သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၈၈ ၿငိမ္း/ပြင့္ရံုး စစ္တပ္စီးနင္းရွာေဖြ


ရန္ကုန္ သဃၤန္းကၽြန္းၿမိဳ႕နယ္ရွိ ၈၈ မ်ိဳးဆက္၊ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းရုံး ျမင္ကြင္း။ (ဓာတ္ပံု - The 88 Generation Peace and Open Society - မတ္ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းက အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ ျမန္မာစစ္တပ္က ရန္ကုန္ သဃၤန္းကၽြန္းၿမိဳ႕နယ္ထဲက ၈၈ မ်ိဳးဆက္၊ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းရုံးကို ဒီကေန႔ မတ္လ ၈ ရက္ေန႔မွာ ၀င္ေရာက္ရွာေဖြခဲ့တယ္လို႔ သိရပါတယ္။ ဒီကေန႔ ေန႔လယ္ပိုင္းေလာက္မွာ စစ္ကားႀကီး ၁၀ စီးအျပင္ ကားအေသး ၇ စီးနဲ႔ပါ ေရာက္လာတဲ့ လုံၿခဳံေရးတပ္ေတြက ရုံးခန္းတံခါးေသာ့ေတြကို ႐ိုက္ခ်ိဳးဖ်က္ဆီးၿပီး မီးခံေသတၱာ၊ ကြန္ပ်ဴတာနဲ႔ ရုံးသုံးပစၥည္းေတြအျပင္ ပန္းခ်ိီကားေတြကိုပါ ယူသြားတယ္လို႔ ၈၈ မ်ိဳးဆက္၊ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းရဲ ႔ေဖ့ဘုတ္စာမ်က္ႏွာမွာ ဒီကေန႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ရန္ကုန္ၿမိဳ ႔မွာရွိတဲ့ Myanmar Now သတင္းဌာနကိုလည္း ဒီကေန႔ေန႔လယ္ပိုင္းမွာပဲ စစ္ကား ၅ စီးနဲ႔ ေရာက္လာတဲ့ လက္နက္ကိုင္ေတြက ၀င္ေရာက္စီးနင္းၿပီး စာရြက္စာတမ္းေတြက သိမ္းယူသြားပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ရုံးပိတ္ထားတာျဖစ္တဲ့အတြက္ ဖမ္းဆိီးခံရသူေတြမရွိေပမဲ့ ဘယ္ပစၥည္ေတြ သိမ္းသြားသလဲဆိုတာ မသိရသလို ဘယ္လိုရည္ရြယ္ခ်က္နဲ႔ ခုလို ၀င္ေရာက္စီးနင္းခဲ့တာလဲဆိုတာ မသိရဘူးလို႔လည္း Myanmar Now အဖြဲ႔၀င္တေယာက္ကေျပာပါတယ္။

ျမန္မာစစ္တပ္ကို ဆန္႔က်င္ဆႏၵျပသူေတြအေပၚ အင္အားအလြန္အကၽြံသုံးတာ၊ အၾကမ္းဖက္ ႏွိမ္နင္းတာ၊ ဖမ္းဆီးတာေတြမလုပ္ဖို႔ ကုလသမဂၢအပါအ၀င္ ကမၻာ့ႏုိင္ငံအေတာ္မ်ားမ်ားကပါ ၀ိုင္ၿပီးတုိက္တြန္းေနသလို၊ သတင္းေထာက္ေတြအပါအ၀င္ ဖမ္းဆီးထားသာအားလုံး ျပန္လြတ္ေပးဖို႔၊ စစ္အာဏာသိမ္းမႈမွာ အဓိကတာ၀န္ရွိတဲ့ စစ္ဗိုလ္ခ်ဳပ္ေတြကို ပစ္မွတ္ထားဒဏ္ခတ္ အေရးယူတာေတြ ရွိေနေပမဲ့လည္း စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔ေတြရဲ ႔အၾကမ္းဖက္ႏွိမ္နင္းမႈေတြ ပိုလို႔ေတာင္ဆိုးလာပါတယ္။

အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းမီဒီယာေတြကိုလည္း ပစ္မွတ္ထားလာေနတာမွာ ဆႏၵျပကန္႔ကြက္မႈေတြကို လုိက္ၿပီး သတင္းယူတဲ့ သတင္းေထာက္ေတြကိုလည္း ဖမ္းဆီးခံေနရပါတယ္။ Myanmar Now သတင္းေထာက္တဦးအပါအ၀င္ သတင္းေထာက္အေတာ္မ်ားမ်ား အဖမ္းခံထားရတာပါ။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းယူေနခ်ိန္မွာ အဖမ္းခံရတဲ့ သတင္းေထာက္ ၃၀ ထက္မနည္း ရွိေနၿပီး အဖမ္းခံရသူတခ်ိဳ ႔ျပန္လႊတ္လာတာရွိေပမဲ့ မိသားစုနဲ႔ေတာင္ေတြ႔ခြင့္မရဘဲ ဆက္ၿပီး ထိန္းသိမ္းခံထားရသူေတြလည္းရွိေနတာျဖစ္ပါတယ္။

၈၈ ၿငိမ္း/ပြင့္ရံုး စစ္တပ္စီးနင္းရွာေဖြ
please wait

No media source currently available

0:00 0:01:42 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

၈၈ ငြိမ်း/ပွင့်ရုံး စစ်တပ်စီးနင်းရှာဖွေ

ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာစစ်တပ်က ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ထဲက ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးကို ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းလောက်မှာ စစ်ကားကြီး ၁၀ စီးအပြင် ကားအသေး ၇ စီးနဲ့ပါ ရောက်လာတဲ့ လုံခြုံရေးတပ်တွေက ရုံးခန်းတံခါးသော့တွေကို ရိုက်ချိုးဖျက်ဆီးပြီး မီးခံသေတ္တာ၊ ကွန်ပျူတာနဲ့ ရုံးသုံးပစ္စည်းတွေအပြင် ပန်းချီကားတွေကိုပါ ယူသွားတယ်လို့ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာရှိတဲ့ Myanmar Now သတင်းဌာနကိုလည်း ဒီကနေ့နေ့လယ်ပိုင်းမှာပဲ စစ်ကား ၅ စီးနဲ့ ရောက်လာတဲ့ လက်နက်ကိုင်တွေက ဝင်ရောက်စီးနင်းပြီး စာရွက်စာတမ်းတွေက သိမ်းယူသွားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ရုံးပိတ်ထားတာဖြစ်တဲ့အတွက် ဖမ်းဆီးခံရသူတွေမရှိပေမဲ့ ဘယ်ပစ္စည်တွေ သိမ်းသွားသလဲဆိုတာ မသိရသလို ဘယ်လိုရည်ရွယ်ချက်နဲ့ ခုလို ဝင်ရောက်စီးနင်းခဲ့တာလဲဆိုတာ မသိရဘူးလို့လည်း Myanmar Now အဖွဲ့ဝင်တယောက်ကပြောပါတယ်။

မြန်မာစစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် အင်အားအလွန်အကျွံသုံးတာ၊ အကြမ်းဖက် နှိမ်နင်းတာ၊ ဖမ်းဆီးတာတွေမလုပ်ဖို့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများကပါ ဝိုင်ပြီးတိုက်တွန်းနေသလို၊ သတင်းထောက်တွေအပါအဝင် ဖမ်းဆီးထားသာအားလုံး ပြန်လွတ်ပေးဖို့၊ စစ်အာဏာသိမ်းမှုမှာ အဓိကတာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထားဒဏ်ခတ် အရေးယူတာတွေ ရှိနေပေမဲ့လည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေ ပိုလို့တောင်ဆိုးလာပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာတွေကိုလည်း ပစ်မှတ်ထားလာနေတာမှာ ဆန္ဒပြကန့်ကွက်မှုတွေကို လိုက်ပြီး သတင်းယူတဲ့ သတင်းထောက်တွေကိုလည်း ဖမ်းဆီးခံနေရပါတယ်။ Myanmar Now သတင်းထောက်တဦးအပါအဝင် သတင်းထောက်အတော်များများ အဖမ်းခံထားရတာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းယူနေချိန်မှာ အဖမ်းခံရတဲ့ သတင်းထောက် ၃၀ ထက်မနည်း ရှိနေပြီး အဖမ်းခံရသူတချို့ပြန်လွှတ်လာတာရှိပေမဲ့ မိသားစုနဲ့တောင်တွေ့ခွင့်မရဘဲ ဆက်ပြီး ထိန်းသိမ်းခံထားရသူတွေလည်းရှိနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG