သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံ ေဆြးေႏြးပဲြ ရလဒ္ကို လံုၿခံဳေရး ေကာင္စီက ေမွ်ာ္လင္႔ေစာင့္စား


ဧၿပီလ ၁၉ ရက္ေန႔က ကုလသမဂၢ လံုၿခံဳေရး ေကာင္စီေဆြးေႏြးပြဲ

(Zawgyi/Unicode)

ျမန္မာ့ စစ္အာဏာသိမ္းမႈ အေရး အာဆီယံ ေဆြးေႏြးပြဲ ရလဒ္ကို ကုလသမဂၢ လံုၿခံဳေရး ေကာင္စီက အားတက္သေရာ ေစာင့္စားေနေၾကာင္း အေမရိကန္ဘက္က ေျပာဆိုလုိက္ၿပီး တရုတ္ကေတာ့ ျမန္မာ့ ျပည္တြင္း ျပန္လည္ ရင္ၾကားေစ႔ေရးမွာ အာဆီယံရဲ႕ နည္းလမ္းနဲ႔ ေဆာင္ရြက္မႈကို ႏုိင္ငံတကာက ပံ႔ပိုးေပးဖို႔ တိုက္တြန္းထားပါတယ္။

“ ႏုိင္ငံတကာ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ ၿခိမ္းေျခာက္မႈေတြကို အေရးယူ ေဆာင္ရြက္ေရး အတြက္ ေနာက္ဆံုး တာ၀န္ကေတာ့ ကုလသမဂၢ လံုၿခံဳေရး ေကာင္စီမွာ တာ၀န္ရွိတာေၾကာင့္ အထူးသျဖင့္ ဒီလမွာေတာ့ ခ်က္ခ်င္း အာရံုစိုက္ၿပီး အေလးအနက္ထားရမယ့္ ျမန္မာ့ ကိစၥမွာ အာဆီယံ ေဆြးေႏြးပြဲက ထြက္လာမယ့္ ရလဒ္ကို လံုၿခံဳေရး ေကာင္စီတြင္းမွာ စိတ္အားထက္သန္စြာ ေစာင့္ေမွ်ာ္ေနပါတယ္” လို႔ ကုလသမဂၢ ဆုိင္ရာ အေမရိကန္ သံအမတ္ႀကီး Linda Thomas-Greenfield က ဧၿပီလ ၁၉ ရက္ေန႔က ေျပာဆိုခဲ႔ပါတယ္။

ေဒသဆိုင္ရာ အဖြဲ႔အစည္းေတြနဲ႔ ကုလသမဂၢၾကား ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ အြန္လိုင္း ေဆြးေႏြးပြဲကို ဧၿပီလ ၁၉ ရက္ေန႔က ကုလသမဂၢ လံုၿခံဳေရး ေကာင္စီမွာ က်င္းပတာမွာ ျမန္မာ့ အေရးကို ထည့္သြင္း ေဆြးေႏြးခဲ႔တာ ျဖစ္ပါတယ္။

ကုလသမဂၢ လံုၿခံဳေရး ေကာင္စီ ေဆြးေႏြးပြဲကို တရုတ္ ႏုိင္ငံ အတိုင္ပင္ခံနဲ႔ ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi ကိုယ္တိုင္ တက္ေရာက္ပါတယ္။ ျမန္မာ့ အေရး အာဆီယံ နည္းလမ္းနဲ႔ ေျဖရွင္းတာကို ႏုိင္ငံတကာက ပံ႔ပိုးေပးဖို႔ ၀န္ႀကီး Wang Yi က တရုတ္ဘာသာစကားနဲ႔ ေဆြးေႏြးတာကို စကားျပန္က အခုလို ျပန္လည္ တင္ျပခဲ႔ပါတယ္။

“ျမန္မာႏုိင္ငံမွာ တင္းမာမႈေတြ ေလ်ာ့ခ်ေရး၊ အာဆီယံရဲ႕ နည္းလမ္းနဲ႔ ျမန္မာ့ ျပည္တြင္း ျပန္လည္ ရင္ၾကားေစ႔ေရး အတြက္ အာဆီယံဘက္က ထဲထဲ၀င္ ပါ၀င္ေဆာင္ရြက္မႈကို ေထာက္ခံ အားေပးဖို႔” ၀န္ႀကီး Wang Yi ရဲ႕ ေျပာဆိုခ်က္ကို စကားျပန္က တဆင့္ ေျပာခဲ႔တာပါ။

ျမန္မာ စစ္တပ္ အာဏာသိမ္းမႈကို တရုတ္က ေထာက္ခံေနတယ္ဆိုၿပီး ဆႏၵျပ ျပည္သူေတြက ဆန္႔က်င္ ဆႏၵျပေနၿပီး တရုတ္ကေတာ့ ျငင္းဆိုပါတယ္။ ဒါေပမယ့္လည္း ျမန္မာ့ စစ္တပ္ အာဏာသိမ္းတာကိုေတာ့ တရား၀င္ ကန္႔ကြက္ ရႈတ္ခ်တာ မရွိပါဘူး။ ျမန္မာ စစ္တပ္ အာဏာသိမ္းတာကို တရုတ္ဘက္က ပြင့္ပြင့္လင္းလင္း ရႈတ္ခ်ဖို႔ အေမရိကန္ အစိုးရဘက္ကလည္း တိုက္တြန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာ့အရေး အာဆီယံ ဆွေးနွေးပွဲ ရလဒ်ကို လုံခြုံရေး ကောင်စီက မျှော်လင့်စောင့်စား

(Unicode)

မြန်မာ့ စစ်အာဏာသိမ်းမှု အရေး အာဆီယံ ဆွေးနွေးပွဲ ရလဒ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အားတက်သရော စောင့်စားနေကြောင်း အမေရိကန်ဘက်က ပြောဆိုလိုက်ပြီး တရုတ်ကတော့ မြန်မာ့ ပြည်တွင်း ပြန်လည် ရင်ကြားစေ့ရေးမှာ အာဆီယံရဲ့ နည်းလမ်းနဲ့ ဆောင်ရွက်မှုကို နိုင်ငံတကာက ပံ့ပိုးပေးဖို့ တိုက်တွန်းထားပါတယ်။

“ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို အရေးယူ ဆောင်ရွက်ရေး အတွက် နောက်ဆုံး တာဝန်ကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တာဝန်ရှိတာကြောင့် အထူးသဖြင့် ဒီလမှာတော့ ချက်ချင်း အာရုံစိုက်ပြီး အလေးအနက်ထားရမယ့် မြန်မာ့ ကိစ္စမှာ အာဆီယံ ဆွေးနွေးပွဲက ထွက်လာမယ့် ရလဒ်ကို လုံခြုံရေး ကောင်စီတွင်းမှာ စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်” လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ဧပြီလ ၁၉ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အွန်လိုင်း ဆွေးနွေးပွဲကို ဧပြီလ ၁၉ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ကျင်းပတာမှာ မြန်မာ့ အရေးကို ထည့်သွင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆွေးနွေးပွဲကို တရုတ် နိုင်ငံ အတိုင်ပင်ခံနဲ့ နိုင်ငံခြားရေး ဝန်ကြီး Wang Yi ကိုယ်တိုင် တက်ရောက်ပါတယ်။ မြန်မာ့ အရေး အာဆီယံ နည်းလမ်းနဲ့ ဖြေရှင်းတာကို နိုင်ငံတကာက ပံ့ပိုးပေးဖို့ ဝန်ကြီး Wang Yi က တရုတ်ဘာသာစကားနဲ့ ဆွေးနွေးတာကို စကားပြန်က အခုလို ပြန်လည် တင်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ တင်းမာမှုတွေ လျော့ချရေး၊ အာဆီယံရဲ့ နည်းလမ်းနဲ့ မြန်မာ့ ပြည်တွင်း ပြန်လည် ရင်ကြားစေ့ရေး အတွက် အာဆီယံဘက်က ထဲထဲဝင် ပါဝင်ဆောင်ရွက်မှုကို ထောက်ခံ အားပေးဖို့” ဝန်ကြီး Wang Yi ရဲ့ ပြောဆိုချက်ကို စကားပြန်က တဆင့် ပြောခဲ့တာပါ။

မြန်မာ စစ်တပ် အာဏာသိမ်းမှုကို တရုတ်က ထောက်ခံနေတယ်ဆိုပြီး ဆန္ဒပြ ပြည်သူတွေက ဆန့်ကျင် ဆန္ဒပြနေပြီး တရုတ်ကတော့ ငြင်းဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာ့ စစ်တပ် အာဏာသိမ်းတာကိုတော့ တရားဝင် ကန့်ကွက် ရှုတ်ချတာ မရှိပါဘူး။ မြန်မာ စစ်တပ် အာဏာသိမ်းတာကို တရုတ်ဘက်က ပွင့်ပွင့်လင်းလင်း ရှုတ်ချဖို့ အမေရိကန် အစိုးရဘက်ကလည်း တိုက်တွန်းထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG