သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
(Zawgyi / Unicode)
မလေးရှား၊ စကာင်္ပူ၊ နယူးဇီလန်နဲ့ ဗြိတိန်တို့ ပါဝင်တဲ့ သက်တမ်း ၅၁ နှစ်ရှိ အပြန်အလှန် ထောက်ပံ့ကူညီရေး ၅ နိုင်ငံ ကာကွယ်ရေး သဘောတူညီချက် FPDA ကို တိုးချဲ့ပြီး စွမ်းအင် မြှင့်တင်ဖို့ ဆောင်ရွက်မယ့် အကြောင်း ဗြိတိန်နဲ့ ဓနသဟာရ အဖွဲ့ဝင် အာရှ ၄ နိုင်ငံတို့ဟာ ကြေညာပါတယ်။
ခေတ်သစ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို FPDA အနေနဲ့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရေး အတွက် အစဉ်အလာ လုပ်ငန်းစဉ်တွေမှာ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဆောင်ရွက်ဖို့ အပြင် အစဉ်အလာ မဟုတ်တဲ့ အသစ်ထွက်ပေါ်လာတဲ့ ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှု တိုးလာရေး အတွက် FDMM အစည်းအဝေးမှာ ၀န်ကြီးတွေ ဆွေးနွေးခဲ့ကြောင်း စကာင်္ပူ နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပါတယ်။
တိုက်ရိုက် လင့်ခ်
(Unicode)
ဗြိတိန်နဲ့ အာရှ ၄ နိုင်ငံ လုံခြုံရေး သဘောတူညီချက် တိုးချဲ့
မလေးရှား၊ စကာၤပူ၊ နယူးဇီလန်နဲ့ ဗြိတိန်တို့ ပါဝင်တဲ့ သက်တမ်း ၅၁ နှစ်ရှိ အပြန်အလှန် ထောက်ပံ့ကူညီရေး ၅ နိုင်ငံ ကာကွယ်ရေး သဘောတူညီချက် FPDA ကို တိုးချဲ့ပြီး စွမ်းအင် မြှင့်တင်ဖို့ ဆောင်ရွက်မယ့် အကြောင်း ဗြိတိန်နဲ့ ဓနသဟာရ အဖွဲ့ဝင် အာရှ ၄ နိုင်ငံတို့ဟာ ကြေညာပါတယ်။ စာချုပ်အရ FPDA အဖွဲ့ဝင်တွေ အနေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှု ခြိမ်းခြောက်မှုတွေ၊ အဖြစ်အပျက်တွေ ရှိလာရင် အဖွဲ့ဝင်တွေ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရေး၊ နောက် သီးခြား ဒါမှမဟုတ်လည်း ပူးတွဲ ဘယ်လို အရေးယူ ဆောင်ရွက်မလဲ ဆိုတာကို ညှိနှိုင်းဆုံးဖြတ်ကြရေး ဖြစ်ပါတယ်။
စစ်ရေး အရ ဝင်ရောက်စွက်ဖက်ရေး အတွက်တော့ တိကျတဲ့ တာဝန်ခံမှု မရှိပါဘူး။ စစ်ရေး အရ ကြားဝင် ဆောင်ရွက်ရေး တိကျတဲ့ တာဝန်တော့ မပါရှိပါဘူး။ Malaya လို့ သိကြတဲ့ နယ်မြေ ပိုင်နက် အတွက် UK က ကာကွယ်ရေး အာမခံချက်ကို ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း ၁၉၇၁ ခုနှစ် အတွင်းမှာ ဒီစာချုပ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စကာၤပူမှာ ကျင်းပ ပြီးစီးခဲ့တဲ့ ၃ ရက်ကြာ Shangri-La Dialogue လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ အတွင်း FPDA ရဲ့ အဓိက အဖွဲ့ဖြစ်တဲ့ FPDM ၅ နိုင်ငံ ကာကွယ်ကွယ်ရေး ဝန်ကြီးများ ဆွေးနွေးပွဲမှာ ကာကွယ်ရေး ဝန်ကြီးတွေ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်မှာ ဒီကိစ္စ ထွက်ပေါ်လာတာပါ။
ခေတ်သစ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို FPDA အနေနဲ့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရေး အတွက် အစဉ်အလာ လုပ်ငန်းစဉ်တွေမှာ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဆောင်ရွက်ဖို့ အပြင် အစဉ်အလာ မဟုတ်တဲ့ အသစ်ထွက်ပေါ်လာတဲ့ ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှု တိုးလာရေး အတွက် FDMM အစည်းအဝေးမှာ ဝန်ကြီးတွေ ဆွေးနွေးခဲ့ကြောင်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပါတယ်။ မလေးရှား အကြီးတန်း ကာကွယ်ရေး ဝန်ကြီးကတော့ ဘယ်နိုင်ငံဆိုတာကို ရည်ညွှန်း မပြောပေမယ့်လည်း ဒေသတွင်းမှာ အပူတပြင်း ဖြစ်ပွားနေတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေထဲမှာတော့ ထိုင်ဝမ် အပေါ် တရုတ်ရဲ့ တိုက်ခိုက်မှု ဖြစ်နိုင်ခြေ၊ မြောက်ကိုရီးယားရဲ့ နျူးကလီးယား ဒုံးကျည်နဲ့ ပတ်သက်တဲ့ အရေးတို့လည်း ပါဝင်ပါတယ်။
XS
SM
MD
LG