(Zawgyi/Unicode)
ျမန္မာစစ္တပ္က သူ႔လုပ္ရပ္ေတြ ဖုံးကြယ္ဖို႔ သတင္းေထာက္ေတြကို ဖိႏွိပ္တာ၊ ႏုိင္ငံတ၀ွမ္းသတင္းေတြမျဖန္႔ႏုိင္ေအာင္ အင္တာနက္လိုင္းေတြျဖတ္ပစ္တာေတြလုပ္ေနေပမယ့္ ထိေရာက္မႈလည္းမရွိသလို စစ္တပ္ရဲ ႔ ၀ါဒျဖန္႔ေျပာဆိုမႈေတြကိုလည္း ကမၻာက မယုံၾကဘူးလို႔ ျမန္မာ့လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢအရာရွိက ေျပာပါတယ္။
ျမန္မာ ျပည္တြင္းကျဖစ္ပ်က္ေနတဲ့ အေျခအေနမွန္ေတြကို ျပင္ပကမၻာက မျမင္ႏုိင္ေအာင္ စစ္တပ္က ပိုၿပီး ႀကိဳးပမ္းလုပ္ေဆာင္လာတာကို အထင္အရွားေတြ႔ျမင္ေနရတယ္လို႔ ကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews က ကုလသမဂၢသတင္းဌာန UN News နဲ႔ ေတြ႔ဆုံေမးျမန္းခန္းမွာ ေျပာဆိုခဲ့တာပါ။ ျမန္မာစစ္တပ္က လုပ္ဇာတ္ေတြခင္းျပေနတယ္လို႔လည္း Mr Andrews ရဲ ႔ေျပာဆိုခ်က္ေတြကို ကုလသတင္းစာမ်က္ႏွာမွာ ဧၿပီလ ၁၆ ရက္ေန႔က ေဖာ္ျပထားပါတယ္။
ျပည္ပကို သတင္းေတြမေပါက္ၾကားေအာင္ ဟန္႔တားထားတဲ့ၾကားက စစ္တပ္ရဲ ႔႔ အၾကမ္းဖက္ႏွိမ္ႏွင္းတဲ႔လုပ္ရပ္ေတြ ပိုဆိုးလာေနတာကို ျပင္ပကမၻာက ေတြ႔ျမင္ေနရၿပီး လက္နက္မဲ့ဆႏၵျပသူေတြက ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနၾကတဲ့ တကယ့္အျဖစ္မွန္ေတြကို ျမင္ေနရတယ္လို႔လည္း ကုလအထူးကိုယ္စားလွယ္ကေျပာပါတယ္။
တုိင္းျပည္ေခါင္းေဆာင္ေတြကို တရားမ၀င္ဖမ္းဆီးထိန္းသိမ္းတာ၊ အာဏာသိမ္းထားတာနဲ႔ သူတို႔ကိုယ္တုိင္ေရးဆြဲထားတဲ့ အေျခခံဥပေဒကိုခ်ိဳးေဖာက္ၿပီး အာဏာသိမ္းခဲ့တဲ့အခ်ိန္ကစလု႔ိ ျပည္သူလူထုကို ႏွိမ္စက္ညွဥ္းပန္းေနတာေၾကာင့္ စစ္တပ္လို႔ေခၚရမွာထက္ ရာဇ၀တ္မႈက်ဳးလြန္ေနတဲ့ အဖြဲ႔အစည္းႀကီး နဲ႔ပိုတူလာေနၿပီလို႔လည္း မစၥတာ Andrews ကေျပာဆိုသြားပါတယ္။ အၾကမ္းဖက္မႈေတြပိုလုပ္လာတဲ့စစ္တပ္က အေျခပ်က္လာေနၿပီး ႏုိင္ငံတကာကအလယ္မွာလည္း ျမန္မာစစ္တပ္ကို တရား၀င္မဟုတ္တဲ့ အဖြဲ႔အျဖစ္ရႈျမင္လာေနၾကၿပီလို႔ ကုလသမဂၢအထူးကုိယ္စားလွယ္ Tom Andrews ကေျပာဆိုပါတယ္။
စစ္အာဏာသိမ္းမႈမွာတာ၀န္ရွိတဲ့ စစ္ဗိုလ္ခ်ဳပ္ေတြ၊ စစ္တပ္နဲ႔ ဆက္စပ္ေနတဲ့စီးပြားေရးလုပ္ငန္းေတြကို ဥေရာပသမဂၢ EU၊ ၿဗိတိန္၊ အေမရိကန္နဲ႔ကေနဒါတို႔လို႔ႏုိင္ငံေတြက ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ထားတာပါ။ ဒဏ္ခတ္ပိ္တ္ဆို႔မႈေတြက သူတို႔အေပၚထိေရာက္မႈမရွိဘူးလို႔ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြက အရင္တုန္းက ေျပာဆိုခဲ့ေပမယ့္ ဒါမမွန္ဘူးလို႔လည္း မစၥတာ Andrews ကေျပာပါတယ္။ ျမန္မာအေပၚ ထိေရာက္စြာ ဒဏ္ခတ္ခ်င္တဲ့ႏုိင္ငံေတြအားလုံး ပူးေပါင္း ျပစ္ဒဏ္ခ်မွတ္ဖို႔လည္း မစၥတာ Andrews ကတုိက္တြန္းသြားပါတယ္။
.............
မြန်မာစစ်တပ်ရဲ့ မီဒီယာဖိနှိပ်မှု ထိရောက်မှုမရှိ (ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်)
(Unicode)
မြန်မာစစ်တပ်က သူ့လုပ်ရပ်တွေ ဖုံးကွယ်ဖို့ သတင်းထောက်တွေကို ဖိနှိပ်တာ၊ နိုင်ငံတဝှမ်းသတင်းတွေမဖြန့်နိုင်အောင် အင်တာနက်လိုင်းတွေဖြတ်ပစ်တာတွေလုပ်နေပေမယ့် ထိရောက်မှုလည်းမရှိသလို စစ်တပ်ရဲ့ ဝါဒဖြန့်ပြောဆိုမှုတွေကိုလည်း ကမ္ဘာက မယုံကြဘူးလို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအရာရှိက ပြောပါတယ်။
မြန်မာ ပြည်တွင်းကဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို ပြင်ပကမ္ဘာက မမြင်နိုင်အောင် စစ်တပ်က ပိုပြီး ကြိုးပမ်းလုပ်ဆောင်လာတာကို အထင်အရှားတွေ့မြင်နေရတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂသတင်းဌာန UN News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်က လုပ်ဇာတ်တွေခင်းပြနေတယ်လို့လည်း Mr Andrews ရဲ့ပြောဆိုချက်တွေကို ကုလသတင်းစာမျက်နှာမှာ ဧပြီလ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။
ပြည်ပကို သတင်းတွေမပေါက်ကြားအောင် ဟန့်တားထားတဲ့ကြားက စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နှင်းတဲ့လုပ်ရပ်တွေ ပိုဆိုးလာနေတာကို ပြင်ပကမ္ဘာက တွေ့မြင်နေရပြီး လက်နက်မဲ့ဆန္ဒပြသူတွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတဲ့ တကယ့်အဖြစ်မှန်တွေကို မြင်နေရတယ်လို့လည်း ကုလအထူးကိုယ်စားလှယ်ကပြောပါတယ်။
တိုင်းပြည်ခေါင်းဆောင်တွေကို တရားမဝင်ဖမ်းဆီးထိန်းသိမ်းတာ၊ အာဏာသိမ်းထားတာနဲ့ သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုချိုးဖောက်ပြီး အာဏာသိမ်းခဲ့တဲ့အချိန်ကစလု့ိ ပြည်သူလူထုကို နှိမ်စက်ညှဉ်းပန်းနေတာကြောင့် စစ်တပ်လို့ခေါ်ရမှာထက် ရာဇဝတ်မှုကျုးလွန်နေတဲ့ အဖွဲ့အစည်းကြီး နဲ့ပိုတူလာနေပြီလို့လည်း မစ္စတာ Andrews ကပြောဆိုသွားပါတယ်။ အကြမ်းဖက်မှုတွေပိုလုပ်လာတဲ့စစ်တပ်က အခြေပျက်လာနေပြီး နိုင်ငံတကာကအလယ်မှာလည်း မြန်မာစစ်တပ်ကို တရားဝင်မဟုတ်တဲ့ အဖွဲ့အဖြစ်ရှုမြင်လာနေကြပြီလို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews ကပြောဆိုပါတယ်။
စစ်အာဏာသိမ်းမှုမှာတာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်နဲ့ ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကို ဥရောပသမဂ္ဂ EU၊ ဗြိတိန်၊ အမေရိကန်နဲ့ကနေဒါတို့လို့နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာပါ။ ဒဏ်ခတ်ပိတ်ဆို့မှုတွေက သူတို့အပေါ်ထိရောက်မှုမရှိဘူးလို့ မြန်မာစစ်ဗိုလ်ချုပ်တွေက အရင်တုန်းက ပြောဆိုခဲ့ပေမယ့် ဒါမမှန်ဘူးလို့လည်း မစ္စတာ Andrews ကပြောပါတယ်။ မြန်မာအပေါ် ထိရောက်စွာ ဒဏ်ခတ်ချင်တဲ့နိုင်ငံတွေအားလုံး ပူးပေါင်း ပြစ်ဒဏ်ချမှတ်ဖို့လည်း မစ္စတာ Andrews ကတိုက်တွန်းသွားပါတယ်။