သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေထာင္ခ်ီတဲ့ ဂ်ပန္ေရာက္ျမန္မာေတြ တိုက်ိဳၿမိဳ႕မွာ ဆႏၵျပ


ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕က စစ္အာဏာ ဆန္႔က်င္ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ေထာင္နဲ႔ခ်ီတဲ့ ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားေတြဟာ ဒီကေန႔ တနဂၤေႏြေန႔ တိုက်ိဳၿမိဳ႕လယ္မွာ ေဒၚေအာင္ဆန္းစုၾကည္ပံုေတြ ကိုင္ေဆာင္ၿပီး ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္ဆႏၵျပခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံတြင္းက လူ႔အခြင့္အေရးဆံုးရံႈးမႈေတြအေၾကာင္းေရးထားတဲ့ ဆိုင္းပုဒ္ေတြကိုင္ၿပီး စစ္တပ္အေနနဲ႔ မူလေနရာျပန္ၿပီး စစ္အုပ္ခ်ဳပ္ေရး႐ုပ္သိမ္းဖို႔လည္း ေတာင္းဆိုၾကပါတယ္။ ႏိုင္ငံတကာေရာက္ျမန္မာေတြရဲ႕ စစ္အာဏာသိမ္းဆန္႔က်င္မႈဆႏၵျပပဲြေတြအေၾကာင္း မခြာညိဳ ေျပာျပပါမယ္။

ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕က စစ္အာဏာ ဆန္႔က်င္ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၁)
ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕က စစ္အာဏာ ဆန္႔က်င္ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၁)

ဒီေန႔ တနဂၤေႏြေန႔မွာ ျမန္မာ့အေရးတက္ႂကြလႈပ္ရွားသူေတြဟာ တိုက်ဳိၿမိဳ႕တြင္း ပန္းၿခံတခုမွာစတင္ လူစုၿပီး လူအသြားအလာမ်ားတဲ့ လမ္းေတြေပၚမွာ ခ်ီတက္ဆႏၵျပခဲ့ၾကတာပါ။ ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႔က ေဘးကေန ေစာင့္ၾကည့္ ၾကီးၾကပ္ေပးပါတယ္။

အသက္ ၅၃ ႏွစ္ရွိၿပီျဖစ္တဲ့ စီးပြါးေရးလုပ္ငန္းရွင္ ဦးေသာင္းျမင့္ဦးက အခုလို ေျပာပါတယ္။

“ျမန္မာႏိုင္ငံဟာ အာဏာရွင္လက္ေအာက္ကို ျပန္ေရာက္သြားပါၿပီ။ ျမန္မာႏုိင္ငံသာမက ဂ်ပန္ႏိုင္ငံလို ျမန္မာနဲ႔ ဆက္ဆံေရးေကာင္းမြန္ခဲ့တဲ့ တျခား ႏိုင္ငံေတြရဲ႕ အနာဂတ္လည္းပဲ တျဖည္းျဖည္းနဲ႔ ထိခိုက္ပ်က္စီးလာပါလိမ့္မယ္။”

ျမန္မာ့ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေဖေဖၚဝါရီလ ၁ ရက္ေန႔က စစ္တပ္အာဏာသိမ္းၿပီးကတည္းက ထိန္းသိမ္းခံထားရပါတယ္။ တိုက်ဳိက ျမန္မာ့အေရးဆႏၵျပပြဲေတြမွာေတာ့ တခါထက္တခါ ပိုၿပီးဆႏၵျပသူဦးေရ တိုးလာေနပါတယ္။

ၿပီးခဲ့တဲ့ရက္အနည္းငယ္တုန္းက ညေနခင္းမွာ ဖေရာင္းတုိင္သေဘာ အေရာင္ထြက္တဲ့ ပလပ္စတစ္ေခ်ာင္းေတြ ကိုင္ၿပီး လူစုခဲ့ၾကတာပါ။

တနဂၤေႏြေန႔မွာေတာ့ အလုပ္သမားသမဂၢ ကိုယ္စားလွယ္ေတြအပါအဝင္ ဂ်ပန္လူမ်ုိးေတြပါ ဆႏၵျပပြဲထဲ ပါဝင္လာၿပီး ေဒၚေအာင္ဆန္းစုၾကည္လြတ္ေျမာက္ေရး ေၾကြးေက်ာ္ေအာ္ဟစ္ခဲ့သလို ျမန္မာလူမ်ဳိးေတြနဲ႔အတူ တစည္းတလံုးတည္းရွိေနမယ့္အေၾကာင္းကိုလည္း ကတိေပးခဲ့ပါတယ္။

ဆႏၵျပပြဲမွာပါဝင္သူ ဂ်ပန္ႏိုင္ငံမွာ ေက်ာင္းတက္ေနတဲ့၂၈ ႏွစ္အရြယ္ ျမန္မာေက်ာင္းသူ Mako ကလည္း -

“က်မတို႔လည္း လူေတြပါပဲ။ က်မတို႔ ဒီမိုကေရစီ လုိခ်င္တယ္။ လြတ္လပ္မႈကို က်မတို႔ တကယ္လိုပါတယ္။” လို႔ ေျပာပါတယ္။

ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာစစ္ေကာင္စီကို စီးပြားေရးအရ အေရးယူဒဏ္ခတ္တာအပါအ၀င္ ဖိအားေပးမႈေတြ လုပ္ၿပီး၊ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို အသိအမွတ္မျပဳဖို႔ ဆႏၵျပသူေတြက ေတာင္းဆို ေမွ်ာ္လင့္ေနၾကပါတယ္။

ဂ်ပန္ႏုိင္ငံမွာ ျမန္မာႏုိင္ငံသား ၃၃,၀၀၀ ေက်ာ္ေနထိုင္ေနၾကပါတယ္။

တခ်ိန္တည္းမွာပဲ ၾသစေၾတးလ်ားႏုိင္ငံ၊ ပါ့ခ်္ၿမိဳ႕မွာလည္း ဒီကေန႔ ေထာင္ေပါင္းမ်ားစြာေသာလူေတြ စုေဝးၿပီး ေရြးေကာက္ခံအစိုးရကို အသိအမွတ္ျပဳဖို႔ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

ေဖေဖၚဝါရီလ ၁၂ ရက္ေန႔ကလည္း ၾသစေၾတးလ်ႏိုင္ငံ၊ ကဲန္ဘာရာက လႊတ္ေတာ္အေဆာက္အဦးေရွ႕မွာ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာႏုိင္ငံသားေတြ စုေဝးဆႏၵျပခဲ့ၾကပါတယ္။ ထိန္းသိမ္းခံထားရသူ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ဓာတ္ပံုေတြ ကိုင္ေဆာင္ထားသူေတြဟာ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးျပန္ရဖို႔ ေတာင္းဆိုဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပပြဲ ဦးေဆာင္သူတဦးျဖစ္တဲ့ ေဒါက္တာ သိန္းမိုးဝင္းက အခုလို ေျပာပါတယ္။

“ဒီစစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာႏုိင္ငံဟာ အေမွာင္ေခတ္ကို ျပန္ေရာက္သြားေစပါတယ္။ သိတဲ့အတုိင္း ျမန္မာႏုိင္ငံဟာ ႏိုင္ငံအေသးေလးပါ။ အရင္က အာဏာရွင္စနစ္အုပ္ခ်ဳပ္ခဲ့တဲ့ ႏွစ္ ၅၀ ကာလကို အခု ျပန္ေရာက္သြားပါၿပီ။ သိၾကတဲ့အတိုင္း စစ္အုပ္ခ်ဳပ္ေရးေအာက္ကို ျပန္ေရာက္သြားတာမို႔လို႔ ၾကမ္းၾကဳတ္ရက္စက္မႈေပါင္းစံု၊ လူ႔အခြင့္ေရးခ်ဳိးေဖာက္ခံရမႈ၊ တုိင္းရင္းသားလူႏြယ္စုေတြကို ရွင္းလင္းမႈစတဲ့ ျဖစ္ရပ္ေပါင္းစံုကို သတင္းေတြမွာ ေတြ႔ႏုိင္ပါတယ္။”

အလားတူ ဆႏၵျပကန္႔ကြက္မႈေတြကို ဖိလစ္ပိုင္ႏုိင္ငံ မနီလာၿမိဳ႕မွာလည္း ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းမွာ ေတြ႔ခဲ့ရသလို ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း စစ္တပ္အာဏာသိမ္းခ်ိန္ကစလို႔ ျမန္မာစစ္သံ႐ံုးေရွ႕မွာ သြားၿပီး ဆႏၵျပေနၾကတာပါ။အလားတူပဲ အေမရိကန္ျပည္ေထာင္စုနဲ႔ ဥေရာပႏိုင္ငံအေတာ္မ်ားမ်ားမွာလည္း သက္ဆိုင္ရာ ျမန္မာသံရံုးေရွ႕ေတြမွာ ျမန္မာ့အေရးတတ္ႂကြလႈပ္ရွားသူေတြ စုေ၀းၿပီး ျမန္မာျပည္မွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ျပဳလုပ္လ်က္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထောင်ချီတဲ့ ဂျပန်ရောက်မြန်မာတွေ တိုကျိုမြို့မှာ ဆန္ဒပြ

ထောင်နဲ့ချီတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေဟာ ဒီကနေ့ တနင်္ဂနွေနေ့ တိုကျိုမြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကိုင်ဆောင်ပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးဆုံးရှုံးမှုတွေအကြောင်းရေးထားတဲ့ ဆိုင်းပုဒ်တွေကိုင်ပြီး စစ်တပ်အနေနဲ့ မူလနေရာပြန်ပြီး စစ်အုပ်ချုပ်ရေးရုပ်သိမ်းဖို့လည်း တောင်းဆိုကြပါတယ်။ နိုင်ငံတကာရောက်မြန်မာတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲတွေအကြောင်း မခွာညို ပြောပြပါမယ်။

ဒီနေ့ တနင်္ဂနွေနေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေဟာ တိုကျိုမြို့တွင်း ပန်းခြံတခုမှာစတင် လူစုပြီး လူအသွားအလာများတဲ့ လမ်းတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဘေးကနေ စောင့်ကြည့် ကြီးကြပ်ပေးပါတယ်။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ စီးပွါးရေးလုပ်ငန်းရှင် ဦးသောင်းမြင့်ဦးက အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အာဏာရှင်လက်အောက်ကို ပြန်ရောက်သွားပါပြီ။ မြန်မာနိုင်ငံသာမက ဂျပန်နိုင်ငံလို မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ တခြား နိုင်ငံတွေရဲ့ အနာဂတ်လည်းပဲ တဖြည်းဖြည်းနဲ့ ထိခိုက်ပျက်စီးလာပါလိမ့်မယ်။”

မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးကတည်းက ထိန်းသိမ်းခံထားရပါတယ်။ တိုကျိုက မြန်မာ့အရေးဆန္ဒပြပွဲတွေမှာတော့ တခါထက်တခါ ပိုပြီးဆန္ဒပြသူဦးရေ တိုးလာနေပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ညနေခင်းမှာ ဖရောင်းတိုင်သဘော အရောင်ထွက်တဲ့ ပလပ်စတစ်ချောင်းတွေ ကိုင်ပြီး လူစုခဲ့ကြတာပါ။

တနင်္ဂနွေနေ့မှာတော့ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေအပါအဝင် ဂျပန်လူမျိုးတွေပါ ဆန္ဒပြပွဲထဲ ပါဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြွေးကျော်အော်ဟစ်ခဲ့သလို မြန်မာလူမျိုးတွေနဲ့အတူ တစည်းတလုံးတည်းရှိနေမယ့်အကြောင်းကိုလည်း ကတိပေးခဲ့ပါတယ်။

ဆန္ဒပြပွဲမှာပါဝင်သူ ဂျပန်နိုင်ငံမှာ ကျောင်းတက်နေတဲ့၂၈ နှစ်အရွယ် မြန်မာကျောင်းသူ Mako ကလည်း -

“ကျမတို့လည်း လူတွေပါပဲ။ ကျမတို့ ဒီမိုကရေစီ လိုချင်တယ်။ လွတ်လပ်မှုကို ကျမတို့ တကယ်လိုပါတယ်။” လို့ ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို စီးပွားရေးအရ အရေးယူဒဏ်ခတ်တာအပါအဝင် ဖိအားပေးမှုတွေ လုပ်ပြီး၊ စစ်အုပ်ချုပ်ရေးကောင်စီကို အသိအမှတ်မပြုဖို့ ဆန္ဒပြသူတွေက တောင်းဆို မျှော်လင့်နေကြပါတယ်။

ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၃၃,၀၀၀ ကျော်နေထိုင်နေကြပါတယ်။

တချိန်တည်းမှာပဲ သြစတြေးလျားနိုင်ငံ၊ ပါ့ချ်မြို့မှာလည်း ဒီကနေ့ ထောင်ပေါင်းများစွာသောလူတွေ စုဝေးပြီး ရွေးကောက်ခံအစိုးရကို အသိအမှတ်ပြုဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ကလည်း သြစတြေးလျနိုင်ငံ၊ ကဲန်ဘာရာက လွှတ်တော်အဆောက်အဦးရှေ့မှာ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေ ကိုင်ဆောင်ထားသူတွေဟာ ဒီမိုကရေစီအုပ်ချုပ်ရေးပြန်ရဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာ သိန်းမိုးဝင်းက အခုလို ပြောပါတယ်။

“ဒီစစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ အမှောင်ခေတ်ကို ပြန်ရောက်သွားစေပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံဟာ နိုင်ငံအသေးလေးပါ။ အရင်က အာဏာရှင်စနစ်အုပ်ချုပ်ခဲ့တဲ့ နှစ် ၅၀ ကာလကို အခု ပြန်ရောက်သွားပါပြီ။ သိကြတဲ့အတိုင်း စစ်အုပ်ချုပ်ရေးအောက်ကို ပြန်ရောက်သွားတာမို့လို့ ကြမ်းကြုတ်ရက်စက်မှုပေါင်းစုံ၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှု၊ တိုင်းရင်းသားလူနွယ်စုတွေကို ရှင်းလင်းမှုစတဲ့ ဖြစ်ရပ်ပေါင်းစုံကို သတင်းတွေမှာ တွေ့နိုင်ပါတယ်။”

အလားတူ ဆန္ဒပြကန့်ကွက်မှုတွေကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ တွေ့ခဲ့ရသလို တောင်ကိုရီးယားနိုင်ငံမှာတော့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာစစ်သံရုံးရှေ့မှာ သွားပြီး ဆန္ဒပြနေကြတာပါ။အလားတူပဲ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံအတော်များများမှာလည်း သက်ဆိုင်ရာ မြန်မာသံရုံးရှေ့တွေမှာ မြန်မာ့အရေးတတ်ကြွလှုပ်ရှားသူတွေ စုဝေးပြီး မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်လျက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG