သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံအစည္းအေ၀း အေပၚ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေမွ်ာ္လင္႔ခ်က္


ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း

(Zawgyi/Unicode)

မၾကာခင္က်င္းပေတာ့မယ့္ ျမန္မာ့အေရး အာဆီယံ ထိပ္သီးေဆြးေႏြးပဲြမွာ ကုလသမဂၢ အထူးကိုယ္စားလွယ္ကို ပါ၀င္ခြင့္ျပဳသင့္ေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အာဆီယံကို တိုက္တြန္းလိုက္ပါတယ္။

တနလၤာေန႔က လံုၿခံဳေရးေကာင္စီမွာျပဳလုပ္တဲ့ အဆင္ျမင့္ေခါင္းေဆာင္ေတြပါ၀င္တဲ့ တံခါးဖြင့္ ေဆြးေႏြးပဲြမွာ ကုလ အတြင္းေရးမွဴးခ်ဳပ္ António Guterres က လက္ရွိ ျမန္မာႏိုင္ငံရင္ဆိုင္ေနရတဲ့ အေရးေပၚ အၾကပ္အတည္းကို ေျဖရွင္းႏိုင္ေရးအာဆီယံနဲ႔ ကုလသမဂၢပူးေပါင္းေဆာင္ရြက္မႈ အေရးႀကီးေၾကာင္း ေျပာၾကားခဲ့တာပါ။

ျမန္မာ့အေရး အာဆီယံနဲ႔ ကုလသမဂၢ ပူးေပါင္းေဆာင္ရြက္ေနတဲ့ ေနာက္ဆံုးအေျခအေနကို မအင္ၾကင္းႏိုင္က သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္။ ။ တနလၤာေန႔ကလုပ္တဲ့ လံုၿခံဳေရးေကာင္စီ ေဆြးေႏြးပဲြမွာ ကုလ အတြင္းေရးမွဴးခ်ဳပ္ Guterres က အာဆီယံနဲ႔ ကုလသမဂၢ ျမန္မာ့အေရးကိစၥမွာ ပူးေပါင္းေဆာင္ရြက္ဖို႔ အေလးထားေျပာထားတာေတြ႔ရေတာ့ အခုဆိုရင္လည္း ကုလ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကလည္း ထိုင္းႏိုင္ငံ ဘန္ေကာက္ကိုလည္း ေရာက္ေနတယ္ဆိုေတာ့ အခုဒီ ျမန္မာ့အေရး အာဆီယံ ထိပ္သီးအစည္းအေ၀းကိုေရာ ကုလသမဂၢ ကိုယ္စားျပဳၿပီးေတာ့ တက္ေရာက္ႏိုင္မယ့္အလားအလာေပါ့ေလ၊ အခု အာဆီယံက ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတဲ့အပိုင္းေရာ သံအမတ္ႀကီး ဘယ္လိုသံုးသပ္သလဲရွင့္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ အာဆီယံ UN ေပါ့ေနာ္ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ပူးေပါင္းေဆာင္ရြက္တာက အဆင္အလာရွိခဲ့ဖူးပါတယ္။ ၂၀၀၈ နာဂစ္မွာလည္း က်ေနာ္တို႔ ပူးေပါင္းေဆာင္ရြက္ခဲ့တဲ့ဥစၥာရွိတာလည္း ေတြ႔ရပါတယ္။ ဒါ ေအာင္ျမင္မႈျဖစ္ခဲ့တယ္ဆိုတာလည္း လူတိုင္းသိပါတယ္။ အာဆီယံ UN ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ ျမန္မာႏိုင္ငံကိစၥကို အေျဖရွာဖို႔ဆိုတဲ့ဥစၥာ option တခုအေနနဲ႔ေတာ့ က်ေန္ာတို႔ ထည့္သြင္းစဥ္းစားလို႔ရပါတယ္။ ေနာက္တခ်က္ကေတာ့ ခုနေျပာသလိုေပါ့ေနာ္ Christine Schraner Burgener ကို အာဆီယံ ထိပ္သီးအစည္းအေ၀းမွာ တက္ၿပီးေတာ့ Briefing လုပ္ဖို႔ဆိုတဲ့ဥစၥာ ။ က်ေနာ္တုိ႔က အဲလို လုပ္ေပးႏိုင္တယ္ဆိုရင္ ႀကိဳဆိုပါတယ္ ဘာပဲေျပာေျပာ အထူးကိုယ္စားလွယ္ အေနနဲ႔လည္း သူ႔မွာ ေျပာစရာေတြ အမ်ားႀကီးရွိတယ္။ အျမင္ေတြလည္းအမ်ားႀကီးရွိတဲ့အတြက္ သူ႔အသံကို အာဆီယံ ေခါင္းေဆာင္ေတြ နားေထာင္ေပးႏိုင္တယ္ ၾကားရတယ္ဆိုရင္ က်ေနာ္တို႔ ျပည္သူေတြအတြက္ အားတခုရွိမယ္လို႔ က်ေန္ာတို႔ ယူဆပါတယ္။ ေနာက္တခုက်ေတာ့ special envoy ကို အာဆီယံ summit ေတြမွာ ဖိတ္ၿပီးေတာ့ briefing ေပးတယ္ဆိုတဲ့ဟာက အထူးအဆန္းေတာ့ မဟုတ္ပါဘူး။ က်ေနာ္တို႔ ၂၀၀၇ တုန္းကလည္း အရင္ special envoy ဆိုရင္ Mr. Gambari လက္ထက္တုန္းကလည္း Singapore မွာ က်ေနာ္တို႔ သီးျခား section တခုအေနနဲ႔ briefing လုပ္ခဲ့တာမ်ိဳးလည္း သာဓက ရွိတယ္လို႔ က်ေနာ္မွတ္မိတယ္ မလြဲရင္ေပ့ါေနာ္။ အဲဒါေလးတခု ရွိပါတယ္ ဒါေၾကာင့္ ဒါက အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။ special envoy အေနနဲ႔ ယခင္အစဥ္အလာကို အသံုးျပဳၿပီးေတာ့ အာဆီယံ ေခါင္းေဆာင္ေတြကို briefing ေပးႏိုင္တဲ့ဟာမ်ိဳး ရွိႏိုင္တယ္လို႔ က်ေနာ္သံုးသပ္ပါတယ္။ ဒါေၾကာင့္ ရွိခြင့္ရတယ္ဆိုရင္လည္း က်ေနာ္တို႔ အားလံုးအတြက္ ေကာင္းမယ္လို႔ က်ေနာ္ယံုၾကည္ပါတယ္။ ေပးလည္းေပးသင့္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ ဟုတ္ကဲ့ အဲဒီေတာ့ အာဆီယံ ထိပ္သီးစည္းေ၀းပြဲမွာ ကုလအထူးကိုယ္စားလွယ္ Burgener ကို ဖိတ္မဖိတ္ဆိုတာ ကုလဘက္က ေသခ်ာမသိရေသးဘူးဆိုတဲ့ သေဘာလားရွင့္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ က်ေနာ့္အေနနဲ႔ေတာ့ ဂဃနဏ ေတာ့ မသိေသးပါဘူးခင္ဗ်။ ဒါေၾကာင့္ ခုနကေျပာသလိုေပါ့ေနာ္ လူတေယာက္ကို ဖိတ္မယ္ဆိုရင္ က်ေနာ္တို႔ အာဆီယံ ထံုးတန္းအစဥ္အလာအရ ၁၀ ႏိုင္ငံလံုးသေဘာတူမွ အားလံုး သက္ဆိုင္တဲ့ႏိုင္ငံေတြအကုန္လံုး သေဘာတူမွ ရတယ္ဆိုတဲ့ အေနအထားမ်ိဳးရွိတယ္ဆိုတာလည္း က်ေနာ္တို႔ လစ္လ်ဴရႈလို႔မရဘူး။ ဒါေပမယ့္ ခုနကေျပာသလို separate section တခုအေနနဲ႔ ရွင္းျပခြင့္ေပးတယ္ဆိုရင္လည္း လုပ္လို႔ရတာတခုလို႔ေတာ့ က်ေနာ္တို႔ သံုးသပ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ အာဆီယံထိပ္သီးအစည္းအေ၀းပြဲမွာ CRPH က ဖြဲ႔စည္းထားတဲ့ NUG အမ်ိဳးသား ညီညြတ္ေရးအစိုးရကိုေရာ အာဆီယံထိပ္သီးအစည္းအေ၀းပြဲက မဖိတ္ဘူးဆိုရင္ ဘယ္လိုပံုစံမ်ိဳး ျဖစ္သြားမလဲရွင့္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။တဖက္ကပဲ အသံၾကားတဲ့ သေဘာမ်ိဳး ျဖစ္မွာေပါ့ေနာ္။ ျပည္သူ႔အသံ စစ္စစ္ကို မၾကားရတဲ့အေနအထားမ်ိဳးေတာ့ သံုးသပ္လို႔ရပါတယ္။ ဒါေပမယ့္လည္း ခုနေျပာသလို က်ေနာ္တို႔အေနနဲ႔ေရာ ျပည္သူေတြအေနနဲ႔ေရာ သက္ဆိုင္တဲ့လူေတြအေနနဲ႔ေရာ က်ေနာ္တုိ႔ရဲ႕ အသံကိုေတာ့ အာဆီယံထဲက ႏိုင္ငံေတြအကုန္လံုး ေခါင္းေဆာင္ေတြအကုန္လံုး ၾကားဖို႔အတြက္ေတာ့ နည္းလမ္းေပါင္းစံုနဲ႔ လုပ္သြားဖို႔ေတာ့ လုိပါမယ္ အခုလည္း တခ်ိဳ႕ေတြေတာ့ လုပ္ေနပါၿပီခင္ဗ်။ လႊတ္ေတာ္အမတ္ေတြကတဆင့္ေသာ္လည္းေကာင္း CSO ေတြက တဆင့္ေသာ္လည္းေကာင္း အဲလိုမ်ိဳး အသံေတြၾကားေအာင္ေပါ့ေနာ္ က်ေနာ္တို႔ လုပ္ႏိုင္တဲ့ လမ္းကေနၿပီးေတာ့ အကုန္လံုးလုပ္သြားဖို႔ လိုပါတယ္။ တက္ခြင့္ရတယ္ မရဘူး၊ ဖိတ္တယ္ မဖိတ္ဘူး ဆိုတာကေတာ့ အိမ္ရွင္ႏိုင္ငံနဲ႔ chair လုပ္တဲ့ ႏိုင္ငံက အဓိကျဖစ္သလို အဖြဲ႔၀င္ႏိုင္ငံေတြရဲ႕ သေဘာထားအေပၚမွာလည္း မူတည္ပါတယ္။ ဒါေပမယ့္ ခုန အဓိကေတာ့ က်ေနာ္တို႔ ျမန္မာျပည္မွာ ျဖစ္ေနတာက ျပည္သူနဲ႔ လက္နက္ကိုင္အဖြဲ႔အစည္း တခုနဲ႔ ျဖစ္ေနတဲ့ဥစၥာကို သူတို႔ ေကာင္းေကာင္း သေဘာေပါက္ဖို႔ လိုပါတယ္။ အခုက ျပည္သူေတြရဲ႕ ဆႏၵကိုေပါ့ေနာ္ သူတို႔ လစ္လ်ဴမရႈသင့္ဘူး။ ျပည္သူေတြရဲ႕ ဆႏၵကိုေလးစားဖို႔ လိုတယ္ဆိုတာကိုေတာ့ ဘယ္လိုအေျခအေနမ်ိဳးမွာျဖစ္ျဖစ္ အာဆီယံႏိုင္ငံေတြအေနနဲ႔ အေလးထားဖို႔လိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အာဆီယံ အစည်းအဝေး အပေါ် သံအမတ်ကြီးဦးကျော်မိုးထွန်း မျှော်လင့်ချက်

(Unicode)

မကြာခင်ကျင်းပတော့မယ့် မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ပါဝင်ခွင့်ပြုသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။

တနင်္လာနေ့က လုံခြုံရေးကောင်စီမှာပြုလုပ်တဲ့ အဆင်မြင့်ခေါင်းဆောင်တွေပါဝင်တဲ့ တံခါးဖွင့် ဆွေးနွေးပွဲမှာ ကုလ အတွင်းရေးမှူးချုပ် António Guterres က လက်ရှိ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အရေးပေါ် အကြပ်အတည်းကို ဖြေရှင်းနိုင်ရေးအာဆီယံနဲ့ ကုလသမဂ္ဂပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်း ပြောကြားခဲ့တာပါ။

မြန်မာ့အရေး အာဆီယံနဲ့ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်နေတဲ့ နောက်ဆုံးအခြေအနေကို မအင်ကြင်းနိုင်က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ တနင်္လာနေ့ကလုပ်တဲ့ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ကုလ အတွင်းရေးမှူးချုပ် Guterres က အာဆီယံနဲ့ ကုလသမဂ္ဂ မြန်မာ့အရေးကိစ္စမှာ ပူးပေါင်းဆောင်ရွက်ဖို့ အလေးထားပြောထားတာတွေ့ရတော့ အခုဆိုရင်လည်း ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်ကိုလည်း ရောက်နေတယ်ဆိုတော့ အခုဒီ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးကိုရော ကုလသမဂ္ဂ ကိုယ်စားပြုပြီးတော့ တက်ရောက်နိုင်မယ့်အလားအလာပေါ့လေ၊ အခု အာဆီယံက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပိုင်းရော သံအမတ်ကြီး ဘယ်လိုသုံးသပ်သလဲရှင့်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ အာဆီယံ UN ပေါ့နော် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တာက အဆင်အလာရှိခဲ့ဖူးပါတယ်။ ၂၀၀၈ နာဂစ်မှာလည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ဥစ္စာရှိတာလည်း တွေ့ရပါတယ်။ ဒါ အောင်မြင်မှုဖြစ်ခဲ့တယ်ဆိုတာလည်း လူတိုင်းသိပါတယ်။ အာဆီယံ UN ပူးပေါင်းဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံကိစ္စကို အဖြေရှာဖို့ဆိုတဲ့ဥစ္စာ option တခုအနေနဲ့တော့ ကျနေ်ာတို့ ထည့်သွင်းစဉ်းစားလို့ရပါတယ်။ နောက်တချက်ကတော့ ခုနပြောသလိုပေါ့နော် Christine Schraner Burgener ကို အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တက်ပြီးတော့ Briefing လုပ်ဖို့ဆိုတဲ့ဥစ္စာ ။ ကျနော်တို့က အဲလို လုပ်ပေးနိုင်တယ်ဆိုရင် ကြိုဆိုပါတယ် ဘာပဲပြောပြော အထူးကိုယ်စားလှယ် အနေနဲ့လည်း သူ့မှာ ပြောစရာတွေ အများကြီးရှိတယ်။ အမြင်တွေလည်းအများကြီးရှိတဲ့အတွက် သူ့အသံကို အာဆီယံ ခေါင်းဆောင်တွေ နားထောင်ပေးနိုင်တယ် ကြားရတယ်ဆိုရင် ကျနော်တို့ ပြည်သူတွေအတွက် အားတခုရှိမယ်လို့ ကျနေ်ာတို့ ယူဆပါတယ်။ နောက်တခုကျတော့ special envoy ကို အာဆီယံ summit တွေမှာ ဖိတ်ပြီးတော့ briefing ပေးတယ်ဆိုတဲ့ဟာက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျနော်တို့ ၂၀၀၇ တုန်းကလည်း အရင် special envoy ဆိုရင် Mr. Gambari လက်ထက်တုန်းကလည်း Singapore မှာ ကျနော်တို့ သီးခြား section တခုအနေနဲ့ briefing လုပ်ခဲ့တာမျိုးလည်း သာဓက ရှိတယ်လို့ ကျနော်မှတ်မိတယ် မလွဲရင်ပေ့ါနော်။ အဲဒါလေးတခု ရှိပါတယ် ဒါကြောင့် ဒါက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ special envoy အနေနဲ့ ယခင်အစဉ်အလာကို အသုံးပြုပြီးတော့ အာဆီယံ ခေါင်းဆောင်တွေကို briefing ပေးနိုင်တဲ့ဟာမျိုး ရှိနိုင်တယ်လို့ ကျနော်သုံးသပ်ပါတယ်။ ဒါကြောင့် ရှိခွင့်ရတယ်ဆိုရင်လည်း ကျနော်တို့ အားလုံးအတွက် ကောင်းမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပေးလည်းပေးသင့်ပါတယ်။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အဲဒီတော့ အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ ကုလအထူးကိုယ်စားလှယ် Burgener ကို ဖိတ်မဖိတ်ဆိုတာ ကုလဘက်က သေချာမသိရသေးဘူးဆိုတဲ့ သဘောလားရှင့်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ ကျနော့်အနေနဲ့တော့ ဂဃနဏ တော့ မသိသေးပါဘူးခင်ဗျ။ ဒါကြောင့် ခုနကပြောသလိုပေါ့နော် လူတယောက်ကို ဖိတ်မယ်ဆိုရင် ကျနော်တို့ အာဆီယံ ထုံးတန်းအစဉ်အလာအရ ၁၀ နိုင်ငံလုံးသဘောတူမှ အားလုံး သက်ဆိုင်တဲ့နိုင်ငံတွေအကုန်လုံး သဘောတူမှ ရတယ်ဆိုတဲ့ အနေအထားမျိုးရှိတယ်ဆိုတာလည်း ကျနော်တို့ လစ်လျူရှုလို့မရဘူး။ ဒါပေမယ့် ခုနကပြောသလို separate section တခုအနေနဲ့ ရှင်းပြခွင့်ပေးတယ်ဆိုရင်လည်း လုပ်လို့ရတာတခုလို့တော့ ကျနော်တို့ သုံးသပ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ CRPH က ဖွဲ့စည်းထားတဲ့ NUG အမျိုးသား ညီညွတ်ရေးအစိုးရကိုရော အာဆီယံထိပ်သီးအစည်းအဝေးပွဲက မဖိတ်ဘူးဆိုရင် ဘယ်လိုပုံစံမျိုး ဖြစ်သွားမလဲရှင့်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။တဖက်ကပဲ အသံကြားတဲ့ သဘောမျိုး ဖြစ်မှာပေါ့နော်။ ပြည်သူ့အသံ စစ်စစ်ကို မကြားရတဲ့အနေအထားမျိုးတော့ သုံးသပ်လို့ရပါတယ်။ ဒါပေမယ့်လည်း ခုနပြောသလို ကျနော်တို့အနေနဲ့ရော ပြည်သူတွေအနေနဲ့ရော သက်ဆိုင်တဲ့လူတွေအနေနဲ့ရော ကျနော်တို့ရဲ့ အသံကိုတော့ အာဆီယံထဲက နိုင်ငံတွေအကုန်လုံး ခေါင်းဆောင်တွေအကုန်လုံး ကြားဖို့အတွက်တော့ နည်းလမ်းပေါင်းစုံနဲ့ လုပ်သွားဖို့တော့ လိုပါမယ် အခုလည်း တချို့တွေတော့ လုပ်နေပါပြီခင်ဗျ။ လွှတ်တော်အမတ်တွေကတဆင့်သော်လည်းကောင်း CSO တွေက တဆင့်သော်လည်းကောင်း အဲလိုမျိုး အသံတွေကြားအောင်ပေါ့နော် ကျနော်တို့ လုပ်နိုင်တဲ့ လမ်းကနေပြီးတော့ အကုန်လုံးလုပ်သွားဖို့ လိုပါတယ်။ တက်ခွင့်ရတယ် မရဘူး၊ ဖိတ်တယ် မဖိတ်ဘူး ဆိုတာကတော့ အိမ်ရှင်နိုင်ငံနဲ့ chair လုပ်တဲ့ နိုင်ငံက အဓိကဖြစ်သလို အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားအပေါ်မှာလည်း မူတည်ပါတယ်။ ဒါပေမယ့် ခုန အဓိကတော့ ကျနော်တို့ မြန်မာပြည်မှာ ဖြစ်နေတာက ပြည်သူနဲ့ လက်နက်ကိုင်အဖွဲ့အစည်း တခုနဲ့ ဖြစ်နေတဲ့ဥစ္စာကို သူတို့ ကောင်းကောင်း သဘောပေါက်ဖို့ လိုပါတယ်။ အခုက ပြည်သူတွေရဲ့ ဆန္ဒကိုပေါ့နော် သူတို့ လစ်လျူမရှုသင့်ဘူး။ ပြည်သူတွေရဲ့ ဆန္ဒကိုလေးစားဖို့ လိုတယ်ဆိုတာကိုတော့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အာဆီယံနိုင်ငံတွေအနေနဲ့ အလေးထားဖို့လိုပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG