သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကိုဖိအားပေးရေး အလှည့်အပြောင်းကာလရောက်နေ - ကန်နိုင်ငံခြားရေးအတိုင်ပင်ခံ


အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet (ယာ)
အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet (ယာ)

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်တွေ ပြောင်းလဲအောင် နောက်ထပ် စီးပွားရေးအရ ဘယ်လို ဖိအားထပ်ပေး လုပ်ဆောင်မလဲဆိုတာ စဉ်းစားနေရတဲ့ အလှည့်အပြောင်း ကာလတခုကို ရောက်နေပြီလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ပြောပါတယ်။

မြန်မာနိုင်ငံအခြေအနေဟာ လူသားချင်း စာနာထောက်ထားမှုဘက်ကရော၊ လုံခြုံရေးအရမှာပါ ဆိုးရွားလာနေပြီး စီးပွားရေးနဲ့ နိုင်ငံရေးမှာ တိုးတက်မှု နည်းနေတဲ့အကြောင်း Derek Chollet က အေပီသတင်းဌာနနဲ့ အွန်လိုင်းကတဆင့် မေးမြန်းခန်းမှာ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မူဝါဒရေးရာ အကြံပေးဖြစ်တဲ့ Derek Chollet ဟာ ဘရူနိုင်းနိုင်ငံမှာကျင်းပမယ့် အာဆီယံအစည်းအဝေးမစခင် ထိုင်းနဲ့ စကာင်္ပူနိုင်ငံတို့ကို သွားရောက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စင်္ကာပူနိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်တွေ ငွေထုတ်ငွေသွင်း လုပ်ရခက်ခဲအောင် ဖိအားပေး လုပ်ဆောင်နိုင်တဲ့ အခွင့်အလန်းရှိကြောင်းလည်း Derek Chollet က ပြောပါတယ်။

လာမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲကို စစ်ကောင်စီအကြီးအကဲကိုမဖိတ်ဖို့ အာဆီယံက ဆုံးဖြတ်လိုက်တဲ့သာဓကဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ထိရောက်မှုရှိတယ်ဆိုတာကို ပြသလိုက်တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကြောင့် စစ်ကောင်စီအကြီးအကဲကို မဖိတ်ကြားဖို့ အာဆီယံအဖွဲ့က မကြာခင်က ဆုံးဖြတ်ခဲ့တာကြောင့်လည်း ကျင်းပမယ့် ဒေသတွင်း ထိပ်သီး စည်းအဝေးဟာ မြန်မာနိုင်ငံအရေးကိစ္စ အဓိက လွှမ်းမိုးမယ့်ပုံ ရှိနေပါတယ်။

Derek Chollet ကတော့ မြန်မာ့နိုင်ငံရဲ့အနေအထား အဆိုးဆုံးကို ရောက်မသွားအောင် ကူညီနိုင်မယ့် နည်းလမ်းတွေ ရှိတဲ့အကြောင်းနဲ့ စစ်ကောင်စီဘက်က ပြောင်းလဲလာအောင် အမေရိကန်ပြည်ထောင်စုနဲ့ တခြားအစိုးရတွေဘက်က နိုင်ငံရေးနဲ့ စီးပွားရေးအရ ဖိအားပေးတာမျိုးနဲ့ နားချတိုက်တွန်းနိုင်မယ့် နည်းလမ်းတွေ ရှိနေတယ်လို့ AP သတင်းဌာနကို ပြောပါတယ်။

ဘယ်လိုအကောင်းဆုံး ဆောင်ရွက်မယ်ဆိုတာနဲ့ပတ်သက်လို့ ဒေသတွင်းနိုင်ငံတွေရဲ့ သဘောထားကို ရယူသွားမယ့်အကြောင်းလည်း အွန်လိုင်းက ဆက်သွယ်မေးမြန်းရာမှာ ပြောဆိုသွားပါတယ်။

ဒီအတောအတွင်း ဝါရှင်တန်အခြေစိုက် International Republican Institute (IRI) က ဒီနှစ်အတွက် ပေးအပ်တဲ့ လွတ်လပ်ခွင့်ဆုယူဖို့ ဝါရှင်တန် ဒီစီမြို့ကို ရောက်လာတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman တို့ အောက်တိုဘာ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဌာနမှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ လက်ထောက်ဝန်ကြီး Sherman က သူ့ရဲ့ Facebookလူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{{Unicode}}












=========

XS
SM
MD
LG