သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာနိုင်ငံမှာ အာဏာခွဲဝေရေးလုပ်ဖို့ အကြံပြုခဲ့ခြင်းမရှိ (ကုလအထူးကိုယ်စားလှယ် Noeleen Heyzer)


Under-Secretary-General and ESCAP Executive Secretary Noeleen Heyzer.
Under-Secretary-General and ESCAP Executive Secretary Noeleen Heyzer.

မြန်မာနိုင်ငံမှာ အာဏာခွဲဝေရေးလုပ်ဖို့ အကြံပြုခဲ့ခြင်းမရှိ (ကုလအထူးကိုယ်စားလှယ် Noeleen Heyzer)


{{Zawgyi/Unicode}}

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer အနေနဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Channel News Asia သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံကိစ္စဖြေရှင်းရေး အာဏာခွဲဝေယူရေး Power sharing လို့ပြောဆို သုံးနှုန်းခဲ့ခြင်းမရှိကြောင်း အထူးကိုယ်စားလှယ်ရဲ့ရုံးက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ဖြေရှင်းထားပါတယ်။

Channel News Asia သတင်းဌာနအနေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အထူးကိုယ်စားလှယ် အနေနဲ့မြန်မာနိုင်ငံကိစ္စဖြေရှင်းရေးမှာ အာဏာခွဲဝေယူရေး Power Sharing ကို နည်းလမ်းတခုအဖြစ်အကြံပြုတယ်လို့ဖေါ်ပြခဲ့ခြင်းဟာ မှားယွင်းဖေါ်ပြခြင်းသာဖြစ်တယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer အနေနဲ့ အခုလို အသုံးအနှုံးမသုံးခဲ့သလို မြန်မာနိုင်ငံကိစ္စ ဖြေရှင်းရေးမှာ အာဏာခွဲဝေယူရေး Power Sharing ကိုလည်း နည်းလမ်းတခုအဖြစ် တခါမှအကြံပြုခဲ့ခြင်းမရှိဘူးလို့ ပြောဆိုထားပါတယ်။

မြန်မာပြည်သူတွေနဲ့ အတူ အခိုင်အမာရပ်တည်ပြီး အားလုံးပါဝင်တဲ့၊ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ လူအဖွဲ့အစည်းတရပ်ကို ထူထောင်လို့တဲ့မြန်မာပြည်သူ တွေရဲ့ဆန္ဒတွေကို ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးဖို့လွန်ခဲ့တဲ့ရက်ပိုင်းကဘဲ ကုလသမဂ္ဂ မှာတိုက်တွန်းပြော ဆိုခဲ့ပါသေးတယ်။

မြန်မာပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းရာမှာ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အညီလုပ်ဆောင် ရမှာဖြစ်ပြီး၊ နိုင်ငံတကာရဲ့တညီတညွတ်ထဲရှိတဲ့မဟာဗျူဟာတရပ်နဲ့အတူ ဒေသတွင်း အင်အားစုတွေရဲ့ညီညွတ်မှုနဲ့ အားပေးကူညီဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ချဉ်းကပ်မှုပုံစံကို အတွင်းရေးမှုးချုပ်ရဲ့အထူးကိုယ်စားလှယ် ကပြောဆိုထားကြောင်းကြေငြာချက်မှာဖေါ်ပြထားပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ Channel News Asia သတင်းဌာနနဲ့တွေ့ဆုံးမေးမြန်းစဉ်မှာတော့ နိုင်ငံရေးအပြောင်းအလဲအတွက် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူငယ်တွေအနေနဲ့လည်း ရေရှည်အတွက် စဉ်းစားကြဖို့နဲ့ နိုင်ငံရေးအပြောင်းအလဲတခုဟာ နေ့ခြင်းညခြင်းမဖြစ်နိုင်ဘဲ လုပ်ငန်းစဉ်တခုလိုအပ်ပါတယ်၊ ဒါကြောင့် လူငယ်တွေအနေနဲ့ သေသေကြေကြေဆိုပြီး လုပ်နေတာထက် ရှင်သန်မှုတခုအတွက် ရည်ရွယ်လုပ်ဆောင်သင့်တယ်လို့ ကုလသမဂ္ဂအထူးကိုယ်စား လှယ် Noeleen Heyzer ကထည့်သွင်းပြောဆိုခဲ့ပါတယ်။

............................................................

တိုက်ရိုက် လင့်ခ်



{{Zawgyi/Unicode}}







XS
SM
MD
LG