သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္နဲ႔ ကေနဒါမွာ စစ္အာဏာသိမ္းဆန္႔က်င္ေရး ဆႏၵျပပြဲေတြျပဳလုပ္


စစ္အာဏာသိမ္း ဆန္႔က်င္ေရး ဆန္ဖရန္စစၥကိုၿမဳိ႕ ကုလသမဂၢ-ပလာဇာေရွ႕ ဆႏၵျပၾကစဥ္။ ( ၁၃ ရက္ ေဖေဖၚဝါရီ ၂၀၂၁ စေနေန႔ ) photo - Htun Myat Oo/ Pann Thee.

[ ZAWGYI ]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာကို ဆန္႔က်င္ၿပီး အရပ္သားအစိုးရ အျမန္ ျပန္လည္ေပၚေပါက္လာေစဖို႔အတြက္ ကေနဒါႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံက ျပည္နယ္တခ်ဳိ႕မွာ ျမန္မာေတြ ဆက္ၿပီး ဆႏၵျပ ေတာင္းဆုိေနတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

ေဖေဖၚဝါရီ (၁)ရက္ေန႔မွာ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို စစ္တပ္နဲ႔ လုံၿခဳံေရး တပ္ဖဲြ႔ဝင္ေတြက လိုက္လံဖမ္းဆီး ဖယ္ရွားခဲ့ၿပီးေနာက္ လက္ရွိမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ႏိုင္ငံ့အာဏာ အရပ္ရပ္ကုိ ရယူထားတာပါ။

ျမန္မာႏိုင္ငံ တနံတလ်ားမွာ ေန႔စဥ္နဲ႔အမွ် ၿငိမ္းခ်မ္းစြာဆႏၵျပေနတဲ့ ျပည္သူေတြနဲ႔ထပ္တူ ရပ္တည္ေနေၾကာင္းနဲ႔ စစ္တပ္ အာဏာသိမ္းလုပ္ရပ္ကို ဆန႔္က်င္ေၾကာင္း ကေနဒါႏို္င္ငံ ဗန္ကူးဗားၿမဳိ႕က ျမန္မာေတြကလည္း ရာသီဥတု ေအးခဲေနတဲ့ၾကားကပဲ စေနေန႔တုန္းက ဆႏၵျပေတာင္းဆိုခဲ့ေၾကာင္း ျမန္မာ့အေရးလႈပ္ရွားသူ ကုိမင္းႏိုင္က ေျပာပါတယ္။

" အခုဆိုလို႔ရွိရင္ ကေနဒါအစိုးရ ေခါင္းေဆာင္ ထ႐ူးဒိုးဆီကို က်ေနာ္တို႔ စာေရးသားေပးပို႔ ထားၿပီးၿပီ။ အဲဒီေမတၱာရပ္ခံစာမွာ လက္မွတ္ေတြ ဝိုင္းထိုးၿပီးေတာ့ ေတာင္းဆိုခ်က္ေတြလည္း ပါပါတယ္။ အဓိက ကေတာ့ ၂၀၂၀ ေရြးေကာက္ပဲြကို အသိမွတ္ျပဳေပးဖို႔နဲ႔ ဖမ္းဆီးထားတဲ့ ေခါင္းေဆာင္ေတြအားလုံး ၊ ေနာက္ CDM ေခါင္းေဆာင္ေတြ ၊ ဆႏၵျပ ေခါင္းေဆာင္ေတြေရာ ႏိုင္ငံေခါင္းေဆာင္၊ ပါတီေခါင္းေဆာင္ေတြေရာ အားလုံးကို ခၽြင္းခ်က္မရွိ လႊတ္ေပးဖို႔နဲ႔ ကုလလုံၿခဳံေရးေကာင္စီနဲ႔ အေမရိကန္ကေန ထုတ္ျပန္ထားတဲ့ ထုတ္ျပန္ခ်က္ေတြကို က်ေနာ္တို႔က ေထာက္ခံေၾကာင္း ၊ ျပည္သူေတြကို အၾကမ္းဖက္ ႏွိပ္စက္လာလို႔ရွိရင္ ထိထိေရာက္ေရာက္ အေရးယူေပးဖို႔ က်ေနာ္တို႔ ေတာင္းဆိုတယ္။ ေနာက္ၿပီး အေမရိကန္ကေန ျမန္မာျပည္ေပၚ ျပတ္ျပတ္သားသား အေရးယူေပးဖို႔ ဒါကိုက်ေနာ္တို႔ အဓိကထား ေတာင္းဆိုေနတယ္။ "

အလားတူ ကေနဒါႏိုင္ငံ Saskatoon ၿမဳိ႕မွာလည္း စေနေန႔ ေန႔လည္က စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပဲြ လုပ္ခဲ့ေၾကာင္း ကိုလူေက်ာ္က ေျပာပါတယ္။

" စစ္အာဏာ သိမ္းတဲ့အေပၚမွာ က်ေနာ္တုိ႔ ျပင္းျပင္းထန္ထန္ ရႈတ္ခ်တယ္ေပါ့ေနာ္။ ဖမ္းဆီးထားတဲ့ သမၼတႀကီး ဦးဝင္းျမင့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔တကြ အဖမ္းဆီး ခံထားရသူေတြ အားလုံးကို ခ်က္ခ်င္းလႊတ္ေပးဖို႔ က်ေနာ္တုိ႔ ေတာင္းဆိုတယ္။ ေနာက္တခုက ၂၀၂၀ ေရြးေကာက္ပဲြ ရလဒ္ကို အသိအမွတ္ျပဳေပးဖို႔ ဒါေတြကို အဓိကထား ေတာင္းဆုိေနပါတယ္။ က်ေနာ္တုိ႔ေနတဲ့ ျပည္နယ္လႊတ္ေတာ္နဲ႔ ဖယ္ဒရယ္ လႊတ္ေတာ္ေတြကို ေတာင္းဆိုေနတာပါ။ "

ဗန္ကူးဗားၿမဳိ႕ကျမန္မာေတြ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပစဥ္ (photo shwe sin tun)
ဗန္ကူးဗားၿမဳိ႕ကျမန္မာေတြ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပစဥ္ (photo shwe sin tun)

အေမရိကန္ အေနာက္ဖက္ျခမ္း ဆန္ဖရန္စစၥကိုၿမဳိ႕ ကုလသမဂၢ-ပလာဇာ အေရွ႕ စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပဲြနဲ႔ ပတ္သက္လို႔ ဦးေဆာင္ပါဝင္ေနသူ တဦးျဖစ္တဲ့ ၈၈ မ်ဳိးဆက္ ဦးပန္းသီး(ေခၚ) ဦးထြန္းျမတ္ဦးက ေျပာပါတယ္။

" စစ္ေကာင္စီရဲ႕ အာဏာသိမ္းမႈကို က်ေနာ္တုိ႔ လုံးဝ လက္မခံဘူး ၊ ျပည္သူ႔အစိုးရကိုပဲ က်ေနာ္တို႔ အလိုရွိတယ္။ က်ေနာ္တို႔အခု လုပ္ေနတာကေတာ့ အေမရိကန္အစိုးရ တာဝန္ရွိသူေတြေပါ့ ၊ သမၼတတို႔ ဒုသမၼတတို႔ ေအာက္လႊတ္ေတာ္ဥကၠဌတို႔ဆီကို က်ေနာ္တုိ႔ စာေတြေရးၾကတယ္။ အေရးယူ ေဆာင္ရြက္ေပးဖို႔ အကူအညီေတာင္းတယ္။ အခုဆိုရင္ သမၼတ ဂ်ဳိးဘိုင္ဒန္ကလည္း အေရးယူေဆာင္ရြက္ထားတယ္။ ဒါေပမဲ့ အဲဒီလို အေရးယူပိတ္ဆို႔မႈေတြက ၁၉၈၈ တုန္းကလည္း က်ေနာ္တုိ႔ ႀကဳံခဲ့ၿပီးၿပီ။ ဒါေပမဲ့လည္း စစ္အစိုးရကေတာ့ ထုံးစံအတုိင္း တ႐ုတ္အားကိုးနဲ႔ ဒီဒဏ္ခတ္တာကို ဂရုမစိုက္ခဲ့ဘူး။ ဒါေပမယ့္ ဒီတခါေတာ့ ဒီစစ္ေကာင္စီကို ဒီထက္ပိုမုိျပင္းထန္တဲ့ အေရးယူမႈေတြ လုပ္ဖို႔ အေမရိကားမွာေရာက္ေနတဲ့ ျမန္မာေတြက ေတာင္းဆိုသြားမယ္။ "

ဆန္ဖရန္ၿမဳိ႕က ဆႏၵျပပဲြမွာ ပါဝင္သူ မဂ်ဴလီယာခ်မ္းကလည္း သူ႔ခံယူခ်က္ကို ေျပာပါတယ္။

" အဓိက ဆႏၵျပတာကေတာ့ ဗမာျပည္မွာ စစ္တပ္က အာဏာသိမ္းလိုက္တာကို လုံးဝ လက္မခံအေၾကာင္းနဲ႔ ျပည္သူလူထု ေရြးေကာက္တင္ေျမွာက္ထားတဲ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ သမၼတႀကီး ဦးဝင္းျမင့္ကို အျမန္ဆုံး လႊတ္ေပးၿပီးေတာ့ ၊ အရပ္သားအစိုးရကို အျမန္ဆုံး အာဏာလႊဲေပးအတြက္ အေမရိကန္ေရာက္ ျမန္မာႏိုင္ငံသားေတြ အေနနဲ႔ ဆႏၵျပတာပါ။ ေနာက္ၿပီးေတာ့ ျမန္မာျပည္မွာ ဒီလို မတရားမႈေတြျဖစ္ေနတယ္ဆိုတာကို ကမၻာက သိေစခ်င္လို႔ပါ ။ "

အေမရိကန္အလယ္ပိုင္း အင္ဒီယားနားျပည္နယ္ ဖို႔ဝိန္းၿမဳိ႕မွာလည္း ျမန္မာျပည္ အေျပာင္းအလဲ ျပန္ျဖစ္လာဖို႔ အပတ္စဥ္ ဆႏၵျပေနၾကတဲ့အေၾကာင္း ဦးေက်ာ္သက္က ေျပာပါတယ္။

" အင္ဒီယားနားျပည္နယ္ရဲ႕ အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္ အမတ္ေတြဆီကို က်ေနာ္တို႔ စာေတြပို႔တယ္။ ေတာင္းဆုိမႈ လုပ္တယ္။ ျမန္မာျပည္ကို ပိတ္ဆို႔ဒဏ္ခတ္တဲ့အခါ sanction ဆိုတာကို တတိုင္းျပည္လုံး အတုိင္းတာနဲ႔ မလုပ္ပဲနဲ႔ ဒီစစ္အာဏာရွင္တစုနဲ႔ ပတ္သက္တဲ့ အေရးယူပိတ္ဆို႔မႈမ်ဳိးေတြ ၊ ဒါထက္ပိုျပင္းထန္တဲ့ ဖိအားေပးေတြ ေပးဖို႔ က်ေနာ္တုိ႔ ေတာင္းဆိုထားပါတယ္။ က်ေနာ္တို႔ အေမရိကန္ရဲ႕ သမၼတႀကီး ဂ်ဳိးဘိုင္ဒန္ကလည္း ျမန္မာျပည္အေရးကို အေတာ္ႀကီးစိတ္ဝင္စားတာေတြ႔ရတယ္။ ဒီအတြက္ က်ေနာ္တို႔ကေတာ့ ဆက္လုပ္ေနမွာပါပဲ။ "

ဝါရွင္တန္ဒီစီ စစ္သံရုံးေရွ႕ ဆႏၵျပပဲြ ေတြကို ေဖေဖၚဝါရီ(၁၄) တနဂၤေႏြေန႔မွာ ျပဳလုပ္သြား မယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္



= = = = =

[ UNICODE ]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင်ပြီး အရပ်သားအစိုးရ အမြန် ပြန်လည်ပေါ်ပေါက်လာစေဖို့အတွက် ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံက ပြည်နယ်တချို့မှာ မြန်မာတွေ ဆက်ပြီး ဆန္ဒပြ တောင်းဆိုနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဖေဖေါ်ဝါရီ (၁)ရက်နေ့မှာ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီး ဖယ်ရှားခဲ့ပြီးနောက် လက်ရှိမှာ စစ်အုပ်ချုပ်ရေးကောင်စီက နိုင်ငံ့အာဏာ အရပ်ရပ်ကို ရယူထားတာပါ။

မြန်မာနိုင်ငံ တနံတလျားမှာ နေ့စဉ်နဲ့အမျှ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေနဲ့ထပ်တူ ရပ်တည်နေကြောင်းနဲ့ စစ်တပ် အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ကနေဒါနို်င်ငံ ဗန်ကူးဗားမြို့က မြန်မာတွေကလည်း ရာသီဥတု အေးခဲနေတဲ့ကြားကပဲ စနေနေ့တုန်းက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း မြန်မာ့အရေးလှုပ်ရှားသူ ကိုမင်းနိုင်က ပြောပါတယ်။

" အခုဆိုလို့ရှိရင် ကနေဒါအစိုးရ ခေါင်းဆောင် ထရူးဒိုးဆီကို ကျနော်တို့ စာရေးသားပေးပို့ ထားပြီးပြီ။ အဲဒီမေတ္တာရပ်ခံစာမှာ လက်မှတ်တွေ ဝိုင်းထိုးပြီးတော့ တောင်းဆိုချက်တွေလည်း ပါပါတယ်။ အဓိက ကတော့ ၂၀၂၀ ရွေးကောက်ပွဲကို အသိမှတ်ပြုပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေအားလုံး ၊ နောက် CDM ခေါင်းဆောင်တွေ ၊ ဆန္ဒပြ ခေါင်းဆောင်တွေရော နိုင်ငံခေါင်းဆောင်၊ ပါတီခေါင်းဆောင်တွေရော အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ကုလလုံခြုံရေးကောင်စီနဲ့ အမေရိကန်ကနေ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို ကျနော်တို့က ထောက်ခံကြောင်း ၊ ပြည်သူတွေကို အကြမ်းဖက် နှိပ်စက်လာလို့ရှိရင် ထိထိရောက်ရောက် အရေးယူပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ နောက်ပြီး အမေရိကန်ကနေ မြန်မာပြည်ပေါ် ပြတ်ပြတ်သားသား အရေးယူပေးဖို့ ဒါကိုကျနော်တို့ အဓိကထား တောင်းဆိုနေတယ်။ "

ဆန္ဖရန္စစၥကိုၿမဳိ႕က ဆႏၵျပပဲြ
ဆန္ဖရန္စစၥကိုၿမဳိ႕က ဆႏၵျပပဲြ




အလားတူ ကနေဒါနိုင်ငံ Saskatoon မြို့မှာလည်း စနေနေ့ နေ့လည်က စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲ လုပ်ခဲ့ကြောင်း ကိုလူကျော်က ပြောပါတယ်။

" စစ်အာဏာ သိမ်းတဲ့အပေါ်မှာ ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်ပေါ့နော်။ ဖမ်းဆီးထားတဲ့ သမ္မတကြီး ဦးဝင်းမြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ နောက်တခုက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပေးဖို့ ဒါတွေကို အဓိကထား တောင်းဆိုနေပါတယ်။ ကျနော်တို့နေတဲ့ ပြည်နယ်လွှတ်တော်နဲ့ ဖယ်ဒရယ်လွှတ်တော်တွေကို တောင်းဆိုနေတာပါ။ "

အမေရိကန် အနောက်ဖက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့ ကုလသမဂ္ဂ-ပလာဇာ အရှေ့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဦးဆောင်ပါဝင်နေသူ တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ဦးပန်းသီး(ခေါ်) ဦးထွန်းမြတ်ဦးက ပြောပါတယ်။

" စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ကျနော်တို့ လုံးဝ လက်မခံဘူး ၊ ပြည်သူ့အစိုးရကိုပဲ ကျနော်တို့ အလိုရှိတယ်။ ကျနော်တို့အခု လုပ်နေတာကတော့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေပေါ့ ၊ သမ္မတတို့ ဒုသမ္မတတို့ အောက်လွှတ်တော်ဥက္ကဌတို့ဆီကို ကျနော်တို့ စာတွေရေးကြတယ်။ အရေးယူ ဆောင်ရွက်ပေးဖို့ အကူအညီတောင်းတယ်။ အခုဆိုရင် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အရေးယူဆောင်ရွက်ထားတယ်။ ဒါပေမဲ့ အဲဒီလို အရေးယူပိတ်ဆို့မှုတွေက ၁၉၈၈ တုန်းကလည်း ကျနော်တို့ ကြုံခဲ့ပြီးပြီ။ ဒါပေမဲ့လည်း စစ်အစိုးရကတော့ ထုံးစံအတိုင်း တရုတ်အားကိုးနဲ့ ဒီဒဏ်ခတ်တာကို ဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့် ဒီတခါတော့ ဒီစစ်ကောင်စီကို ဒီထက်ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့ အမေရိကားမှာရောက်နေတဲ့ မြန်မာတွေက တောင်းဆိုသွားမယ်။ "

ဆန်ဖရန်မြို့က ဆန္ဒပြပွဲမှာ ပါဝင်သူ မဂျူလီယာချမ်းကလည်း သူ့ခံယူချက်ကို ပြောပါတယ်။

" အဓိက ဆန္ဒပြတာကတော့ ဗမာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို လုံးဝ လက်မခံအကြောင်းနဲ့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတကြီး ဦးဝင်းမြင့်ကို အမြန်ဆုံး လွှတ်ပေးပြီးတော့ ၊ အရပ်သားအစိုးရကို အမြန်ဆုံး အာဏာလွှဲပေးအတွက် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ ဆန္ဒပြတာပါ။ နောက်ပြီးတော့ မြန်မာပြည်မှာ ဒီလို မတရားမှုတွေဖြစ်နေတယ်ဆိုတာကို ကမ္ဘာက သိစေချင်လို့ပါ ။ "

အမေရိကန်အလယ်ပိုင်း အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာလည်း မြန်မာပြည် အပြောင်းအလဲ ပြန်ဖြစ်လာဖို့ အပတ်စဉ် ဆန္ဒပြနေကြတဲ့အကြောင်း ဦးကျော်သက်က ပြောပါတယ်။

" အင်ဒီယားနားပြည်နယ်ရဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်တွေဆီကို ကျနော်တို့ စာတွေပို့တယ်။ တောင်းဆိုမှု လုပ်တယ်။ မြန်မာပြည်ကို ပိတ်ဆို့ဒဏ်ခတ်တဲ့အခါ sanction ဆိုတာကို တတိုင်းပြည်လုံး အတိုင်းတာနဲ့ မလုပ်ပဲနဲ့ ဒီစစ်အာဏာရှင်တစုနဲ့ ပတ်သက်တဲ့ အရေးယူပိတ်ဆို့မှုမျိုးတွေ ၊ ဒါထက်ပိုပြင်းထန်တဲ့ ဖိအားပေးတွေ ပေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ ကျနော်တို့ အမေရိကန်ရဲ့ သမ္မတကြီး ဂျိုးဘိုင်ဒန်ကလည်း မြန်မာပြည်အရေးကို အတော်ကြီးစိတ်ဝင်စားတာတွေ့ရတယ်။ ဒီအတွက် ကျနော်တို့ကတော့ ဆက်လုပ်နေမှာပါပဲ။ "

ဝါရှင်တန်ဒီစီ စစ်သံရုံးရှေ့ ဆန္ဒပြပွဲ တွေကို ဖေဖေါ်ဝါရီ(၁၄) တနင်္ဂနွေနေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG