သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ ၿပိဳလဲေတာ့မယ့္ အႏၲရာယ္ရွိေနၿပီ - ကုလလံုျခံဳေရးေကာင္စီ ဥကၠဌ 


ကုလသမဂၢလုံၿခဳံေရးေကာင္စီ အလွည့္က်ဥကၠ႒ ေနာ္ေဝးႏိုင္ငံရဲ႕သံအမတ္ႀကီး Mona Juul

ျမန္မာႏိုင္ငံ ၿပိဳလဲေတာ့မယ့္ အႏၲရာယ္ရွိေနၿပီ - ကုလလံုျခံဳေရးေကာင္စီ ဥကၠဌ


{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံရဲ့ လက္ရွိ အေျခေနဟာ ျပဳိလဲေတာ့မယ့္ အႏၲရာယ္ရွိေနတာေၾကာင့္ ျမန္မာႏိ္ုင္ငံမွာ အပစ္အခတ္ခ်က္ခ်င္းရပ္စဲၿပီး စစ္ေကာင္စီက ဖမ္းထားသူအားလံုးကို ျပန္လႊတ္ေပးဖို႔ကုလသမဂၢလုံၿခဳံေရးေကာင္စီ အလွည့္က်ဥကၠ႒ ေနာ္ေဝးႏိုင္ငံ သံအမတ္ႀကီးက ေျပာၾကားလိုက္ပါတယ္။ အျပည့္အစံုကို ေဒၚခင္မ်ိဳးသက္က ေျပာျပေပးမွာပါ။

ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ေသာၾကာေန႔က နယူးေရာက္ရံုးခ်ဳပ္မွာ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ျမန္မာ့အေရး တံခါးပိတ္အစည္းအေဝးတခုကို က်င္းပခဲ့တာျဖစ္ပါတယ္။အစည္းအေဝးနဲ႔ ပတ္သက္ၿပီး ဘာသတင္းမွထုတ္ျပန္တာ မရွိေသးေပမယ့္ အစည္းအေဝးမက်င္းပခင္မွာေတာ့ ျမန္မာႏိုင္ငံက စစ္တပ္အာဏာသိမ္းတာ တႏွစ္ျပည့္ခါနီး အခ်ိန္အေျခေနေတြ သိပ္ဆိုးေနၿပီး ႏိုင္ငံၿပိဳလဲေတာ့မယ့္အေနထား ေရာက္ေနတာအတြက္ အထူးစိုးရိမ္ေၾကာင္းနဲ႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီ အလွည့္က်ဥကၠ႒ ေနာ္ေဝးႏိုင္ငံရဲ႕သံအမတ္ႀကီး Mona Juul က ေျပာၾကားလိုက္တာပါ။ ဒါ့အျပင္ အပစ္အခတ္ေတြ ခ်က္ခ်င္းရပ္ပစ္ဖို႔ ပါေတာင္းဆိုလိုက္ပါတယ္။

" ျမန္မာႏိုင္ငံဟာ ႏိုင္ငံေရးအေရေရာ၊ စီးပြါးေရး၊ လူ႔အခြင့္အေရးနဲ႔ လူသားစာနာမႈဆိုင္ရာေတြမွာပါ အေျခေနသိပ္ဆိုးဝါးေနၿပီး ႏိုင္ငံၿပိဳလဲေတာ့မယ့္ အေနထားကို ေရာက္ေနတာေၾကာင့္ ကုလသမဂၢလံုျခံဳေရးေကာင္စီက အထူးစိုးရိမ္ပါတယ္။ စစ္တပ္ဟာ ကေလးငယ္ေတြ အပါအဝင္ အရပ္သားေတြအေပၚ တိုက္ခိုက္ေနတာေတြအတြက္ အျပင္းအထန္ျပစ္တင္ရႈတ္ခ်ပါတယ္။ ျမန္မာႏိုင္ငံတြင္း အပစ္အခတ္ေတြ ခ်က္ခ်င္းရပ္ပစ္ဖို႔နဲ႔ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးဖို ႔ေတာင္းဆိုပါတယ္။

ျမန္မာႏုိင္ငံမွာ ခေလးငယ္ေတြအပါအ၀င္ အရပ္သားေတြအေပၚ ျမန္မာအာဏာသိမ္းစစ္ေကာင္စီတပ္ေတြက အၾကမ္းဖက္တုိက္ခုိက္တဲ့အေပၚ ပစ္တင္ရွုံခ်ေၾကာင္းနဲ့ အေျခအေနေတြကုိတည္ၿငိမ္ေအာင္လုပ္ဖို့ ျမန္မာစစ္တပ္ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွုးႀကီးမင္းေအာင္လွုိင္မွာ တာ၀န္ရွိတယ္လုိ့ လုံၿခဳံေရးေကာင္စီ အစည္းေဝးမက်င္းပခင္ သတင္းေထာက္ေတြကို ေနာ္ေ၀းသံအမတ္ႀကီး Mona Juul ကေျပာၾကားခဲ့တာပါ။

ကုလသမဂၢလုံၿခဳံေရးေကာင္စီအစည္းအေ၀း ေခၚယူဖို့ ေတာင္းဆုိခဲ့တဲ့ႏုိင္ငံတႏုိင္ငံျဖစ္တဲ့ ၿဗိတိန္ႏုိင္ငံရဲ့ ကုလသမဂၢဆုိင္ရာ ဒုတိယသံအမတ္ႀကီး James Kariuki ကလည္း ျမန္မာစစ္တပ္ဟာ ႏိုင္ငံတြင္းမွာ ေၾကာက္ရြ႕ံမႈရွိေအာင္လုပ္ၿပီး အာဏာကို ခ်ဳပ္ကိုင္ထားဖို႔ ႀကိဳးစားေနတာ ျဖစ္ေၾကာင္းနဲ႔ျမန္မာ့အေရးအတြက္ ၫွိႏႈိင္းေဆြးေႏြးမႈေတြနဲ႔ အေျဖရွာသြားမယ္လို႔ ေျပာပါတယ္။

" ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းခဲ့တာတႏွစ္ရွိပါၿပီ၊ ျမန္မာစစ္တပ္အေနနဲ့ အာဏာကုိထိန္းခ်ဳပ္ႏုိင္ဖုိ့ အၾကမ္းတုိက္ခုိက္တဲ့နည္းနဲ့ ျကိဳးပမ္းေနပါတယ္။ ခေလးေတြကုိသတ္တာ၊ ရြာေတြကုိဗုံးႀကဲတာ၊ ေက်ာင္းေတြကုိတုိက္ခုိက္တာ စတာေတြကုိ က်ဴးလြန္ေနတာပါ။ ျမန္မာျပည္က အၾကမ္းဖက္မွုေတြကု ိရပ္တန့္ေအာင္လုပ္ရပါမယ္။ တခုတည္းေသာ နည္းလမ္းကေတာ့ ကလသမဂၢအထူးကုိယ္စားလွယ္၊ အာစီယံအထူးကုိယ္စားလွယ္ ေတြနဲ့ေတြ့ဆုံညွိႏိုင္းေဆာင္ရြက္ဖုိ့ပါဘဲ”

အိုင္ယာလန္ႏိ္ုင္ငံဆိုင္ရာ သံအမတ္ႀကီး Geraldine Byrne Nsson ကေတာ့ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (ASEAN) ရဲ႕ အခ်က္ငါးခ်က္ပါ သေဘာတူညီခ်က္ကို ေထာက္ခံတဲ့အေၾကာင္း ေျပာပါတယ္။ေဒသတြင္း အေရးကို ေျဖရွင္းရာမွာ အာဆီယံဟာ အေရးပါတဲ့က႑မွာ ပါဝင္ေနၿပီး တာဝန္လည္း အျပည့္ရွိတယ္လို႔ေျပာပါတယ္။

"အာဆီယံမွာ တာဝန္ရွိပါတယ္။ အာဆီယံဟာ ျမန္မာ့ျပႆနာကို ေျဖရွင္းရာမွာ အကူညီေပးရမွာ ျဖစ္ၿပီး ေျဖရွင္းတဲ့အခါမွာလည္း ညီညီၫြတ္ၫြတ္ ေဆာင္ရြက္ဖို႔ လိုပါတယ္"

လံုျခံဳေရးေကာင္စီအဖြဲ႔ဝင္ ႏိုင္ငံေတြဟာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အေနနဲ႔ ျမန္မာႏိုင္ငံက သက္ဆိုင္သူအားလုံးနဲ႔ ဆက္သြယ္ေဆြးေႏြးဖို႔နဲ႔ အာဆီယံနဲ႔ ကုလသမဂၢ အထူးကိုယ္စားလွယ္ႏွစ္ဦးလုံးရဲ႕ လုပ္ငန္းေတြကို ေထာက္ခံအားေပးတဲ့အေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံ လူဦးေရ ၁၄ သန္းထက္မနည္းဟာ လူသားစာနာမႈ အကူအညီေတြ အေရးတႀကီး လိုအပ္ေနၿပီး အကူအညီေပးခြင့္ရေရးအတြက္ လက္ရွိအခ်ိန္မွာ အထူးလိုအပ္တယ္လို႔လည္း သံအမတ္ ႀကီး Mona Juul က ေျပာပါတယ္။

ဒီတံခါးပိတ္အစည္းအေဝးမွာ အာဆီယံအထူးကိုယ္စားလွယ္၊ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ၊ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Noeleen Heyzer ၊ လူသားစာနာမႈေရးရာ လုပ္ငန္းမ်ားဆိုင္ရာ ကုလသမဂၢ႐ုံး (UNOCHA) ရဲ႕ ဒုတိယအႀကီးအကဲတို႔က ျမန္မာ့အေရး တင္ျပေျပာဆိုၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................................

မြန်မာနိုင်ငံ ပြိုလဲတော့မယ့် အန္တရာယ်ရှိနေပြီ - ကုလလုံခြုံရေးကောင်စီ ဥက္ကဌ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေဟာ ပြိုလဲတော့မယ့် အန္တရာယ်ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ အပစ်အခတ်ချက်ချင်းရပ်စဲပြီး စစ်ကောင်စီက ဖမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေးနိုင်ငံ သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သောကြာနေ့က နယူးရောက်ရုံးချုပ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးတခုကို ကျင်းပခဲ့တာဖြစ်ပါတယ်။အစည်းအဝေးနဲ့ ပတ်သက်ပြီး ဘာသတင်းမှထုတ်ပြန်တာ မရှိသေးပေမယ့် အစည်းအဝေးမကျင်းပခင်မှာတော့ မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းတာ တနှစ်ပြည့်ခါနီး အချိန်အခြေနေတွေ သိပ်ဆိုးနေပြီး နိုင်ငံပြိုလဲတော့မယ့်အနေထား ရောက်နေတာအတွက် အထူးစိုးရိမ်ကြောင်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေးနိုင်ငံရဲ့သံအမတ်ကြီး Mona Juul က ပြောကြားလိုက်တာပါ။ ဒါ့အပြင် အပစ်အခတ်တွေ ချက်ချင်းရပ်ပစ်ဖို့ ပါတောင်းဆိုလိုက်ပါတယ်။

" မြန်မာနိုင်ငံဟာ နိုင်ငံရေးအရေရော၊ စီးပွါးရေး၊ လူ့အခွင့်အရေးနဲ့ လူသားစာနာမှုဆိုင်ရာတွေမှာပါ အခြေနေသိပ်ဆိုးဝါးနေပြီး နိုင်ငံပြိုလဲတော့မယ့် အနေထားကို ရောက်နေတာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အထူးစိုးရိမ်ပါတယ်။ စစ်တပ်ဟာ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေအပေါ် တိုက်ခိုက်နေတာတွေအတွက် အပြင်းအထန်ပြစ်တင်ရှုတ်ချပါတယ်။ မြန်မာနိုင်ငံတွင်း အပစ်အခတ်တွေ ချက်ချင်းရပ်ပစ်ဖို့နဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ ခလေးငယ်တွေအပါအဝင် အရပ်သားတွေအပေါ် မြန်မာအာဏာသိမ်းစစ်ကောင်စီတပ်တွေက အကြမ်းဖက်တိုက်ခိုက်တဲ့အပေါ် ပစ်တင်ရှုံချကြောင်းနဲ့ အခြေအနေတွေကိုတည်ငြိမ်အောင်လုပ်ဖို့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှာ တာဝန်ရှိတယ်လို့ လုံခြုံရေးကောင်စီ အစည်းဝေးမကျင်းပခင် သတင်းထောက်တွေကို နော်ဝေးသံအမတ်ကြီး Mona Juul ကပြောကြားခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုခဲ့တဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယသံအမတ်ကြီး James Kariuki ကလည်း မြန်မာစစ်တပ်ဟာ နိုင်ငံတွင်းမှာ ကြောက်ရွံ့မှုရှိအောင်လုပ်ပြီး အာဏာကို ချုပ်ကိုင်ထားဖို့ ကြိုးစားနေတာ ဖြစ်ကြောင်းနဲ့မြန်မာ့အရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ အဖြေရှာသွားမယ်လို့ ပြောပါတယ်။

" မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တာတနှစ်ရှိပါပြီ၊ မြန်မာစစ်တပ်အနေနဲ့ အာဏာကိုထိန်းချုပ်နိုင်ဖို့ အကြမ်းတိုက်ခိုက်တဲ့နည်းနဲ့ ကြိုးပမ်းနေပါတယ်။ ခလေးတွေကိုသတ်တာ၊ ရွာတွေကိုဗုံးကြဲတာ၊ ကျောင်းတွေကိုတိုက်ခိုက်တာ စတာတွေကို ကျူးလွန်နေတာပါ။ မြန်မာပြည်က အကြမ်းဖက်မှုတွေကု ိရပ်တန့်အောင်လုပ်ရပါမယ်။ တခုတည်းသော နည်းလမ်းကတော့ ကလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာစီယံအထူးကိုယ်စားလှယ် တွေနဲ့တွေ့ဆုံညှိနိုင်းဆောင်ရွက်ဖို့ပါဘဲ”

အိုင်ယာလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Geraldine Byrne Nsson ကတော့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ကို ထောက်ခံတဲ့အကြောင်း ပြောပါတယ်။ဒေသတွင်း အရေးကို ဖြေရှင်းရာမှာ အာဆီယံဟာ အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေပြီး တာဝန်လည်း အပြည့်ရှိတယ်လို့ပြောပါတယ်။

"အာဆီယံမှာ တာဝန်ရှိပါတယ်။ အာဆီယံဟာ မြန်မာ့ပြဿနာကို ဖြေရှင်းရာမှာ အကူညီပေးရမှာ ဖြစ်ပြီး ဖြေရှင်းတဲ့အခါမှာလည်း ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ လိုပါတယ်"

လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ဆွေးနွေးဖို့နဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှစ်ဦးလုံးရဲ့ လုပ်ငန်းတွေကို ထောက်ခံအားပေးတဲ့အကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံ လူဦးရေ ၁၄ သန်းထက်မနည်းဟာ လူသားစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေပြီး အကူအညီပေးခွင့်ရရေးအတွက် လက်ရှိအချိန်မှာ အထူးလိုအပ်တယ်လို့လည်း သံအမတ် ကြီး Mona Juul က ပြောပါတယ်။

ဒီတံခါးပိတ်အစည်းအဝေးမှာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ၊ လူသားစာနာမှုရေးရာ လုပ်ငန်းများဆိုင်ရာ ကုလသမဂ္ဂရုံး (UNOCHA) ရဲ့ ဒုတိယအကြီးအကဲတို့က မြန်မာ့အရေး တင်ပြပြောဆိုကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG