သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဦးေက်ာ္မိုးထြန္းသာ ကုလအၿမဲတမ္းကိုယ္စားလွယ္ျဖစ္တယ္လို႔ CRPH ထုတ္ျပန္ 


UN Myanmar Mr. Kyaw Moe Tun

ZawGyi/Unicode

အေမရိကန္ျပည္ေထာင္စု New York ၿမိဳ႕က ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းသာ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္အျဖစ္ ဆက္လက္တည္႐ွိတယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ဒီေန႔ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕တည္ဆဲအစိုးရဟာ သမၼတဦးဝင္းျမင့္ဦးေဆာင္တဲ့ အစိုးရသာျဖစ္ေၾကာင္းနဲ႔ ကုလသမဂၢတရားဝင္ ထုတ္ျပန္ခ်က္ေတြမွာလည္း သမၼတကို ဦးဝင္းျမင့္၊ ႏိုင္ငံျခားေရးဝန္ႀကီးကို ေဒၚေအာင္ဆန္းစုၾကည္အျဖစ္ ဒီေန႔အထိေဖာ္ျပထားတာကို ေထာက္ျပၿပီး သူ႔အဆို အာဏာသိမ္းစစ္ေကာင္စီကို ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းက အသိအမွတ္မျပဳတာထင္႐ွားတယ္လို႔ ဒီေန႔ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔စြဲနဲ႔ထုတ္ျပန္တဲ့ CRPH ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ဒါေၾကာင့္ အာဏာသိမ္းစစ္ေကာင္စီရဲ႕ ဥပေဒနဲ႔ ကိုက္ညီမႈမ႐ွိတဲ့ အမိန္႔ေၾကာ္ျငာစာေတြဟာ ကုလသမဂၢရဲ႕ စည္းမ်ဥ္းစည္းကမ္း လုပ္ထံုးေတြကို လႊမ္းမုိး ပယ္ဖ်က္ႏိုင္ျခင္း မ႐ွိသလို ျပည္သူ႔အစိုးရရဲ႕ကိုယ္စားလွယ္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းရဲ႕ တရားဝင္မႈကို ဘယ္လိုမွ ထိခိုက္မႈမ႐ွိဘူးလို႔ ထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။

အာဏာကို မတရားနည္းနဲ႔ သိ္မ္းယူထားတဲ့ တရားမဝင္စစ္ေကာင္စီနဲ႔ သူတို႔ရဲ႕ထုတ္ျပန္ခ်က္မ်ား၊ ၫႊန္ၾကားခ်က္မ်ား၊ အမိန္႔ေၾကာ္ျငာစာမ်ားဟာ တရားဥပေဒနဲ႔ ကိုက္ညီမႈမ႐ွိဘူးလို႔လည္း CRPH ရဲ႕ ထုတ္ျပန္ ခ်က္မွာ ထပ္ေျပာထားပါတယ္။

New York ၿမိဳ႕က ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေသာၾကာေန႔က ကုလသမဂၢအေထြေထြညီလာခံမွာ ျပဳလုပ္ခဲ့တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အထူးေဆြးေႏြးပြဲအတြင္း သူဟာ စစ္တပ္အာဏာသိမ္းတဲ့အေပၚလက္မခံဘဲ အာဏာသိမ္းမႈဆန္႔က်င္တဲ့ ျပည္သူအမ်ားဘက္က ရပ္တည္ေၾကာင္း အသိေပးေၾကညာခဲ့တာပါ။ အဲဒီေနာက္ အာဏာသိမ္းယူထားတဲ့ အုပ္ခ်ဳပ္ေရးေကာင္စီက သူ႔ကို ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္တာဝန္ကေန ရပ္စဲတယ္လို႔ ေၾကညာခဲ့ပါတယ္။

Unicode

ဦးကျော်မိုးထွန်းသာ ကုလအမြဲတမ်းကိုယ်စားလှယ်ဖြစ်တယ်လို့ CRPH ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု New York မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့တည်ဆဲအစိုးရဟာ သမ္မတဦးဝင်းမြင့်ဦးဆောင်တဲ့ အစိုးရသာဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂတရားဝင် ထုတ်ပြန်ချက်တွေမှာလည်း သမ္မတကို ဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်အဖြစ် ဒီနေ့အထိဖော်ပြထားတာကို ထောက်ပြပြီး သူ့အဆို အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုတာထင်ရှားတယ်လို့ ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ CRPH ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့ အမိန့်ကြော်ငြာစာတွေဟာ ကုလသမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်း လုပ်ထုံးတွေကို လွှမ်းမိုး ပယ်ဖျက်နိုင်ခြင်း မရှိသလို ပြည်သူ့အစိုးရရဲ့ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ တရားဝင်မှုကို ဘယ်လိုမှ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

အာဏာကို မတရားနည်းနဲ့ သိမ်းယူထားတဲ့ တရားမဝင်စစ်ကောင်စီနဲ့ သူတို့ရဲ့ထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများဟာ တရားဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း CRPH ရဲ့ ထုတ်ပြန် ချက်မှာ ထပ်ပြောထားပါတယ်။

New York မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သောကြာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးဆွေးနွေးပွဲအတွင်း သူဟာ စစ်တပ်အာဏာသိမ်းတဲ့အပေါ်လက်မခံဘဲ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ပြည်သူအများဘက်က ရပ်တည်ကြောင်း အသိပေးကြေညာခဲ့တာပါ။ အဲဒီနောက် အာဏာသိမ်းယူထားတဲ့ အုပ်ချုပ်ရေးကောင်စီက သူ့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ကနေ ရပ်စဲတယ်လို့ ကြေညာခဲ့ပါတယ်။

#WhatsHappeningInMyanmar #UNMyanmar #KyawMoeTun #CRPH

XS
SM
MD
LG