သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ႏွိမ္နင္းမႈေၾကာင္႔ ေသဆံုးရသူေတြကို လန္ဒန္နဲ႔ တိုက်ိဳက ျမန္မာေတြ ေအာက္ေမ႔ဂုဏ္ျပဳ


ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕က Zojoji ဘုရားေက်ာင္းမွာ တနဂၤေႏြေန႔က ျပဳလုပ္တဲ့ ျမန္မာ့အေရးဆုေတာင္းပဲြမွာ သရုပ္ျပေနပံု

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ဖိႏွိပ္မႈေၾကာင့္ ေသဆုံး၊ ဒဏ္ရာရသူေတြ၊ ဖမ္းဆီးခံရသူေတြအတြက္ တနဂၤေႏြေန႔က လန္ဒန္မွာျပဳလုပ္တဲ့ ဂုဏ္ျပဳေအာင္းေမ့ဘြယ္ အသံတိတ္ခ်ီတက္ပြဲမွာ လူေပါင္း ဒါဇင္နဲ႔ ခ်ီပါဝင္ခဲ့သလို ဂ်ပန္၊ ျမန္မာ ဘုန္းေတာ္ႀကီးေတြ ဦးေဆာင္တဲ့ တိုက်ိဳဘုရားေက်ာင္း ဆုေတာင္းေမတၱာပို႔သတဲ့ပြဲမွာလည္း လူေပါင္းေထာင္ခ်ီ တက္ေရာက္ခဲ့ၾကပါတယ္။

မအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။

ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာ တနဂၤေႏြေန႔က ပါလီမန္ရင္ျပင္ကေန Battersea ပန္းျခံထိ ျပဳလုပ္ခဲ့တဲ့ A Silent March ဆိုတဲ့ အသံတိတ္ ခ်ီတက္ပြဲအစီအစဥ္နဲ႔ ပတ္သက္လို႔ CRPH supporter- UK မွာ ပါဝင္သူ မလြင္က အခုလို ဗြီအိုေအကို ရွင္းျပပါတယ္။

”မလြင္တို႔ ႀကိဳတင္စီစဥ္ထားတဲ့အခ်ိန္မွာ အစိုးရသစ္က မေၾကညာရေသးဘူး။ အဲဒီအခါက်ေတာ့ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီတိုက္ပဲြအတြင္း က်ဆံုးသြားတဲ့ သူရဲေကာင္းေတြ၊ အခုဆက္လက္တိုက္ပဲြ၀င္ေနတဲ့ သူရဲေကာင္းေတြအတြက္ ”A Silent March” အသံတိတ္ ခ်ီတက္ပဲြနဲ႔ ဆုေတာင္းပဲြ လုပ္ဖို႔ဆိုၿပီး စီစဥ္ လုပ္လိုက္တာပါ။ ဒါေပမဲ့ အခုဟာက အစိုးရသစ္လည္း ေၾကညာလိုက္တဲ့အခါက်ေတာ့ ဒီအစိုးရသစ္ကိုလည္း ေထာက္ခံေၾကာင္းျပသတဲ့အေနနဲ႔ ပိုစတာအသစ္ေတြနဲ႔ ခ်ီတက္ ဆုေတာင္းပဲြလုပ္ခဲ့တာပါ။”

ၿဗိတိန္ဘုရင္မ Elizabeth ရဲ႕ ၾကင္ယာေတာ္ မင္းသားႀကီး Philip ရဲ႕ဈာပန နာေရးအခ်ိန္ကာလ၊ ကိုဗစ္ ကပ္ေရာဂါ စည္းကမ္း သတ္မွတ္ခ်က္ေတြၾကားထဲက လန္ဒန္ၿမိဳ႕လည္ေကာင္မွာ အသံတိတ္ခ်ီတက္ပြဲကို ျပဳလုပ္ခဲ့ရတာျဖစ္တယ္လို႔လည္း မလြင္က ေျပာပါတယ္။ ဒါအျပင္ CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီက ဧၿပီလ (၁၆)ရက္ေန႔မွာ ဖြဲ႕စည္းလိုက္တဲ့ NUG အမ်ိဳးသားညီၫြတ္ေရး အစိုးရကို ၿဗိတိန္အပါအဝင္ ႏိုင္ငံတကာအစိုးရေတြ အျပည့္အဝေထာက္ခံတဲ့အထိ ဆက္လက္လႈပ္ရွားသြားဖို႔ရွိတယ္လို႔လည္း ေျပာပါတယ္။

အလားတူ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕က Zojoji ဘုရားေက်ာင္းမွာ တနဂၤေႏြေန႔က ျပဳလုပ္တဲ့ ဂ်ပန္၊ ျမန္မာ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးေတြစုေပါင္းဦးေဆာင္ၿပီး ျမန္မာစစ္တပ္အာဏာသိမ္းမႈေၾကာင့္ ေသဆုံးခဲ့သူေတြ၊ ဖမ္းဆီးႏွိပ္စက္ ညႇင္းပန္းခံရသူေတြအတြက္ ဆုေတာင္းေမတၱာ ပို႔သတဲ့ပြဲကို လူေပါင္း ေထာင္နဲ႔ခ်ီတက္ေရာက္ခဲ့ၾကပါတယ္။ ဒီပြဲမွာကိုယ္တိုင္ ပါဝင္ခဲ့တဲ့ ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားေတြထဲက ကိုေဌးလင္းေအာင္ကေန စစ္တပ္အၾကမ္းဖက္ ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ ေသဆုံးခဲ့သူေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ လာေရာက္ ဆုေတာင္းတာျဖစ္တယ္လို႔ ဂ်ပန္ဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

"ကြၽန္ေတာ္ဒီကိုလာခဲ့တာဟာ သူတို႔ (လူေတြ) ဟာအခ်ည္းႏွီးေသသြားၾကတာမဟုတ္ဘူးဆိုတာ ျပဖို႔ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာၿငိမ္းခ်မ္းေရးအတြက္ဆုေတာင္းဖို႔ျဖစ္တယ္။”

မမိုးသူဇာေက်ာ္ကလည္း ျပည္ပေရာက္ ျမန္မာေတြဟာ ျပည္တြင္းမွာ လႈပ္ရွားသူေတြနဲ႔ ထပ္တူရွိေနတယ္လို႔ဆိုပါတယ္။

”ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးကို ျမန္ျမန္ဆန္ဆန္နဲ႔ ျပန္လည္ထူေထာင္ႏိုင္မယ္လို႔ က်မယုံၾကည္ပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္သူေတြကို က်မေျပာခ်င္တာ အခ်ိန္နည္းနည္းေလာက္ ဆက္ၿပီးေတာင့္ခံေပးထားၾကပါတယ္။ က်မတို႔အားလုံးလည္း ဒီကေန အျပင္းအထန္ႀကိဳးစားလုပ္ေဆာင္ေနပါတယ္။”

တိုက်ိဳၿမိဳ႕လည္ေကာင္က အဲဒီဘုေရာင္းေက်ာင္းမွာျပဳလုပ္တဲ့ ဆုေတာင္းေမတၱာပို႔သတဲ့ပြဲကိုဘုရားေက်ာင္းဝင္း ရင္ျပင္အျပည့္ လူေပါင္း ၁၀၀၀ ေက်ာ္ပါဝင္ခဲ့ၾကတယ္လို႔ တာဝန္ယူစီစဥ္တဲ့ Japan Myanmar Friendship Association က ႐ိုက္တာသတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။

ဒီအေတာအတြင္း အေမရိကန္ျပည္ေထာင္စုကို ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ေရာက္ရွိလာခဲ့တဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga ဟာ ေသာၾကာေန႔ ဧၿပီလ (၁၆)ရက္ေန႔က သမၼတ Joe Biden နဲ႔ ပထမဆုံးအႀကိမ္ လူပုဂၢိဳလ္ခ်င္း ေတြ႕ဆုံမႈအၿပီး ဂ်ပန္၊ အေမရိကန္ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ရာမွာ ႏွစ္ႏိုင္ငံလုံးက ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကို ရႈံ႕ခ်ထားၿပီး ဒီမိုကေရစီစနစ္ကို အလ်င္အျမန္ျပန္လည္ေဖၚေဆာင္ဖို႔ တိုက္တြန္းေၾကာင္း ေဖၚျပထားပါတယ္။ ဒါေပမဲ့လည္း ဂ်ပန္အေနနဲ႔ အေမရိကန္နဲ႔ အျခားႏိုင္ငံေတြနဲ႔ မတူတာက ျမန္မာနဲ႔ ဆက္ဆံေရးမွာ မဟာဗ်ဴဟာေျမာက္အေရးပါမႈနဲ႔ တိုင္းျပည္ခ်င္း ဆက္ႏႊယ္မႈေတြရွိေနတဲ့အတြက္ ပိတ္ဆို႔အေရးယူဖို႔ ကိစၥမွာ ပိုၿပီးသတိထားတာေတြ႕ရပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း (ေအေအပီပီ) ရဲ႕ ေနာက္ဆုံး စာရင္းထုတ္ျပန္ခ်က္အရ အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ လႈပ္ရွားမႈေတြကို ရပ္တန႔္ဖို႔ ျမန္မာစစ္တပ္နဲ႔ လုံၿခဳံေရးတပ္ေတြရဲ႕ ပစ္ခတ္ႏွိမ္နင္းမွႈေၾကာင့္ ေသဆုံးခဲ့တဲ့ လူေပါင္း ၇၃၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

[ Unicode ]

အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးရသူတွေကို လန်ဒန်နဲ့ တိုကျိုက မြန်မာတွေ အောက်မေ့ဂုဏ်ပြု

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံရသူတွေအတွက် တနင်္ဂနွေနေ့က လန်ဒန်မှာပြုလုပ်တဲ့ ဂုဏ်ပြုအောင်းမေ့ဘွယ် အသံတိတ်ချီတက်ပွဲမှာ လူပေါင်း ဒါဇင်နဲ့ ချီပါဝင်ခဲ့သလို ဂျပန်၊ မြန်မာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ တိုကျိုဘုရားကျောင်း ဆုတောင်းမေတ္တာပို့သတဲ့ပွဲမှာလည်း လူပေါင်းထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။

မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ တနင်္ဂနွေနေ့က ပါလီမန်ရင်ပြင်ကနေ Battersea ပန်းခြံထိ ပြုလုပ်ခဲ့တဲ့ A Silent March ဆိုတဲ့ အသံတိတ် ချီတက်ပွဲအစီအစဉ်နဲ့ ပတ်သက်လို့ CRPH supporter- UK မှာ ပါဝင်သူ မလွင်က အခုလို ဗွီအိုအေကို ရှင်းပြပါတယ်။”မလွင်တို့ ကြိုတင်စီစဉ်ထားတဲ့အချိန်မှာ အစိုးရသစ်က မကြေညာရသေးဘူး။ အဲဒီအခါကျတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေ၊ အခုဆက်လက်တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေအတွက် ”A Silent March” အသံတိတ် ချီတက်ပွဲနဲ့ ဆုတောင်းပွဲ လုပ်ဖို့ဆိုပြီး စီစဉ် လုပ်လိုက်တာပါ။ ဒါပေမဲ့ အခုဟာက အစိုးရသစ်လည်း ကြေညာလိုက်တဲ့အခါကျတော့ ဒီအစိုးရသစ်ကိုလည်း ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ပိုစတာအသစ်တွေနဲ့ ချီတက် ဆုတောင်းပွဲလုပ်ခဲ့တာပါ။”

ဗြိတိန်ဘုရင်မ Elizabeth ရဲ့ ကြင်ယာတော် မင်းသားကြီး Philip ရဲ့ဈာပန နာရေးအချိန်ကာလ၊ ကိုဗစ် ကပ်ရောဂါ စည်းကမ်း သတ်မှတ်ချက်တွေကြားထဲက လန်ဒန်မြို့လည်ကောင်မှာ အသံတိတ်ချီတက်ပွဲကို ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့လည်း မလွင်က ပြောပါတယ်။ ဒါအပြင် CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဧပြီလ (၁၆)ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကို ဗြိတိန်အပါအဝင် နိုင်ငံတကာအစိုးရတွေ အပြည့်အဝထောက်ခံတဲ့အထိ ဆက်လက်လှုပ်ရှားသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။

အလားတူ ဂျပန်နိုင်ငံ တိုကျိုမြို့က Zojoji ဘုရားကျောင်းမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ဂျပန်၊ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေစုပေါင်းဦးဆောင်ပြီး မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် သေဆုံးခဲ့သူတွေ၊ ဖမ်းဆီးနှိပ်စက် ညှင်းပန်းခံရသူတွေအတွက် ဆုတောင်းမေတ္တာ ပို့သတဲ့ပွဲကို လူပေါင်း ထောင်နဲ့ချီတက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာကိုယ်တိုင် ပါဝင်ခဲ့တဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေထဲက ကိုဌေးလင်းအောင်ကနေ စစ်တပ်အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ငြိမ်းချမ်းရေးအတွက် လာရောက် ဆုတောင်းတာဖြစ်တယ်လို့ ဂျပန်ဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ကျွန်တော်ဒီကိုလာခဲ့တာဟာ သူတို့ (လူတွေ) ဟာအချည်းနှီးသေသွားကြတာမဟုတ်ဘူးဆိုတာ ပြဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးအတွက်ဆုတောင်းဖို့ဖြစ်တယ်။”

မမိုးသူဇာကျော်ကလည်း ပြည်ပရောက် မြန်မာတွေဟာ ပြည်တွင်းမှာ လှုပ်ရှားသူတွေနဲ့ ထပ်တူရှိနေတယ်လို့ဆိုပါတယ်။

”မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ထူထောင်နိုင်မယ်လို့ ကျမယုံကြည်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကို ကျမပြောချင်တာ အချိန်နည်းနည်းလောက် ဆက်ပြီးတောင့်ခံပေးထားကြပါတယ်။ ကျမတို့အားလုံးလည်း ဒီကနေ အပြင်းအထန်ကြိုးစားလုပ်ဆောင်နေပါတယ်။”

တိုကျိုမြို့လည်ကောင်က အဲဒီဘုရောင်းကျောင်းမှာပြုလုပ်တဲ့ ဆုတောင်းမေတ္တာပို့သတဲ့ပွဲကိုဘုရားကျောင်းဝင်း ရင်ပြင်အပြည့် လူပေါင်း ၁၀၀၀ ကျော်ပါဝင်ခဲ့ကြတယ်လို့ တာဝန်ယူစီစဉ်တဲ့ Japan Myanmar Friendship Association က ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိလာခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga ဟာ သောကြာနေ့ ဧပြီလ (၁၆)ရက်နေ့က သမ္မတ Joe Biden နဲ့ ပထမဆုံးအကြိမ် လူပုဂ္ဂိုလ်ချင်း တွေ့ဆုံမှုအပြီး ဂျပန်၊ အမေရိကန် ပူးတွဲကြေညာချက် ထုတ်ပြန်ရာမှာ နှစ်နိုင်ငံလုံးက မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုံ့ချထားပြီး ဒီမိုကရေစီစနစ်ကို အလျင်အမြန်ပြန်လည်ဖေါ်ဆောင်ဖို့ တိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။ ဒါပေမဲ့လည်း ဂျပန်အနေနဲ့ အမေရိကန်နဲ့ အခြားနိုင်ငံတွေနဲ့ မတူတာက မြန်မာနဲ့ ဆက်ဆံရေးမှာ မဟာဗျူဟာမြောက်အရေးပါမှုနဲ့ တိုင်းပြည်ချင်း ဆက်နွှယ်မှုတွေရှိနေတဲ့အတွက် ပိတ်ဆို့အရေးယူဖို့ ကိစ္စမှာ ပိုပြီးသတိထားတာတွေ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ နောက်ဆုံး စာရင်းထုတ်ပြန်ချက်အရ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှှုကြောင့် သေဆုံးခဲ့တဲ့ လူပေါင်း ၇၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG