သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေငြေၾကးအေရႊ႕အေျပာင္းၾကားခံမလုပ္ေပးဖို႔ စင္ကာပူကို ပုဂၢလိက ဘဏ္၀န္ထမ္းေတြ တိုက္တြန္း


ရန္ကုန္ၿမိဳ႕ရွိ ဗဟိုဘဏ္ေရွ႕ ဆႏၵျပတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံအေပၚ စင္ကာပူအေနနဲ႔ ေငြေၾကးအေရႊ႕အေျပာင္း လုပ္တာေတြကို မကူညီဖုိ႔ ပုဂၢလိကဘဏ္ေတြမွာ အလုပ္လုပ္ေနၾကသူ ရာနဲ႔ခ်ီ စေနေန႔က စင္ကာပူသံ႐ံုးေ႐ွ႕သြားၿပီး ေတာင္းဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းယူထားတဲ့ စစ္တပ္အႀကီးအကဲေတြနဲ႔ သူတုိ႔ရဲ႕ စီးပြားေရး အက်ဳိးစီးပြားေတြအေပၚ အေမရိကန္ျပည္ေထာင္စုက ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္ေနခ်ိန္မွာ စင္ကာပူက အရင္စစ္အစိုးရအတြက္ ဘ႑ာေရး အေရႊ႕အေျပာင္းေတြ ၾကားခံေဆာင္ရြက္ေပးတာမ်ဳိး မလုပ္ဖုိ႔ ေတာင္းဆိုေနၾကတာပါ။ အျပည့္အစံုကို မစုျမတ္မြန္ တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ အရပ္သားအစုိးရဆီကေန ကာကြယ္ေရးဦးစီးခ်ဳပ္ အာဏာသိမ္းယူထားတာကို ကန္႔ကြက္တဲ့အေနနဲ႔ CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကတဲ့ ပုဂၢလိကဘဏ္ေတြနဲ႔ ဘ႑ာေရးလုပ္ငန္းေတြက ဝန္ထမ္းေတြ စင္ကာပူသံ႐ံုးေရွ႕မွာ ေဖေဖာ္ဝါရီ ၁၃ ရက္ စေနေန႔မွာ စတင္ေတာင္းဆို ဆႏၵျပၾကတာပါ။

စင္ကာပူႏုိင္ငံရဲ႕ ဗဟိုဘဏ္ျဖစ္တဲ့ MAS နဲ႔ ျမန္မာႏိုင္ငံမွာ လိုင္စင္ယူ လုပ္ကိုင္ေနတဲ့ United Oversea Bank - UOB ဘဏ္ေတြအေနနဲ႔ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏုိင္ငံကို အကူအညီမေပးဖုိ႔ အဓိက ေတာင္းဆိုၾကတာ ျဖစ္ပါတယ္။ အရင္ နဝတအစုိးရလက္ထက္ ျမန္မာႏိုင္ငံအေပၚ အေမရိကန္က ဒဏ္ခတ္ပိတ္ဆို႔ခဲ့ခ်ိန္ ကာလတေလွ်ာက္လံုး စင္ကာပူ ဘ႑ာေရးလုပ္ငန္းေတြက အေမရိကန္ရဲ႕ ဘ႑ာေရးဆိုင္ရာ ပိတ္ဆို႔မႈေတြကို ေရွာင္ရွားၿပီး ေငြေၾကး Transcation အေရႊ႕အေျပာင္းေတြ လုပ္ေပးခဲ့တာမို႔ အခုတေခါက္ မလုပ္ေအာင္ ေတာင္းဆိုတာျဖစ္တယ္လို႔ ဆႏၵျပသူေတြက ေျပာပါတယ္။

ျမန္မာစစ္အာဏာပိုင္ေတြ ေရရွည္ရပ္တည္ဖုိ႔ ခက္ခဲေအာင္ စင္ကာပူႏိုင္ငံအေနနဲ႔ ျပည္သူေတြဘက္က ရပ္တည္ဖုိ႔လိုတယ္လို႔ ဆႏၵျပသူတေယာက္ျဖစ္တဲ့ မ GG က ရွင္းျပပါတယ္။ သူကေတာ့ ပုဂၢလိက ဘဏ္ဝန္ထမ္းေဟာင္းတေယာက္ ျဖစ္သလုိ ႏိုင္ငံတကာ ဘ႑ာေရးလုပ္ငန္းတခုမွာ လက္ရွိ အလုပ္လုပ္ေနသူ ျဖစ္ပါတယ္။

“က်မအေတြ႔အႀကံဳအရ သိခဲ့ရတာက ဟုိးအရင္တုန္းကတည္းက၊ ဟုိတုန္းကေတာ့ စစ္အစိုးရေပါ့ေလ၊ အဲဒီတုန္းကတည္းက ႏုိင္ငံတကာေပးခဲ့တဲ့ Sanction ေတြ ရွိခဲ့တယ္။ အဲဒီ Sanction ေတြရွိခဲ့တဲ့ အခ်ိန္ကတည္းက အခုခ်ိန္ထိ ႐ုပ္မပ်က္ဘူး၊ ေအးေအးေဆးေဆး သူတုိ႔ ေရွ႕ဆက္ႏုိင္ခဲ့တယ္။ သူတုိ႔ အဲဒီလုိ ေရွ႕ဆက္ႏုိင္ဖို႔ အတြက္ကုိ အေထာက္အပံ့၊ အကူအညီေပါ့ေနာ္၊ ဒီ International Transaction ေတြကို အဓိက ကူညီအားေပးေနတာေတာ့ UOB ဘဏ္ ဆုိတာကို သိရတယ္။ OCBC တုိ႔ DBS တုိ႔လည္း ပါတယ္။ UOB ကေတာ့ အမ်ားဆုံးေပါ့။ အဓိကေျပာရမယ္ဆုိရင္ ၂၆ ႏွစ္ရွိၿပီေပါ့၊ ေတာက္ေလွ်ာက္ ကူညီေပးေနတယ္ ဆုိတဲ့ဟာေလးကိုေတာ့ က်မတုိ႔ သိရတယ္။ ဆုိေတာ့ ၿပီးခဲ့တာၿပီးၿပီ။ အခုဆုိရင္ သူတို႔ေတြ ထပ္ၿပီး အာဏာသိမ္းတယ္။ ေငြေရးေၾကးေရး အခက္အခဲေတြ ရွိေနတာကို သိတယ္။ အဲေတာ့ က်မတုိ႔ ျပည္သူေတြအေနနဲ႔ လက္မခံႏုိင္ဘူးေလ။ အဲေတာ့ သူတုိ႔ ဒီလိုျဖစ္ေနတဲ့အခ်ိန္မွာ ဘဏ္ေတြက ထပ္ၿပီးေတာ့ လက္ရွိ အာဏာသိမ္း စစ္အစိုးရကို မကူညီႏုိင္ဘူးလို႔ က်မတို႔ မေျပာရဲတဲ့အတြက္ သူတုိ႔ကုိ ဒီအစိုးရကို ထပ္ၿပီးေတာ့ အကူအညီမေပးဖို႔ ဆႏၵသြားျပတာေပါ့ေလ။”

မစုျမတ္မြန္ - ေစာေစာက အမလည္းေျပာပါတယ္။ လြန္ခဲ့တဲ့ နဝတစစ္အစုိးရလက္ထက္ တေလွ်ာက္လုံးေပါ့ေလ၊ အေမရိကန္ဘက္က Sanction ေတြ ခ်ထားတဲ့အခ်ိန္မွာ စင္ကာပူဘက္က ဘ႑ာေရး အေရႊ႕အေျပာင္းေတြ အေျပာင္းအလဲေတြ Transaction ေတြလုပ္တယ္၊ တဆင့္ခံလုပ္တယ္။ ဆုိေတာ့ ဘယ္လုိမ်ဳိးလုပ္သလဲဆုိတာ အမကိုယ္တုိင္လည္း ဘဏ္မွာ အနီးကပ္လုပ္ခဲ့ဖူးတဲ့ လူတေယာက္အေနနဲ႔ နည္းနည္းရွင္းျပပါလား။

မGG - “အမ်ဳိးမ်ဳိးေရွာင္ၿပီး တိမ္းၿပီးေတာ့ Cooperate အေကာင့္ေတြ၊ ကုမၸဏီအေကာင့္ေပါ့ေလ၊ ကုမၸဏီအေကာင့္ကလည္း တခုတည္းလည္း မဟုတ္ဘဲနဲ႔ အမည္ေျပာင္းၿပီးေတာ့ လုပ္ေပးတယ္။ စစ္အာဏာရွင္ အစုိးရကို အေကာင့္ေျပာင္းေတြေပါ့ တမ်ဳိးတမ်ဳိး ေျပာင္းလဲၿပီးေတာ့ သူတုိ႔လုပ္ေပးတယ္။ ၿပီးေတာ့ Personal အေကာင့္ေတြလည္း လုပ္ၿပီးေတာ့ ေငြအလဲအလွယ္ Transaction ေတြ လုပ္ေပးခဲ့တယ္။ အခုလည္း သူတို႔ေတြက Personal အေကာင့္ေတြနဲ႔ Transaction ေတြလုပ္မယ္လို႔ သိရတယ္။ အဲဒီလို သိရတဲ့အတြက္ အဲဒါေတြ မလုပ္ေစခ်င္လို႔ မလုပ္ေပးဖို႔အတြက္ကုိ အမတို႔က အကူအညီေတာင္းတာပါ။”

မစုျမတ္မြန္ - ျမန္မာႏုိင္ငံကေန ေငြေၾကး အေရႊ႕အေျပာင္းေတြ အထုတ္အသြင္းေတြ လုပ္တဲ့ဟာကို စင္ကာပူဘဏ္ေတြကေနတဆင့္ သြားတယ္ဆုိေတာ့ အဲဒီဟာေတြကိုေရာ အမတုိ႔အေနနဲ႔ ဘယ္လိုမ်ဳိး ေစာင့္ၾကည့္ၿပီးေတာ့ ဒါေတြကို မလုပ္ေပးနဲ႔ဆုိၿပီးေတာ့ စင္ကာပူဘဏ္ေတြဘက္ကို ေတာင္းဆုိလုိ႔ ရႏုိင္မလဲရွင့္။

မGG - “အမတို႔မွာ အတိအက်ေျပာမယ္ဆုိရင္ Confidential ဆုိေတာ့ အမတုိ႔မွာ စာရြက္အေထာက္အထား Document အေထာက္အထားေတာ့ မရွိဘူးေပါ့။ ဒါေပမယ့္ ဒီဘဏ္မွာလည္း လုပ္ခဲ့တယ္၊ Closely လုပ္ခဲ့တဲ့အခါမွာ အဲဒါေတြကို သိေနတဲ့အခါၾကေတာ့ အခုခ်ိန္မွာ အထူးသျဖင့္ ထပ္မလုပ္ဖို႔ ျမန္မာဘဏ္ေတြက တဆင့္ သူတုိ႔ International Transaction ေတြ လုပ္တဲ့ဟာကို အခုေလာေလာဆယ္ မလုပ္ဘဲနဲ႔ လုံးဝရပ္ထားဖုိ႔ က်မတုိ႔ ျပည္သူေတြနဲ႔ပဲ ပူးေပါင္း ပါဝင္ေပးဖို႔ အဓိက ေတာင္းဆုိတာ အဲဒါပါပဲ။ ၿပီးေတာ့ Channel News Asia သူတုိ႔ကလည္း သတင္းေတြကိုေတာ့ ေဖာ္ျပတယ္။ သူတုိ႔ရဲ႕ သတင္းေတြကို ၾကည့္လုိက္တုိင္း တကယ္ေတာ့ တကြက္ႏွစ္ကြက္ေလးပဲ ပုံမွန္သတင္းေလာက္ပဲ ျပသြားၿပီးေတာ့ တကယ့္ကို ေျမျပင္မွာျဖစ္ေနတဲ့ အေနအထားေတြ တကယ့္ကို တကမၻာလုံးသိေနတဲ့ဟာကုိ သူတုိ႔က ေသေသခ်ာခ်ာ မျပဘူးေပါ့ေနာ္။ သူတုိ႔သည္ အိမ္နီးခ်င္းႏုိင္ငံ အာဆီယံႏုိင္ငံလည္း ျဖစ္တယ္။ အာဆီယံမွာ စင္ကာပူက နံပါတ္တစ္ပဲေလ။ သူတို႔အေနနဲ႔ Support ေပးခဲ့မယ္ဆုိရင္ အမတုိ႔အေနနဲ႔ အားအမ်ားႀကီး ရွိမွာေပါ့။ ဒါေပမယ့္ သူတုိ႔က အမတုိ႔ျပည္သူေတြကို Support မေပးဘဲနဲ႔ ဒီစစ္အစိုးရကို Support ေပးမယ္ေဟ့ဆုိရင္ အဲဒါကို အမတို႔ လက္မခံႏုိင္ဘူးေပါ့။ အဲဒါေၾကာင့္ သြားၿပီးေတာ့ အကူအညီ ေတာင္းတာပါ။ ဆႏၵျပတယ္လို႔လည္း အမ တကယ္ေတာ့ မသုံးခ်င္ပါဘူး။”

စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံမွာ ကေမာၻဇဘဏ္ကလဲြလို႔ က်န္တဲ့ ပုဂၢလိကဘဏ္လုပ္ငန္းေတြ အားလံုး ေလာေလာဆယ္ CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကတယ္လုိ႔လည္း မ GG က ေျပာပါတယ္။ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ဝန္ထမ္းေတြ CDM မွာ ပါဝင္လာဖုိ႔လည္း သူတုိ႔က ေတာင္းဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ငွေကြေးအရွှေ့အပြောင်းကြားခံမလုပ်ပေးဖို့ စင်ကာပူကို ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ တိုက်တွန်း

မြန်မာနိုင်ငံအပေါ် စင်ကာပူအနေနဲ့ ငွေကြေးအရွှေ့အပြောင်း လုပ်တာတွေကို မကူညီဖို့ ပုဂ္ဂလိကဘဏ်တွေမှာ အလုပ်လုပ်နေကြသူ ရာနဲ့ချီ စနေနေ့က စင်ကာပူသံရုံးရှေ့သွားပြီး တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်တပ်အကြီးအကဲတွေနဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေအပေါ် အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နေချိန်မှာ စင်ကာပူက အရင်စစ်အစိုးရအတွက် ဘဏ္ဍာရေး အရွှေ့အပြောင်းတွေ ကြားခံဆောင်ရွက်ပေးတာမျိုး မလုပ်ဖို့ တောင်းဆိုနေကြတာပါ။ အပြည့်အစုံကို မစုမြတ်မွန် တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆီကနေ ကာကွယ်ရေးဦးစီးချုပ် အာဏာသိမ်းယူထားတာကို ကန့်ကွက်တဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေက ဝန်ထမ်းတွေ စင်ကာပူသံရုံးရှေ့မှာ ဖေဖော်ဝါရီ ၁၃ ရက် စနေနေ့မှာ စတင်တောင်းဆို ဆန္ဒပြကြတာပါ။

စင်ကာပူနိုင်ငံရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ MAS နဲ့ မြန်မာနိုင်ငံမှာ လိုင်စင်ယူ လုပ်ကိုင်နေတဲ့ United Oversea Bank - UOB ဘဏ်တွေအနေနဲ့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို အကူအညီမပေးဖို့ အဓိက တောင်းဆိုကြတာ ဖြစ်ပါတယ်။ အရင် နဝတအစိုးရလက်ထက် မြန်မာနိုင်ငံအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့ချိန် ကာလတလျှောက်လုံး စင်ကာပူ ဘဏ္ဍာရေးလုပ်ငန်းတွေက အမေရိကန်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို ရှောင်ရှားပြီး ငွေကြေး Transcation အရွှေ့အပြောင်းတွေ လုပ်ပေးခဲ့တာမို့ အခုတခေါက် မလုပ်အောင် တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မြန်မာစစ်အာဏာပိုင်တွေ ရေရှည်ရပ်တည်ဖို့ ခက်ခဲအောင် စင်ကာပူနိုင်ငံအနေနဲ့ ပြည်သူတွေဘက်က ရပ်တည်ဖို့လိုတယ်လို့ ဆန္ဒပြသူတယောက်ဖြစ်တဲ့ မ GG က ရှင်းပြပါတယ်။ သူကတော့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းဟောင်းတယောက် ဖြစ်သလို နိုင်ငံတကာ ဘဏ္ဍာရေးလုပ်ငန်းတခုမှာ လက်ရှိ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။

“ကျမအတွေ့အကြုံအရ သိခဲ့ရတာက ဟိုးအရင်တုန်းကတည်းက၊ ဟိုတုန်းကတော့ စစ်အစိုးရပေါ့လေ၊ အဲဒီတုန်းကတည်းက နိုင်ငံတကာပေးခဲ့တဲ့ Sanction တွေ ရှိခဲ့တယ်။ အဲဒီ Sanction တွေရှိခဲ့တဲ့ အချိန်ကတည်းက အခုချိန်ထိ ရုပ်မပျက်ဘူး၊ အေးအေးဆေးဆေး သူတို့ ရှေ့ဆက်နိုင်ခဲ့တယ်။ သူတို့ အဲဒီလို ရှေ့ဆက်နိုင်ဖို့ အတွက်ကို အထောက်အပံ့၊ အကူအညီပေါ့နော်၊ ဒီ International Transaction တွေကို အဓိက ကူညီအားပေးနေတာတော့ UOB ဘဏ် ဆိုတာကို သိရတယ်။ OCBC တို့ DBS တို့လည်း ပါတယ်။ UOB ကတော့ အများဆုံးပေါ့။ အဓိကပြောရမယ်ဆိုရင် ၂၆ နှစ်ရှိပြီပေါ့၊ တောက်လျှောက် ကူညီပေးနေတယ် ဆိုတဲ့ဟာလေးကိုတော့ ကျမတို့ သိရတယ်။ ဆိုတော့ ပြီးခဲ့တာပြီးပြီ။ အခုဆိုရင် သူတို့တွေ ထပ်ပြီး အာဏာသိမ်းတယ်။ ငွေရေးကြေးရေး အခက်အခဲတွေ ရှိနေတာကို သိတယ်။ အဲတော့ ကျမတို့ ပြည်သူတွေအနေနဲ့ လက်မခံနိုင်ဘူးလေ။ အဲတော့ သူတို့ ဒီလိုဖြစ်နေတဲ့အချိန်မှာ ဘဏ်တွေက ထပ်ပြီးတော့ လက်ရှိ အာဏာသိမ်း စစ်အစိုးရကို မကူညီနိုင်ဘူးလို့ ကျမတို့ မပြောရဲတဲ့အတွက် သူတို့ကို ဒီအစိုးရကို ထပ်ပြီးတော့ အကူအညီမပေးဖို့ ဆန္ဒသွားပြတာပေါ့လေ။”

မစုမြတ်မွန် - စောစောက အမလည်းပြောပါတယ်။ လွန်ခဲ့တဲ့ နဝတစစ်အစိုးရလက်ထက် တလျှောက်လုံးပေါ့လေ၊ အမေရိကန်ဘက်က Sanction တွေ ချထားတဲ့အချိန်မှာ စင်ကာပူဘက်က ဘဏ္ဍာရေး အရွှေ့အပြောင်းတွေ အပြောင်းအလဲတွေ Transaction တွေလုပ်တယ်၊ တဆင့်ခံလုပ်တယ်။ ဆိုတော့ ဘယ်လိုမျိုးလုပ်သလဲဆိုတာ အမကိုယ်တိုင်လည်း ဘဏ်မှာ အနီးကပ်လုပ်ခဲ့ဖူးတဲ့ လူတယောက်အနေနဲ့ နည်းနည်းရှင်းပြပါလား။

မGG - “အမျိုးမျိုးရှောင်ပြီး တိမ်းပြီးတော့ Cooperate အကောင့်တွေ၊ ကုမ္ပဏီအကောင့်ပေါ့လေ၊ ကုမ္ပဏီအကောင့်ကလည်း တခုတည်းလည်း မဟုတ်ဘဲနဲ့ အမည်ပြောင်းပြီးတော့ လုပ်ပေးတယ်။ စစ်အာဏာရှင် အစိုးရကို အကောင့်ပြောင်းတွေပေါ့ တမျိုးတမျိုး ပြောင်းလဲပြီးတော့ သူတို့လုပ်ပေးတယ်။ ပြီးတော့ Personal အကောင့်တွေလည်း လုပ်ပြီးတော့ ငွေအလဲအလှယ် Transaction တွေ လုပ်ပေးခဲ့တယ်။ အခုလည်း သူတို့တွေက Personal အကောင့်တွေနဲ့ Transaction တွေလုပ်မယ်လို့ သိရတယ်။ အဲဒီလို သိရတဲ့အတွက် အဲဒါတွေ မလုပ်စေချင်လို့ မလုပ်ပေးဖို့အတွက်ကို အမတို့က အကူအညီတောင်းတာပါ။”

မစုမြတ်မွန် - မြန်မာနိုင်ငံကနေ ငွေကြေး အရွှေ့အပြောင်းတွေ အထုတ်အသွင်းတွေ လုပ်တဲ့ဟာကို စင်ကာပူဘဏ်တွေကနေတဆင့် သွားတယ်ဆိုတော့ အဲဒီဟာတွေကိုရော အမတို့အနေနဲ့ ဘယ်လိုမျိုး စောင့်ကြည့်ပြီးတော့ ဒါတွေကို မလုပ်ပေးနဲ့ဆိုပြီးတော့ စင်ကာပူဘဏ်တွေဘက်ကို တောင်းဆိုလို့ ရနိုင်မလဲရှင့်။

မGG - “အမတို့မှာ အတိအကျပြောမယ်ဆိုရင် Confidential ဆိုတော့ အမတို့မှာ စာရွက်အထောက်အထား Document အထောက်အထားတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီဘဏ်မှာလည်း လုပ်ခဲ့တယ်၊ Closely လုပ်ခဲ့တဲ့အခါမှာ အဲဒါတွေကို သိနေတဲ့အခါကြတော့ အခုချိန်မှာ အထူးသဖြင့် ထပ်မလုပ်ဖို့ မြန်မာဘဏ်တွေက တဆင့် သူတို့ International Transaction တွေ လုပ်တဲ့ဟာကို အခုလောလောဆယ် မလုပ်ဘဲနဲ့ လုံးဝရပ်ထားဖို့ ကျမတို့ ပြည်သူတွေနဲ့ပဲ ပူးပေါင်း ပါဝင်ပေးဖို့ အဓိက တောင်းဆိုတာ အဲဒါပါပဲ။ ပြီးတော့ Channel News Asia သူတို့ကလည်း သတင်းတွေကိုတော့ ဖော်ပြတယ်။ သူတို့ရဲ့ သတင်းတွေကို ကြည့်လိုက်တိုင်း တကယ်တော့ တကွက်နှစ်ကွက်လေးပဲ ပုံမှန်သတင်းလောက်ပဲ ပြသွားပြီးတော့ တကယ့်ကို မြေပြင်မှာဖြစ်နေတဲ့ အနေအထားတွေ တကယ့်ကို တကမ္ဘာလုံးသိနေတဲ့ဟာကို သူတို့က သေသေချာချာ မပြဘူးပေါ့နော်။ သူတို့သည် အိမ်နီးချင်းနိုင်ငံ အာဆီယံနိုင်ငံလည်း ဖြစ်တယ်။ အာဆီယံမှာ စင်ကာပူက နံပါတ်တစ်ပဲလေ။ သူတို့အနေနဲ့ Support ပေးခဲ့မယ်ဆိုရင် အမတို့အနေနဲ့ အားအများကြီး ရှိမှာပေါ့။ ဒါပေမယ့် သူတို့က အမတို့ပြည်သူတွေကို Support မပေးဘဲနဲ့ ဒီစစ်အစိုးရကို Support ပေးမယ်ဟေ့ဆိုရင် အဲဒါကို အမတို့ လက်မခံနိုင်ဘူးပေါ့။ အဲဒါကြောင့် သွားပြီးတော့ အကူအညီ တောင်းတာပါ။ ဆန္ဒပြတယ်လို့လည်း အမ တကယ်တော့ မသုံးချင်ပါဘူး။”

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘောဇဘဏ်ကလွဲလို့ ကျန်တဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ အားလုံး လောလောဆယ် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတယ်လို့လည်း မ GG က ပြောပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ဝန်ထမ်းတွေ CDM မှာ ပါဝင်လာဖို့လည်း သူတို့က တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG