သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဝင္ ေဒၚဇင္မာေအာင္နဲ႔ ေမးျမန္းခ်က္


ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ၀င္ NLD ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚဇင္မာေအာင္ (ဓါတ္ပံု- Facebook)
တိုက္႐ိုက္ လင့္ခ္

ျပည္ပမွာရွိေနတဲ့ ျမန္မာသံအမတ္ေတြ၊ သံကိုယ္စားလွယ္အရာရွိေတြအေနနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ရွိေနဆဲ ထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို သစၥာခံရမွာ ျဖစ္ေၾကာင္း CRPH ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီဝင္ NLD ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚဇင္မာေအာင္က ေျပာၾကားလိုက္ပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္တဲ့ စစ္ေကာင္စီဟာ တရားမဝင္တဲ့အတြက္ ျပည္ပမွာရွိတဲ့ ျမန္မာသံ႐ုံးေတြအေနနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီကိုပဲ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ တာဝန္ခံေဆာင္႐ြက္ၾကဖို႔ ေဖေဖၚဝါရီလ ၁၃ ရက္ေန႔ ရက္စြဲနဲ႔ အေၾကာင္းၾကားစာ ထုတ္ျပန္ခဲ့ပါတယ္။ မအင္ၾကင္းႏိုင္က ေဒၚဇင္မာေအာင္, ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ ဒီေန႔ဆက္သြယ္ေမးျမန္းထားသူကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီအဖြဲ႕ဝင္ NLD ၏ ရန္ကင္းျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚဇင္မာေအာင္ ျဖစ္ပါတယ္။ မဇင္မာေအာင္တို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီကေနၿပီး ႏိုင္ငံတကာမွာရွိတဲ့ ျမန္မာသံအမတ္ေတြ၊ သံအရာရွိေတြ။ အထူးသျဖင့္ ကုလသမဂၢမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳေနတဲ့ သံအမတ္ေတြအေနနဲ႔ အခုျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီကို တာဝန္ခံဖို႔ ပန္ၾကာလႊာကို ထုတ္ျပန္လိုက္ပါတယ္။ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီမွာ ေသာၾကာေန႔က က်င္းပသြားတဲ့ အစည္းအေဝးမွာတုန္းကလည္း ျမန္မာသံအမတ္ ဦးျမင့္သူက သူေျပာသြားတဲ့အခ်က္ေတြဟာ ျမန္မာႏိုင္ငံကို ကိုယ္စားမျပဳတဲ့အျပင္ကို အခုစစ္အာဏာသိမ္းလိုက္တဲ့ စစ္ေကာင္စီကိုပဲ ကိုယ္စားျပဳေျပာသြားတယ္ဆိုတာမ်ိဳးလည္း ထုတ္ျပန္ခ်က္ထဲမွာ ေထာက္ျပထားတယ္ဆိုေတာ့ အခုလို ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီကေန ျမန္မာသံအမတ္ေတြကို ပန္ၾကားလႊာ ထုတ္ျပန္ရတဲ့ ေနာက္ဆက္တြဲ အက်ိဳးသက္ေရာက္မႈေတြ ဘယ္လိုရွိလာမလဲရွင့္။

ေျဖ ။ ။ ပထမဦးဆုံး ေျပာခ်င္တာက က်မတို႔ ျပည္ေထာင္စုလႊြတ္ေတာ္ကိုယ္စားျပဳေကာ္မတီသည္ ျမန္မာႏိုင္ငံ၏ အခုလက္ရွိ အေျခအေနမွာ ျပည္သူလူထုကေန တိုက္႐ိုက္ သူတို႔ရဲ႕ လြတ္လပ္တဲ့ စိတ္သေဘာထားေတြကေနတဆင့္ တိုက္႐ိုက္မဲေပးၿပီးေတာ့ ေ႐ြးေကာက္တင္ေျမႇာက္ခံထားရတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ သုံးရာေက်ာ္နဲ႔ mandate နဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕ ျဖစ္တယ္။ အဲဒီေတာ့ ဒီအခ်ဳပ္အျခာအာဏာက ျပည္သူလူထုထံကေန ဆင္းသက္တယ္ဆိုတဲ့ အေျခခံသေဘာတရားအရ က်မတို႔သည္ ျပည္သူလူထုကို ကိုယ္စားျပဳၿပီးေတာ့ ေျပာေနတာျဖစ္တယ္။ ဆိုေတာ့ ဒါေၾကာင့္မို႔လို႔ အခု ဗိုလ္ခ်ဳပ္ႀကီးမင္းေအာင္လႈိင္ရဲ႕ အာဏာသိမ္း စစ္ေကာင္စီသည္ ေ႐ြးေကာက္တင္ေျမႇာက္ခံထားရတဲ့ အစိုးရဆီကေန သူတို႔မၾကာခဏ ကိုးကားေနတဲ့ ၂၀၀၈ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒပါ အေရးေပၚကာလဆိုင္ရာ ျပဌာန္းခ်က္ေတြနဲ႔ မညီၫႊတ္ဘဲနဲ႔ Unconstitutionally မညီၫႊတ္ဘဲနဲ႔ အာဏာသိမ္းထားတာ ျဖစ္တယ္။

ဒါေၾကာင္မို႔လို ၂၀၀၈ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒအရလည္း သူတို႔ရဲ႕ အာဏာသိမ္းမႈမွာ အေရးေပၚကာလဆိုင္ရာ ျပဌာန္းခ်က္ေတြနဲ႔ မညီၫႊတ္တဲ့အတြက္ ဒါက ရာဇဝတ္မႈေျမာက္တယ္။ ႏိုင္ငံေတာ္ပုန္ကန္မႈေျမာက္တယ္။ တရားမဝင္ဘူး။ ဒါေၾကာင့္မို႔ က်မတို႔က အခု အာဏာသိမ္းစစ္ေကာင္စီရဲ႕ ကိုယ္စား ခန႔္အပ္ၿပီးေတာ့၊ ကိုယ္စားျပဳၿပီးေတာ့ ျပည္သူူလူထုရဲ႕ mandate ကို ကိုယ္စားမျပဳဘဲနဲ႔ ေျပာသြားတဲ့ သံအမတ္ႀကီးရဲ႕ စကားေတြကလည္း တရားမဝင္ဘူး။ ၿပီးေတာ့ ျပည္သူလူထုလည္း သူ႔ေနာက္မွာ ရွိမေနဘူး။ ဘာေၾကာင့္ ရွိမေနဘူးလို႔ က်မတို႔ ေျပာေနႏိုင္လဲဆိုရင္ အခုဆို ျပည္သူလူထုက တခဲနက္ ေျပာရမယ္ဆိုရင္ ကန႔္ကြက္ေနၾကတာ ျဖစ္တယ္။ အ႐ြယ္မ်ိဳးစုံကေန ကန႔္ကြက္ေနၾကတာ ျဖစ္တယ္။ ဆိုေတာ့ ဒီဟာက သက္ေသျပေနတယ္။ ႏိုင္ငံေတြနဲ႔ ဆက္ဆံတဲ့အခါမွာ Internal Legitimacy and External Legitimacy ရွိပါတယ္။ Sovereignty နဲ႔ ပတ္သက္လို႔ရွိရင္လဲ ဒီအတိုင္းပါပဲ။ ျပည္တြင္းမွာ သက္ေရာက္တဲ့ အခ်ဳပ္အျခာအာဏာ၊ ျပည္ပမွာ သက္ေရာက္တဲ့ အခ်ဳပ္အျခာအာဏာ ဆိုၿပီး ရွိပါတယ္။ အဲဒီတာ့ ဒီအဖြဲ႕အစည္းေတြက အခ်ဳပ္အျခာအာဏာ ႏွစ္ခုစလုံးကို ကိုယ္စားမျပဳဘူးလို႔ ေျပာခ်င္ပါတယ္။

ဘာေၾကာင့္လဲဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံျခားေရးဝန္ႀကီး ျဖစ္ပါတယ္။ ထိန္းသိမ္းခံေနရဆဲ ျဖစ္တယ္။ အဲဒီေတာ့ ဒီမွာရွိေနတဲ့ ျပည္ပမွာ ရွိေနတဲ့ သံခင္းတမန္ခင္းေတြမွာ ရွိေနတဲ့ တာဝန္ထမ္းေဆာင္ေနၾကတဲ့ သူေတြအကုန္လုံးက သစၥာခံရမွာသည္ သူတို႔၏ ဝန္ႀကီး ျဖစ္ပါတယ္။ ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္နဲ႔ ႏိုင္ငံေတာ္သမၼတႀကီး ဦးဝင္းျမင့္တို႔ ခန႔္အပ္ထားခဲ့တဲ့ သံတမန္ေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ စစ္အစိုးရကို ဒီအတြက္ေၾကာင့္မို႔ က်မတို႔ ဆိုလိုခ်င္တာက လက္ရွိ ကမာၻတနံွတလ်ားမွာ ေရာက္ရွိဖြင့္လွစ္ေနတဲ့ သံခင္းတမန္ခင္း သံတမန္ေတြအကုန္လုံးသည္ မတရားထိန္းသိမ္းခံရတဲ့ မတရားအာဏာသိမ္းခံရတယ္။ ဒါေပမဲ့ ျပည္သူလူထုကေတာ့ အခုအခ်ိန္အထိ သူတို႔ရဲ႕ ေခါင္းေဆာင္ေတြအျဖစ္ အစိုးရအျဖစ္ အသိအမွတ္ျပဳေနၾကဆဲ ျဖစ္တယ္။ ဒီလိုျပည္သူလူထုက ေပးထားတဲ့ အခ်ဳပ္အျခာအာဏာအေပၚမွာ ႏိုင္ငံတကာကလည္း ဒီစစ္အစိုးရကို ဆန႔္က်င္တယ္။ ျပည္ပမွာလည္း သူတို႔၏ အခ်ဳပ္အျခာအာဏာ သက္ေရာက္မႈက အင္မတန္မွ ခ်ည့္နဲ႔ေနပါတယ္။ ဒါေၾကာင့္မို႔ ႏိုင္ငံတကာေရာက္ေနတဲ့ ျမန္မာ့သံတမန္ေတြကို အေၾကာင္းၾကားစာေတြ လုပ္ၿပီးေတာ့ သတင္းပို႔တယ္။ အေၾကာင္းၾကားတယ္။ ကိုယ့္ကိုယ္ ခန႔္ခဲ့တဲ့ ႏိုင္ငံျခားေရးဝန္ႀကီး၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေပၚမွာပဲ သူတို႔သစၥာေစာင့္သိရမွာ ျဖစ္တယ္။ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္က ျပည္သူလူထုဆီက mandate ရထားတယ္။ ျပည္သူလူထု၏ တရားဝင္မဲေတြနဲ႔ ေ႐ြးေကာက္တင္ေျမႇာက္ခံထားရတာ ျဖစ္တယ္။ ဒါေၾကာင့္မို႔ က်မတို႔က ဒီစာကို ထုတ္ျပန္ခဲ့တာ ျဖစ္တယ္။

ေမး ။ ။ အဲဒီေတာ့ တကယ္လို႔ စစ္ေကာင္စီက ဒီသံအမတ္ေတြကို ၫႊန္ၾကားခ်က္ေပးမယ္ဆိုရင္ တဘက္မွာလဲ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီကေန ျပည္သူေတြ ေ႐ြးေကာက္ထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုပဲ ကိုယ္စားျပဳဖို႔ အစိုးရကိုပဲ ေဒၚေအာင္ဆန္းစုၾကည္တို႔ အစိုးရကိုပဲ ကိုယ္စားျပဳဖို႔ဆိုရင္ သံတမန္ေတြဘက္က ဒီစစ္ေကာင္စီရဲ႕ ၫႊန္ၾကားခ်က္ေတြကို သူတို႔ဘယ္လို တုံ႔ျပန္သင့္သလဲ။

ေျဖ ။ ။ ဒါကေတာ့ သူတို႔ မလိုက္နာဘဲနဲ႔ တုံ႔ျပန္လို႔ ရပါတယ္။ ေနာက္ၿပီးေတာ့ အခုဆိုလို႔ရွိရင္ သူတို႔ အခက္အခဲျဖစ္ေအာင္လို႔ လုပ္ေနတာေတာ့ မဟုတ္ပါဘူး။ သံတမန္ဝန္ထမ္းေတြဟာ ကိုယ့္ရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ ဘယ္ဟာအေကာင္း၊ ဘယ္ဟာအဆိုးလည္းဆိုတာကို သူတို႔သိႏိုင္တဲ့ လူ ပုဂၢိဳလ္ေတြ ျဖစ္ပါတယ္။ ဆိုတဲ့အခါၾကေတာ့ သူတို႔ရဲ႕ rationality ကို က်မတို႔ ေလးစားတယ္။ ေနာက္တခုက သူတို႔ရဲ႕ တိုင္းျပည္ေပၚမွာ ထားရွိတဲ့ သစၥာေစာင့္သိမႈကို က်မတို႔ သံသယမျဖစ္ဘူး။ အဲဒီေတာ့ ဘယ္လိုပဲ ႏိုင္ငံေရး ဖိအားေတြေၾကာင့္ပဲျဖစ္ျဖစ္ ဘယ္သူက တရားဝင္တယ္။ ဘယ္သူက တရားမဝင္ဘူးဆိုတာကို သူတို႔သိပါလိမ့္မယ္။ ဒါေၾကာင့္မို႔လို႔ ဒါေလးကို သံတမန္ေတြအေနနဲ႔ ေတာင့္ခံေပးၾကဖို႔နဲ႔ ႐ိုး႐ိုးရွင္းရွင္းေလးပါပဲ။ အာဏာဖီဆန္တယ္ဆိုတာ ႐ိုး႐ိုးေလးပါ မလိုက္နာၾကဖို႔ပါပဲ။ စစ္အစိုးရ၏ ခိုင္းတာေတြကို မလုပ္ဖို႔ပါပဲ။ ဒီအတိုင္းပဲ ဘိုးေနၿမဲက်ားေနၿမဲ ကိုယ့္ကိုယ္လဲ မထိခိုက္ဘဲနဲ႔ ဆက္ၿပီးေတာ့ ေနလို႔ရတဲ့ အေနအထားေတြ ရွိပါတယ္။ ေၾကညာခ်က္ေတြ၊ ၫႊန္ၾကားခ်က္ေတြကေတာ့ လာေကာင္းလာပါလိမ့္မယ္။ ဒါေတြကို ကိုယ့္ရဲ႕ rational နဲ႔ ကိုယ့္အသိမႈနဲ႔ ကိုယ့္သံတမန္လုပ္ပိုင္ခြင့္ေတြနဲ႔ က်မတို႔ တိုင္းျပညိဳ ကယ္တင္ႏိုင္တာေတြ တိုင္းျပည္ကို စစ္အုပ္ခ်ဳပ္ေရးေအာက္ကေန လြတ္ေျမာက္ဖို႔ သံတမန္ေတြမွာ အခြင့္ေရးေတြ အမ်ားႀကီး ရွိေနပါတယ္။

ေမး ။ ။ အဲဒီေတာ့ ေသာၾကာေန႔က က်င္းပသြားခဲ့တဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ အထူးအစည္းအေဝး၊ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ အဲဒီအေရးေပၚ အစည္းအေဝးမွာဆိုရင္ ၿဗိတိန္သံအမတ္ႀကီးကေန ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီရဲ႕ ပန္ၾကာလႊာ အဲဒီစာကိုလည္း ဖတ္သြားတယ္ဆိုေတာ့ အဲဒီေတာ့ ကုလသမဂၢဘက္က ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ေကာ္မတီကို အသိအမွတ္ျပဳထားတယ္ဆိုတဲ့ သေဘာမ်ိဳးလည္း ေတြ႕ရေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ေကာ္မတီအေနနဲ႔ ႏိုင္ငံတကာမွာ တရားဝင္ ႏိုင္ငံကိုယ္စားျပဳအဖြဲ႕အေနနဲ႔ ဘယ္လိုဆက္လုပ္လႈပ္ရွားသြားဖို႔ ရွိပါလဲ။

ေျဖ ။ ။ ဒီအေျခအေနမွာ က်မတို႔ ေတာင္းဆိုေနတာေတြ ရွိတယ္။ အခုန ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးဖို႔၊ ျပန္လႊတ္ေပးဖို႔ေတြ၊ ေနာက္ၿပီးေတာ့ ဒီမိုကေရစီ ျပန္ၿပီးေတာ့ Restore လုပ္ဖို႔ တညီတၫြတ္ထဲ ႏိုင္ငံတကာနဲ႔ က်မတို႔ ျပည္တြင္းကပါ ေတာင္းဆိုေနၾကတာ ျဖစ္တယ္။ ပထမအခ်က္က က်မေျပာခ်င္တာက ဒီကိစၥကို အာဏာသိမ္းစစ္ေကာင္စီအေနနဲ႔ ျမန္ျမန္ထက္ထက္ လုပ္ဖို႔ပါ။ ဒါဆို သူတို႔အတြက္လည္း သက္သာမယ္။ တိုင္းျပည္အတြက္လည္း ဘာပဲေျပာေျပာ ျပည္သူလူထုေတြ လမ္းေပၚထြက္ေနရတဲ့ ကိစၥေတြ။ ဒါေတြ နစ္နာမႈေတြ အခ်ိန္ၾကာလာတာနဲ႔အမွ် ျဖစ္လာႏိုင္တယ္။ ေနာက္ၿပီးေတာ့ တိုင္းျပည္ရဲ႕ စီးပြားေရး အေျခအေန။ စစ္အုပ္စုရဲ႕ အက်ိဳးစီးပြားေတာ့ ထိခ်င္မွ ထိမွာေပါ့။ သူတို႔ စုထားေဆာင္းထားတာနဲ႔ ဒါေပမဲ့ တိုင္းျပည္ရဲ႕ စီးပြားေရးက အခ်ိဳ႕ရက္ေတြမွာ ကုန္သြယ္ေရးက သုည ျဖစ္သြားတာေတြ ရွိတယ္။ ဒါေတြက ၾကာလာတာနဲ႔ တိုင္းျပည္အတြက္လည္း မေကာင္းပါဘူး။ ဒီအခ်က္အလက္ေတြကို ၾကည့္ျခင္းအားျဖင့္ CDM လႈပ္ရွားမႈဟာ က်မတို႔ ထိေရာက္မႈရွိတယ္။ အခုန ကုလသမဂၢမွာလည္း Legitimacy ရေအာင္ က်မတို႔ ႀကိဳးစားၿပီးေတာ့ ရတဲ့ Channel ေတြကေန ႀကိဳးစားေဆာင္႐ြက္ေနတာ ျဖစ္တယ္။ ျပင္ပမွာ႐ုံးေတြ လိုအပ္လို႔ရွိရင္လဲ က်မတို႔ ျပင္ပကေန ခ်ိတ္ဆက္ၿပီးေတာ့ ေဆာင္႐ြက္ရမယ့္ အေနအထားေတြ ရွိတယ္။

အခုေလာေလာဆယ္ေတာ့ ျပည္တြင္းကေနၿပီးေတာ့ပဲ အခုလိုမ်ိဳးပဲ က်န္တဲ့ Platform ေတြကို သုံးၿပီးေတာ့ ဆက္သြယ္ေနပါမယ္။ ေနာက္ၿပီးေတာ့ ကိုဗစ္ကာလ ျဖစ္တဲ့အတြက္ ကမာၻႀကီးမွာလည္း လူကိုယ္တိုင္ သြားၿပီးေတာ့ တက္ေနၾကတာ မဟုတ္ပါဘူး။ ကုလသမဂၢအစည္းအေဝး အပါအဝင္၊ အစည္းအေဝး ေတာ္ေတာ္မ်ားမ်ားက Zoom Platform အျခား Application Platform ေတြနဲ႔ လုပ္ေနၾကတာ ျဖစ္တဲ့အတြက္ က်မတို႔အေနနဲ႔ အခုအေနအထားအထိ International ကို ေျပာတဲ့အခါမွာ ဒီ Platform ေတြကေန ေျပာဖို႔ အဆင္ေျပေနတုန္းပါပဲ။ အဲဒီေတာ့ ေနာက္ထပ္ျပည္ပမွာ ႐ုံးခြဲေတြ ဖြင့္သြားဖို႔ Delegate လုပ္သြားဖို႔ဆိုတာေတြကေတာ့ က်မတို႔ စိတ္ခ်ရတဲ့ ႏိုင္ငံေရးအားျဖင့္ ေသေသခ်ာခ်ာ၊ အေၾကအလည္ ေဆြးေႏြးၿပီးေတာ့မွ လုပ္ဖို႔ ေဆာင္႐ြက္ဖို႔ ႀကိဳးစားမႈေတြ ရွိေနပါတယ္။ ဒါေပမဲ့ က်မတို႔ ဒီကိစၥက အဲဒီေလာက္အထိ ရွည္ရွည္ႀကီး မသြားေစခ်င္ပါဘူး။ အဲဒီအထိ မသြားႏိုင္ေအာင္လည္း ျဖစ္ႏိုင္သမွ် ျမန္ျမန္ေျပေအာင္လို႔ က်မတို႔ တြန္းေနပါတယ္။ တကယ္လို႔ ရွည္ၾကာခဲ့မယ္ဆိုရင္ေတာ့ ဒီနည္းဟာ စဥ္းစားရမယ့္ ကိစၥျဖစ္တဲ့အတြက္ အဲဒီအတြက္ စီစဥ္ေဆာင္႐ြက္ေနပါတယ္။

ေမး ။ ။ အဲဒီေတာ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီးေတာ့ အခု လူ႔အခြင့္အေရးေကာင္စီကေန ဆုံးျဖတ္ခ်က္ခ်လိုက္တယ္။ အဲဒီရဲ႕ ဆုံးျဖတ္ခ်က္ ေသာၾကာေန႔က ခ်မွတ္လိုက္တဲ့ ဆုံးျဖတ္ခ်က္ေတြထဲမွာပါတဲ့ အခ်က္ေတြအရ ဘယ္ေလာက္အထိ အေရးပါလဲရွင့္။

ေျဖ ။ ။ ထူးျခားတာကေတာ့ အၿမဲတမ္း ကန႔္ကြက္ဆန႔္က်င္ၿပီးေတာ့ ကာေပးေနတဲ့ တ႐ုတ္နဲ႔ ႐ုရွားတို႔က ျပည္တြင္းေရးလို႔ ေျပာေပမယ့္လဲ တဘက္ကလဲ ဒီဟာကို သြားဖို႔အတြက္ ေျပာသြားတဲ့အခ်က္ထဲမွာ က်မတို႔ သတိထားမိလိုက္တာ ရွိပါတယ္။ ေျပာရမယ္ဆိုရင္ အခု ျမန္မာျပည္မွာ ျဖစ္ေနတဲ့ အေနအထားဟာ ျပည္တြင္းေရးဆိုၿပီး ပစ္ထားရမယ့္ အေနအထား မဟုတ္ပါဘူး။ ကမာၻ႔ဒီမိုကေရစီ သြားခ်င္တဲ့ ႏိုင္ငံေတြ၊ ဒီမိုကေရစီကို လိုလားတဲ့ ကမာၻသူကမာၻသားေတြ၊ ကမာၻ႔ျပည္သူေတြကိုပါ ၿခိမ္းေျခာက္ေနတဲ့ ျဖစ္ရပ္ျဖစ္တယ္။ မင္းတို႔ ဘယ္လိုပဲ ေ႐ြးေကာက္ထား၊ ေ႐ြးေကာက္ထား မင္းတို႔ မဲနဲ႔ ေ႐ြးထားတဲ့လူေတြကို ငါတို႔ ႀကိဳက္သလို လုပ္လို႔ရတယ္ဆိုတဲ့ message က ဘယ္လိုမွ လက္ခံႏိုင္စရာ မရွိတဲ့ လုပ္ေဆာင္ခ်က္ပဲ ျဖစ္တယ္။ ဒါေၾကာင့္မို႔ ဒီကိစၥကို တ႐ုတ္၊ ႐ုရွာတို႔လိုအပါအဝင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ အဓိက veto ရထားတဲ့ ႏိုင္ငံေတြအေနနဲ႔လဲ ဒါကို အထိုက္အေလ်ာက္ အသိအမွတ္ျပဳရလိမ့္မယ္။ နားလည္ရလိမ့္လို႔ က်မတို႔ နားလည္ပါတယ္။ ေနာက္တခု က်မတို႔ ဒီကေနတဆင့္ ေျပာခ်င္တာက တ႐ုတ္ႏိုင္ငံအေနနဲ႔လဲ ဗမာျပည္ရဲ႕ ဒီမိုကေရစီ ျဖစ္ထြန္းမႈကို ဘာမွေထြေထြထူးထူး စိုးရိမ္စရာ မရွိပါဘူး။ က်ေနာ္တို႔ေခါင္းေဆာင္နဲ႔ ႏိုင္ငံေရးေပၚလစီမွာလဲ ရွိထားၿပီသား ျဖစ္တယ္။ က်မတို႔က အိမ္နီးနားခ်င္းနဲ႔ ထိုက္သင့္တဲ့ ဆက္ဆံေရး၊ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိရမယ္ဆိုတာကို က်မတို႔ လက္ခံထားၿပီးသာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ က်မတို႔ ဒီကေနတဆင့္ သတင္းစကားပါးခ်င္တာကလဲ ႀကဳံတုန္းေျပာခ်င္တာက ျမန္မာျပည္ရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးဟာ တ႐ုတ္ျပည္ရဲ႕ ျပည္တြင္းေရးကို ဘာမွထိေရာက္မႈ မရွိပါဘူး။ ထို႔အတူ က်မတို႔ရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးမွာလည္း အျပဳသေဘာေဆာင္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ေထာက္ခံမႈေတြကို အိမ္နီးနားခ်င္းႏိုင္ငံအေနနဲ႔ ေဆာင္႐ြက္ေပးဖို႔ က်မတို႔အေနနဲ႔ ေမတၱာရပ္ခံလိုပါတယ္။ က်မတို႔ diplomatic channel ေတြကေန ဒီသတင္းစကားေတြကို ေပးထားခဲ့ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ဒီစစ္ေကာင္စီကို ႏိုင္ငံတကာအစိုးရေတြက အသိအမွတ္ျပဳတဲ့ အတိုင္းအတာ - အဲဒါကို မဇင္မာေအာင္တို႔က ဘယ္လိုျမင္လဲ။ ဘယ္လို သုံးသပ္ထားပါလဲရွင့္။

ေျဖ ။ ။ အခုထက္ထိ အသိအမွတ္မျပဳဘူး။ ဒါေၾကာင့္မို႔ အခုန ေတာင္းဆိုခ်က္ေတြမွာ ေတြ႕ရတယ္။ International Law နဲ႔ ႏိုင္ငံတကာ ဥ့ပေဒေတြနဲ႔ ဆက္ဆံေရး ethically က်င့္ဝတ္ေတြအရ စာခ်ဳပ္စာတမ္းေတြ၊ အေနအထားေတြနဲ႔ သူတို႔ ႏိုင္ငံတကာက သံခင္းတမန္ခင္းနည္းေတြနဲ႔ ဒီကိစၥကို ဖိအားေပးဖို႔ အမ်ိဳးမ်ိဳး ႀကိဳးစားေနၾကတာကို ေတြ႕ရပါတယ္။ ဒီဟာႀကီးက အထူးအားျဖင့္ေတာ့ ဒီမိုကေရစီႏိုင္ငံေတြအတြက္ေတာ့ အႀကီးအက်ယ္ ၿခိမ္းေျခာက္ေနတဲ့ ကိစၥ ျဖစ္ေနတာေပါ့။ ေဒသတြင္းမွာလဲ အခုဆိုရင္ က်မတို႔ တိုင္းျပည္တျပည္တည္း မဟုတ္ေတာ့ဘူး။ ထိုင္းဘက္မွာ ဆႏၵျပတာေတြ ျဖစ္ေနၿပီ။ ထိုင္းမွာလည္း အာဏာသိမ္းစစ္အစိုးရ သိမ္းလိုက္ ျပန္ေပးလိုက္ ျဖစ္ေနတဲ့ အေနအထား ျဖစ္ေနတဲ့အတြက္ ဒါက Regional Issue လည္း တစတစနဲ႔ ျဖစ္လာေနတဲ့ အေနအထားမ်ိဳး ေတြ႕ေနရတယ္။ ဆိုေတာ့ ကမာၻ႔ႏိုင္ငံေတြရဲ႕ ေထာက္ခံမႈဟာ အင္မတန္မွ နည္းပါတယ္။ ဒါကို ထိန္းထိန္းသိမ္းသိမ္းနဲ႔ သြားဖို႔ လိုအပ္တယ္ဆိုတဲ့ တစ္ခ်က္ေၾကာင့္သာ စစ္အုပ္စုနဲ႔ စကားေျပာတယ္။ တခ်ိဳ႕သံတမန္ေတြဆို သူတို႔ကို နားလည္ေပးပါ။ သူတို႔ CRPH ကို ေထာက္ခံတယ္။ သို႔ေသာ္လဲပဲ အခုနေျပာတဲ့ ညႇိႏႈိင္းမႈ အေျဖတစ္ခု ရွာဖို႔ဆိုရင္ေတာ့ အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဖို႔ ႀကိဳးစားလိမ့္မယ္။ ႀကိဳးစားၿပီး စကားေျပာေပးလိမ့္မယ္။ အဲဒီလို ႀကိဳးစားတဲ့အခါမွာ ဒါဟာ စစ္ေခါင္းေဆာင္ေတြကို အသိအမွတ္ျပဳတာ မဟုတ္ပါဘူး။ သူတို႔ကို နားလည္ေပးပါဆိုၿပီး က်မတို႔ကို ေျပာထားတာ ရွိပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတကာရဲ႕ အသိအမွတ္ျပဳမႈကေတာ့ အင္မတန္ Legitimacy အရ အင္မတန္ကိုမွ နည္းပါးတယ္။ Percentage အားျဖင့္ ေတာ္ေတာ္ေလးနည္းတဲ့ အေနအထား ရွိၿပီးေတာ့ CRPH ရဲ႕ ျဖစ္တည္မႈက Legitimacy ကို အမ်ားႀကီး အေထာက္အကူျပဳ ေနတာမ်ိဳးေတြ ရွိပါတယ္။ အားရစရာေကာင္းပါတယ္။

ေမး ။ ။ အဲဒီေတာ့ ၿပီးခဲ့တဲ့ အပတ္အတြင္းမွာပဲ အေမရိကန္သမၼတ Joe Biden ကေန ျမန္မာႏိုင္ငံက စစ္ေခါင္းေဆာင္ေတြအေပၚမွာ အဓိက စစ္အာဏာသိမ္းတဲ့ တာဝန္ရွိတဲ့လူေတြကို ပစ္မွတ္ထားၿပီးေတာ့ ဒဏ္ခတ္အေရးယူထားတယ္။ အဲဒါအျပင္ကို ျမန္မာႏိုင္ငံက ပိုင္ဆိုင္ထားတဲ့ ေဒၚလာ တစ္ဘီလီယံကိုလည္း ထိန္းသိမ္းထားမယ္၊ ထိန္းခ်ဳပ္ထားမယ္ဆိုၿပီးေတာ့လည္း ေၾကညာတယ္ဆိုေတာ့ အဲဒီ တစ္ဘီလီယံဆိုတဲ့ဟာက အေမရိကန္ႏိုင္ငံမွာရွိေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ပိုင္ဆိုင္မႈဆိုတာ ဘာကိုေျပာတာပါလဲရွင့္။

ေျဖ ။ ။ က်မထင္တယ္ အဓိက ကုန္သြယ္မႈလုပ္ဖို႔ အရင္အစိုးရတုန္းက က်မတို႔ေတြ ျမန္မာေငြ ခိုင္မာအားေကာင္းဖို႔အတြက္ လုပ္ထားတဲ့ဟာေတြ၊ ရွိခဲ့ပါလိမ့္မယ္။ ဒါက အစိုးရက ပိုင္ဆိုင္မႈေတြ။ အဲဒီဟာေတြကို က်မ နားလည္လိုက္တာက တရားမဝင္တဲ့ စစ္အာဏာသိမ္းအစိုးရမွာ လုပ္ပိုင္ခြင့္ မရွိဘူး။ ဒါက တရားဝင္အစိုးရက လုပ္ထားခဲ့တဲ့ reserve ေျပာထားတဲ့ ကုန္သြယ္ေရးမွာ ထားတာေတြ ျဖစ္မယ္။ ဒါကေတာ့ ဘ႑ာေရးနဲ႔ ေကာ္မတီက ကိုယ္စားလွယ္ဆိုရင္ ပိုၿပီးေတာ့ သိပါလိမ့္မယ္။ ဘ႑ာေရးနဲ႔ ေငြေၾကးဆိုင္ရာ ကိုယ္စားလွယ္ေတြဆို ပိုသိပါလိမ့္မယ္။ ဆိုလိုတာကေတာ့ conceptually အေျခခံသေဘာတရားအရ ဒါဟာ အာဏာသိမ္းစစ္အစိုးရနဲ႔ မဆိုင္ဘူး။ ျပည္သူလူထုက ေ႐ြးေကာက္တင္ေျမႇာက္ခံထားရတဲ့ တရားဝင္အစိုးရသည္သာ ဒါကို လုပ္ပိုင္ခြင့္ရွိတယ္လို႔ ေျပာလိုက္တဲ့ message လို႔ က်မအေနနဲ႔ ဒီလိုပဲ နားလည္ပါတယ္။

ေမး ။ ။ အခုလိုမ်ိဳး အေမရိကန္အစိုးရဘက္က ဒီလိုအာဏာသိမ္းမႈအေပၚမွာ သူတို႔ျပင္းျပင္းထန္ထန္ အေရးယူေဆာင္႐ြက္တာေတြေပၚမွာ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီအေနနဲ႔ ဘယ္လိုျမင္ပါသလဲရွင့္။

ေျဖ ။ ။ ႀကိဳဆိုပါတယ္။ က်မတို႔က တစ္ခုပဲ ထပ္ထပ္ၿပီးေတာ့ တိုက္တြန္းရတာက ဘာလဲဆိုေတာ့ အရင္တုန္းကလဲ စီးပြားေရးပိတ္စို႔တာေတြ လုပ္ခဲ့တယ္။ ဒီထက္ပိုၿပီးေတာ့ ထိေရာက္တဲ့ အေျပာင္းအလဲကို ျဖစ္ေစႏိုင္တဲ့ အေရးယူမႈေတြ လုပ္ဖို႔ UN Security Council မွာလည္း သူတို႔ ဆုံးျဖတ္ခဲ့တာ Announcement လုပ္ခဲ့တာေတြ ရွိတယ္။ အဲဒီေတာ့ Resolution ေၾကညာခ်က္လို မဟုတ္ဘဲနဲ႔ ဆုံးျဖတ္ခ်က္ပါ ခ်ၿပီးေတာ့ လက္ေတြ႕ပါတဲ့ အေရးယူေဆာင္႐ြက္မႈေတြလုပ္ဖို႔ က်မတို႔က ထပ္မံၿပီးေတာ့ တိုက္တြန္းခဲ့ပါတယ္။ အခုလဲ ဒီလိုပဲ ထပ္ၿပီးေတာ့ တိုက္တြန္းလိုပါတယ္။ အခုနေျပာတဲ့ စီးပြားေရး ပိတ္စို႔မႈေတြနဲ႔ ေနာက္ထပ္ႏွစ္ ႏွစ္ဆယ္ ထပ္ၿပီးေတာ့ မေစာင့္ႏိုင္ပါဘူး။ ေပးလို႔လဲ မရပါဘူး။ ဒီပြဲဒီအေနအထားမ်ိဳးမွာ ဒီလိုအစဥ္အလာႀကီးျဖစ္ေအာင္ လုပ္လို႔မရပါဘူး။ ဒီထက္ပိုၿပီးေတာ့ ျပင္းထန္တဲ့ ထိေရာက္တဲ့ အေရးယူေဆာင္႐ြက္မႈေတြ၊ ေနာက္ၿပီးေတာ့ ျမန္မာျပည္မွာ စစ္အာဏာသိမ္းလို႔ရွိရင္ ျပည္သူလူထုရဲ႕ မဲေတြကို စိတ္ဆႏၵေတြကို သေရာ္ေမာ္ကား လုပ္မယ္ဆိုရင္ ဒီလိုပဲ ျပစ္ဒဏ္ခံရမယ္ဆိုတဲ့ နမူနာမ်ိဳးေတြ က်မတို႔ လိုအပ္ေနပါတယ္။ အဲဒီလိုမ်ိဳး ျဖစ္ႏိုင္မယ့္ ထိေရာက္တဲ့ အေရးယူမႈေတြ ထပ္လုပ္ေပးဖို႔ တိုက္တြန္းပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ ဒါကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီဝင္ ေဒၚဇင္မာေအာင္ ျဖစ္ပါတယ္ရွင္။

==Unicode==

ပြည်ပမှာရှိနေတဲ့ မြန်မာသံအမတ်တွေ၊ သံကိုယ်စားလှယ်အရာရှိတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ရှိနေဆဲ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံရမှာ ဖြစ်ကြောင်း CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် NLD ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ တရားမဝင်တဲ့အတွက် ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေအနေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တာဝန်ခံဆောင်ရွက်ကြဖို့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ မအင်ကြင်းနိုင်က ဒေါ်ဇင်မာအောင်, ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဒီနေ့ဆက်သွယ်မေးမြန်းထားသူကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် NLD ၏ ရန်ကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဖြစ်ပါတယ်။ မဇင်မာအောင်တို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကနေပြီး နိုင်ငံတကာမှာရှိတဲ့ မြန်မာသံအမတ်တွေ၊ သံအရာရှိတွေ။ အထူးသဖြင့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုနေတဲ့ သံအမတ်တွေအနေနဲ့ အခုပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို တာဝန်ခံဖို့ ပန်ကြာလွှာကို ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ သောကြာနေ့က ကျင်းပသွားတဲ့ အစည်းအဝေးမှာတုန်းကလည်း မြန်မာသံအမတ် ဦးမြင့်သူက သူပြောသွားတဲ့အချက်တွေဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုတဲ့အပြင်ကို အခုစစ်အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီကိုပဲ ကိုယ်စားပြုပြောသွားတယ်ဆိုတာမျိုးလည်း ထုတ်ပြန်ချက်ထဲမှာ ထောက်ပြထားတယ်ဆိုတော့ အခုလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကနေ မြန်မာသံအမတ်တွေကို ပန်ကြားလွှာ ထုတ်ပြန်ရတဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ဘယ်လိုရှိလာမလဲရှင့်။

ဖြေ ။ ။ ပထမဦးဆုံး ပြောချင်တာက ကျမတို့ ပြည်ထောင်စုလွှွတ်တော်ကိုယ်စားပြုကော်မတီသည် မြန်မာနိုင်ငံ၏ အခုလက်ရှိ အခြေအနေမှာ ပြည်သူလူထုကနေ တိုက်ရိုက် သူတို့ရဲ့ လွတ်လပ်တဲ့ စိတ်သဘောထားတွေကနေတဆင့် တိုက်ရိုက်မဲပေးပြီးတော့ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သုံးရာကျော်နဲ့ mandate နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်တယ်။ အဲဒီတော့ ဒီအချုပ်အခြာအာဏာက ပြည်သူလူထုထံကနေ ဆင်းသက်တယ်ဆိုတဲ့ အခြေခံသဘောတရားအရ ကျမတို့သည် ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ ပြောနေတာဖြစ်တယ်။ ဆိုတော့ ဒါကြောင့်မို့လို့ အခု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်း စစ်ကောင်စီသည် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရဆီကနေ သူတို့မကြာခဏ ကိုးကားနေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေနဲ့ မညီညွှတ်ဘဲနဲ့ Unconstitutionally မညီညွှတ်ဘဲနဲ့ အာဏာသိမ်းထားတာ ဖြစ်တယ်။

ဒါကြောင်မို့လို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရလည်း သူတို့ရဲ့ အာဏာသိမ်းမှုမှာ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေနဲ့ မညီညွှတ်တဲ့အတွက် ဒါက ရာဇဝတ်မှုမြောက်တယ်။ နိုင်ငံတော်ပုန်ကန်မှုမြောက်တယ်။ တရားမဝင်ဘူး။ ဒါကြောင့်မို့ ကျမတို့က အခု အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စား ခန့်အပ်ပြီးတော့၊ ကိုယ်စားပြုပြီးတော့ ပြည်သူူလူထုရဲ့ mandate ကို ကိုယ်စားမပြုဘဲနဲ့ ပြောသွားတဲ့ သံအမတ်ကြီးရဲ့ စကားတွေကလည်း တရားမဝင်ဘူး။ ပြီးတော့ ပြည်သူလူထုလည်း သူ့နောက်မှာ ရှိမနေဘူး။ ဘာကြောင့် ရှိမနေဘူးလို့ ကျမတို့ ပြောနေနိုင်လဲဆိုရင် အခုဆို ပြည်သူလူထုက တခဲနက် ပြောရမယ်ဆိုရင် ကန့်ကွက်နေကြတာ ဖြစ်တယ်။ အရွယ်မျိုးစုံကနေ ကန့်ကွက်နေကြတာ ဖြစ်တယ်။ ဆိုတော့ ဒီဟာက သက်သေပြနေတယ်။ နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါမှာ Internal Legitimacy and External Legitimacy ရှိပါတယ်။ Sovereignty နဲ့ ပတ်သက်လို့ရှိရင်လဲ ဒီအတိုင်းပါပဲ။ ပြည်တွင်းမှာ သက်ရောက်တဲ့ အချုပ်အခြာအာဏာ၊ ပြည်ပမှာ သက်ရောက်တဲ့ အချုပ်အခြာအာဏာ ဆိုပြီး ရှိပါတယ်။ အဲဒီတာ့ ဒီအဖွဲ့အစည်းတွေက အချုပ်အခြာအာဏာ နှစ်ခုစလုံးကို ကိုယ်စားမပြုဘူးလို့ ပြောချင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။ ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်။ အဲဒီတော့ ဒီမှာရှိနေတဲ့ ပြည်ပမှာ ရှိနေတဲ့ သံခင်းတမန်ခင်းတွေမှာ ရှိနေတဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ သူတွေအကုန်လုံးက သစ္စာခံရမှာသည် သူတို့၏ ဝန်ကြီး ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့ ခန့်အပ်ထားခဲ့တဲ့ သံတမန်တွေ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရကို ဒီအတွက်ကြောင့်မို့ ကျမတို့ ဆိုလိုချင်တာက လက်ရှိ ကမ္ဘာတနံှတလျားမှာ ရောက်ရှိဖွင့်လှစ်နေတဲ့ သံခင်းတမန်ခင်း သံတမန်တွေအကုန်လုံးသည် မတရားထိန်းသိမ်းခံရတဲ့ မတရားအာဏာသိမ်းခံရတယ်။ ဒါပေမဲ့ ပြည်သူလူထုကတော့ အခုအချိန်အထိ သူတို့ရဲ့ ခေါင်းဆောင်တွေအဖြစ် အစိုးရအဖြစ် အသိအမှတ်ပြုနေကြဆဲ ဖြစ်တယ်။ ဒီလိုပြည်သူလူထုက ပေးထားတဲ့ အချုပ်အခြာအာဏာအပေါ်မှာ နိုင်ငံတကာကလည်း ဒီစစ်အစိုးရကို ဆန့်ကျင်တယ်။ ပြည်ပမှာလည်း သူတို့၏ အချုပ်အခြာအာဏာ သက်ရောက်မှုက အင်မတန်မှ ချည့်နဲ့နေပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာရောက်နေတဲ့ မြန်မာ့သံတမန်တွေကို အကြောင်းကြားစာတွေ လုပ်ပြီးတော့ သတင်းပို့တယ်။ အကြောင်းကြားတယ်။ ကိုယ့်ကိုယ် ခန့်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ပေါ်မှာပဲ သူတို့သစ္စာစောင့်သိရမှာ ဖြစ်တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်သူလူထုဆီက mandate ရထားတယ်။ ပြည်သူလူထု၏ တရားဝင်မဲတွေနဲ့ ရွေးကောက်တင်မြှောက်ခံထားရတာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျမတို့က ဒီစာကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်။

မေး ။ ။ အဲဒီတော့ တကယ်လို့ စစ်ကောင်စီက ဒီသံအမတ်တွေကို ညွှန်ကြားချက်ပေးမယ်ဆိုရင် တဘက်မှာလဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကနေ ပြည်သူတွေ ရွေးကောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုပဲ ကိုယ်စားပြုဖို့ အစိုးရကိုပဲ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရကိုပဲ ကိုယ်စားပြုဖို့ဆိုရင် သံတမန်တွေဘက်က ဒီစစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေကို သူတို့ဘယ်လို တုံ့ပြန်သင့်သလဲ။

ဖြေ ။ ။ ဒါကတော့ သူတို့ မလိုက်နာဘဲနဲ့ တုံ့ပြန်လို့ ရပါတယ်။ နောက်ပြီးတော့ အခုဆိုလို့ရှိရင် သူတို့ အခက်အခဲဖြစ်အောင်လို့ လုပ်နေတာတော့ မဟုတ်ပါဘူး။ သံတမန်ဝန်ထမ်းတွေဟာ ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘယ်ဟာအကောင်း၊ ဘယ်ဟာအဆိုးလည်းဆိုတာကို သူတို့သိနိုင်တဲ့ လူ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဆိုတဲ့အခါကြတော့ သူတို့ရဲ့ rationality ကို ကျမတို့ လေးစားတယ်။ နောက်တခုက သူတို့ရဲ့ တိုင်းပြည်ပေါ်မှာ ထားရှိတဲ့ သစ္စာစောင့်သိမှုကို ကျမတို့ သံသယမဖြစ်ဘူး။ အဲဒီတော့ ဘယ်လိုပဲ နိုင်ငံရေး ဖိအားတွေကြောင့်ပဲဖြစ်ဖြစ် ဘယ်သူက တရားဝင်တယ်။ ဘယ်သူက တရားမဝင်ဘူးဆိုတာကို သူတို့သိပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဒါလေးကို သံတမန်တွေအနေနဲ့ တောင့်ခံပေးကြဖို့နဲ့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ အာဏာဖီဆန်တယ်ဆိုတာ ရိုးရိုးလေးပါ မလိုက်နာကြဖို့ပါပဲ။ စစ်အစိုးရ၏ ခိုင်းတာတွေကို မလုပ်ဖို့ပါပဲ။ ဒီအတိုင်းပဲ ဘိုးနေမြဲကျားနေမြဲ ကိုယ့်ကိုယ်လဲ မထိခိုက်ဘဲနဲ့ ဆက်ပြီးတော့ နေလို့ရတဲ့ အနေအထားတွေ ရှိပါတယ်။ ကြေညာချက်တွေ၊ ညွှန်ကြားချက်တွေကတော့ လာကောင်းလာပါလိမ့်မယ်။ ဒါတွေကို ကိုယ့်ရဲ့ rational နဲ့ ကိုယ့်အသိမှုနဲ့ ကိုယ့်သံတမန်လုပ်ပိုင်ခွင့်တွေနဲ့ ကျမတို့ တိုင်းပြညို ကယ်တင်နိုင်တာတွေ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးအောက်ကနေ လွတ်မြောက်ဖို့ သံတမန်တွေမှာ အခွင့်ရေးတွေ အများကြီး ရှိနေပါတယ်။

မေး ။ ။ အဲဒီတော့ သောကြာနေ့က ကျင်းပသွားခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အထူးအစည်းအဝေး၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အဲဒီအရေးပေါ် အစည်းအဝေးမှာဆိုရင် ဗြိတိန်သံအမတ်ကြီးကနေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ပန်ကြာလွှာ အဲဒီစာကိုလည်း ဖတ်သွားတယ်ဆိုတော့ အဲဒီတော့ ကုလသမဂ္ဂဘက်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ကော်မတီကို အသိအမှတ်ပြုထားတယ်ဆိုတဲ့ သဘောမျိုးလည်း တွေ့ရတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ကော်မတီအနေနဲ့ နိုင်ငံတကာမှာ တရားဝင် နိုင်ငံကိုယ်စားပြုအဖွဲ့အနေနဲ့ ဘယ်လိုဆက်လုပ်လှုပ်ရှားသွားဖို့ ရှိပါလဲ။

ဖြေ ။ ။ ဒီအခြေအနေမှာ ကျမတို့ တောင်းဆိုနေတာတွေ ရှိတယ်။ အခုန ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့၊ ပြန်လွှတ်ပေးဖို့တွေ၊ နောက်ပြီးတော့ ဒီမိုကရေစီ ပြန်ပြီးတော့ Restore လုပ်ဖို့ တညီတညွတ်ထဲ နိုင်ငံတကာနဲ့ ကျမတို့ ပြည်တွင်းကပါ တောင်းဆိုနေကြတာ ဖြစ်တယ်။ ပထမအချက်က ကျမပြောချင်တာက ဒီကိစ္စကို အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မြန်မြန်ထက်ထက် လုပ်ဖို့ပါ။ ဒါဆို သူတို့အတွက်လည်း သက်သာမယ်။ တိုင်းပြည်အတွက်လည်း ဘာပဲပြောပြော ပြည်သူလူထုတွေ လမ်းပေါ်ထွက်နေရတဲ့ ကိစ္စတွေ။ ဒါတွေ နစ်နာမှုတွေ အချိန်ကြာလာတာနဲ့အမျှ ဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ။ စစ်အုပ်စုရဲ့ အကျိုးစီးပွားတော့ ထိချင်မှ ထိမှာပေါ့။ သူတို့ စုထားဆောင်းထားတာနဲ့ ဒါပေမဲ့ တိုင်းပြည်ရဲ့ စီးပွားရေးက အချို့ရက်တွေမှာ ကုန်သွယ်ရေးက သုည ဖြစ်သွားတာတွေ ရှိတယ်။ ဒါတွေက ကြာလာတာနဲ့ တိုင်းပြည်အတွက်လည်း မကောင်းပါဘူး။ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် CDM လှုပ်ရှားမှုဟာ ကျမတို့ ထိရောက်မှုရှိတယ်။ အခုန ကုလသမဂ္ဂမှာလည်း Legitimacy ရအောင် ကျမတို့ ကြိုးစားပြီးတော့ ရတဲ့ Channel တွေကနေ ကြိုးစားဆောင်ရွက်နေတာ ဖြစ်တယ်။ ပြင်ပမှာရုံးတွေ လိုအပ်လို့ရှိရင်လဲ ကျမတို့ ပြင်ပကနေ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ရမယ့် အနေအထားတွေ ရှိတယ်။

အခုလောလောဆယ်တော့ ပြည်တွင်းကနေပြီးတော့ပဲ အခုလိုမျိုးပဲ ကျန်တဲ့ Platform တွေကို သုံးပြီးတော့ ဆက်သွယ်နေပါမယ်။ နောက်ပြီးတော့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် ကမ္ဘာကြီးမှာလည်း လူကိုယ်တိုင် သွားပြီးတော့ တက်နေကြတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂအစည်းအဝေး အပါအဝင်၊ အစည်းအဝေး တော်တော်များများက Zoom Platform အခြား Application Platform တွေနဲ့ လုပ်နေကြတာ ဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ အခုအနေအထားအထိ International ကို ပြောတဲ့အခါမှာ ဒီ Platform တွေကနေ ပြောဖို့ အဆင်ပြေနေတုန်းပါပဲ။ အဲဒီတော့ နောက်ထပ်ပြည်ပမှာ ရုံးခွဲတွေ ဖွင့်သွားဖို့ Delegate လုပ်သွားဖို့ဆိုတာတွေကတော့ ကျမတို့ စိတ်ချရတဲ့ နိုင်ငံရေးအားဖြင့် သေသေချာချာ၊ အကြေအလည် ဆွေးနွေးပြီးတော့မှ လုပ်ဖို့ ဆောင်ရွက်ဖို့ ကြိုးစားမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျမတို့ ဒီကိစ္စက အဲဒီလောက်အထိ ရှည်ရှည်ကြီး မသွားစေချင်ပါဘူး။ အဲဒီအထိ မသွားနိုင်အောင်လည်း ဖြစ်နိုင်သမျှ မြန်မြန်ပြေအောင်လို့ ကျမတို့ တွန်းနေပါတယ်။ တကယ်လို့ ရှည်ကြာခဲ့မယ်ဆိုရင်တော့ ဒီနည်းဟာ စဉ်းစားရမယ့် ကိစ္စဖြစ်တဲ့အတွက် အဲဒီအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။

မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ အခု လူ့အခွင့်အရေးကောင်စီကနေ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီရဲ့ ဆုံးဖြတ်ချက် သောကြာနေ့က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေထဲမှာပါတဲ့ အချက်တွေအရ ဘယ်လောက်အထိ အရေးပါလဲရှင့်။

ဖြေ ။ ။ ထူးခြားတာကတော့ အမြဲတမ်း ကန့်ကွက်ဆန့်ကျင်ပြီးတော့ ကာပေးနေတဲ့ တရုတ်နဲ့ ရုရှားတို့က ပြည်တွင်းရေးလို့ ပြောပေမယ့်လဲ တဘက်ကလဲ ဒီဟာကို သွားဖို့အတွက် ပြောသွားတဲ့အချက်ထဲမှာ ကျမတို့ သတိထားမိလိုက်တာ ရှိပါတယ်။ ပြောရမယ်ဆိုရင် အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ အနေအထားဟာ ပြည်တွင်းရေးဆိုပြီး ပစ်ထားရမယ့် အနေအထား မဟုတ်ပါဘူး။ ကမ္ဘာ့ဒီမိုကရေစီ သွားချင်တဲ့ နိုင်ငံတွေ၊ ဒီမိုကရေစီကို လိုလားတဲ့ ကမ္ဘာသူကမ္ဘာသားတွေ၊ ကမ္ဘာ့ပြည်သူတွေကိုပါ ခြိမ်းခြောက်နေတဲ့ ဖြစ်ရပ်ဖြစ်တယ်။ မင်းတို့ ဘယ်လိုပဲ ရွေးကောက်ထား၊ ရွေးကောက်ထား မင်းတို့ မဲနဲ့ ရွေးထားတဲ့လူတွေကို ငါတို့ ကြိုက်သလို လုပ်လို့ရတယ်ဆိုတဲ့ message က ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စကို တရုတ်၊ ရုရှာတို့လိုအပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဓိက veto ရထားတဲ့ နိုင်ငံတွေအနေနဲ့လဲ ဒါကို အထိုက်အလျောက် အသိအမှတ်ပြုရလိမ့်မယ်။ နားလည်ရလိမ့်လို့ ကျမတို့ နားလည်ပါတယ်။ နောက်တခု ကျမတို့ ဒီကနေတဆင့် ပြောချင်တာက တရုတ်နိုင်ငံအနေနဲ့လဲ ဗမာပြည်ရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှုကို ဘာမှထွေထွေထူးထူး စိုးရိမ်စရာ မရှိပါဘူး။ ကျနော်တို့ခေါင်းဆောင်နဲ့ နိုင်ငံရေးပေါ်လစီမှာလဲ ရှိထားပြီသား ဖြစ်တယ်။ ကျမတို့က အိမ်နီးနားချင်းနဲ့ ထိုက်သင့်တဲ့ ဆက်ဆံရေး၊ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိရမယ်ဆိုတာကို ကျမတို့ လက်ခံထားပြီးသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့ ဒီကနေတဆင့် သတင်းစကားပါးချင်တာကလဲ ကြုံတုန်းပြောချင်တာက မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ တရုတ်ပြည်ရဲ့ ပြည်တွင်းရေးကို ဘာမှထိရောက်မှု မရှိပါဘူး။ ထို့အတူ ကျမတို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာလည်း အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထောက်ခံမှုတွေကို အိမ်နီးနားချင်းနိုင်ငံအနေနဲ့ ဆောင်ရွက်ပေးဖို့ ကျမတို့အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ ကျမတို့ diplomatic channel တွေကနေ ဒီသတင်းစကားတွေကို ပေးထားခဲ့ပါတယ်။

မေး ။ ။ အဲဒီတော့ ဒီစစ်ကောင်စီကို နိုင်ငံတကာအစိုးရတွေက အသိအမှတ်ပြုတဲ့ အတိုင်းအတာ - အဲဒါကို မဇင်မာအောင်တို့က ဘယ်လိုမြင်လဲ။ ဘယ်လို သုံးသပ်ထားပါလဲရှင့်။

ဖြေ ။ ။ အခုထက်ထိ အသိအမှတ်မပြုဘူး။ ဒါကြောင့်မို့ အခုန တောင်းဆိုချက်တွေမှာ တွေ့ရတယ်။ International Law နဲ့ နိုင်ငံတကာ ဥ့ပဒေတွေနဲ့ ဆက်ဆံရေး ethically ကျင့်ဝတ်တွေအရ စာချုပ်စာတမ်းတွေ၊ အနေအထားတွေနဲ့ သူတို့ နိုင်ငံတကာက သံခင်းတမန်ခင်းနည်းတွေနဲ့ ဒီကိစ္စကို ဖိအားပေးဖို့ အမျိုးမျိုး ကြိုးစားနေကြတာကို တွေ့ရပါတယ်။ ဒီဟာကြီးက အထူးအားဖြင့်တော့ ဒီမိုကရေစီနိုင်ငံတွေအတွက်တော့ အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ ကိစ္စ ဖြစ်နေတာပေါ့။ ဒေသတွင်းမှာလဲ အခုဆိုရင် ကျမတို့ တိုင်းပြည်တပြည်တည်း မဟုတ်တော့ဘူး။ ထိုင်းဘက်မှာ ဆန္ဒပြတာတွေ ဖြစ်နေပြီ။ ထိုင်းမှာလည်း အာဏာသိမ်းစစ်အစိုးရ သိမ်းလိုက် ပြန်ပေးလိုက် ဖြစ်နေတဲ့ အနေအထား ဖြစ်နေတဲ့အတွက် ဒါက Regional Issue လည်း တစတစနဲ့ ဖြစ်လာနေတဲ့ အနေအထားမျိုး တွေ့နေရတယ်။ ဆိုတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ခံမှုဟာ အင်မတန်မှ နည်းပါတယ်။ ဒါကို ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားဖို့ လိုအပ်တယ်ဆိုတဲ့ တစ်ချက်ကြောင့်သာ စစ်အုပ်စုနဲ့ စကားပြောတယ်။ တချို့သံတမန်တွေဆို သူတို့ကို နားလည်ပေးပါ။ သူတို့ CRPH ကို ထောက်ခံတယ်။ သို့သော်လဲပဲ အခုနပြောတဲ့ ညှိနှိုင်းမှု အဖြေတစ်ခု ရှာဖို့ဆိုရင်တော့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ကြိုးစားလိမ့်မယ်။ ကြိုးစားပြီး စကားပြောပေးလိမ့်မယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ ဒါဟာ စစ်ခေါင်းဆောင်တွေကို အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ သူတို့ကို နားလည်ပေးပါဆိုပြီး ကျမတို့ကို ပြောထားတာ ရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကတော့ အင်မတန် Legitimacy အရ အင်မတန်ကိုမှ နည်းပါးတယ်။ Percentage အားဖြင့် တော်တော်လေးနည်းတဲ့ အနေအထား ရှိပြီးတော့ CRPH ရဲ့ ဖြစ်တည်မှုက Legitimacy ကို အများကြီး အထောက်အကူပြု နေတာမျိုးတွေ ရှိပါတယ်။ အားရစရာကောင်းပါတယ်။

မေး ။ ။ အဲဒီတော့ ပြီးခဲ့တဲ့ အပတ်အတွင်းမှာပဲ အမေရိကန်သမ္မတ Joe Biden ကနေ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေအပေါ်မှာ အဓိက စစ်အာဏာသိမ်းတဲ့ တာဝန်ရှိတဲ့လူတွေကို ပစ်မှတ်ထားပြီးတော့ ဒဏ်ခတ်အရေးယူထားတယ်။ အဲဒါအပြင်ကို မြန်မာနိုင်ငံက ပိုင်ဆိုင်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံကိုလည်း ထိန်းသိမ်းထားမယ်၊ ထိန်းချုပ်ထားမယ်ဆိုပြီးတော့လည်း ကြေညာတယ်ဆိုတော့ အဲဒီ တစ်ဘီလီယံဆိုတဲ့ဟာက အမေရိကန်နိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်မှုဆိုတာ ဘာကိုပြောတာပါလဲရှင့်။

ဖြေ ။ ။ ကျမထင်တယ် အဓိက ကုန်သွယ်မှုလုပ်ဖို့ အရင်အစိုးရတုန်းက ကျမတို့တွေ မြန်မာငွေ ခိုင်မာအားကောင်းဖို့အတွက် လုပ်ထားတဲ့ဟာတွေ၊ ရှိခဲ့ပါလိမ့်မယ်။ ဒါက အစိုးရက ပိုင်ဆိုင်မှုတွေ။ အဲဒီဟာတွေကို ကျမ နားလည်လိုက်တာက တရားမဝင်တဲ့ စစ်အာဏာသိမ်းအစိုးရမှာ လုပ်ပိုင်ခွင့် မရှိဘူး။ ဒါက တရားဝင်အစိုးရက လုပ်ထားခဲ့တဲ့ reserve ပြောထားတဲ့ ကုန်သွယ်ရေးမှာ ထားတာတွေ ဖြစ်မယ်။ ဒါကတော့ ဘဏ္ဍာရေးနဲ့ ကော်မတီက ကိုယ်စားလှယ်ဆိုရင် ပိုပြီးတော့ သိပါလိမ့်မယ်။ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ကိုယ်စားလှယ်တွေဆို ပိုသိပါလိမ့်မယ်။ ဆိုလိုတာကတော့ conceptually အခြေခံသဘောတရားအရ ဒါဟာ အာဏာသိမ်းစစ်အစိုးရနဲ့ မဆိုင်ဘူး။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခံထားရတဲ့ တရားဝင်အစိုးရသည်သာ ဒါကို လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြောလိုက်တဲ့ message လို့ ကျမအနေနဲ့ ဒီလိုပဲ နားလည်ပါတယ်။

မေး ။ ။ အခုလိုမျိုး အမေရိကန်အစိုးရဘက်က ဒီလိုအာဏာသိမ်းမှုအပေါ်မှာ သူတို့ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တာတွေပေါ်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီအနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ကြိုဆိုပါတယ်။ ကျမတို့က တစ်ခုပဲ ထပ်ထပ်ပြီးတော့ တိုက်တွန်းရတာက ဘာလဲဆိုတော့ အရင်တုန်းကလဲ စီးပွားရေးပိတ်စို့တာတွေ လုပ်ခဲ့တယ်။ ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ အပြောင်းအလဲကို ဖြစ်စေနိုင်တဲ့ အရေးယူမှုတွေ လုပ်ဖို့ UN Security Council မှာလည်း သူတို့ ဆုံးဖြတ်ခဲ့တာ Announcement လုပ်ခဲ့တာတွေ ရှိတယ်။ အဲဒီတော့ Resolution ကြေညာချက်လို မဟုတ်ဘဲနဲ့ ဆုံးဖြတ်ချက်ပါ ချပြီးတော့ လက်တွေ့ပါတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ကျမတို့က ထပ်မံပြီးတော့ တိုက်တွန်းခဲ့ပါတယ်။ အခုလဲ ဒီလိုပဲ ထပ်ပြီးတော့ တိုက်တွန်းလိုပါတယ်။ အခုနပြောတဲ့ စီးပွားရေး ပိတ်စို့မှုတွေနဲ့ နောက်ထပ်နှစ် နှစ်ဆယ် ထပ်ပြီးတော့ မစောင့်နိုင်ပါဘူး။ ပေးလို့လဲ မရပါဘူး။ ဒီပွဲဒီအနေအထားမျိုးမှာ ဒီလိုအစဉ်အလာကြီးဖြစ်အောင် လုပ်လို့မရပါဘူး။ ဒီထက်ပိုပြီးတော့ ပြင်းထန်တဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ၊ နောက်ပြီးတော့ မြန်မာပြည်မှာ စစ်အာဏာသိမ်းလို့ရှိရင် ပြည်သူလူထုရဲ့ မဲတွေကို စိတ်ဆန္ဒတွေကို သရော်မော်ကား လုပ်မယ်ဆိုရင် ဒီလိုပဲ ပြစ်ဒဏ်ခံရမယ်ဆိုတဲ့ နမူနာမျိုးတွေ ကျမတို့ လိုအပ်နေပါတယ်။ အဲဒီလိုမျိုး ဖြစ်နိုင်မယ့် ထိရောက်တဲ့ အရေးယူမှုတွေ ထပ်လုပ်ပေးဖို့ တိုက်တွန်းပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒါကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဝင် ဒေါ်ဇင်မာအောင် ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG