သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာျပည္သူေတြကို အေရးေပၚကူညီဖို႔ လံုျခံဳေရးကာင္စီကို လူမႈအဖဲြ႕စည္း ၃၀၀ ခန္႕ ေတာင္းဆို


২০২১ সালের সেপ্টেম্বরে জাতিসংঘের ৭৬ তম সাধারণ অধিবেশন চলাকালে তোলা জাতিসংঘ সদরদপ্তরের ছবি। (ফাইল ফটো- এপি)

ျမန္မာျပည္သူေတြကို အေရးေပၚကူညီဖို႔ လံုျခံဳေရးကာင္စီကို လူမႈအဖဲြ႕စည္း ၃၀၀ ခန္႕ ေတာင္းဆို

{{Zawgyi/Unicode}}
ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ ေသာၾကာေန႔က်ရင္ ျမန္မာ့အေရးအတြက္ တံခါးပိတ္အစည္းအေဝးက်င္းပဖုိ႔ စီစဥ္ေနခ်ိန္မွာပဲလံုၿခံဳေရေကာင္စီအေနနဲ႔ျမန္မာ့အေရးကို အထူးအေရးေပၚ အေျခေနတရပ္အျဖစ္ သေဘာထားၿပီး ျမန္မာျပည္သူေတြကို အကာကြယ္ေပးဖို႔လိုအပ္ေနေၾကာင္း အရပ္ဖက္လူမႈအဖြဲ႔အစည္းေတြနဲ႔ လူ႔အခြင့္ေရးအဖြဲ႔ေတြအပါအဝင္ အဖြဲ႔အစည္းေပါင္း ၃၀၀ နီးပါးက ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုလုိက္ပါတယ္။

ခ်င္း၊ ကခ်င္၊ ကရင္အပါအဝင္ ျမန္မာႏုိင္ငံက တိုင္းရင္းသားအဖြဲ႔အစည္းေတြအျပင္ Amnesty International ၊ Fortify Rights နဲ႔ လူ႔အခြင့္ေရးဆိုင္ရာ အာဆီယံ ပါလီမန္အမတ္မ်ားအဖဲြ႔ အပါအဝင္ အဖြဲ႔အစည္းေပါင္း ၂၈၆ ဖြဲ႔က လက္မွတ္ေရးထိုး ေတာင္းဆိုတဲ့ အထဲမွာ ျမန္မာႏုိင္ငံတြင္း လူသားခ်င္းစာနာမႈ ယိုယြင္းေနတာနဲ႔ အရပ္သား ျပည္သူေတြ အေရးေပၚ အကာကြယ္ေပးဖို႔ လုိအပ္ေနတာေတြကို ကုလသမဂၢလံုၿခံဳေရး ေကာင္စီက အခုက်င္းပမယ့္ အစည္းေဝးကေန ေျဖရွင္းေပးဖို႔ ပါဝင္ပါတယ္။

ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းတာ တႏွစ္နီးလာၿပီျဖစ္ၿပီး ကုလသမဂၢလံုၿခံဳေရးေကာင္စီ အဖြဲ႔ဝင္ႏိုင္ငံေတြအေနနဲ႔ တံခါးပိတ္အစည္းေဝးေတြနဲ႔ ေၾကညာခ်က္ေတြ ထုတ္ျပန္ေနတာဟာ အလုပ္မျဖစ္ေၾကာင္းနဲ႔ လက္ေတြ ေျဖရွင္းေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

ဒါ့အျပင္ လံုၿခံဳေရးေကာင္စီအလွည့္က် ဥကၠဌ ေနာ္ေဝႏိုင္ငံနဲ႔ျမန္မာ့အေရး ေထာက္ခံတဲ့ ႏိုင္ငံေတြနဲ႔ဦးေဆာင္တဲ့ ၿဗိတိန္တို႔ အေနနဲ႔ အခုလို စစ္တပ္အာဏာသိမ္း တႏွစ္ျပည့္မွာ ျမန္မာ့အေရးကိုခ်ျပၿပီး အေျခအတင္ ေဆြေႏြးၾကဖို႔နဲ႔ တျခားအဖြဲ႔ဝင္ႏုိင္ငံေတြ ဘက္ကလည္း ဝိုင္းဝန္းပန္႔ပိုးေပးဖုိ႔ ပန္ၾကားခဲ့ပါတယ္။

စစ္တပ္အာဏာသိမ္းၿပီး တႏွစ္နီးပါး ၾကာလာၿပီးတဲ့ေနာက္ မတည္မၿငိမ္အေျခအေနေတြ ဆက္ျဖစ္ေနတဲ့အေပၚ ကုလသမဂၢ လုံျခံဳေရးေကာင္စီ အဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ အာဆီယံ အလွည့္က်ဥကၠ႒တာဝန္ယူထားတဲ့ ကေမာၻဒီးယားႏိုင္ငံ ႏိုင္ငံျခားေရး၀န္ႀကီးတို႔ ေတြ႔ဆုံေဆြးေႏြးမွာျဖစ္တယ္လို႔ သံတမန္ သတင္းရင္းျမစ္ေတြကိုးကားၿပီး AFP သတင္းမွာ ေရးထားပါတယ္။

ဒီအစည္းအေဝးကို ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔အတူ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn တက္ေရာက္မယ့္အေၾကာင္းလည္း AFP သတင္းမွာ ေရးထားပါတယ္။

....................................................

တိုက္႐ိုက္ လင့္ခ္

မြန်မာပြည်သူတွေကို အရေးပေါ်ကူညီဖို့ လုံခြုံရေးကာင်စီကို လူမှုအဖွဲ့စည်း ၃၀၀ ခန့် တောင်းဆို

{{Zawgyi/Unicode}}
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သောကြာနေ့ကျရင် မြန်မာ့အရေးအတွက် တံခါးပိတ်အစည်းအဝေးကျင်းပဖို့ စီစဉ်နေချိန်မှာပဲ လုံခြုံရေကောင်စီအနေနဲ့ မြန်မာ့အရေးကို အထူးအရေးပေါ် အခြေနေတရပ်အဖြစ် သဘောထားပြီး မြန်မာပြည်သူတွေကို အကာကွယ်ပေးဖို့လိုအပ်နေကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေအပါအဝင် အဖွဲ့အစည်းပေါင်း ၃၀၀ နီးပါးက ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ချင်း၊ ကချင်၊ ကရင်အပါအဝင် မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့အစည်းတွေအပြင် Amnesty International ၊ Fortify Rights နဲ့ လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ အပါအဝင် အဖွဲ့အစည်းပေါင်း ၂၈၆ ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆိုတဲ့ အထဲမှာ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု ယိုယွင်းနေတာနဲ့ အရပ်သား ပြည်သူတွေ အရေးပေါ် အကာကွယ်ပေးဖို့ လိုအပ်နေတာတွေကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အခုကျင်းပမယ့် အစည်းဝေးကနေ ဖြေရှင်းပေးဖို့ ပါဝင်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းတာ တနှစ်နီးလာပြီဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တံခါးပိတ်အစည်းဝေးတွေနဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတာဟာ အလုပ်မဖြစ်ကြောင်းနဲ့ လက်တွေ ဖြေရှင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဌ နော်ဝေနိုင်ငံနဲ့ မြန်မာ့အရေး ထောက်ခံတဲ့ နိုင်ငံတွေနဲ့ ဦးဆောင်တဲ့ ဗြိတိန်တို့ အနေနဲ့ အခုလို စစ်တပ်အာဏာသိမ်း တနှစ်ပြည့်မှာ မြန်မာ့အရေးကိုချပြပြီး အခြေအတင် ဆွေနွေးကြဖို့နဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေ ဘက်ကလည်း ဝိုင်းဝန်းပန့်ပိုးပေးဖို့ ပန်ကြားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး တနှစ်နီးပါး ကြာလာပြီးတဲ့နောက် မတည်မငြိမ်အခြေအနေတွေ ဆက်ဖြစ်နေတဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ သံတမန် သတင်းရင်းမြစ်တွေကိုးကားပြီး AFP သတင်းမှာ ရေးထားပါတယ်။

ဒီအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့အတူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တက်ရောက်မယ့်အကြောင်းလည်း AFP သတင်းမှာ ရေးထားပါတယ်။

XS
SM
MD
LG