သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ရပ်တန့်အောင် လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီနဲ့ အာဆီယံ ကို Ban Ki-moon တိုက်တွန်း


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ သွေးမြေကျသေဆုံးရတာတွေအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ပိုတိုးမလာစေဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ချက်ချင်း လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံလို ဒေသတွင်းနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တနင်္လာနေ့ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲမှာ အခုလို တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ နောက်ထပ်တိုးမလာအောင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးဖို့လည်း မစ္စတာဘန်က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေ မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း ပန်ကြားခဲ့ပါတယ်။

"အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ အခုကျင်းပတော့မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်မှုတွေနဲ့ ချက်ချင်းအရေးယူ ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ အနည်းဆုံးတော့ မြန်မာနိုင်ငံထဲကို သွားရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ စေလွှတ်ဖို့ သဘောတူသင့်ပါတယ်" လို့ ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ အရပ်သားတွေ အပေါ် ရက်ရက်စက်စက် အင်အားသုံးနှိမ်နင်းနေတာကိုရော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပြင် ထောင်နဲ့ချီတဲ့ ဆန္ဒပြ ပြည်သူတွေကို ဖမ်းဆီးထားတာကိုပါ ရှုတ်ချကြောင်း နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပြောနဲ့တင်မကပဲ တညီတညွတ်ထည်း လက်တွေ့ဆောင်ရွက်ပေးကြဖို့လည်း တနင်္လာနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ပန်ကြားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်း Ban Ki-moon ဟာThe Elders လို့ခေါ်တဲ့ နိုင်ငံတကာက ထင်ရှားတဲ့ခေါင်းဆောင်ဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင် တဦးဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ်တာဝန်ယူခဲ့စဉ်က မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းရေး အတွက် ကူညီခဲ့သူ တဦးလည်းဖြစ်ပါတယ်။


............

(Unicode)







XS
SM
MD
LG