သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူကို မထိခိုက္ေစတဲ႔နည္းနဲ႔ ျမန္မာႏိုင္ငံကို အေရးယူသင္႔ - ကုလကိုယ္စားလွယ္ Tom Andrews


ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ Tom Andrews

(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေန နဲ႔ ပတ္သက္ၿပီး လံုျခံဳေရးေကာင္စီက အေရးယူႏိုင္ဖို႔ အခက္အခဲရွိတယ္လို႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ Tom Andrews က ဗီြအိုေအကိုေျပာပါတယ္။ အေရးယူမႈေတြ ခ်မွတ္ေဆာင္ရြက္ရင္လဲ ျမန္မာျပည္သူေတြကို မထိခိုက္ေစဖို႔ လိုတယ္ လို႔လည္းသူကေျပာပါတယ္။ မအင္ၾကင္းႏုိင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ အခု လံုၿခံဳေရးေကာင္စီမွာ ျမန္မာ့အေရး တံခါးပိတ္ေဆြးေႏြးေနၾကပါတယ္။ ဒီေဆြးေႏြးပဲြရလာဒ္နဲ႔ ပတ္သက္လို႔ အခု Tom Andrews ကိုဆက္သြယ္ေမးျမန္းခ်ိန္အထိ မသိရေသးေပမယ့္ ဒီေဆြးေႏြးပဲြအေပၚမွာ ဘယ္ေလာက္ထိေမွ်ာ္လင့္ထားသလဲရွင့္။

Tom Andrews။ ။ အခု လုံၿခဳံေရးေကာင္စီအစည္းအေဝးမွာ ျမန္မာႏိုင္ငံရဲ႕ ေနာက္ဆုံးအေျခအေနေတြကို အစီရင္ခံတင္ျပေဆြးေႏြးတာေလာက္ပဲ လုပ္တာမဟုတ္ဘူးလို႔ က်ေနာ္ေမွ်ာ္လင့္ပါတယ္။ အထူးသျဖင့္ ေနာက္ဆုံးအႀကိမ္ လုံၿခဳံေရးေကာင္စီမွာ ေဆြးေႏြးၿပီးကတည္းကႏိုင္ငံတြင္းဘာေတြျဖစ္ေနလဲဆိုတဲ့ သတင္း အခ်က္အလက္ေတြကိုၾကည့္ရင္ တကယ့္ကို ေၾကာက္မက္ဖြယ္၊ေၾကကြဲဖြယ္ရာ ေျပာမျပႏိုင္ေလာက္ေအာင္းကိုျဖစ္ရပါတယ္။ ဒါေၾကာင့္ ဒီသီတင္းေတြကို သူတို႔အစည္းအေဝးမွာ တင္ျပၿပီး လုံၿခဳံေရးေကာင္စီအေနနဲ႔ အေရးယူဖို႔ ေဆြးေႏြးၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ က်ေနာ့္ေမွ်ာ္လင့္တာကေတာ့ ဒီကေန႔ ေဆြးေႏြးပြဲမွာေတာ့ အေရးယူေဆာင္႐ြက္တာမ်ိဳး လုပ္ဖို႔ရွိမွာေတာ့ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုရင္ အဲဒီလို အေရးယူဖို႔ဆိုရင္ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ အားလုံး သိသိသာသာ စည္းလုံးမႈေတြရွိရပါလိမ့္မယ္။ အဲဒီလိုမ်ိဳးျဖစ္ဖို႔ဆိုတာကလည္း အလြန္ခက္ခဲပါတယ္။

ဒါေပမဲ့လည္း အေရးယူဖို႔ လိုအပ္ေနတာပါ။ ကုလသမဂၢအေနနဲ႔ အေျခခံအားျဖင့္ တာဝန္ရွိေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနဟာ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ညီညီၫြတ္ၫြတ္နဲ႔ ဆုံးျဖတ္ အေရးယူေဆာင္႐ြက္ဖို႔လိုအပ္ေနတယ္လို႔ ေတာင္းဆိုေနေၾကာင္း ကုလအတြင္းေရးမႉးခ်ဳပ္က ေျပာထားပါတယ္။အဲဒီအတိုင္း ေဆာင္႐ြက္ဖို႔ ဆိုရင္ အေသခ်ာဆုံးနဲ႔ အေကာင္းဆုံးနည္းလမ္းကေတာ့ လုံၿခဳံေရးေကာင္စီမွာပဲရွိေနတာပါ။ ဒါေၾကာင့္ လက္ေတြ႕အေရးယူေဆာင္႐ြက္ဖို႔ လိုအပ္ေနၿပီး လုံၿခဳံေရးေကာင္စီအေနနဲ႔လုပ္ေဆာင္လိမ့္မယ္လို႔ က်ေနာ္ေမွ်ာ္လင့္ပါတယ္။

အင္ၾကင္းႏိုင္။။ တဖက္မွာေတာ့ ျမန္မာႏိုင္ငံမွာ လက္နက္မဲ့ျပည္သူေတြကို စစ္ေကာင္စီက အျပင္းအထန္ဖိႏွိပ္ေနတဲ့အေျခအေနကို ရပ္တန္႔ဖို႔ ကုလသမဂၢအေနနဲ႔ R2P နည္းလမ္းနဲ႔ ၀င္လာဖို႔ ျမန္မာျပည္သူေတြ ေတာင္းဆိုေနတာေတြ႕ရပါတယ္။ ေမွ်ာ္လင့္ခ်က္ေတြလည္းရွိေနတယ္။ ဒီနည္းလမ္းက ဘယ္ေလာက္ျဖစ္ႏိုင္ေျခရွိပါသလဲ။

Tom Andrews။ ။ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ကာကြယ္ဖို႔ တာဝန္ရွိတယ္ဆိုတာကေတာ့ ရွင္းပါတယ္။ လူ႔အခြင့္အေရးဆိုင္ရာ ေကာ္မရွင္နာမင္းႀကီးအေနနဲ႔လည္း ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ေၾကညာခ်က္ထုတ္ျပန္ထားတဲ့အထဲမွာ တာဝန္ရွိေနတယ္ဆိုတဲ့အခ်က္ကို ထည့္သြင္းထားပါတယ္။ R2P ျပဌာန္းခ်က္ရဲ႕ေအာက္မွာ ႏိုင္ငံတႏိုင္ငံဟာ မိမိရဲ႕ ျပည္သူေတြကို အကာအကြယ္မေပးႏိုင္ပါက၊ ဒါမွမဟုတ္ ျပည္သူေတြကို ရက္ရက္စက္စက္ ဖိႏွိပ္မႈေတြကေန ကာကြယ္မေပးႏိုင္ပါက ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ဝင္ေရာက္ ေဆာင္႐ြက္ဖို႔ တာဝန္ရွိပါတယ္။ ဒီေတာ့ ဒီအေျခအေနေတြဟာ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတယ္ဆိုတာ ရွင္းပါတယ္။

ဒါေပမဲ့ ေမးစရာေမးခြန္းက ဘယ္လိုလုပ္မွာလဲ။ က်ေနာ္ယုံၾကည္တာကေတာ့ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ စစ္အုပ္စုအေပၚမွာ အႀကီးမားဆုံး အထိေရာက္ဆံုးရွိေစမယ့္ နည္းလမ္းနဲ႔ရွင္းရွင္းလင္းလင္းျပတ္ျပတ္သာသား အေရးယူေဆာင္႐ြက္သင့္ပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ ဆက္လက္ျဖစ္ေပၚေနတဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြရပ္တန္႔ဖို႔ျဖစ္ပါတယ္။ အျခားတဖက္မွာေတာ့ ဒီလိုအေရးယူေဆာင္ရြက္မႈေတြဟာ ျမန္မာျပည္သူေတြကို မထိခိုက္ဖို႔လိုပါတယ္။

ဒါေၾကာင့္ စစ္အုပ္စုကို အျပင္းထန္ဆံုးထိေရာက္မႈရွိေစၿပီး ျမန္မာျပည္သူေတြအေပၚ အနည္းဆံုးသက္ေရာက္မႈရွိေစတဲ့ နည္းလမ္းျဖစ္ဖို႔လိုပါတယ္။ ဒါေၾကာင့္ ဒီရည္မွန္းခ်က္ႏွစ္ခုလံုးကိုရႏုိင္မယ့္ အဆိုျပဳခ်က္ေတြ၊ ေရြးခ်ယ္စရာနည္းလမ္းေတြကို က်ေနာ္တို႔ စဥ္းစားသင့္ပါတယ္။ ၀ိုင္းရံပိတ္ဆို႔ခံထားရတဲ့ ျပည္သူေတြကို ကာကြယ္ဖို႔ က်ေနာ္တို႔ ႏိုင္ငံတကာအသိုင္းအ၀ိုင္းမွာ တာ၀န္ရွိၿပီး အေျခခံက်တဲ့ တာ၀န္တခုအေနနဲ႔ ေဆာင္ရြက္ဖို႔လိုတယ္လို႔ က်ေနာ္ျမင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ကုလအထူးကိုယ္စားလွယ္ Tom Andrews နဲ႔ ဆက္သြယ္ေမးျမန္းခ်က္
please wait

No media source currently available

0:00 0:07:06 0:00

...........

ပြည်သူကို မထိခိုက်စေတဲ့နည်းနဲ့ မြန်မာနိုင်ငံကို အရေးယူသင့် (ကုလကိုယ်စားလှယ် Toms Andrews)

(Unicode)

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက အရေးယူနိုင်ဖို့ အခက်အခဲရှိတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေကိုပြောပါတယ်။ အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ရင်လဲ မြန်မာပြည်သူတွေကို မထိခိုက်စေဖို့ လိုတယ် လို့လည်းသူကပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အခု လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးနေကြပါတယ်။ ဒီဆွေးနွေးပွဲရလာဒ်နဲ့ ပတ်သက်လို့ အခု Tom Andrews ကိုဆက်သွယ်မေးမြန်းချိန်အထိ မသိရသေးပေမယ့် ဒီဆွေးနွေးပွဲအပေါ်မှာ ဘယ်လောက်ထိမျှော်လင့်ထားသလဲရှင့်။

Tom Andrews။ ။ အခု လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို အစီရင်ခံတင်ပြဆွေးနွေးတာလောက်ပဲ လုပ်တာမဟုတ်ဘူးလို့ ကျနော်မျှော်လင့်ပါတယ်။ အထူးသဖြင့် နောက်ဆုံးအကြိမ် လုံခြုံရေးကောင်စီမှာ ဆွေးနွေးပြီးကတည်းကနိုင်ငံတွင်းဘာတွေဖြစ်နေလဲဆိုတဲ့ သတင်း အချက်အလက်တွေကိုကြည့်ရင် တကယ့်ကို ကြောက်မက်ဖွယ်၊ကြေကွဲဖွယ်ရာ ပြောမပြနိုင်လောက်အောင်းကိုဖြစ်ရပါတယ်။ ဒါကြောင့် ဒီသီတင်းတွေကို သူတို့အစည်းအဝေးမှာ တင်ပြပြီး လုံခြုံရေးကောင်စီအနေနဲ့ အရေးယူဖို့ ဆွေးနွေးကြမယ်လို့ မျှော်လင့်ပါတယ်။ ကျနော့်မျှော်လင့်တာကတော့ ဒီကနေ့ ဆွေးနွေးပွဲမှာတော့ အရေးယူဆောင်ရွက်တာမျိုး လုပ်ဖို့ရှိမှာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် အဲဒီလို အရေးယူဖို့ဆိုရင် လုံခြုံရေးကောင်စီအဖွဲ့ဝင် အားလုံး သိသိသာသာ စည်းလုံးမှုတွေရှိရပါလိမ့်မယ်။ အဲဒီလိုမျိုးဖြစ်ဖို့ဆိုတာကလည်း အလွန်ခက်ခဲပါတယ်။

ဒါပေမဲ့လည်း အရေးယူဖို့ လိုအပ်နေတာပါ။ ကုလသမဂ္ဂအနေနဲ့ အခြေခံအားဖြင့် တာဝန်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ် အရေးယူဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ တောင်းဆိုနေကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြောထားပါတယ်။အဲဒီအတိုင်း ဆောင်ရွက်ဖို့ ဆိုရင် အသေချာဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကတော့ လုံခြုံရေးကောင်စီမှာပဲရှိနေတာပါ။ ဒါကြောင့် လက်တွေ့အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပြီး လုံခြုံရေးကောင်စီအနေနဲ့လုပ်ဆောင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။

အင်ကြင်းနိုင်။။ တဖက်မှာတော့ မြန်မာနိုင်ငံမှာ လက်နက်မဲ့ပြည်သူတွေကို စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေတဲ့အခြေအနေကို ရပ်တန့်ဖို့ ကုလသမဂ္ဂအနေနဲ့ R2P နည်းလမ်းနဲ့ ဝင်လာဖို့ မြန်မာပြည်သူတွေ တောင်းဆိုနေတာတွေ့ရပါတယ်။ မျှော်လင့်ချက်တွေလည်းရှိနေတယ်။ ဒီနည်းလမ်းက ဘယ်လောက်ဖြစ်နိုင်ခြေရှိပါသလဲ။

Tom Andrews။ ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတာကတော့ ရှင်းပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးအနေနဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကြေညာချက်ထုတ်ပြန်ထားတဲ့အထဲမှာ တာဝန်ရှိနေတယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားပါတယ်။ R2P ပြဌာန်းချက်ရဲ့အောက်မှာ နိုင်ငံတနိုင်ငံဟာ မိမိရဲ့ ပြည်သူတွေကို အကာအကွယ်မပေးနိုင်ပါက၊ ဒါမှမဟုတ် ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်မှုတွေကနေ ကာကွယ်မပေးနိုင်ပါက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ဝင်ရောက် ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ ဒီတော့ ဒီအခြေအနေတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတယ်ဆိုတာ ရှင်းပါတယ်။

ဒါပေမဲ့ မေးစရာမေးခွန်းက ဘယ်လိုလုပ်မှာလဲ။ ကျနော်ယုံကြည်တာကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုအပေါ်မှာ အကြီးမားဆုံး အထိရောက်ဆုံးရှိစေမယ့် နည်းလမ်းနဲ့ရှင်းရှင်းလင်းလင်းပြတ်ပြတ်သာသား အရေးယူဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရပ်တန့်ဖို့ဖြစ်ပါတယ်။ အခြားတဖက်မှာတော့ ဒီလိုအရေးယူဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေကို မထိခိုက်ဖို့လိုပါတယ်။

ဒါကြောင့် စစ်အုပ်စုကို အပြင်းထန်ဆုံးထိရောက်မှုရှိစေပြီး မြန်မာပြည်သူတွေအပေါ် အနည်းဆုံးသက်ရောက်မှုရှိစေတဲ့ နည်းလမ်းဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီရည်မှန်းချက်နှစ်ခုလုံးကိုရနိုင်မယ့် အဆိုပြုချက်တွေ၊ ရွေးချယ်စရာနည်းလမ်းတွေကို ကျနော်တို့ စဉ်းစားသင့်ပါတယ်။ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ကျနော်တို့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ရှိပြီး အခြေခံကျတဲ့ တာဝန်တခုအနေနဲ့ ဆောင်ရွက်ဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG