြီးတွေက ပြောဆိုခဲ့ကြပါတယ်။

ဆွေးနွေးပွဲကိုတော့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဒီကနေ့ ကျင်းပတာဖြစ်ပြီး သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ၊ ကာကွယ်ရေးဝန်ကြီး Peter Dutton နဲ့ အင်ဒိုနီးရှားဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ ကာကွယ်ရေးဝန်ကြီး Prabowo Subianto တို့ တက်ရောက်ကြတာပါ။

ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တရပ် သက်တမ်းတိုးခဲ့ကြတဲ့အပြင် လုံခြုံရေးဆိုင်ရာ ပူးတွဲ သဘောတူညီချက်တချို့ လက်မှတ်ရေးထိုးခဲ့ကြပြီး ဒီအထဲမှာ လေ့ကျင့် သင်တန်းပေးမှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။

သြစတြေးလျ စစ်သင်တန်းကျောင်းတွေမှာ အင်ဒိုနီးရှား စစ်ဗိုလ်လောင်းတွေကို သင်တန်းပို့ချပေးနိုင်ဖို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးက ဆွေးနွေးခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။

ဒီဆွေးနွေးမှုအတိုင်း ဖြစ်လာရင်တော့ ဒါဟာ သြစတြေးလျ စစ်သင်တန်းကျောင်းတွေမှာ အင်ဒိုနီးရှားတပ်ဖွဲ့ဝင်တွေ ပထမဆုံး တက်ရောက်သင်တန်းယူခွင့်ရတဲ့ သမိုင်းဝင် သဘောတူညီမှု ဖြစ်ပါလိမ့်မယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG