သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္ စမ္းေခ်ာင္းပိတ္ဆို႔ခံမႈ ႏိုင္ငံျခားသံရံုးတခ်ိဳ႕ စိုးရိမ္မႈ ထုတ္ျပန္


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ေတြ႔ရတဲ့ ရဲတပ္ဖဲြ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္ထဲက တခ်ဳိ႕ေနရာေတြမွာ လံုၿခံဳေရးေတြက လမ္းေတြ ပိတ္ဆို႔ထားတာေၾကာင့္ ေဒသခံေတြနဲ႔ အနီးအနားၿမိဳ႕နယ္ေတြက ျပည္သူေတြ လမ္းေတြျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။

စမ္းေခ်ာင္းလမ္းမႀကီးနဲ႔ အနားတဝိုက္ လံုျခံဳေရးေတြ ပိတ္ဆို႔ထားတဲ့အတြက္ အေျခအေနတင္းမာေနတဲ့ အေျခအေနကို အေမရိကန္သံရံုးက ထုတ္ျပန္ၿပီး အဲဒီမွာ ပိတ္မိေနသူေတြအားလံုး လံုျခံဳ ေဘးကင္းစြာ အိမ္ျပန္ႏိုင္ေရးအတြက္ လံုျခံဳေရးတပ္ေတြကို ႐ုပ္သိမ္းေပးပါလို႔ အေမရိကန္သံရံုးက Facebook စာမ်က္ႏွာေပၚကေန ေတာင္းဆိုပါတယ္။ စမ္းေခ်ာင္းနဲ႔ တျခားေနရာေတြမွာ လူငယ္ေတြ ပိတ္မိေနတဲ့ အေျခအေနကို အထူးစိုးရိမ္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ EU ဥေရာပသမဂၢသံရံုးကလည္း ထုတ္ျပန္ပါတယ္။ အဲဒီလူငယ္ေတြ ေဘးကင္းလံုျခံဳစြာ ေနအိမ္ေတြ ျပန္ႏိုင္ခြင့္ လံုျခံဳေရးတပ္ဘက္ကေပးဖို႔ EU သံရံုးကလည္း ထုတ္ျပန္ပါတယ္။

ရန္ကုန္ကေနဒါသံရံုးကလည္း စမ္းေခ်ာင္းဘက္က တင္းမာေနတဲ့ အေျခအေနေတြကို စိုးရိမ္စရာျဖစ္တယ္လို႔ေျပာပါတယ္။ အရပ္သားေတြနဲ႔ ဆႏၵျပသူေတြအေပၚ အင္အားသံုးတာ ဘယ္ေတာ့မွ လက္ခံႏိုင္စရာ မရွိဘူး။ လံုျခံဳေရးေတြအေနနဲ႔ အေျခအေနကို ထိန္းထိန္းသိမ္းသိမ္းလုပ္ဖို႔ လူေတြ ေဘးကင္းစြာျပန္ႏိုင္ေအာင္ လံုျခံဳေရးေတြ ႐ုပ္သိမ္းေပးဖို႔ ရန္ကုန္ ကေနဒါသံရံုးက ထုတ္ျပန္ေတာင္းဆိုပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢရံုးကလည္း စမ္းေခ်ာင္းဘက္က တင္းမာေနတဲ့ အေျခအေနေတြ ခ်က္ခ်င္းေလ်ာ့က်သြားေအာင္လုပ္ဖို႔ ေတာင္းဆိုပါတယ္။ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးသံတမန္ Tom Andrews ကလည္း ၿငိမ္းခ်မ္းစြာဆႏၵျပသူ ၂၀၀ ေလာက္စမ္းေခ်ာင္းဘက္မွာ ပိတ္မိေနတဲ့ သတင္းေတြ ရရွိတယ္လို႔ သူ႔ရဲ႕ Twitter ေပၚမွာ ေရးသားပါတယ္။ သူတို႔ကို အျမန္ဆံုး လႊတ္ေပးဖို႔ လိုအပ္တယ္။ ကိုယ့္အခြင့္အေရးကို သံုးၿပီး ဆႏၵျပသူေတြအေပၚ ေၾကာက္လန္႔ေအာင္လုပ္ေနတာ ခ်က္ခ်င္းရပ္ရမယ္လို႔ အထူးသံတမန္ Tom Andrews ကေရးထားပါတယ္။

[Unicode Version]

ရန်ကုန် စမ်းချောင်းပိတ်ဆို့ခံမှု နိုင်ငံခြားသံရုံးတချို့ စိုးရိမ်မှု ထုတ်ပြန်

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲက တချို့နေရာတွေမှာ လုံခြုံရေးတွေက လမ်းတွေ ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေနဲ့ အနီးအနားမြို့နယ်တွေက ပြည်သူတွေ လမ်းတွေပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

စမ်းချောင်းလမ်းမကြီးနဲ့ အနားတဝိုက် လုံခြုံရေးတွေ ပိတ်ဆို့ထားတဲ့အတွက် အခြေအနေတင်းမာနေတဲ့ အခြေအနေကို အမေရိကန်သံရုံးက ထုတ်ပြန်ပြီး အဲဒီမှာ ပိတ်မိနေသူတွေအားလုံး လုံခြုံ ဘေးကင်းစွာ အိမ်ပြန်နိုင်ရေးအတွက် လုံခြုံရေးတပ်တွေကို ရုပ်သိမ်းပေးပါလို့ အမေရိကန်သံရုံးက Facebook စာမျက်နှာပေါ်ကနေ တောင်းဆိုပါတယ်။ စမ်းချောင်းနဲ့ တခြားနေရာတွေမှာ လူငယ်တွေ ပိတ်မိနေတဲ့ အခြေအနေကို အထူးစိုးရိမ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂသံရုံးကလည်း ထုတ်ပြန်ပါတယ်။ အဲဒီလူငယ်တွေ ဘေးကင်းလုံခြုံစွာ နေအိမ်တွေ ပြန်နိုင်ခွင့် လုံခြုံရေးတပ်ဘက်ကပေးဖို့ EU သံရုံးကလည်း ထုတ်ပြန်ပါတယ်။

ရန်ကုန်ကနေဒါသံရုံးကလည်း စမ်းချောင်းဘက်က တင်းမာနေတဲ့ အခြေအနေတွေကို စိုးရိမ်စရာဖြစ်တယ်လို့ပြောပါတယ်။ အရပ်သားတွေနဲ့ ဆန္ဒပြသူတွေအပေါ် အင်အားသုံးတာ ဘယ်တော့မှ လက်ခံနိုင်စရာ မရှိဘူး။ လုံခြုံရေးတွေအနေနဲ့ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ လူတွေ ဘေးကင်းစွာပြန်နိုင်အောင် လုံခြုံရေးတွေ ရုပ်သိမ်းပေးဖို့ ရန်ကုန် ကနေဒါသံရုံးက ထုတ်ပြန်တောင်းဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကလည်း စမ်းချောင်းဘက်က တင်းမာနေတဲ့ အခြေအနေတွေ ချက်ချင်းလျော့ကျသွားအောင်လုပ်ဖို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Tom Andrews ကလည်း ငြိမ်းချမ်းစွာဆန္ဒပြသူ ၂၀၀ လောက်စမ်းချောင်းဘက်မှာ ပိတ်မိနေတဲ့ သတင်းတွေ ရရှိတယ်လို့ သူ့ရဲ့ Twitter ပေါ်မှာ ရေးသားပါတယ်။ သူတို့ကို အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တယ်။ ကိုယ့်အခွင့်အရေးကို သုံးပြီး ဆန္ဒပြသူတွေအပေါ် ကြောက်လန့်အောင်လုပ်နေတာ ချက်ချင်းရပ်ရမယ်လို့ အထူးသံတမန် Tom Andrews ကရေးထားပါတယ်။

XS
SM
MD
LG