သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအေပၚ အာဆီယံသံတမန္ေရးဖိအားတိုးလာၿပီလား


အာဆီယံဆုိင္ရာျမန္မာအထူးသံ၊ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ဧၿပီ ၂၁၊ အာဆီယံေရာက္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္

{Zawgyi/Unicode}

ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို လာမယ့္အာဆီယံထိပ္သီးအစည္းအေဝး မဖိတ္ဖို႔ ေဆြးေႏြးေနတာက ထူးထူးျခားျခား ဖိအားတိုးျမႇင့္လိုက္တာလို႔ သုံးသပ္သူေတြကဆိုပါတယ္။

ျမန္မာႏိုင္ငံထဲ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္အတြက္ တိုးတက္မူမရွိေသးတဲ့အေပၚ အာဆီယံႏိုင္ ငံျခားေရးဝန္ႀကီးတခ်ိဳ႕က ေဝဖန္ခဲ့အၿပီးျဖစ္လာတဲ့ အခုေဆြးေႏြးမႈကို ျမန္မာဆိုင္ရာ အာဆီယံအထူးသံ Erywan Yusof က ဒီေန႔ သတင္းေထာက္ေတြကို ထုတ္ေျပာလိုက္တာပါ။

ဒီလ ၂၆ ကေန ၂၈ ရက္အထိလုပ္မယ့္ အာဆီယံထိပ္သီးပြဲအတြက္ျပင္ေနတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ဒီေဆြးေႏြးခ်က္က ဆုံးျဖတ္ခ်က္ျဖစ္လာရင္ ထိေရာက္ႏိုင္တယ္လို႔ စကၤာပူူအေျခစိုက္ ASEAN Yusof Ishak အင္စတီက်ဳ၊ အေရွ႕ေတာင္အာရွ ေလ့လာေရးဌာနက မမိုးသူဇာက ဆိုပါတယ္။ ကိုဝင္းမင္းက ေမးရာမွာ သူက အခုလိုစသုံးသပ္ျပပါတယ္။

မမိုးသူဇာ။။ အာဆီယံအေနနဲ႔ အခု ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီးေတာ့ engagement - ပုံမွန္ဆက္ဆံေနတဲ့အေနအထားကေနတဆင့္ အခုဆိုရင္ ပိုၿပီးေတာ့ ျပတ္ျပတ္သားသား ထိထိေရာက္ေရာက္ စကားမ်ိဳးေတြ သုံးလာတာကို ေတြ႕ရတယ္ေပါ့ေနာ္။ အခု ဒီ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကလည္း ေအာက္တိုဘာလကုန္ပိုင္းေလာက္မွာ က်င္းပဖို႔ရွိတဲ့ အာဆီယံထိပ္သီး အစည္းအေဝးေတြအတြက္ ျပင္ဆင္တဲ့ အစည္းအေဝးေတြ ျဖစ္ပါတယ္။ အဲဒီမွာလည္း စစ္ေကာင္စီရဲ႕ကိုယ္စားလွယ္ေတြက တက္ၿပီး ဒီလိုမ်ိဳး ႏိုင္ငံျခားေရးဝန္ႀကီးအဆင့္ အစည္းအေဝးမွာ ဒီလိုမ်ိဳး ေလသံေတြ ထြက္လာၿပီဆိုတဲ့အခါက်ေတာ့ အာဆီယံအေနနဲ႔ တူညီသေဘာဆႏၵငါးခ်က္ "5 points consensus" ကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ အာဆီယံဘက္က ေႏွာင့္ေႏွးၾကန႔္ၾကာရျခင္းသည္ အခု စစ္ေကာင္စီဘက္ကေနၿပီးေတာ့လည္း အာဆီယံ ဆက္ဆံေရး အဝန္းအဝိုင္းကို အသုံးခ်ေနတဲ့အေနအထားမ်ိဳးေပါ့ေနာ္...အဲလို သက္ေရာက္ေနတဲ့အခါက်ေတာ့ အာဆီယံသည္ သံတမန္နည္းအရ “ငါတို႔ကို အ႐ူးမလုပ္ပါနဲ႔ေတာ့”...လို႔ ေျပာတဲ့အေနအထားမ်ိဳး ေရာက္ေနၿပီေပါ့ေနာ္။

ကိုဝင္းမင္း။။ ဟုတ္ကဲ့၊ အခုလိုမ်ိဳး အာဆီယံအစည္းအေဝးတက္ဖို႔ အဆင့္အထိေပါ့ေနာ္-လူသိရွင္ၾကား ေျပာလာတာမ်ိဳးက ထူးျခားတယ္လို႔ေကာ သုံးသပ္မိလား။

မမိုးသူဇာ။။ Deplomatic pressure တဆင့္တက္လာတယ္လို႔ သုံးသပ္ရပါတယ္။ အရင္တုန္းကေတာ့ ဒီလိုအေနအထားမ်ိဳးဆိုတာ မေပၚေပါက္ခဲ့ဘူးေလ။ အခုကေတာ့ အင္ဒိုနီးရွားႏိုင္ငံျခားေရး ဝန္ႀကီးကလည္း သတင္းစာရွင္းလင္းပြဲလုပ္တဲ့အခါမွာ ဒီလိုပဲ "5 points consensus" ဆႏၵသေဘာတူညီခ်က္ ငါးခ်က္ကို အေကာင္အထည္ေဖာ္တာမွာ လုံးဝ တိုးတက္မႈမရွိဘူး ဆိုတာကို သူထုတ္ေဖာ္ေျပာသြားတယ္။ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ တြစ္တာမွာေရာ၊ ပါလီမန္မွာေရာ “ဒီလိုမ်ိဳးသာ ဆက္သြားေနမယ္၊ တိုးတက္မႈမရွိဘူးဆိုလို႔ရွိရင္ေတာ့ ေအာက္တိုဘာလကုန္ပိုင္းမွာက်င္းပမယ့္ အာဆီယံထိပ္သီး အစည္းအေဝးပြဲေတြမွာ စစ္ေကာင္စီကိုယ္စားျပဳတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ဖို႔အေနအထားကေတာ့ ေတာ္ေတာ္ေလးခက္ခဲလိမ့္မယ္”...ဆိုၿပီးေတာ့ သူ႔ရဲ႕သုံးသပ္ခ်က္ေပါ့ေနာ္-

....အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီး တဦးခ်င္းစီကေတာ့ ပိုၿပီးေတာ့ ထုတ္ၿပီးေျပာလာၾကၿပီေပါ့ေနာ္။ ဒါေပမယ့္ အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝးကေနၿပီးေတာ့မွ ခ်မွတ္လိုက္တယ္ဆိုတဲ့ သေဘာတူဆုံးျဖတ္ခ်က္ဆိုတာေတာ့ တရားဝင္ ထုတ္ျပန္ေၾကညာျခင္းရယ္လို႔ မေတြ႕ရေသးပါဘူး။

ကိုဝင္းမင္း။။ ဟုတ္ကဲ့၊ အဲဒီေတာ့ အာဆီယံအစည္းအေဝးမွာ - ဒီႏိုင္ငံျခားေရးဝန္ႀကီးအစည္းအေဝးမွာေပါ့ေနာ္- ဒီကိစၥကို စၿပီးေဆြးေႏြးေနတဲ့အခါက်ေတာ့ ျမန္မာ့စစ္ေကာင္စီအေနနဲ႔ေပါ့ေနာ္၊ အခုလိုပဲ ဆက္ၿပီးေတာ့ တင္းခံထားမလား၊ ဒါမွမဟုတ္ တိုးတက္မႈေတြရွိလာေအာင္ တစုံတရာ ေဖာ္ေဆာင္ေပးမယ့္အလားအလာေကာ ျမင္မိလား။

မမိုးသူဇာ။။ စစ္ေကာင္စီဘက္က ေျပာေရးဆိုခြင့္ရွိသူကေတာ့ ဒါ အက်ိဳးသက္ေရာက္မႈ ရွိ၏၊ မရွိ၏.. ဆိုတာမ်ိဳးကို တိတိပပေျပာသြားတာမ်ိဳးေတာ့ မသုံးသပ္မိေသးပါဘူး။ ဒီလိုမ်ိဳးေပါ့၊ Summit ထိပ္သီးအစည္းအေဝးေတြအတြက္ ျပင္ဆင္ေနတဲ့အစည္းအေဝးဆိုတဲ့အခါမွာ အခုဆိုရင္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ အာဆီယံရဲ႕ "5 points consensus" ကို အေကာင္အထည္ေဖာ္တဲ့အေနအထားကလည္း တိုးတက္မႈ ရွိသလား၊ မရွိဘူးလားဆိုတာကလည္း ႏိုင္ငံျခားေရးဝန္ႀကီးအဆင့္မွာ progress ကိုေဆြးေႏြးတာေပါ့ေနာ္။ ဒီလိုအေနအထားမွာ ႏိုင္ငံျခားေရးဝန္ႀကီးေတြတဦးခ်င္းစီက မွတ္ခ်က္ေတြ ေပၚေပါက္လာတာ...ၾကည့္ရတာကေတာ့ တရားဝင္ဆုံးျဖတ္ခ်က္တခုကို အစည္းအေဝးမွတ္တမ္းမွာ ထုတ္ျပန္ေၾကညာလိုက္ၿပီဆိုလို႔ရွိရင္ေတာ့ ဒါက ပိုေလးနက္သြားၿပီေပါ့ေလ။ ဒါေပမယ့္ အရင္တုန္းကနဲ႔စာလို႔ရွိရင္ေတာ့ ျမန္မာႏိုင္ငံအေရးကိစၥကို တိုးတက္မႈ ေႏွာင့္ေႏွးေနတာကို အားမလိုအားမရျဖစ္တာကေတာ့ အသံေတြက ပိုၿပီးက်ယ္လာပါၿပီ။

...၂၀၀၈ ခုႏွစ္တုန္းကလည္း ဒီလိုပဲ၊ အာဆီယံက ျပတ္ျပတ္သားသား ...အဲဒီတုန္းကေတာ့ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳေနတာကေတာ့ State Peace and Development Council ေပါ့ေနာ္- “ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးနဲ႔ဖြံ႕ၿဖိဳးတိုးတက္ေရးေကာင္စီ” ေခၚတဲ့ SPDC စစ္အစိုးရရဲ႕ကိုယ္စားလွယ္၊ အဲဒီတုန္းက ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ဦးဉာဏ္ဝင္းေပါ့ေနာ္။ အဲဒီမွာလည္း နာဂစ္ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ၂၀၀၈ ႏွစ္တုန္းက အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြက ျမန္မာႏိုင္ငံကို ေတာ္ေတာ္ေလး ျပတ္ျပတ္သားသား ေျပာခဲ့တဲ့ပုံစံေတာ့ ရွိပါတယ္။ ဥပမာ ရွိပါတယ္။

ကိုဝင္းမင္း။။ ဟုတ္ကဲ့၊ အဲဒီအေပၚမွာ ျမန္မာအစိုးရဘက္ကေနၿပီးေတာ့ တိုးတက္ေအာင္လုပ္ေဆာင္မႈ ေပးခဲ့မႈရွိခဲ့တဲ့အတြက္ အခုတေခါက္မွာေရာ အလားတူ ျဖစ္လာေစဖို႔ ေမွ်ာ္လင့္လို႔ရႏိုင္ပါ့မလား။

မမိုးသူဇာ။။ ၂၀၀၈ တုန္းက ဆိုင္ကလုံး နာဂစ္နဲ႔ အခု ျမန္မာျဖစ္ေနတဲ့အေနအထားကေတာ့ ေတာ္ေတာ္ေလးေတာ့ ကြာတယ္ေပါ့ေနာ္။ အခုျဖစ္ေနတဲ့အေနအထားက ႏိုင္ငံေရး၊ စီးပြါးေရး၊ လူမႈေရးအရကို တကယ္ကို အေရးႀကီးေနတဲ့ crisis အေနအထားမ်ိဳးျဖစ္ပါတယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံ...ျမန္မာျပည္သူေတြရဲ႕ ေရွ႕အနာဂတ္အတြက္ကို၊ ျပည္သူေတြရဲ႕ဆႏၵအတြက္ကို ေရွ႕ရႈၿပီးေတာ့မွ ပိုၿပီးအျပဳသေဘာေဆာင္တဲ့ ရလဒ္တခုမ်ိဳးကိုေတာ့ အခုလို အာဆီယံဘက္ကလည္း ပိုၿပီး ျပတ္ျပတ္သားသား ေျပာဆိုလႈပ္ရွားတာကို ဆက္ၿပီးအရွိန္အဟုန္နဲ႔သြားမယ္ဆိုလို႔ရွိရင္ေတာ့ ရလာဒ္တခုထြက္ေအာင္ေတာ့ ေမွ်ာ္လင့္ေနဆဲပါ။

ကိုဝင္းမင္း။။ ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ မမိုးသူဇာခင္ဗ်။

တိုက္႐ိုက္ လင့္ခ္


=====

{Unicode}

မြန်မာအပေါ် အာဆီယံသံတမန်ရေးဖိအားတိုးလာပြီလား

မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လာမယ့်အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ဖို့ ဆွေးနွေးနေတာက ထူးထူးခြားခြား ဖိအားတိုးမြှင့်လိုက်တာလို့ သုံးသပ်သူတွေကဆိုပါတယ်။

မြန်မာနိုင်ငံထဲ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အတွက် တိုးတက်မူမရှိသေးတဲ့အပေါ် အာဆီယံနိုင် ငံခြားရေးဝန်ကြီးတချို့က ဝေဖန်ခဲ့အပြီးဖြစ်လာတဲ့ အခုဆွေးနွေးမှုကို မြန်မာဆိုင်ရာ အာဆီယံအထူးသံ Erywan Yusof က ဒီနေ့ သတင်းထောက်တွေကို ထုတ်ပြောလိုက်တာပါ။

ဒီလ ၂၆ ကနေ ၂၈ ရက်အထိလုပ်မယ့် အာဆီယံထိပ်သီးပွဲအတွက်ပြင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒီဆွေးနွေးချက်က ဆုံးဖြတ်ချက်ဖြစ်လာရင် ထိရောက်နိုင်တယ်လို့ စင်္ကာပူူအခြေစိုက် ASEAN Yusof Ishak အင်စတီကျု၊ အရှေ့တောင်အာရှ လေ့လာရေးဌာနက မမိုးသူဇာက ဆိုပါတယ်။ ကိုဝင်းမင်းက မေးရာမှာ သူက အခုလိုစသုံးသပ်ပြပါတယ်။

မမိုးသူဇာ။။ အာဆီယံအနေနဲ့ အခု မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ engagement - ပုံမှန်ဆက်ဆံနေတဲ့အနေအထားကနေတဆင့် အခုဆိုရင် ပိုပြီးတော့ ပြတ်ပြတ်သားသား ထိထိရောက်ရောက် စကားမျိုးတွေ သုံးလာတာကို တွေ့ရတယ်ပေါ့နော်။ အခု ဒီ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကလည်း အောက်တိုဘာလကုန်ပိုင်းလောက်မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီး အစည်းအဝေးတွေအတွက် ပြင်ဆင်တဲ့ အစည်းအဝေးတွေ ဖြစ်ပါတယ်။ အဲဒီမှာလည်း စစ်ကောင်စီရဲ့ကိုယ်စားလှယ်တွေက တက်ပြီး ဒီလိုမျိုး နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ ဒီလိုမျိုး လေသံတွေ ထွက်လာပြီဆိုတဲ့အခါကျတော့ အာဆီယံအနေနဲ့ တူညီသဘောဆန္ဒငါးချက် "5 points consensus" ကို အကောင်အထည်ဖော်တဲ့နေရာမှာ အာဆီယံဘက်က နှောင့်နှေးကြန့်ကြာရခြင်းသည် အခု စစ်ကောင်စီဘက်ကနေပြီးတော့လည်း အာဆီယံ ဆက်ဆံရေး အဝန်းအဝိုင်းကို အသုံးချနေတဲ့အနေအထားမျိုးပေါ့နော်...အဲလို သက်ရောက်နေတဲ့အခါကျတော့ အာဆီယံသည် သံတမန်နည်းအရ “ငါတို့ကို အရူးမလုပ်ပါနဲ့တော့”...လို့ ပြောတဲ့အနေအထားမျိုး ရောက်နေပြီပေါ့နော်။

ကိုဝင်းမင်း။။ ဟုတ်ကဲ့၊ အခုလိုမျိုး အာဆီယံအစည်းအဝေးတက်ဖို့ အဆင့်အထိပေါ့နော်-လူသိရှင်ကြား ပြောလာတာမျိုးက ထူးခြားတယ်လို့ကော သုံးသပ်မိလား။

မမိုးသူဇာ။။ Deplomatic pressure တဆင့်တက်လာတယ်လို့ သုံးသပ်ရပါတယ်။ အရင်တုန်းကတော့ ဒီလိုအနေအထားမျိုးဆိုတာ မပေါ်ပေါက်ခဲ့ဘူးလေ။ အခုကတော့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးကလည်း သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာ ဒီလိုပဲ "5 points consensus" ဆန္ဒသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်တာမှာ လုံးဝ တိုးတက်မှုမရှိဘူး ဆိုတာကို သူထုတ်ဖော်ပြောသွားတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ တွစ်တာမှာရော၊ ပါလီမန်မှာရော “ဒီလိုမျိုးသာ ဆက်သွားနေမယ်၊ တိုးတက်မှုမရှိဘူးဆိုလို့ရှိရင်တော့ အောက်တိုဘာလကုန်ပိုင်းမှာကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွေမှာ စစ်ကောင်စီကိုယ်စားပြုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖို့အနေအထားကတော့ တော်တော်လေးခက်ခဲလိမ့်မယ်”...ဆိုပြီးတော့ သူ့ရဲ့သုံးသပ်ချက်ပေါ့နော်-

....အာဆီယံနိုင်ငံခြားရေး ဝန်ကြီး တဦးချင်းစီကတော့ ပိုပြီးတော့ ထုတ်ပြီးပြောလာကြပြီပေါ့နော်။ ဒါပေမယ့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကနေပြီးတော့မှ ချမှတ်လိုက်တယ်ဆိုတဲ့ သဘောတူဆုံးဖြတ်ချက်ဆိုတာတော့ တရားဝင် ထုတ်ပြန်ကြေညာခြင်းရယ်လို့ မတွေ့ရသေးပါဘူး။

ကိုဝင်းမင်း။။ ဟုတ်ကဲ့၊ အဲဒီတော့ အာဆီယံအစည်းအဝေးမှာ - ဒီနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာပေါ့နော်- ဒီကိစ္စကို စပြီးဆွေးနွေးနေတဲ့အခါကျတော့ မြန်မာ့စစ်ကောင်စီအနေနဲ့ပေါ့နော်၊ အခုလိုပဲ ဆက်ပြီးတော့ တင်းခံထားမလား၊ ဒါမှမဟုတ် တိုးတက်မှုတွေရှိလာအောင် တစုံတရာ ဖော်ဆောင်ပေးမယ့်အလားအလာကော မြင်မိလား။

မမိုးသူဇာ။။ စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ ဒါ အကျိုးသက်ရောက်မှု ရှိ၏၊ မရှိ၏.. ဆိုတာမျိုးကို တိတိပပပြောသွားတာမျိုးတော့ မသုံးသပ်မိသေးပါဘူး။ ဒီလိုမျိုးပေါ့၊ Summit ထိပ်သီးအစည်းအဝေးတွေအတွက် ပြင်ဆင်နေတဲ့အစည်းအဝေးဆိုတဲ့အခါမှာ အခုဆိုရင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံရဲ့ "5 points consensus" ကို အကောင်အထည်ဖော်တဲ့အနေအထားကလည်း တိုးတက်မှု ရှိသလား၊ မရှိဘူးလားဆိုတာကလည်း နိုင်ငံခြားရေးဝန်ကြီးအဆင့်မှာ progress ကိုဆွေးနွေးတာပေါ့နော်။ ဒီလိုအနေအထားမှာ နိုင်ငံခြားရေးဝန်ကြီးတွေတဦးချင်းစီက မှတ်ချက်တွေ ပေါ်ပေါက်လာတာ...ကြည့်ရတာကတော့ တရားဝင်ဆုံးဖြတ်ချက်တခုကို အစည်းအဝေးမှတ်တမ်းမှာ ထုတ်ပြန်ကြေညာလိုက်ပြီဆိုလို့ရှိရင်တော့ ဒါက ပိုလေးနက်သွားပြီပေါ့လေ။ ဒါပေမယ့် အရင်တုန်းကနဲ့စာလို့ရှိရင်တော့ မြန်မာနိုင်ငံအရေးကိစ္စကို တိုးတက်မှု နှောင့်နှေးနေတာကို အားမလိုအားမရဖြစ်တာကတော့ အသံတွေက ပိုပြီးကျယ်လာပါပြီ။

...၂၀၀၈ ခုနှစ်တုန်းကလည်း ဒီလိုပဲ၊ အာဆီယံက ပြတ်ပြတ်သားသား ...အဲဒီတုန်းကတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုနေတာကတော့ State Peace and Development Council ပေါ့နော်- “နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ” ခေါ်တဲ့ SPDC စစ်အစိုးရရဲ့ကိုယ်စားလှယ်၊ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးကတော့ ဦးဉာဏ်ဝင်းပေါ့နော်။ အဲဒီမှာလည်း နာဂစ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ၂၀၀၈ နှစ်တုန်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံကို တော်တော်လေး ပြတ်ပြတ်သားသား ပြောခဲ့တဲ့ပုံစံတော့ ရှိပါတယ်။ ဥပမာ ရှိပါတယ်။

ကိုဝင်းမင်း။။ ဟုတ်ကဲ့၊ အဲဒီအပေါ်မှာ မြန်မာအစိုးရဘက်ကနေပြီးတော့ တိုးတက်အောင်လုပ်ဆောင်မှု ပေးခဲ့မှုရှိခဲ့တဲ့အတွက် အခုတခေါက်မှာရော အလားတူ ဖြစ်လာစေဖို့ မျှော်လင့်လို့ရနိုင်ပါ့မလား။

မမိုးသူဇာ။။ ၂၀၀၈ တုန်းက ဆိုင်ကလုံး နာဂစ်နဲ့ အခု မြန်မာဖြစ်နေတဲ့အနေအထားကတော့ တော်တော်လေးတော့ ကွာတယ်ပေါ့နော်။ အခုဖြစ်နေတဲ့အနေအထားက နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအရကို တကယ်ကို အရေးကြီးနေတဲ့ crisis အနေအထားမျိုးဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံ...မြန်မာပြည်သူတွေရဲ့ ရှေ့အနာဂတ်အတွက်ကို၊ ပြည်သူတွေရဲ့ဆန္ဒအတွက်ကို ရှေ့ရှုပြီးတော့မှ ပိုပြီးအပြုသဘောဆောင်တဲ့ ရလဒ်တခုမျိုးကိုတော့ အခုလို အာဆီယံဘက်ကလည်း ပိုပြီး ပြတ်ပြတ်သားသား ပြောဆိုလှုပ်ရှားတာကို ဆက်ပြီးအရှိန်အဟုန်နဲ့သွားမယ်ဆိုလို့ရှိရင်တော့ ရလာဒ်တခုထွက်အောင်တော့ မျှော်လင့်နေဆဲပါ။

ကိုဝင်းမင်း။။ ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်၊ မမိုးသူဇာခင်ဗျ။

#MyanmarASEAN #ASEANenovyMyanmar #MyanmarDiplomacy #VOABurmese

XS
SM
MD
LG