သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် နယူးယောက်မှာ လုံခြုံရေးပြင်ဆင်


နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အဦး။ (ဇူလိုင် ၁၉၊ ၂၀၂၁)
နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အဦး။ (ဇူလိုင် ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ကမ္ဘာတလွှားက ခေါင်းဆောင်တွေနဲ့ အထူးကိုယ်စားလှယ်တွေ စုဝေးလာရောက်နေပြီ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွါးနေတဲ့ COVID-19 ရောဂါပိုး ပြန့်ပွါးမယ့်အန္တရာယ်ကို စိုးရိမ်မှုတွေနဲ့အတူ ဒီခေါင်းဆောင်တွေရဲ့ လုံခြုံရေးကိုပါ အထူးဆောင်ရွက်ပေးနေတယ်လို့ နယူးယောက်မြို့က အမေရိကန် Secret Service အထူးလုံခြုံရေးအဖွဲ့က Patrick Freaney က ပြောပါတယ်။

“အစည်းအဝေးတက်ရောက်မယ့် နိုင်ငံ့ခေါင်းဆောင်တွေ၊ အစိုးရအကြီးအကဲတွေက အယောက် ၉၀ လောက်ရှိပြီး သူတို့ရဲ့မိသားစုဝင်က အယောက် ၄၀ လောက် ပါတဲ့အတွက် နယူးယောက်မှာ အထူးလုံခြုံရေးယူပေးရမယ့်သူက အယောက် ၁၃၀ လောက်ရှိပါတယ်။” လို့ ပြောသွားတာပါ။

ကုလသမဂ္ဂရုံးချုပ် အတွင်းအပြင် လုံခြုံရေးတွေ အပြည့်ရှိနေသလို ကားလမ်းတွေ ပလက်ဖောင်းတွေမှာလည်း အကာအရံတွေ တွေ့နေရပါတယ်။ အထွေထွေညီလာခံ ကျင်းပရာ ကုလရုံးချုပ်တင်မကဘဲ နယူးယောက်မှာ ဈေးဝယ်ထွက်သူ ဒေသခံတွေပါ လုံခြုံရေးအတွက် စစ်ဆေးရင် ပြသနိုင်ဖို့ မှတ်ပုံတင်တွေ ယူဆောင်သွားဖို့ လိုအပ်တာပါ။

နယူးယောက်မြို့ဟာ မကြာခင်လတွေအတွင်းက COVID-19 ဖြစ်ပွါးမှု အများဆုံးဒေသတခု ဖြစ်ခဲ့တဲ့အတွက်လည်း အခုလို ညီလာခံကျင်းပတာအတွက် လူစုလူဝေးနဲ့အတူ ရောဂါပိုး ပြန့်ပွါးမှာကိုပါ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

အထွေထွေညီလာခံ ခန်းမထဲကို ဝင်မယ့်သူတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေး ထိုးထားကြောင်း လက်မှတ်ပြသဖို့ လိုအပ်တယ်လို့ နယူးယောက် တာဝန်ရှိသူတွေက ပြောပါတယ်။

နယူးယောက်မြို့တလွှားမှာလည်း ကိုဗစ်ရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးပေးမယ့် ရွေ့လျား Van ကားတွေ စီစဉ်ပေးထားပြီး ဒီနှစ် အစည်းအဝေး တက်ရောက်လာသူ အားလုံးအတွက် ကာကွယ်ဆေး အခမဲ့ထိုးနှံပေးဖို့ စီစဉ်ထားကြောင်းလည်း မြို့တော်ဝန်ရုံးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ်က အခုလို လူချင်းတွေ့ဆုံရတာ မရှိဘဲ အွန်လိုင်းကနေသာ ပါဝင်တက်ရောက်ခဲ့ရတာဖြစ်ပြီး အဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အခုလို လူကိုယ်တိုင် တွေ့ဆုံပြီး ပြောဆိုနိုင်ဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)


နယူးယောကျမွို့ ကုလသမဂ်ဂရုံးခြုပျမှာ ကငြျးပနတေဲ့ ၇၆ ကွိမျမွောကျ ကုလသမဂ်ဂ အထှထှေညေီလာခံကို တကျရောကျဖို့ ကမ်ဘာတလှှားက ခေါငျးဆောငျတှနေဲ့ အထူးကိုယျစားလှယျတှေ စုဝေးလာရောကျနပွေီ ဖွဈပါတယျ။








XS
SM
MD
LG