သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမစ္ႀကီးနားနဲ႔ ဖ်ာပံုဆႏၵျပပဲြ ပစ္ခတ္ႏွိမ္နင္းခံရလို႔ ၃ ဦးထက္မနည္းေသဆံုး


ျမစ္ၾကီးနားၿမိဳ႕ ဆႏၵျပပဲြအတြင္း ျဖိဳခြင္းခံခဲ့ရတဲ့ ျမင္ကြင္း။ (မတ္ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီကေန႔အထိ အာဏာရွင္ဆန္႔က်င္လႈပ္ရွားမႈေတြ ႏိုင္ငံအႏွံ႔ႀကီးထြားလာေနသလို လႈပ္ရွားမႈေတြအတြင္း ေသဆံုး ထိခိုက္ဒဏ္ရာရတာေတြလည္း ရွိေနတာပါ။ ဒီကေန႔မွာဆိုရင္လည္း ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕နဲ႔ ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပံုၿမိဳ႕နယ္ ေတြမွာ အာဏာရွင္ဆန္႔လႈပ္ရွားမႈအတြင္း ေသဆံုးသူေတြ ရွိခဲ့ၿပီး ဆယ္ဦးထက္မနည္း ဒဏ္ရာ ရရွိခဲ့ၾကပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ အာဏာရွင္ ဆန္႔က်င္လႈပ္ရွားမႈေတြလည္း ႏိုင္ငံအနွံ႔ႀကီးထြားလာေနတာၿပီး ေသဆံုးဒဏ္ရာရတာေတြလည္း တိုးလာေနပါတယ္။

ဒီကေန႔ ေန႔လယ္ပိုင္းကလည္း ကခ်င္ျပည္နယ္က ျမစ္ႀကီးနာၿမိဳ႕မွာ အာဏာရွင္ဆန္႔က်င္လႈပ္ရွားသူေတြကို လက္နက္ကုိင္ေတြက ပစ္ခတ္ၿဖိဳခြင္းခဲ့တာေၾကာင့္ ႏွစ္ဦး ပြဲခ်င္းၿပီး ေသးဆံုးၿပီး ငါးဦးဒဏ္ရာ ရရွိခဲ့တယ္လို႔ ကခ်င္ျပည္နယ္က ၿငိမ္းခ်မ္းေရး အက်ဳိးေဆာင္ အဖြဲ႔ (PCG) တာဝန္ရွိသူ ဦးလမိုင္ဂြန္ဂ်ာက ေျပာပါတယ္။

“အခုအဲဒါကေတာ့ က်ေနာ္တို႔ ေလာေလာဆယ္ သိရတာကေတာ့ ေခါင္းထိမွန္ၿပီးေတာ့ နွစ္ေယာက္ ေသသြားတာ... အမ်ိဳးသားနွစ္ေယာက္ေပါ့။ ေနာက္ၿပီးေတာ့ အမ်ိဳးသမီးတစ္ဦးက ဘယ္ဘက္ လက္ေမာင္းမွာ ထိသြားတာ တေယာက္။ ေနာက္ေယာက်ာ္းတစ္ေယာက္ကေတာ့ ညာဘက္ ပက္ခံုးကေန ရင္ဘတ္ဘက္ကို ေဖာက္ထြက္သြားတာ အဲဒါတစ္ေယာက္၊ ေနာက္တစ္ေယာက္ကေတာ့ ေျခေထာက္က်ိဳးတဲ့ လူုတစ္ေယာက္၊ ေနာက္ႏွစ္ေယာက္ကေတာ့ ဗိုက္ထဲမွာ က်ည္ဆံဝင္ေနတယ္ေျပာတယ္။ အခုက ခြဲစိတ္ဘာညာ လုပ္ေနတယ္ၾကားတယ္။”

ဒါအျပင့္ ဧရာဝတီတိုင္းေဒသႀကီး ဖ်ားပံုၿမိဳ႕နယ္မွာလည္း အာဏာရွင္ဆန္႔က်င္လႈပ္ရွားသူေတြကို အာဏာပိုင္ေတြဘက္က ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ တစ္ဦးေသဆံုးၿပီး သံုး ဦး ဒဏ္ရာရရွိသြားတယ္လို႔ ဆႏၵျပလႈပ္ရွားမႈမွာ ကိုယ္တိုင္ပါဝင္သူတစ္ဦးက ေျပာပါတယ္။

ျမစ္ၾကီးနားၿမိဳ႕ ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၀၈၊ ၂၀၂၁)
ျမစ္ၾကီးနားၿမိဳ႕ ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၀၈၊ ၂၀၂၁)

“အသံဗံုးေတြၾကားထဲကေနၿပီးေတာ့ ဒိုင္း၊ ဒိုင္း ဆိုတဲ့အသံ ငါးခ်က္ ထြက္လာပါတယ္။ က်ေနာ္တို႔ ရာဘာက်ည္ ပစ္တဲ့ အသံက ဒိုင္းလို႔ မထြက္ဘူး။ ေျဗာက္အိုးေဖာက္တဲ့ အသံပဲ ထြက္တာ။ အခုက က်ည္အစစ္နဲ႔ ပစ္သြားတာ။ ေလးေယာက္ ထိပါတယ္။ တစ္ဦးက အဲဒီမွာတင္ ဗိုက္ကို မွန္ၿပီးေတာ့ ကိုသီဟ ဆိုတဲ့ တစ္ေယာက္ က်ဆံုးသြားပါၿပီ။ ကိုသားႀကီးဆိုတာကို အခု ရန္ကုန္ေခၚသြားတယ္လို႔ ၾကားပါတယ္။ အဲဒီမွာ ေျခေထာက္ မွန္သြားတဲ့ အေဒၚႀကီးတစ္ေယာက္လည္း ပါပါတယ္။ ေနာက္ ကုိသီဟကို တက္ဆြဲတဲ့ လူငယ္တစ္ေယာက္ G-Z ပက္ခံုးကို မွန္သြားတာ။ ေနာက္ဆံုး က်ေနာ္တို႔ လူစုခြဲလိုက္ၾကပါတယ္။

အာဏာသိမ္းပိုင္းၿပီးေနာက္ပိုင္း ေနျပည္ေတာ္၊ ေတာင္ႀကီး၊ ပဲခူးစတဲ့ တိုင္းနဲ႔ ျပည္နယ္ေတြ မွာလည္း ဒီကေန႔အထိ နည္းမ်ိဳးစံုနဲ႔ အာဏာရွင္ဆန္႔က်င္လႈပ္ရွားတာေတြ ရွိေနၿပီး အာဏာပိုင္ေတြဘက္ကလည္း ဆႏၵျပလႈပ္ရွားသူေတြကို အင္အားသံုးၿဖိဳခြင္းတာေတြနဲ႔ ပစ္ခတ္တာေတြလည္း ရွိေနတာပါ။

မႏၱေလးၿမိဳ႕အတြင္းမွာလည္း ဒီကေန႔ ေန႔လယ္ပိုင္းေလာက္က လမ္းေပၚမွာ ဆိုင္ကယ္နဲ႔ သြားေနသူေတြကို စစ္ကားတစ္စီးက ေနာက္ကေန တိုက္လိုက္တာေၾကာင့္ အမ်ိဳးသမီး သံုး ဦး ဒဏ္ရာရရွိခဲ့တာပါ။ ဒဏ္ရာရရွိသြားတဲ့ သူေတြထဲမွာ အသက္ ၂၂ အရြယ္ အမ်ိဳးသမီးတစ္ဦး ပါဝင္ၿပီး ဒဏ္ရာျပင္းထန္တယ္လို႔လည္း သူ႔ရဲ႕ ေဆြမ်ိဳးတစ္ဦးက ေျပာပါတယ္။

“က်ေနာ္သိရသေလာက္ကေတာ့ သူတို႔က လမ္းကို... ဒီအတိုင္းပဲ ရိုးရိုးတန္းတန္း ေမာင္းလာတဲ့ သူေတြပဲေပါ့ေနာ္။ အဲဒါကို သူတို႔က ေနာက္ကေန စစ္ကားနဲ႔ တရွိန္ထိုးလိုက္တိုက္တယ္ ေျပာတယ္အကို။ တခ်ိဳ႕ကေတာ့ ေကြ႔လို႔ အခ်ိန္ရတဲ့သူေတြကေတာ့ ရတာေပါ့ေနာ္။ သူတို႔က ဆိုင္ကယ္က သံုးေယာက္ စီးလာတယ္ ေျပာတယ္ဗ်။ ၿပီးေတာ့ သူတို႔က စစ္ကားေပၚကေန ဆင္းၿပီးေတာ့ ရိုက္ေသးတယ္တဲ့ တိုက္ၿပီးတာေတာင္မွ။ လက္ရွိအေျခ အေနကေတာ့ သူက ဦးေခါင္းေနာက္စိကို ထိထားတယ္။ လက္ေမာင္ရိုး က်ိဳးထားတယ္အကို သတိေတာ့ ျပန္ရၿပီ။ လက္ကေတာ့ ခြဲစိတ္ရမယ္တဲ့ စတီးေခ်ာင္းထည့္ရမယ္။ ဓာတ္မွန္ေတာ့ ရိုက္ထားတယ္... အေျဖမထြက္ေသးဘူး။ ဒဏ္ရာ သံုးေယာက္စလံုး ရတယ္ေျပာတယ္။ က်န္တဲ့ ႏွစ္ေယာက္အေျခအေနကေတာ့ က်ေနာ္လည္း မသိေသးဘူးခင္ဗ်။”

ဆႏၵျပသူေတြရဲ႕ အခြင့္အေရးကုိ ေလးစားဖုိ႔ အင္အားသုံးႏွိမ္နင္းတာေတြ မလုပ္ဖုိ႔ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းက သတိေပးေနခ်ိန္မွာပဲ ႏွိမ္နင္းမႈေတြနဲ႔ ဖမ္းဆီးမႈေတြ ဆက္လုပ္ေနတာပါ။

အာဏာရွင္ ဆန္႔က်င္ေရး လႈပ္ရွားသူေတြကို အာဏာပိုင္ေတြဘက္က ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆံုးသြားသူ ၆၀ နီးပါး ရွိေနတယ္လို႔ ျမန္မာႏို္င္ငံ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရးအသင္း (AAPP)က မေန႔တုန္းက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြစ်ကြီးနားနဲ့ ဖျာပုံဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရလို့ ၃ ဦးထက်မနည်းသေဆုံး

မြန်မာနိုင်ငံမှာ ဒီကနေ့အထိ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ကြီးထွားလာနေသလို လှုပ်ရှားမှုတွေအတွင်း သေဆုံး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတာပါ။ ဒီကနေ့မှာဆိုရင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် တွေမှာ အာဏာရှင်ဆန့်လှုပ်ရှားမှုအတွင်း သေဆုံးသူတွေ ရှိခဲ့ပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့ကြီးထွားလာနေတာပြီး သေဆုံးဒဏ်ရာရတာတွေလည်း တိုးလာနေပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းကလည်း ကချင်ပြည်နယ်က မြစ်ကြီးနာမြို့မှာ အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို လက်နက်ကိုင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် နှစ်ဦး ပွဲချင်းပြီး သေးဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ကချင်ပြည်နယ်က ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (PCG) တာဝန်ရှိသူ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“အခုအဲဒါကတော့ ကျနော်တို့ လောလောဆယ် သိရတာကတော့ ခေါင်းထိမှန်ပြီးတော့ နှစ်ယောက် သေသွားတာ... အမျိုးသားနှစ်ယောက်ပေါ့။ နောက်ပြီးတော့ အမျိုးသမီးတစ်ဦးက ဘယ်ဘက် လက်မောင်းမှာ ထိသွားတာ တယောက်။ နောက်ယောကျာ်းတစ်ယောက်ကတော့ ညာဘက် ပက်ခုံးကနေ ရင်ဘတ်ဘက်ကို ဖောက်ထွက်သွားတာ အဲဒါတစ်ယောက်၊ နောက်တစ်ယောက်ကတော့ ခြေထောက်ကျိုးတဲ့ လူုတစ်ယောက်၊ နောက်နှစ်ယောက်ကတော့ ဗိုက်ထဲမှာ ကျည်ဆံဝင်နေတယ်ပြောတယ်။ အခုက ခွဲစိတ်ဘာညာ လုပ်နေတယ်ကြားတယ်။”

ဒါအပြင့် ဧရာဝတီတိုင်းဒေသကြီး ဖျားပုံမြို့နယ်မှာလည်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံး ဦး ဒဏ်ရာရရှိသွားတယ်လို့ ဆန္ဒပြလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်သူတစ်ဦးက ပြောပါတယ်။

“အသံဗုံးတွေကြားထဲကနေပြီးတော့ ဒိုင်း၊ ဒိုင်း ဆိုတဲ့အသံ ငါးချက် ထွက်လာပါတယ်။ ကျနော်တို့ ရာဘာကျည် ပစ်တဲ့ အသံက ဒိုင်းလို့ မထွက်ဘူး။ ဗြောက်အိုးဖောက်တဲ့ အသံပဲ ထွက်တာ။ အခုက ကျည်အစစ်နဲ့ ပစ်သွားတာ။ လေးယောက် ထိပါတယ်။ တစ်ဦးက အဲဒီမှာတင် ဗိုက်ကို မှန်ပြီးတော့ ကိုသီဟ ဆိုတဲ့ တစ်ယောက် ကျဆုံးသွားပါပြီ။ ကိုသားကြီးဆိုတာကို အခု ရန်ကုန်ခေါ်သွားတယ်လို့ ကြားပါတယ်။ အဲဒီမှာ ခြေထောက် မှန်သွားတဲ့ အဒေါ်ကြီးတစ်ယောက်လည်း ပါပါတယ်။ နောက် ကိုသီဟကို တက်ဆွဲတဲ့ လူငယ်တစ်ယောက် G-Z ပက်ခုံးကို မှန်သွားတာ။ နောက်ဆုံး ကျနော်တို့ လူစုခွဲလိုက်ကြပါတယ်။

အာဏာသိမ်းပိုင်းပြီးနောက်ပိုင်း နေပြည်တော်၊ တောင်ကြီး၊ ပဲခူးစတဲ့ တိုင်းနဲ့ ပြည်နယ်တွေ မှာလည်း ဒီကနေ့အထိ နည်းမျိုးစုံနဲ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားတာတွေ ရှိနေပြီး အာဏာပိုင်တွေဘက်ကလည်း ဆန္ဒပြလှုပ်ရှားသူတွေကို အင်အားသုံးဖြိုခွင်းတာတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိနေတာပါ။

မန္တလေးမြို့အတွင်းမှာလည်း ဒီကနေ့ နေ့လယ်ပိုင်းလောက်က လမ်းပေါ်မှာ ဆိုင်ကယ်နဲ့ သွားနေသူတွေကို စစ်ကားတစ်စီးက နောက်ကနေ တိုက်လိုက်တာကြောင့် အမျိုးသမီး သုံး ဦး ဒဏ်ရာရရှိခဲ့တာပါ။ ဒဏ်ရာရရှိသွားတဲ့ သူတွေထဲမှာ အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး ပါဝင်ပြီး ဒဏ်ရာပြင်းထန်တယ်လို့လည်း သူ့ရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

“ကျနော်သိရသလောက်ကတော့ သူတို့က လမ်းကို... ဒီအတိုင်းပဲ ရိုးရိုးတန်းတန်း မောင်းလာတဲ့ သူတွေပဲပေါ့နော်။ အဲဒါကို သူတို့က နောက်ကနေ စစ်ကားနဲ့ တရှိန်ထိုးလိုက်တိုက်တယ် ပြောတယ်အကို။ တချို့ကတော့ ကွေ့လို့ အချိန်ရတဲ့သူတွေကတော့ ရတာပေါ့နော်။ သူတို့က ဆိုင်ကယ်က သုံးယောက် စီးလာတယ် ပြောတယ်ဗျ။ ပြီးတော့ သူတို့က စစ်ကားပေါ်ကနေ ဆင်းပြီးတော့ ရိုက်သေးတယ်တဲ့ တိုက်ပြီးတာတောင်မှ။ လက်ရှိအခြေ အနေကတော့ သူက ဦးခေါင်းနောက်စိကို ထိထားတယ်။ လက်မောင်ရိုး ကျိုးထားတယ်အကို သတိတော့ ပြန်ရပြီ။ လက်ကတော့ ခွဲစိတ်ရမယ်တဲ့ စတီးချောင်းထည့်ရမယ်။ ဓာတ်မှန်တော့ ရိုက်ထားတယ်... အဖြေမထွက်သေးဘူး။ ဒဏ်ရာ သုံးယောက်စလုံး ရတယ်ပြောတယ်။ ကျန်တဲ့ နှစ်ယောက်အခြေအနေကတော့ ကျနော်လည်း မသိသေးဘူးခင်ဗျ။”

ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို လေးစားဖို့ အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေချိန်မှာပဲ နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေ ဆက်လုပ်နေတာပါ။

အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားသူ ၆၀ နီးပါး ရှိနေတယ်လို့ မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရေးအသင်း (AAPP)က မနေ့တုန်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG