သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာအမ်ိဳးသမီးမ်ားေန႔ ထဘီအလံထူၿပီး စစ္အာဏာဆန္႔က်င္ဆႏၵျပ


ရွမ္းျပည္နယ္ ဖယ္ခံုျမိဳ ႔နယ္က ထဘီအလံထူ ဆႏၵျပပဲြျမင္ကြင္း။ (ဓာတ္ပံု - Mu Innocent via Za Lay - မတ္ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာစစ္တပ္က အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့အေပၚ ဆန႔္က်င္ဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အင္အားသုံးႏွိမ္နင္းတာ၊ ဖမ္းဆီးတာေတြ ရွိေနေပမဲ့ ဒီကေန႔မွာလည္း ျမန္မာႏိုင္ငံတဝန္း လမ္းေပၚ ထြက္ဆႏၵျပခဲ့ၾကတာပါ။ ဒီကေန႔က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔မွာေတာ့ ထဘီေတြကို အလံလုပ္ၿပီး ခ်ီတက္တဲ့ အမ်ိဳးသမီး စစ္ေၾကာင္းေတြေပၚေပါက္ခဲ့ပါတယ္။

အမ်ိဳးသမီးေတြအေနနဲ႔ ဘယ္ေနရာမွာမွ လုံၿခဳံမႈ မရေတာ့တဲ့အတြက္ ကိုယ့္ထဘီ ကိုယ္တိုင္ကိုင္ၿပီး ခုလို ဆႏၵထုတ္ေဖာ္ရတာျဖစ္တယ္လို႔လည္း ဆႏၵျပသူေတြကေျပာပါတယ္။ ျမန္မာစစ္တပ္ဘက္ကေတာ့ဆႏၵျပပြဲသူေတြကို တနလၤာေန႔ကစၿပီး ခ်က္ခ်င္း ပစ္ခတ္ႏွိမ္နင္းမယ္လို႔လည္း သတိေပးခ်က္ထုတ္ျပန္ထားတာျဖစ္ပါတယ္။ တခ်ိန္ထဲမွာပဲ ကမာၻတဝွမ္းက ရဲစြမ္းသတၱိရွင္အမ်ိဳးသမီးေတြကို ေ႐ြးခ်ယ္ၿပီး အေမရိကန္က ေပးအပ္ေနတဲ့ အမ်ိဳးသမီး စြမ္းေဆာင္ရည္ဆုေပးအပ္ပြဲကိုေတာ့ အေမရိကန္ႏိုင္ငံျခားေရးဌာနမွာ ဒီကေန႔က်င္းပမွာပါ။

ဒီႏွစ္ ကမာၻတဝွမ္းက ဆုရသူအမ်ိဳးသမီးေတြထဲမွာေတာ့ ျမန္မာႏိုင္ငံမွာ ဖယ္ဒရယ္စနစ္တည္ေဆာက္ေရးနဲ႔ တရားမ ွ်တမႈရရွိေရး ႀကိဳးပမ္းသူလည္းျဖစ္ ၂၀၁၅ ခုႏွစ္က ပညာေရးျပဳျပင္ေျပာင္းလဲဖို႔ ေက်ာင္းသားသပိတ္ဦးေဆာင္သူ တဦးလည္းျဖစ္တဲ့ မၿဖိဳးၿဖိဳးေအာင္ပါဝင္ပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အြန္လိုင္းကေနပဲ က်င္းပမယ့္ ဆုေပးအပ္ပြဲအခမ္းအနားကို ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken ဦးေဆာင္က်င္းပမွာျဖစ္ၿပီး သမၼတကေတာ္ Jill Biden က မိန႔္ခြန္းေျပာၾကားမွာျဖစ္ပါတယ္။ ဒီဆုကို အရင္က ၈၈ မ်ိဳးဆက္ ႏိုင္ငံေရးအက်ဥ္းသူေဟာင္းလည္းျဖစ္၊ လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH အဖြဲ႕ဝင္နဲ႔ ေခတၱႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္၊ အမ်ိဳးသမီးေတြေပၚ အၾကမ္းဖက္မႈမ်ိဳးစုံကေန ကာကြယ္ႏိုင္မယ့္ ဥပေဒေတြ ေပၚေပါက္လာဖို႔နဲ႔ ကခ်င္ျပည္နယ္ထဲမွာ စစ္ပြဲေတြ ရပ္စဲေရးေဆာင္႐ြက္ခဲ့သူ ကခ်င္တိုင္းရင္းသူ မေမစံပယ္ျဖဴနဲ႔ ပဋိပကၡေဒသက အမ်ိဳးသမီးနဲ႔ ကေလးငယ္အေရး ေဆာင္႐ြက္ေပးေနတဲ့ ကရင္တိုင္းရင္းသူ ေနာ္ကေညာေဖာတို႔လည္း ရခဲ့ဖူးပါတယ္။

ကုလသမဂၢ ရန္ကုန္ရံုးရဲ႕ ႏိုင္ငံတကာအမ်ိဳးသမီးမ်ားေန႔ ဒီကေန႔ ထုတ္ျပန္ခ်က္ထဲမွာလည္း ျမန္မာႏိုင္ငံတ၀ွမ္းက အသက္ႀကီးငယ္မေရြး အမ်ိဳးသမီးေတြဟာ ဒိမိုကေရစီေရး တရားမွွ်တမႈနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ဦးေဆာင္ေတာင္းဆိုေနၾကရာမွာ ႐ိုက္ႏွက္ပစ္သတ္ခံရျခင္း ဖမ္းဆီးခံရျခင္းေတြၾကားကေန ဖိုဝါဒႀကီးစိုးမႈနဲ႔ ထံုးတမ္းစဥ္လာေတြကို သတၱိရွိရွိ စိန္ေခၚေနၾကတယ္လို႔ ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတကာအမျိုးသမီးများနေ့ ထဘီအလံထူပြီး စစ်အာဏာဆန့်ကျင်ဆန္ဒပြ

မြန်မာစစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းတာ၊ ဖမ်းဆီးတာတွေ ရှိနေပေမဲ့ ဒီကနေ့မှာလည်း မြန်မာနိုင်ငံတဝန်း လမ်းပေါ် ထွက်ဆန္ဒပြခဲ့ကြတာပါ။ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာတော့ ထဘီတွေကို အလံလုပ်ပြီး ချီတက်တဲ့ အမျိုးသမီး စစ်ကြောင်းတွေပေါ်ပေါက်ခဲ့ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ဘယ်နေရာမှာမှ လုံခြုံမှု မရတော့တဲ့အတွက် ကိုယ့်ထဘီ ကိုယ်တိုင်ကိုင်ပြီး ခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေကပြောပါတယ်။ မြန်မာစစ်တပ်ဘက်ကတော့ဆန္ဒပြပွဲသူတွေကို တနင်္လာနေ့ကစပြီး ချက်ချင်း ပစ်ခတ်နှိမ်နင်းမယ်လို့လည်း သတိပေးချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ကမ္ဘာတဝှမ်းက ရဲစွမ်းသတ္တိရှင်အမျိုးသမီးတွေကို ရွေးချယ်ပြီး အမေရိကန်က ပေးအပ်နေတဲ့ အမျိုးသမီး စွမ်းဆောင်ရည်ဆုပေးအပ်ပွဲကိုတော့ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ဒီကနေ့ကျင်းပမှာပါ။

ဒီနှစ် ကမ္ဘာတဝှမ်းက ဆုရသူအမျိုးသမီးတွေထဲမှာတော့ မြန်မာနိုင်ငံမှာ ဖယ်ဒရယ်စနစ်တည်ဆောက်ရေးနဲ့ တရားမ ျှတမှုရရှိရေး ကြိုးပမ်းသူလည်းဖြစ် ၂၀၁၅ ခုနှစ်က ပညာရေးပြုပြင်ပြောင်းလဲဖို့ ကျောင်းသားသပိတ်ဦးဆောင်သူ တဦးလည်းဖြစ်တဲ့ မဖြိုးဖြိုးအောင်ပါဝင်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အွန်လိုင်းကနေပဲ ကျင်းပမယ့် ဆုပေးအပ်ပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဦးဆောင်ကျင်းပမှာဖြစ်ပြီး သမ္မတကတော် Jill Biden က မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ ဒီဆုကို အရင်က ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသူဟောင်းလည်းဖြစ်၊ လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်နဲ့ ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမျိုးသမီးတွေပေါ် အကြမ်းဖက်မှုမျိုးစုံကနေ ကာကွယ်နိုင်မယ့် ဥပဒေတွေ ပေါ်ပေါက်လာဖို့နဲ့ ကချင်ပြည်နယ်ထဲမှာ စစ်ပွဲတွေ ရပ်စဲရေးဆောင်ရွက်ခဲ့သူ ကချင်တိုင်းရင်းသူ မမေစံပယ်ဖြူနဲ့ ပဋိပက္ခဒေသက အမျိုးသမီးနဲ့ ကလေးငယ်အရေး ဆောင်ရွက်ပေးနေတဲ့ ကရင်တိုင်းရင်းသူ နော်ကညောဖောတို့လည်း ရခဲ့ဖူးပါတယ်။

ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံတဝှမ်းက အသက်ကြီးငယ်မရွေး အမျိုးသမီးတွေဟာ ဒိမိုကရေစီရေး တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် ဦးဆောင်တောင်းဆိုနေကြရာမှာ ရိုက်နှက်ပစ်သတ်ခံရခြင်း ဖမ်းဆီးခံရခြင်းတွေကြားကနေ ဖိုဝါဒကြီးစိုးမှုနဲ့ ထုံးတမ်းစဉ်လာတွေကို သတ္တိရှိရှိ စိန်ခေါ်နေကြတယ်လို့ ဖော်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG