သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ျပႆနာ ေဒသတြင္းပါ ထိခိုက္မယ့္အေရး ကုလအထူးကိုယ္စားလွယ္ သတိေပး 


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အက်ပ္အတည္းေတြ ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံ အေျခအေနဟာ ေဒသတြင္းကိုပါ ႐ိုက္ခတ္မယ့္ အႏၲရာယ္ေတြ ရွိေနတာေၾကာင့္ ႏိုင္ငံတကာက အျမန္ဆုံး တုံ႔ျပန္ေျဖရွင္းၾကဖို႔ ကုလသမဂၢ အထူးကိုယ္စားလွယ္က တိုက္တြန္းလိုက္ပါတယ္။

ျမန္မာ့ျပႆနာ ေဒသတြင္းပါ ထိခိုက္မယ့္အေရး ကုလအထူးကိုယ္စားလွယ္ သတိေပး

{{Zawgyi/Unicode}}
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အက်ပ္အတည္းေတြ ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံ အေျခအေနဟာ ေဒသတြင္းကိုပါ ႐ိုက္ခတ္မယ့္ အႏၲရာယ္ေတြ ရွိေနတာေၾကာင့္ ႏိုင္ငံတကာက အျမန္ဆုံး တုံ႔ျပန္ေျဖရွင္းၾကဖို႔ ကုလသမဂၢ အထူးကိုယ္စားလွယ္က တိုက္တြန္းလိုက္ပါတယ္။ ႀကီးထြားလာေနတဲ့ အၾကမ္းဖက္မႈေတြနဲ႔ မတည္မၿငိမ္ အေျခအေနဟာ ႏိုင္ငံနယ္နိမိတ္ေတြကို ေက်ာ္လြန္ သက္ေရာက္ ႐ိုက္ခတ္လာေနေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer က စင္ကာပူႏိုင္ငံမွာ က်င္းပေနတဲ့ Shangri-La Dialogue အာရွ လံုျခံဳေရး ညီလာခံမွာ စေနေန႔က ေျပာၾကားခဲ႔တာပါ။

မူးယစ္ေဆးဝါး ထုတ္လုပ္မႈနဲ႔ ကုန္သြယ္မႈ၊ လူကုန္ကူးမႈ၊ ကြ်န္းသစ္ တင္ပို႔မႈနဲ႔ တျခားေသာ တရားမ၀င္ လႈပ္ရွားေဆာင္ရြက္မႈေတြ စံခ်ိန္တင္ ျမင့္တက္လာေနတာနဲ႔ အတူ တရားမ၀င္ စီးပြားေရး တိုးလာေနၿပီး ေဒသတြင္း အထိ ပ်ံ႕ႏွံ႔လာေနတယ္လို႔လည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြရပ္ၿပီး လူသားခ်င္းစာနာမႈ အကူအညီေတြ အေရးေပၚ ျဖန္႔ေ၀ခြင့္ ရရွိေရး အတြက္ ျမန္မာႏိုင္ငံတြင္းက သက္ဆိုင္သူ အားလံုးနဲ႔ ေဆာင္ရြက္သြားမယ္လို႔လည္း အထူးကိုယ္စားလွယ္ Hayzer က အခိုင္အမာ ေျပာဆိုခဲ႔ပါတယ္။

စကာၤပူႏိုင္ငံမွာ က်င္းပတဲ႔ Shangri-La Dialogue ညီလာခံမွာ ဇြန္လ ၁၁ ရက္ စေနေန႔က က်င္းပတဲ႔ ျမန္မာ အေရး ေျဖရွင္းႏိုင္မယ့္ နည္းလမ္းရွာေဖြေရး ဆိုတဲ႔ ေခါင္းစဥ္နဲ႔ က်င္းပတဲ႔ အထူး အစည္းအေ၀းအတြင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္က မိန္႔ခြန္း ေျပာခဲ႔တာမွာေတာ့ ျမန္မာလူထုကို အေကာင္းဆံုး ကူညီႏိုင္ေရး ႏိုင္ငံတကာ အသိုင္းအဝိုင္းဘက္က ေဆာင္ရြက္ႏိုင္မယ့္ အေျခအေနေတြကို အဓိကထားၿပီး ေျပာဆိုခဲ႔ပါတယ္။ သူမနဲ႔ အတူ မေလးရွား ႏိုင္ငံျခားေရး ၀န္ႀကီး Saifuddin Abdullah, ထိုင္းႏိုင္ငံျခားေရး ဌာနရဲ႕ ျမန္မာျပည္ဆိုင္ရာ အထူးကိုယ္စားလွယ္ Pornpimol Kanchanalak , အေမရိကန္ ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံ Derek Chollet တို႔လည္း ပါ၀င္ေဆြးေႏြးခဲ႔ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................................

မြန်မာ့ပြဿနာ ဒေသတွင်းပါ ထိခိုက်မယ့်အရေး ကုလအထူးကိုယ်စားလှယ် သတိပေး

{{Zawgyi/Unicode}}
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံ အခြေအနေဟာ ဒေသတွင်းကိုပါ ရိုက်ခတ်မယ့် အန္တရာယ်တွေ ရှိနေတာကြောင့် နိုင်ငံတကာက အမြန်ဆုံး တုံ့ပြန်ဖြေရှင်းကြဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ ကြီးထွားလာနေတဲ့ အကြမ်းဖက်မှုတွေနဲ့ မတည်မငြိမ် အခြေအနေဟာ နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန် သက်ရောက် ရိုက်ခတ်လာနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue အာရှ လုံခြုံရေး ညီလာခံမှာ စနေနေ့က ပြောကြားခဲ့တာပါ။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှု၊ လူကုန်ကူးမှု၊ ကျွန်းသစ် တင်ပို့မှုနဲ့ တခြားသော တရားမဝင် လှုပ်ရှားဆောင်ရွက်မှုတွေ စံချိန်တင် မြင့်တက်လာနေတာနဲ့ အတူ တရားမဝင် စီးပွားရေး တိုးလာနေပြီး ဒေသတွင်း အထိ ပျံ့နှံ့လာနေတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် ဖြန့်ဝေခွင့် ရရှိရေး အတွက် မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူ အားလုံးနဲ့ ဆောင်ရွက်သွားမယ်လို့လည်း အထူးကိုယ်စားလှယ် Hayzer က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

စကာၤပူနိုင်ငံမှာ ကျင်းပတဲ့ Shangri-La Dialogue ညီလာခံမှာ ဇွန်လ ၁၁ ရက် စနေနေ့က ကျင်းပတဲ့ မြန်မာ အရေး ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာဖွေရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ အထူး အစည်းအဝေးအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်က မိန့်ခွန်း ပြောခဲ့တာမှာတော့ မြန်မာလူထုကို အကောင်းဆုံး ကူညီနိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို အဓိကထားပြီး ပြောဆိုခဲ့ပါတယ်။ သူမနဲ့ အတူ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah, ထိုင်းနိုင်ငံခြားရေး ဌာနရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် Pornpimol Kanchanalak , အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG