သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



Noeleen Heyzer


{{Zawgyi/Unicode}}




..................................

တိုက်ရိုက် လင့်ခ်

ကုလ ကိုယ်စားလှယ် Noeleen Heyzer မြန်မာ့အရေး ကမ္ဘောဒီးယားနဲ့ သွားရောက်ဆွေးနွေးမည်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzer ဒီကနေ့မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က မနေ့ ဗုဒ်ဓဟူးနေ့က ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နဲ့ကော နိုင်ငံခြားရေးဝန်ကြီး တို့နဲ့ကော မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တွေ့ဆုံကြမှာဖြစ်ပါတယ်လို့ သူကပြောပါတယ်။

ဒါအပြင် ကုလသမဂ္ဂဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည် ၁ဒသမ ၄ သန်းအတွက် အမေရိကန် ဒေါ်လာ ၁၂၈ သန်း အကူအညီတောင်းခံထားတယ်လို့လည်း ကုလပြောခွင့်ရ Stephane Dujarric ဆိုပါတယ်။

အဲဒါဟာ အဓိက ကျန်းမာရေးစောင့်ရှောက်မှုအတွက်ဖြစ်တယ်လို့သူကပြောပါတယ်။ဒါအပြင် ထပ်ဆောင်ရန်ပုံငွေအနေနဲ့ IOM လုပ်ငန်းဆောင်တာတွေဖြစ်ကြတဲ့ အခြေခံနဲ့ အလယ်အလတ်အဆင့် ကျန်းမာရေးဆေးခန်း ၄၉ ခု နဲ့ ကျန်းမာရေးဝန်ထမ်းတွေ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

XS
SM
MD
LG