သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္တ႐ုတ္ ပင္လယ္ျပင္အေရး အျငင္းပြားမႈမွာ EU ရဲ႕ ရပ္တည္ခ်က္ 


(Zawgyi/Unicode)

ေတာင္တ႐ုတ္ ပင္လယ္ျပင္ရဲ႕ အမ်ားစုကို ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က အျငင္းပြားေနေပမယ္လို႔လည္း ကမ ၻာ့ကုန္သြယ္ေရးမွာ အဓိကက်တဲ႔ ေတာင္တ႐ုတ္ပင္လယ္ျပင္ကို အသံုးျပဳခြင့္ရေရး ဥေရာပ သမဂၢဘက္က အေရွ႕ေတာင္ အာရွ ႏိုင္ငံေတြနဲ႔ ေဆြးေႏြးေနၿပီး မၾကာခင္မွာ ဒီကိစၥကို အရွိန္ျမႇင့္ၿပီး စည္းရံုး ေဆာင္ရြက္လာႏိုင္တယ္လို႔ သံုးသပ္သူေတြက ယူဆၾကပါတယ္။

အာရွေဒသနဲ႔ ပင္လယ္ျပင္ ကုန္သြယ္ေရးကို ထိန္းထားႏိုင္ေရးနဲ႔ ေတာင္တ႐ုတ္ ပင္လယ္ျပင္မွာလည္း တျခား ကမ ၻာ ပင္လယ္ျပင္မွာလို ႏိုင္ငံတကာ ဥပေဒနဲ႔ အညီ တသမတ္တည္းျဖစ္ေရး EU က ေမွ်ာ္လင့္ေနတဲ႔ အေၾကာင္း Ralph Jennings ရဲ႕ သတင္းေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

အေရွ႕ေတာင္ အာရွ ၄ ႏိုင္ငံရဲ႕ သီးသန္႔ စီးပြားေရးဇံု အျဖစ္ ကုလသမဂၢက ျပဌာန္းေပးထားတဲ႔ အစိတ္အပိုင္းေတြ အပါအ၀င္ စတုရန္း ကီလိုမီတာ ၃ ဒသမ ၅ သန္း က်ယ္၀န္းတဲ႔ ပင္လယ္ျပင္ရဲ႕ ၉၀ ရာခိုင္ႏႈန္းကို တ႐ုတ္က သူပိုင္ဆိုင္ေၾကာင္း ေျပာဆိုေနတာ ျဖစ္ပါတယ္။ ေတာင္တ႐ုတ္ ပင္လယ္ျပင္ အေရးနဲ႔ ပတ္သက္ၿပီး အဖြဲ႔၀င္ ၁၀ ႏိုင္ငံပါ အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ား အသင္း ASEAN နဲ႔ ဥေရာပ သမဂၢ EU ေခါင္းေဆာင္ေတြၾကား ၾသဂုတ္လ အေစာပိုင္းမွာ ေတြ႕ဆံုေဆြးေႏြးခဲ႔ၾကၿပီး လာမယ့္ ၄ လအတြင္းမွာလည္း ႏွစ္ဘက္ ထပ္ၿပီး ေတြ႕ဆံု ေဆြးေႏြးၾကဖို႔ ရွိေနပါတယ္။

အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ား အသင္း ASEAN နဲ႔ တျခား ေဒသတြင္းနဲ႔ အင္အားႀကီး ႏိုင္ငံမ်ားရဲ႕ သီးသန္႔ ေဆြးေႏြးပြဲေတြမွာ ၁၉၇၇ ခုႏွစ္ ကတည္းက ဥေရာပ သမဂၢက ပါ၀င္ ေဆြးေႏြးေနတာ ျဖစ္ပါတယ္။ ဥေရာပ ျပင္ပ ကုန္သြယ္ဘက္ေတြထဲမွာ တ႐ုတ္နဲ႔ အေမရိကန္ ျပည္ေထာင္စု ၿပီးရင္ ASEAN ဟာ EU ရဲ႕ တတိယေျမာက္ အႀကီးဆံုးကုန္သြယ္ဘက္လည္း ျဖစ္ၿပီး ၿပီးခဲ႔တဲ႔ ႏွစ္ကဆိုရင္ ေဒၚလာ ၂၂၁ ဘီလ်ံ ကုန္သြယ္မႈ ရွိခဲ႔ပါတယ္။

ေရေၾကာင္း ကုန္သြယ္မႈ ပမာဏ ၆၀ ရာခိုင္ႏႈန္းေလာက္က အာရွကို ျဖတ္သန္းတာ ျဖစ္ၿပီး ဒီထဲက သံုးပံု တပံုကေတာ့ ေတာင္တ႐ုတ္ ပင္လယ္ျပင္ကို ျဖတ္သန္းရတာ ျဖစ္ေၾကာင္း ကုလသမဂၢရဲ႕ ကုန္သြယ္ေရးနဲ႔ ဖြံ႔ၿဖိဳးေရး အဖြဲ႔က ခန္႔မွန္းထားပါတယ္။ ဥေရာပကို သေဘာၤေတြ ခုတ္ေမာင္းရာ လမ္းေၾကာင္း ျဖစ္တဲ႔ အေရွ႕ အာရွနဲ႔ အိႏၵိယ သမုဒၶရာကို ေတာင္တ႐ုတ္ ပင္လယ္ျပင္က ခ်ိတ္ဆက္ေပးတာ ျဖစ္ပါတယ္။

အင္ဒို ပစိတ္ဖိတ္ ေဒသတြင္းမွာ ဥေရာပ သမဂၢရဲ႕ အက်ိဳးစီးပြား ပတ္သက္မႈမ်ားစြာ ရွိၿပီး ေဒသတြင္းမွာ စည္းမ်ဥ္းစည္းကမ္းကို အေျခခံၿပီး ဆက္လက္ ပြင့္လင္းမႈ ရွိေရးကိုလည္း အေလးထားေၾကာင္း ၿပီးခဲ႔တဲ႔ ဧၿပီလက ထုတ္တဲ႔ ဥေရာပ သမဂၢရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ဒါေပမယ့္လည္း အင္ဒို ပစိဖိတ္ ေဒသတြင္း လက္ရွိ အခင္းအက်င္း ဟာဆိုရင္ ပထဝီ ႏိုင္ငံေရး အားၿပိဳင္မႈေတြ ပိုၿပီး ျပင္းထန္လာေစၿပီး ကုန္သြယ္ေရးနဲ႔ ကုန္စည္ သယ္ယူပို႔ေဆာင္ေရး ကြင္းဆက္ႀကီး အေပၚမွာ ဖိအားေတြ ပိုမ်ားလာေစသလို နည္းပညာ၊ ႏိုင္ငံေရးနဲ႔ လံုျခံဳေရး က႑ေတြမွာလည္း ပိုၿပီး တင္းမာလာေစတယ္လို႔လည္း EU ရဲ႕ ေၾကညာခ်က္မွာ ထပ္ေလာင္း ေဖာ္ျပပါတယ္။

ဥေရာပ သမဂၢ EU ဒါမွမဟုတ္လည္း EU အဖြဲ႔၀င္ ႏိုင္ငံေတြ အေနနဲ႔ေတာ့ ေတာင္တ႐ုတ္ ပင္လယ္ျပင္ ပိုင္ဆိုင္မႈ အျငင္းပြားမႈ မရွိပါဘူး။ ASEAN အဖြဲ႔၀င္ ႏိုင္ငံေတြ ျဖစ္တဲ႔ ဘ႐ူႏိုင္း၊ မေလးရွား၊ ဖိလစ္ပိုင္နဲ႔ ဗီယက္နမ္ ႏိုင္ငံတို႔က သူတို႔ ပိုင္ဆိုင္တယ္လို႔ ေျပာဆိုထားတဲ႔ ေတာင္တ႐ုတ္ ပင္လယ္ျပင္ အတြင္း ေဒသေတြက တ႐ုတ္က သူ႔ဘာသာ သတ္မွတ္ထားတဲ႔ နယ္စပ္ မ်ဥ္းေတြကို ေက်ာ္လြန္ေနတာ ျဖစ္ပါတယ္။ ထိုင္၀မ္ ဘက္ကလည္း သူပိုင္တယ္လို႔ ေျပာဆိုေနတာပါ။

တ႐ုတ္ဘက္က ေတာင္တ႐ုတ္ ပင္လယ္ျပင္အတြင္း ပိုင္ဆိုင္ေၾကာင္း ေျပာဆိုခ်က္ေတြဟာ ႏိုင္ငံတကာ ကူးသန္းသြားလာေရး အေပၚ ၿခိမ္းေျခာက္လာႏိုင္တဲ႔ အလားအလာ အျဖစ္ ရႈျမင္ၿပီး ျပင္သစ္၊ ဂ်ာမနီ၊ ေနာက္ EU အဖြဲ႔၀င္ မဟုတ္တဲ႔ ၿဗိတိန္ႏိုင္ငံတို႔က လြန္ခဲ႔တဲ႔ တႏွစ္ေက်ာ္ေလာက္က ပူးတြဲ စာတမ္းတေစာင္ျပဳစု ထုတ္ျပန္ၿပီး ကုလသမဂၢထံ ေပးပို႔ထားပါတယ္။ ၾသစေတးလ် ႏိုင္ငံ နယူးေဆာက္သ္ေ၀း တကၠသိုလ္က အာရွေရးရာ ကြ်မ္းက်င္သူ ပါေမာကၡ Carl Thayer ကေတာ့ အခုလို သံုးသပ္ပါတယ္။

" ဒီကိစၥက ရွင္းပါတယ္။ သူတို႔က တသမတ္တည္း ျဖစ္ေနေစခ်င္တာပါ။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒီလို ျဖစ္မွဘဲ စီးပြားေရး လုပ္လို႔ ရႏိုင္တာပါ။ စြန္႔စားရမႈလည္း ေလ်ာ့နည္းသြားေစပါတယ္။ "

ဥေရာပ သမဂၢ အဖြဲ႔၀င္ ႏိုင္ငံ တခ်ိဳ႕ရဲ႕ ေတာင္တ႐ုတ္ ပင္လယ္ျပင္ အေရး အေပၚ ရပ္တည္ခ်က္ေတြက သူတို႔ရဲ႕ အေနာက္ မဟာမိတ္ ျဖစ္တဲ႔ အေမရိကန္ရဲ႕ ရပ္တည္ခ်က္ကို ထင္ဟပ္ေနပါတယ္။ တ႐ုတ္ကို သတိေပးခ်က္ အေနနဲ႔ ေတာင္တ႐ုတ္ ပင္လယ္ျပင္ကို အေမရိကန္က စစ္သေဘာၤေတြ ပံုမွန္ ေစလႊတ္ေနတာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ဆိုရင္ EU ဥေရာပ သမဂၢရဲ႕ ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားခ်က္မွာ ဆိုရင္ EU အဖြဲ႔၀င္ ႏိုင္ငံေတြနဲ႔ အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ား အသင္း ASEAN တို႔ဟာဆိုရင္ စည္းမ်ဥ္း ဥပေဒကို အေျခခံတဲ႔ ႏိုင္ငံတကာ သတ္မွတ္ခ်က္ မူေတြကို ကိုင္ဆြဲေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီႏွစ္ အတြင္းမွာ ဥေရာပ သမဂၢ အဖြဲ႔၀င္ ႏိုင္ငံေတြရဲ႕ သေဘာၤေတြ သြားလာ လႈပ္ရွားမႈေတြ ပိုၿပီးမ်ားလာပါတယ္။ ဒါေပမယ့္လည္း အေမရိကန္ကို ေထာက္ခံ ရပ္တည္မႈထက္ ႏိုင္ငံတကာ ဥပေဒကို ပိုၿပီး အာရံုစိုက္ အေလးထားေနတာ ျဖစ္တယ္လို႔ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ျပင္ အေရး ပိုင္ဆိုင္မႈ အျငင္းပြားမႈေတြက ကုလသမဂၢရဲ႕ ပင္လယ္ျပင္ဆိုင္ရာ ဥပေဒ သေဘာတူ စာခ်ဳပ္ကို ခ်ိဳးေဖာက္မယ္ဆိုရင္ေတာ့ ဥေရာပ ႏိုင္ငံေတြ ဘက္ကလည္း တႏိုင္ခ်င္းစီ အေနနဲ႔ ဥေရာပ ေဒသ ပင္လယ္ျပင္ေတြကို ထိန္းခ်ဳပ္ေရး ေဆာင္ရြက္လာမယ္လို႔ ေျပာသူကေတာ့ အေမရိကန္ ျပည္ေထာင္စု ဟာဝိုင္အီက Daniel K. Inouye အာရွပစိဖိတ္ လံုျခံဳေရးဆိုင္ရာ ေလ႔လာေရး ဌာနက ပါေမာကၡ Alexander Vuving ျဖစ္ပါတယ္။

ႏိုင္ငံ ျဖတ္ေက်ာ္ ေရေၾကာင္းသြားလာႏိုင္ေရးကို ရည္ရြယ္ၿပီး ကုလသမဂၢရဲ႕ သေဘာတူ စာခ်ဳပ္နဲ႔ ပင္လယ္ေရေၾကာင္း သြားလာမႈနဲ႔ သက္ဆိ္ုင္တဲ႔ ႏိုင္ငံေတြမွာ အထူး စီးပြားေရး ဇံုေတြ သတ္မွတ္ေပးတာ ျဖစ္သလို တျခား စည္းမ်ဥ္းေတြလည္း သတ္မွတ္ထားတာ ျဖစ္ပါတယ္။

အေမရိကန္ရဲ႕ တ႐ုတ္နဲ႔ မဟာဗ်ဴဟာေျမာက္ ယွဥ္ၿပိဳင္မႈမွာ ရပ္တည္ဖို႔ထက္ သူတို႔ရဲ႕ အဓိက စိတ္၀င္စားမႈက ႏိုင္ငံတကာ ဥပေဒကို ေလးစားလိုက္နာေရး၊ လြတ္လပ္စြာ ေရေၾကာင္းသြားလာေရးကို ထိန္းသိမ္းထားႏိုင္ေရးပါ။

ေတာင္တ႐ုတ္ ပင္လယ္ျပင္ အတြင္းက ကြ်န္းငယ္ေလးေတြမွာ စစ္တပ္ အသံုးျပဳႏိုင္ေရး အတြက္ တ႐ုတ္က ေျမဖို႔ ေနတဲ႔ ကိစၥ၊ ေနာက္ အထူး စီးပြားေရး ဇံုေတြ အနီးကေန တ႐ုတ္က ေရယာဥ္ေတြ ျဖတ္သန္းေနတဲ႔ ကိစၥကို ေတာင္တ႐ုတ္ ပင္လယ္ျပင္ ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ႔ အေရွ႕ေတာင္ အာရွ ႏိုင္ငံေတြက ကန္႔ကြက္ေနၾကတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အေရွ႕ေတာင္ အာရွ ႏိုင္ငံေတြရဲ႕ အဓိက က်တဲ႔ ကုန္သြယ္ဘက္ တ႐ုတ္ကို အမ်က္ေဒါသ ထြက္ေစမယ့္ အသံုးအႏႈန္းမ်ိဳးကိုေတာ့ ဒီႏိုင္ငံေတြက သိပ္ၿပီး မသံုးၾကပါဘူး။ ဒီ ခ်ဥ္းကပ္နည္းကို ဥေရာပ သမဂၢ EU ဘက္ကလည္း ေထာက္ခံတယ္လို႔ စကာၤပူ အေျခစိုက္ S. Rajaratnam ႏိုင္ငံတကာ ေလ႔လာေရး ဌာနက တြဲဖက္ ပါေမာကၡ Alan Chong က ေျပာပါတယ္။ အာဆီယံနဲ႔ EU အဖြဲ႔ ၂ ခုလံုးက တ႐ုတ္ကို ကုန္သြယ္ေရး အတြက္ပါ လိုလားတယ္လို႔လည္း သူက ေျပာပါတယ္။

သူတို႔က ASEAN နဲ႔ တသားတည္း ေဆာင္ရြက္လာေနပါတယ္။ ဘာေၾကာင့္လဲ ဆိုရင္ တ႐ုတ္နဲ႔ ထိေတြ႕ဆက္ဆံေရးေရာ၊ တ႐ုတ္ကို ထိန္းၫွိထားေရး အတြက္ေရာ လမ္းေၾကာင္း ႏွစ္သြယ္ မူဝါဒကို ဆက္လက္ ထိန္းထားႏိုင္ေရး အတြက္ ASEAN ရဲ႕ ေဆာင္ရြက္မႈက အေသခ်ာဆံုးနဲ႔ စိတ္ခ်ရဆံုး နည္းလမ္း ျဖစ္ႏိုင္တယ္ဆိုတာကို သူတို႔ နားလည္ထားလို႔ ျဖစ္ပါတယ္။

ASEAN ဘက္က သိမ္ေမြ႕တဲ႔ အသံုးအႏႈန္း သည္ပင္လ်င္ တ႐ုတ္ အစိုးရကို သတိေပးဖို႔ လံုေလာက္တယ္လို႔လည္း တြဲဖက္ ပါေမာကၡ Chong က ေျပာပါတယ္။ EU နဲ႔ ASEAN ၾကား ေဆြးေႏြးမႈေတြကေန ထြက္လာမယ့္ သေဘာတူညီခ်က္ေတြနဲ႔ ပတ္သက္လို႔ေတာ့ တ႐ုတ္ အေနနဲ႔ လူသိရွင္ၾကား ေတာင္းဆို တုံ႔ျပန္တာမ်ိဳး ေရွာင္ရွားႏိုင္တယ္၊ ဒါေပမယ့္လည္း သီးသန္႔သေဘာ စံုစမ္း ေမးျမန္းမယ့္ သေဘာ ရွိပါတယ္လို႔လည္း တြဲဖက္ ပါေမာကၡ Chong က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တောင်တရုတ် ပင်လယ်ပြင်အရေး အငြင်းပွားမှုမှာ EU ရဲ့ ရပ်တည်ချက်

တောင်တရုတ် ပင်လယ်ပြင်ရဲ့ အများစုကို ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က အငြင်းပွားနေပေမယ်လို့လည်း ကမ ္ဘာ့ကုန်သွယ်ရေးမှာ အဓိကကျတဲ့ တောင်တရုတ်ပင်လယ်ပြင်ကို အသုံးပြုခွင့်ရရေး ဥရောပ သမဂ္ဂဘက်က အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ ဆွေးနွေးနေပြီး မကြာခင်မှာ ဒီကိစ္စကို အရှိန်မြှင့်ပြီး စည်းရုံး ဆောင်ရွက်လာနိုင်တယ်လို့ သုံးသပ်သူတွေက ယူဆကြပါတယ်။

အာရှဒေသနဲ့ ပင်လယ်ပြင် ကုန်သွယ်ရေးကို ထိန်းထားနိုင်ရေးနဲ့ တောင်တရုတ် ပင်လယ်ပြင်မှာလည်း တခြား ကမ ္ဘာ ပင်လယ်ပြင်မှာလို နိုင်ငံတကာ ဥပဒေနဲ့ အညီ တသမတ်တည်းဖြစ်ရေး EU က မျှော်လင့်နေတဲ့ အကြောင်း Ralph Jennings ရဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

အရှေ့တောင် အာရှ ၄ နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုံ အဖြစ် ကုလသမဂ္ဂက ပြဌာန်းပေးထားတဲ့ အစိတ်အပိုင်းတွေ အပါအဝင် စတုရန်း ကီလိုမီတာ ၃ ဒသမ ၅ သန်း ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်က သူပိုင်ဆိုင်ကြောင်း ပြောဆိုနေတာ ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင် အရေးနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် ၁၀ နိုင်ငံပါ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN နဲ့ ဥရောပ သမဂ္ဂ EU ခေါင်းဆောင်တွေကြား သြဂုတ်လ အစောပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လာမယ့် ၄ လအတွင်းမှာလည်း နှစ်ဘက် ထပ်ပြီး တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN နဲ့ တခြား ဒေသတွင်းနဲ့ အင်အားကြီး နိုင်ငံများရဲ့ သီးသန့် ဆွေးနွေးပွဲတွေမှာ ၁၉၇၇ ခုနှစ် ကတည်းက ဥရောပ သမဂ္ဂက ပါဝင် ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဥရောပ ပြင်ပ ကုန်သွယ်ဘက်တွေထဲမှာ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စု ပြီးရင် ASEAN ဟာ EU ရဲ့ တတိယမြောက် အကြီးဆုံးကုန်သွယ်ဘက်လည်း ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကဆိုရင် ဒေါ်လာ ၂၂၁ ဘီလျံ ကုန်သွယ်မှု ရှိခဲ့ပါတယ်။ ရေကြောင်း ကုန်သွယ်မှု ပမာဏ ၆၀ ရာခိုင်နှုန်းလောက်က အာရှကို ဖြတ်သန်းတာ ဖြစ်ပြီး ဒီထဲက သုံးပုံ တပုံကတော့ တောင်တရုတ် ပင်လယ်ပြင်ကို ဖြတ်သန်းရတာ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့က ခန့်မှန်းထားပါတယ်။ ဥရောပကို သဘောၤတွေ ခုတ်မောင်းရာ လမ်းကြောင်း ဖြစ်တဲ့ အရှေ့ အာရှနဲ့ အိန္ဒိယ သမုဒ္ဓရာကို တောင်တရုတ် ပင်လယ်ပြင်က ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။

အင်ဒို ပစိတ်ဖိတ် ဒေသတွင်းမှာ ဥရောပ သမဂ္ဂရဲ့ အကျိုးစီးပွား ပတ်သက်မှုများစွာ ရှိပြီး ဒေသတွင်းမှာ စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ဆက်လက် ပွင့်လင်းမှု ရှိရေးကိုလည်း အလေးထားကြောင်း ပြီးခဲ့တဲ့ ဧပြီလက ထုတ်တဲ့ ဥရောပ သမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့်လည်း အင်ဒို ပစိဖိတ် ဒေသတွင်း လက်ရှိ အခင်းအကျင်း ဟာဆိုရင် ပထဝီ နိုင်ငံရေး အားပြိုင်မှုတွေ ပိုပြီး ပြင်းထန်လာစေပြီး ကုန်သွယ်ရေးနဲ့ ကုန်စည် သယ်ယူပို့ဆောင်ရေး ကွင်းဆက်ကြီး အပေါ်မှာ ဖိအားတွေ ပိုများလာစေသလို နည်းပညာ၊ နိုင်ငံရေးနဲ့ လုံခြုံရေး ကဏ္ဍတွေမှာလည်း ပိုပြီး တင်းမာလာစေတယ်လို့လည်း EU ရဲ့ ကြေညာချက်မှာ ထပ်လောင်း ဖော်ပြပါတယ်။

ဥရောပ သမဂ္ဂ EU ဒါမှမဟုတ်လည်း EU အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့တော့ တောင်တရုတ် ပင်လယ်ပြင် ပိုင်ဆိုင်မှု အငြင်းပွားမှု မရှိပါဘူး။ ASEAN အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံတို့က သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ တောင်တရုတ် ပင်လယ်ပြင် အတွင်း ဒေသတွေက တရုတ်က သူ့ဘာသာ သတ်မှတ်ထားတဲ့ နယ်စပ် မျဉ်းတွေကို ကျော်လွန်နေတာ ဖြစ်ပါတယ်။ ထိုင်ဝမ် ဘက်ကလည်း သူပိုင်တယ်လို့ ပြောဆိုနေတာပါ။

တရုတ်ဘက်က တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်ကြောင်း ပြောဆိုချက်တွေဟာ နိုင်ငံတကာ ကူးသန်းသွားလာရေး အပေါ် ခြိမ်းခြောက်လာနိုင်တဲ့ အလားအလာ အဖြစ် ရှုမြင်ပြီး ပြင်သစ်၊ ဂျာမနီ၊ နောက် EU အဖွဲ့ဝင် မဟုတ်တဲ့ ဗြိတိန်နိုင်ငံတို့က လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ပူးတွဲ စာတမ်းတစောင်ပြုစု ထုတ်ပြန်ပြီး ကုလသမဂ္ဂထံ ပေးပို့ထားပါတယ်။ သြစတေးလျ နိုင်ငံ နယူးဆောက်သ်ဝေး တက္ကသိုလ်က အာရှရေးရာ ကျွမ်းကျင်သူ ပါမောက္ခ Carl Thayer ကတော့ အခုလို သုံးသပ်ပါတယ်။

" ဒီကိစ္စက ရှင်းပါတယ်။ သူတို့က တသမတ်တည်း ဖြစ်နေစေချင်တာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီလို ဖြစ်မှဘဲ စီးပွားရေး လုပ်လို့ ရနိုင်တာပါ။ စွန့်စားရမှုလည်း လျော့နည်းသွားစေပါတယ်။ "

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တချို့ရဲ့ တောင်တရုတ် ပင်လယ်ပြင် အရေး အပေါ် ရပ်တည်ချက်တွေက သူတို့ရဲ့ အနောက် မဟာမိတ် ဖြစ်တဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ထင်ဟပ်နေပါတယ်။ တရုတ်ကို သတိပေးချက် အနေနဲ့ တောင်တရုတ် ပင်လယ်ပြင်ကို အမေရိကန်က စစ်သဘောၤတွေ ပုံမှန် စေလွှတ်နေတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် EU ဥရောပ သမဂ္ဂရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်မှာ ဆိုရင် EU အဖွဲ့ဝင် နိုင်ငံတွေနဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN တို့ဟာဆိုရင် စည်းမျဉ်း ဥပဒေကို အခြေခံတဲ့ နိုင်ငံတကာ သတ်မှတ်ချက် မူတွေကို ကိုင်ဆွဲကြောင်း ဖော်ပြထားပါတယ်။

ဒီနှစ် အတွင်းမှာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သဘောၤတွေ သွားလာ လှုပ်ရှားမှုတွေ ပိုပြီးများလာပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ကို ထောက်ခံ ရပ်တည်မှုထက် နိုင်ငံတကာ ဥပဒေကို ပိုပြီး အာရုံစိုက် အလေးထားနေတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ တောင်တရုတ်ပင်လယ်ပြင် အရေး ပိုင်ဆိုင်မှု အငြင်းပွားမှုတွေက ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ သဘောတူ စာချုပ်ကို ချိုးဖောက်မယ်ဆိုရင်တော့ ဥရောပ နိုင်ငံတွေ ဘက်ကလည်း တနိုင်ချင်းစီ အနေနဲ့ ဥရောပ ဒေသ ပင်လယ်ပြင်တွေကို ထိန်းချုပ်ရေး ဆောင်ရွက်လာမယ်လို့ ပြောသူကတော့ အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီက Daniel K. Inouye အာရှပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေး ဌာနက ပါမောက္ခ Alexander Vuving ဖြစ်ပါတယ်။

နိုင်ငံ ဖြတ်ကျော် ရေကြောင်းသွားလာနိုင်ရေးကို ရည်ရွယ်ပြီး ကုလသမဂ္ဂရဲ့ သဘောတူ စာချုပ်နဲ့ ပင်လယ်ရေကြောင်း သွားလာမှုနဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေမှာ အထူး စီးပွားရေး ဇုံတွေ သတ်မှတ်ပေးတာ ဖြစ်သလို တခြား စည်းမျဉ်းတွေလည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ တရုတ်နဲ့ မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှုမှာ ရပ်တည်ဖို့ထက် သူတို့ရဲ့ အဓိက စိတ်ဝင်စားမှုက နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာရေးကို ထိန်းသိမ်းထားနိုင်ရေးပါ။

တောင်တရုတ် ပင်လယ်ပြင် အတွင်းက ကျွန်းငယ်လေးတွေမှာ စစ်တပ် အသုံးပြုနိုင်ရေး အတွက် တရုတ်က မြေဖို့ နေတဲ့ ကိစ္စ၊ နောက် အထူး စီးပွားရေး ဇုံတွေ အနီးကနေ တရုတ်က ရေယာဉ်တွေ ဖြတ်သန်းနေတဲ့ ကိစ္စကို တောင်တရုတ် ပင်လယ်ပြင် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အရှေ့တောင် အာရှ နိုင်ငံတွေရဲ့ အဓိက ကျတဲ့ ကုန်သွယ်ဘက် တရုတ်ကို အမျက်ဒေါသ ထွက်စေမယ့် အသုံးအနှုန်းမျိုးကိုတော့ ဒီနိုင်ငံတွေက သိပ်ပြီး မသုံးကြပါဘူး။ ဒီ ချဉ်းကပ်နည်းကို ဥရောပ သမဂ္ဂ EU ဘက်ကလည်း ထောက်ခံတယ်လို့ စကာၤပူ အခြေစိုက် S. Rajaratnam နိုင်ငံတကာ လေ့လာရေး ဌာနက တွဲဖက် ပါမောက္ခ Alan Chong က ပြောပါတယ်။ အာဆီယံနဲ့ EU အဖွဲ့ ၂ ခုလုံးက တရုတ်ကို ကုန်သွယ်ရေး အတွက်ပါ လိုလားတယ်လို့လည်း သူက ပြောပါတယ်။

သူတို့က ASEAN နဲ့ တသားတည်း ဆောင်ရွက်လာနေပါတယ်။ ဘာကြောင့်လဲ ဆိုရင် တရုတ်နဲ့ ထိတွေ့ဆက်ဆံရေးရော၊ တရုတ်ကို ထိန်းညှိထားရေး အတွက်ရော လမ်းကြောင်း နှစ်သွယ် မူဝါဒကို ဆက်လက် ထိန်းထားနိုင်ရေး အတွက် ASEAN ရဲ့ ဆောင်ရွက်မှုက အသေချာဆုံးနဲ့ စိတ်ချရဆုံး နည်းလမ်း ဖြစ်နိုင်တယ်ဆိုတာကို သူတို့ နားလည်ထားလို့ ဖြစ်ပါတယ်။

ASEAN ဘက်က သိမ်မွေ့တဲ့ အသုံးအနှုန်း သည်ပင်လျင် တရုတ် အစိုးရကို သတိပေးဖို့ လုံလောက်တယ်လို့လည်း တွဲဖက် ပါမောက္ခ Chong က ပြောပါတယ်။ EU နဲ့ ASEAN ကြား ဆွေးနွေးမှုတွေကနေ ထွက်လာမယ့် သဘောတူညီချက်တွေနဲ့ ပတ်သက်လို့တော့ တရုတ် အနေနဲ့ လူသိရှင်ကြား တောင်းဆို တုံ့ပြန်တာမျိုး ရှောင်ရှားနိုင်တယ်၊ ဒါပေမယ့်လည်း သီးသန့်သဘော စုံစမ်း မေးမြန်းမယ့် သဘော ရှိပါတယ်လို့လည်း တွဲဖက် ပါမောက္ခ Chong က ပြောပါတယ်။

XS
SM
MD
LG