(Zawgyi/Unicode)
စစ္အာဏာသိမ္းမႈကိုဆန႔္က်င္ၿပီး စစ္တပ္အေပၚ ႏိုင္ငံတကာက ဖိအားေပးေရးေတာင္းဆိုေနတဲ့ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ဖယ္ရွားဖို႔ ျမန္မာစစ္ေကာင္စီဘက္က ထပ္ၿပီးႀကိဳးစားေနပါတယ္။
ဦးေက်ာ္မိုးထြန္းရဲ႕ေနရာမွာ ဝါရွင္တန္ၿမိဳ႕ေတာ္က ျမန္မာစစ္သံမွဴး ဗိုလ္မွဴးႀကီးေအာင္သူရိန္ကို အစားထိုး ခန႔္ထားတဲ့အေၾကာင္း ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္က ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ဆီေပးပို႔တဲ့ အေၾကာင္းၾကားစာမိတၱဴကို AP သတင္းဌာနက လက္ခံရရွိပါတယ္။
ဗိုလ္မွဴးႀကီးေအာင္သူရိန္ဟာ ဒီႏွစ္ထဲအထိ ျမန္မာစစ္တပ္တာဝန္ေတြကို ၂၆ ႏွစ္ၾကာ အမႈထမ္းခဲ့သူ ျဖစ္တဲ့အေၾကာင္း AP သတင္းမွာ ေဖၚျပပါတယ္။
ရာထူးနဲ႔ တာဝန္ဝတၱရားေတြကို အလြဲသုံးစားလုပ္ခဲ့တာေၾကာင့္ ဦးေက်္ာမိုးထြန္းကို ေဖေေဖာ္ဝါရီလ ၂၇ ရက္ေန႔ကတည္းက ရာထူးက ထုတ္ပယ္ထားတဲ့အေၾကာင္း ဦးဝဏၰေမာင္လြင္ရဲ႕စာထဲမွာ ေဖာ္ျပထားပါတယ္။
ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အျဖစ္ အသိအမွတ္မျပဳဖို႔နဲ႔ ျမန္မာႏိုင္ငံမွာ တရားရင္ဆိုင္ဖို႔ ျပန္လည္လႊဲေျပာင္းေပးေရး ကုလသမဂၢဌာနခ်ဳပ္နဲ႔ အေမရိကန္ႏိုင္ငံျခားေရးဌာနတို႔ကို ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇူလိုင္လ ဒုတိယအပတ္အတြင္းကလည္း ေတာင္းဆိုခဲ့ပါတယ္။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရကေတာ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ျမန္မာျပည္ျပန္ပို႔ဖို႔ ေတာင္းဆိုေနတာကိုၾကည့္ရင္ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြရပ္ဆိုင္းဖို႔သာမက ဒီမိုကေရစီျပန္ထြန္းကားေအာင္လုပ္ဖို႔ ဘယ္ေလာက္ အေရးႀကီးေနတယ္ဆိုတာကိုပါ မီးေမာင္းထိုးျပေနတယ္လို႔ VOA ကို အီးေမးနဲ႔ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။
ဦးေက်ာ္မိုးထြန္းဟာ နယူးေယာက္အေျခစိုက္ ကုလသမဂၢ႐ုံး ျမန္မာ အၿမဲတမ္းသံအမတ္ႀကီးအျဖစ္နဲ႔ ၂၀၂၀ ေအာက္တိုဘာလကစၿပီး တာဝန္ယူခဲ့တာပါ။ ဒါေပမဲ့ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔မွာေတာ့ သူ႔အေနနဲ႔ အာဏာသိမ္းစစ္တပ္ကို ကိုယ္စားမျပဳဘဲ NLD အစိုးရကိုပဲ ကိုယ္စားျပဳတယ္လို႔ ကုလသမဂၢအေထြေထြညီလာခံမွာ ေၾကညာခဲ့ပါတယ္။
အဲဒီေနာက္ပိုင္းမွာေတာ့ စစ္ေကာင္စီက ဦးေက်ာ္မိုးထြန္းကို သံအမတ္ႀကီးတာဝန္က ႐ုပ္သိမ္းၿပီး အေမရိကန္ဝါရွင္တန္ဒီစီက စစ္သံမွဴး ဗိုလ္မွဴးႀကီးေအာင္သူရိန္ကို သူ႔ေနရာမွာ အစားထိုးတယ္လို႔ ေၾကညာပါတယ္။ ဒါေပမယ့္ အခုအခ်ိန္အထိေတာ့ ကုလသမဂၢ အစည္းအေဝးေတြမွာ ဦးေက်ာ္မိုးထြန္းကပဲ ျမန္မာႏိုင္ငံ အၿမဲတမ္းသံအမတ္ႀကီးအျဖစ္ ဆက္လက္ တက္ေရာက္ေနဆဲရွိၿပီး ကုလသမဂၢအေနနဲ႔ ဘယ္သူ႔ကို အသိအမွတ္ျပဳမလဲဆိုတာကို စက္တင္ဘာလ ကုလအေထြေထြညီလာခံမွာ ဆုံးျဖတ္ဖြယ္ရွိေနပါတယ္။
...........................
(Unicode)
ကုလ မြန်မာသံအမတ်ကြီး အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီကြိုးပမ်း
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး စစ်တပ်အပေါ် နိုင်ငံတကာက ဖိအားပေးရေးတောင်းဆိုနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားဖို့ မြန်မာစစ်ကောင်စီဘက်က ထပ်ပြီးကြိုးစားနေပါတယ်။
ဦးကျော်မိုးထွန်းရဲ့နေရာမှာ ဝါရှင်တန်မြို့တော်က မြန်မာစစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို အစားထိုး ခန့်ထားတဲ့အကြောင်း မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဆီပေးပို့တဲ့ အကြောင်းကြားစာမိတ္တူကို AP သတင်းဌာနက လက်ခံရရှိပါတယ်။
ဗိုလ်မှူးကြီးအောင်သူရိန်ဟာ ဒီနှစ်ထဲအထိ မြန်မာစစ်တပ်တာဝန်တွေကို ၂၆ နှစ်ကြာ အမှုထမ်းခဲ့သူ ဖြစ်တဲ့အကြောင်း AP သတင်းမှာ ဖေါ်ပြပါတယ်။
ရာထူးနဲ့ တာဝန်ဝတ္တရားတွေကို အလွဲသုံးစားလုပ်ခဲ့တာကြောင့် ဦးကျေ်ာမိုးထွန်းကို ဖေေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက ရာထူးက ထုတ်ပယ်ထားတဲ့အကြောင်း ဦးဝဏ္ဏမောင်လွင်ရဲ့စာထဲမှာ ဖော်ပြထားပါတယ်။
ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုဖို့နဲ့ မြန်မာနိုင်ငံမှာ တရားရင်ဆိုင်ဖို့ ပြန်လည်လွှဲပြောင်းပေးရေး ကုလသမဂ္ဂဌာနချုပ်နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတို့ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ဒုတိယအပတ်အတွင်းကလည်း တောင်းဆိုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်ပြန်ပို့ဖို့ တောင်းဆိုနေတာကိုကြည့်ရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့သာမက ဒီမိုကရေစီပြန်ထွန်းကားအောင်လုပ်ဖို့ ဘယ်လောက် အရေးကြီးနေတယ်ဆိုတာကိုပါ မီးမောင်းထိုးပြနေတယ်လို့ VOA ကို အီးမေးနဲ့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဦးကျော်မိုးထွန်းဟာ နယူးယောက်အခြေစိုက် ကုလသမဂ္ဂရုံး မြန်မာ အမြဲတမ်းသံအမတ်ကြီးအဖြစ်နဲ့ ၂၀၂၀ အောက်တိုဘာလကစပြီး တာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ သူ့အနေနဲ့ အာဏာသိမ်းစစ်တပ်ကို ကိုယ်စားမပြုဘဲ NLD အစိုးရကိုပဲ ကိုယ်စားပြုတယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြေညာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီက ဦးကျော်မိုးထွန်းကို သံအမတ်ကြီးတာဝန်က ရုပ်သိမ်းပြီး အမေရိကန်ဝါရှင်တန်ဒီစီက စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို သူ့နေရာမှာ အစားထိုးတယ်လို့ ကြေညာပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံ အမြဲတမ်းသံအမတ်ကြီးအဖြစ် ဆက်လက် တက်ရောက်နေဆဲရှိပြီး ကုလသမဂ္ဂအနေနဲ့ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတာကို စက်တင်ဘာလ ကုလအထွေထွေညီလာခံမှာ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။