သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆက္သြယ္ေရးကန္႔သတ္ဖို႔ ၫႊန္ၾကားခ်က္မ်ား တယ္လီေနာကုမၸဏီ ရရွိခဲ့


တယ္လီေနာကုမၸဏီ တံဆိပ္။

[Zawgyi/Unicode]

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး ျမန္မာအာဏာပိုင္ေတြဘက္က အင္တာနက္ေတြကို ကန္႔သတ္ဖို႔ ညႊန္ၾကားခ်က္ေတြကို ရရွိခဲ့တယ္လို႔ ျမန္မာႏုိင္ငံက ဆက္သြယ္ေရးဝန္ေဆာင္မႈေပးေနတဲ့ Telenor ကုမၸဏီက ေျပာလိုက္ပါတယ္။ ျမန္မာစစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္၀ါရီ ၁ ရက္ေန႔ကတည္းက အာဏာပိုင္ေတြဘက္က အင္တာနက္ေတြကို ကန္႔သတ္ထိန္းခ်ဳပ္တာေတြလုပ္ဖို႔ ေျပာခဲ့ေပမဲ့ သူတုိ႔အေနနဲ႔အာဏာပိုင္ေတြရဲ႕ ေတာင္းဆုိမႈေတြကို လိုက္ေလ်ာလုပ္ေဆာင္တာေတြရွိခဲ့ေပမဲ့ ဒီကန္႔သတ္မႈေတြမွာ လူ႔အခြင့္အေရးအရစိုးရိမ္စရာရွိတာေၾကာင့္ တတ္ႏိုင္သမွ်အင္တာနက္ေတြ ဖြင့္ေပးခဲ့တယ္လို႔ တယ္လီေနာကုမၸဏီရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီ ၆ ရက္ေန႔က စစ္တပ္က အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့အေနနဲ႔ ရန္ကုန္မွာ လမ္းေပၚထြက္ ဆႏၵျပပဲြေတြျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္မွာပဲ အာဏာပိုင္ေတြက ႏုိင္ငံတ၀န္း အင္တာနက္လိုင္းေတြကို ျဖတ္ေတာက္တာေတြရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ျပန္ဖြင့္ေပးခဲ့ေပမဲ့ မနက္ပိုင္းေတြမွာ အင္တာနက္လိုင္းေတြေႏွးေကြးတာေတြ ရွိခဲ့ပါတယ္။ အခုေနာက္ပုိင္းမွာဆုိရင္လည္း လူထုဆႏၵျပပဲြေတြနဲ႔ CDM လႈပ္ရွားမႈေတြ ပိုၿပီးေတာ့ အရွိန္အဟုန္ အားေကာင္းလာေနတဲ့အတြက္ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္လာမွာကို စိုးရိမ္ေနၾကပါတယ္။

တယ္လီေနာ ကုမၸဏီအေနနဲ႔ ျမန္မာႏုိင္ငံမွာ လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြအေပၚမွာ အထူးပဲ စိုးရိမ္မႈရွိတဲ့တခ်ိန္တည္းမွာပဲ ျမန္မာျပည္သူေတြရဲ႕ အေျခခံအခြင့္အေရးေတြ ရရွိဖို႔နဲ႔ သတင္းမွန္ရရွိဖို႔အတြက္ ဆက္သြယ္ေရး ၀န္ေဆာင္မႈလုပ္ငန္းေတြ ရရွိဖို႔က အေရးႀကီးၿပီး အင္တာနက္ေတြအၿမဲတမ္းရရွိဖို႔ အာဏာပိုင္ေတြကိုလည္း ဆက္ၿပီးေတာ့ အေလးေပးေျပာၾကားေနတယ္လို႔ တယ္လီေနာကုမၸဏီက ေၾကျငာခ်က္ထုတ္ျပန္ထားပါတယ္။ တယ္လီေနာ ကုမၸဏီဟာ ၂၀၁၃ ခုႏွစ္ကစၿပီး ျမန္မာႏိုင္ငံတြင္း တယ္လီဖုန္းနဲ႕ဆက္သြယ္ေရးလုပ္ငန္းမွာ ရင္းႏွီးျမွဳပ္ႏွံခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဆက်သွယ်ရေးကန့်သတ်ဖို့ ညွှန်ကြားချက်များ တယ်လီနောကုမ္ပဏီ ရရှိခဲ့

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာအာဏာပိုင်တွေဘက်က အင်တာနက်တွေကို ကန့်သတ်ဖို့ ညွှန်ကြားချက်တွေကို ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံက ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ Telenor ကုမ္ပဏီက ပြောလိုက်ပါတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အာဏာပိုင်တွေဘက်က အင်တာနက်တွေကို ကန့်သတ်ထိန်းချုပ်တာတွေလုပ်ဖို့ ပြောခဲ့ပေမဲ့ သူတို့အနေနဲ့အာဏာပိုင်တွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောလုပ်ဆောင်တာတွေရှိခဲ့ပေမဲ့ ဒီကန့်သတ်မှုတွေမှာ လူ့အခွင့်အရေးအရစိုးရိမ်စရာရှိတာကြောင့် တတ်နိုင်သမျှအင်တာနက်တွေ ဖွင့်ပေးခဲ့တယ်လို့ တယ်လီနောကုမ္ပဏီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မှာ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာပဲ အာဏာပိုင်တွေက နိုင်ငံတဝန်း အင်တာနက်လိုင်းတွေကို ဖြတ်တောက်တာတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြန်ဖွင့်ပေးခဲ့ပေမဲ့ မနက်ပိုင်းတွေမှာ အင်တာနက်လိုင်းတွေနှေးကွေးတာတွေ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း လူထုဆန္ဒပြပွဲတွေနဲ့ CDM လှုပ်ရှားမှုတွေ ပိုပြီးတော့ အရှိန်အဟုန် အားကောင်းလာနေတဲ့အတွက် အင်တာနက်လိုင်းတွေ ဖြတ်တောက်လာမှာကို စိုးရိမ်နေကြပါတယ်။

တယ်လီနော ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ အထူးပဲ စိုးရိမ်မှုရှိတဲ့တချိန်တည်းမှာပဲ မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေ ရရှိဖို့နဲ့ သတင်းမှန်ရရှိဖို့အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ရရှိဖို့က အရေးကြီးပြီး အင်တာနက်တွေအမြဲတမ်းရရှိဖို့ အာဏာပိုင်တွေကိုလည်း ဆက်ပြီးတော့ အလေးပေးပြောကြားနေတယ်လို့ တယ်လီနောကုမ္ပဏီက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။ တယ်လီနော ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်ကစပြီး မြန်မာနိုင်ငံတွင်း တယ်လီဖုန်းနဲ့ဆက်သွယ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG