သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလလုံၿခဳံေရးေကာင္စီတံခါးပိတ္ေဆြးေႏြးမည္


ကုလ လံုျခံဳေရးေကာင္စီ အစည္းအ၀ေးတရပ္ (ဓာတ္ပံု - United Nations)

(Zawgyi/Unicode)

ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရး တံခါးပိတ္အစည္းအေဝးတခု ဒီကေန႔လုပ္ဖို႔ ရွိပါတယ္။
အေမရိကန္ႏိုင္ငံ၊ အေရွ႕ပိုင္းေဒသစံေတာ္ခ်ိန္ မနက္ ၁၀ နာရီမွာလုပ္မယ့္ လုံၿခဳံေရးေကာင္စီ အစည္းအေဝးမွာ ျမန္မာႏိုင္ငံအေျခအေနဆိုင္ရာ ေဆြးေႏြးဖို႔ရွိတယ္ဆိုတာ လုံၿခဳံေရးေကာင္စီ အစည္းအေဝးအစီအစဥ္ကို ထုတ္ျပန္တဲ့ ကုလသမဂၢ အင္တာနက္စာမ်က္ႏွာမွာ ေတြ႕ရပါတယ္။

ဘယ္လိုအေျခအေန ဘာအေၾကာင္းအရာေတြကို ေဆြးေႏြးမယ္၊ ဘယ္သူေတြက တင္ျပ ေဆြးေႏြးမယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပမထားပါဘူး။ ဒါေပမယ့္လည္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ လက္ရွိအခ်ိန္ထိ တာဝန္ထမ္းဆဲျဖစ္တဲ့ ဦးေက်ာ္မိုးထြန္းေတာ့ တက္ေရာက္ဖြယ္ရွိပါတယ္။

ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ိဳးမင္းကေတာ့ စစ္ကိုင္းတိုင္း၊ ကနီေဒသမွာ စစ္တပ္က က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြအေၾကာင္း အထူးအစီရင္ခံစာကို ဒီကေန႔အစည္းအေဝးအမီ တင္ျပႏိုင္ခဲ့တယ္လို႔ သူရဲ႕ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။

ဇူလိုင္လ ၃၀ ရက္ေန႔တုန္းကေတာ့ ကုလသမဂၢဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး Barbara Woodward က ကမကထျပဳစီစဥ္ၿပီး လုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရး အလြတ္သေဘာေဆြးေႏြးပြဲ လုပ္ခဲ့ပါေသးတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးခ်ိန္ကတည္းကဆိုရင္ ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ လုံၿခဳံေရးေကာင္စီမွာ အလြတ္သေဘာနဲ႔ တံခါးပိတ္ေဆြးေႏြးပြဲေတြ လုပ္လာေနတာပါ။ ဒါေပမယ့္လည္း လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္အားလုံး သေဘာတူတဲ့ ဆုံးျဖတ္ခ်က္တခုခု ထြက္လာတာမရွိေသးဘဲ လုံၿခဳံေရေကာင္စီ အလွည့္က်ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္တခု မတ္လ ၁၀ ရက္ေန႔က ထြက္ခဲ့တာပဲရွိပါေသးတယ္။

..............................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီတံခါးပိတ်ဆွေးနွေးမည်

(Unicode)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးတခု ဒီကနေ့လုပ်ဖို့ ရှိပါတယ်။
အမေရိကန်နိုင်ငံ၊ အရှေ့ပိုင်းဒေသစံတော်ချိန် မနက် ၁၀ နာရီမှာလုပ်မယ့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံအခြေအနေဆိုင်ရာ ဆွေးနွေးဖို့ရှိတယ်ဆိုတာ လုံခြုံရေးကောင်စီ အစည်းအဝေးအစီအစဉ်ကို ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အင်တာနက်စာမျက်နှာမှာ တွေ့ရပါတယ်။

ဘယ်လိုအခြေအနေ ဘာအကြောင်းအရာတွေကို ဆွေးနွေးမယ်၊ ဘယ်သူတွေက တင်ပြ ဆွေးနွေးမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။ ဒါပေမယ့်လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လက်ရှိအချိန်ထိ တာဝန်ထမ်းဆဲဖြစ်တဲ့ ဦးကျော်မိုးထွန်းတော့ တက်ရောက်ဖွယ်ရှိပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ စစ်ကိုင်းတိုင်း၊ ကနီဒေသမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအကြောင်း အထူးအစီရင်ခံစာကို ဒီကနေ့အစည်းအဝေးအမီ တင်ပြနိုင်ခဲ့တယ်လို့ သူရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့တုန်းကတော့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ကမကထပြုစီစဉ်ပြီး လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ လုပ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကတည်းကဆိုရင် မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ အလွတ်သဘောနဲ့ တံခါးပိတ်ဆွေးနွေးပွဲတွေ လုပ်လာနေတာပါ။ ဒါပေမယ့်လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး သဘောတူတဲ့ ဆုံးဖြတ်ချက်တခုခု ထွက်လာတာမရှိသေးဘဲ လုံခြုံရေကောင်စီ အလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်တခု မတ်လ ၁၀ ရက်နေ့က ထွက်ခဲ့တာပဲရှိပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG