သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ ကုလနဲ႔ သံ႐ုံးတခ်ိဳ႕ေရွ႕ ဆႏၵျပမႈ အရွိန္ျမင့္လာ


ရန္ကုန္ၿမိဳ႕၊ အေမရိကန္သံ႐ုံးေရွ႕မွာ စစ္အစုိးရဆန္႔က်င္ ဆႏၵျပၾကသူမ်ား။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္တပ္က အာဏာသိမ္းတာကို ႏုိင္ငံတကာ ဖိအားေပးဖို႔ ေတာင္းဆုိတဲ့အေနနဲ႔ ရန္ကုန္မွာရွိတဲ့ ကုလသမဂၢနဲ႔ ႏိုင္ငံျခားသံ႐ုံးတခ်ိဳ႕ေရွ႕ ဆႏၵျပမႈေတြမွာ ဒီေန႔ ဆႏၵျပအေရအတြက္ ပိုမ်ားလာပါတယ္။ ဒါ့အျပင္ ဆႏၵျပသူေတြကို ညပိုင္း လိုက္လံဖမ္းဆီးတာေတြ မလုပ္ဖို႔လည္း ဆႏၵျပသူေတြက ေတာင္းဆိုေနၾကပါတယ္။ ဒီကေန႔ ဆႏၵျပပဲြ ေနာက္ဆုံးအေျခအေနနဲ႔ ပတ္သက္ၿပီး ကုိရန္ႏုိင္ စုစည္းတင္ျပထားပါတယ္။

စစ္တပ္က အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လမ္းေပၚထြက္ ဆႏၵျပပဲြေတြ ရန္ကုန္၊ မႏၱေလးနဲ႔ ေနျပည္ေတာ္ အပါအဝင္ ႏုိင္ငံတဝန္းမွာ ဒီေန႔ ဆက္လက္ျဖစ္ပြားခဲ့ၿပီး လူေတြ သိန္းနဲ႔ခ်ီၿပီး ပါဝင္ခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာေတာ့ ဒီေန႔ဆုိရင္ လူေတြ လမ္းေပၚထြက္ ဆႏၵျပတာ ၈ ရက္ေျမာက္ ရွိသြားၿပီျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ဆႏၵျပတဲ့သူေတြဟာ ႏုိင္ငံတကာအေနနဲ႔ အာဏာသိမ္းစစ္ေကာင္စီကို ဖိအားေပးဖို႔အတြက္ ကုလသမဂၢ႐ုံး အပါအဝင္ ႏုိင္ငံတကာသံ႐ုံးေတြေရွ႕မွာ ဆႏၵျပေတာင္းဆုိခဲ့ၾကၿပီး တကၠသိုလ္ရိပ္သာလမ္းက အေမရိကန္သံ႐ုံးေရွ႕မွာ ဆုိရင္လည္း ဆႏၵျပတဲ့သူေတြဟာ ေသာင္းနဲ႔ခ်ီအထိ ရွိခဲ့တာကို ေတြ႔ခဲ့ရပါတယ္။

ဒါ့အျပင္ ဆႏၵျပတဲ့သူေတြဟာ တ႐ုတ္သံ႐ုံး၊ စင္ကာပူသံ႐ုံး စတဲ့ ေဒသတြင္းက ျမန္မာ့အိမ္နီးခ်င္း ႏုိင္ငံေတြရဲ႕ သံ႐ုံးေတြေရွ႕မွာ ဒီေန႔ သြားေရာက္ၿပီးေတာ့ ဆႏၵျပခဲ့ၾကပါတယ္။

တခ်ိန္တည္းမွာပဲ ဆႏၵျပတဲ့သူေတြဟာ လွည္းတန္းမီးပြိဳင့္ အပါအဝင္ ေျမနီကုန္း၊ ျမန္မာပလာဇာေရွ႕ အပါအဝင္ ရန္ကုန္ၿမိဳ႕ ေနရာအႏွံ႔မွာ စုေဝးဆႏၵျပခဲ့ၾကၿပီး ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ အပါအဝင္ ဖမ္းဆီးထားတဲ့သူေတြကို အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ အၾကမ္းမဖက္ဘဲ ၿငိမ္းခ်မ္းစြာ အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM မွာ ပါဝင္ၾကဖို႔ ေတာင္းဆုိခဲ့ၾကပါတယ္။ စမ္းေခ်ာင္းၿမိဳ႕နယ္ ေျမနီကုန္းက ဆႏၵျပပဲြအတြင္းမွာေတာ့ ညဘက္ေတြမွာ လူေတြကို လိုက္လံဖမ္းဆီးတာေတြကို မလုပ္ဖို႔ ေတာင္းဆုိတာေတြ ဒီေန႔မွာ ရွိခဲ့တယ္လို႔ ဆႏၵျပပဲြမွာပါဝင္တဲ့ ရန္ကုန္ၿမိဳ႕ခံတဦးျဖစ္တဲ့ ကိုေက်ာ္ေက်ာ္မ်ိဳးဟန္က ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္ ေျမနီကုန္း ခုံးတံတားေအာက္ကုိ ေရာက္ေတာ့ စီးပြားေရးတကၠသိုလ္က ေက်ာင္းသားေတြ၊ ေနာက္ တကၠသိုလ္ေပါင္းစုံက ေက်ာင္းသားေတြနဲ႔ ေတာ္ေတာ္ေလး ျပည့္က်ပ္ေနၿပီး အရင္ကထက္ပုိၿပီး လူမ်ားလာတယ္။ အရင္ကထက္ပုိၿပီး စည္းလုံးလာတယ္။ သိန္းဂဏန္းေလာက္ ရွိမယ္ထင္တယ္၊ ေျမနီကုန္းမွာ၊ ဟုိဘက္ ဒဂုံစင္တာ ေအာက္ေတြေရာ။ CDM Movement ကို အဓိက ေတာင္းဆုိၾကၿပီး ေႂကြးေၾကာ္သံေတြ ေႂကြးေၾကာ္ၾကတယ္။ ဒီေန႔မွာ ထပ္တုိးလာတာေတာ့ Stop arresting people at the midnight ဆုိတာေလး တုိးလာတယ္။ ညဘက္မွာ လူေတြလုိက္ဖမ္းေနတာကို ရပ္တန္႔ေပးပါဆုိၿပီးေတာ့ ဆုိင္းဘုတ္ေတြ ကုိင္စြဲလာတာ ေတြ႔ရတယ္။”

ရန္ကုန္ၿမိဳ႕ ဒီေန႔ဆႏၵျပပဲြေတြအတြင္း ဆႏၵျပ ေက်ာင္းသားျပည္သူေတြနဲ႔အတူ ေလေၾကာင္းလိုင္းက ဝန္ထမ္းေတြ၊ ရထားပို႔ေဆာင္ေရးဌာနက ဝန္ထမ္းေတြ၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးဌာနက ေအာက္ေျခ သန္႔ရွင္းေရးဝန္ထမ္းေတြ အျပင္ ရန္ကုန္တကၠသိုလ္ ဥပေဒပညာဌာန ေက်ာင္းသား ေက်ာင္းသူေဟာင္းေတြ အျပင္ ျမန္မာ့လက္ေရြးစင္ ေဘာလုံးသမားေတြလည္း စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့အေနနဲ႔ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ ျမန္မာႏုိင္ငံလုံးဆုိင္ရာ အလုပ္သမားသမဂၢမ်ား အဖဲြ႔ခ်ဳပ္ (CTUM Myanmar) ရဲ႕ ဦးေဆာင္မႈနဲ႔ ျမန္မာ့မီးရထားဝန္ထမ္းေတြ သပိတ္ေမွာက္တာေၾကာင့္ ရန္ကုန္ၿမိဳ႕ အဝင္အထြက္ ရထားလိုင္းအားလုံး မေန႔ကတည္းက ရပ္ဆုိင္းသြားတယ္လို႔လည္း သိရပါတယ္။

ဒီေန႔ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ဟာ ျမန္မာ့လြတ္လပ္ေရးေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ၁၀၆ ႏွစ္ျပည့္ေျမာက္တဲ့ ေမြးေန႔ျဖစ္တာေၾကာင့္ ႏုိင္ငံတဝန္းက ေနရာအေတာ္မ်ားမ်ားမွာ ဆႏၵျပတဲ့သူေတြကို ဗုိလ္ခ်ဳပ္ေအာင္ဆန္းႀကိဳက္တဲ့ ပဲျပဳတ္နဲ႔ နံျပား ေကၽြးတာေတြလည္း ရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္း အာဏာပိုင္ေတြဘက္က အၾကမ္းဖက္ႏွိမ္နင္းမႈေတြ ရွိခဲ့တဲ့ မႏၱေလးၿမိဳ႕မွာဆုိရင္လည္း ဒီေန႔မွာ ဆႏၵျပတဲ့သူေတြ သိန္းနဲ႔ခ်ီရွိခဲ့ၿပီး သက္ဆုိင္ရာ ဆႏၵျပ သပိတ္စစ္ေၾကာင္းေတြအလိုက္ လူေတြသိန္းနဲ႔ခ်ီၿပီး ၿမိဳ႕အႏွံ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ၾကတယ္လို႔ ဆႏၵျပေခါင္းေဆာင္တဦးက ေျပာပါတယ္။

ဒါ့အျပင္ အစိုးရ႐ုံးစိုက္ရာ ၿမိဳ႕ေတာ္ ေနျပည္ေတာ္ အပါအဝင္ မုံရြာ၊ ဘားအံ စတဲ့ ၿမိဳ႕ေတြမွာလည္း ဆႏၵျပပဲြေတြ ဆက္လက္ျဖစ္ပြားခဲ့သလို ဘားအံၿမိဳ႕က ဆႏၵျပပဲြေတြမွာေတာ့ ရဲတပ္ဖြဲ႔ဝင္ ၂ ဦး ဆႏၵျပတဲ့သူေတြနဲ႔ ပူးေပါင္းပါဝင္ခဲ့တာကိုလည္း ေတြ႔ခဲ့ရၿပီး ဆႏၵျပပဲြေတြဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ၿပီးဆုံးသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ရန်ကုန် ကုလနဲ့ သံရုံးတချို့ရှေ့ ဆန္ဒပြမှု အရှိန်မြင့်လာ

စစ်တပ်က အာဏာသိမ်းတာကို နိုင်ငံတကာ ဖိအားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံခြားသံရုံးတချို့ရှေ့ ဆန္ဒပြမှုတွေမှာ ဒီနေ့ ဆန္ဒပြအရေအတွက် ပိုများလာပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေကို ညပိုင်း လိုက်လံဖမ်းဆီးတာတွေ မလုပ်ဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းမှာ ဒီနေ့ ဆက်လက်ဖြစ်ပွားခဲ့ပြီး လူတွေ သိန်းနဲ့ချီပြီး ပါဝင်ခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာတော့ ဒီနေ့ဆိုရင် လူတွေ လမ်းပေါ်ထွက် ဆန္ဒပြတာ ၈ ရက်မြောက် ရှိသွားပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆန္ဒပြတဲ့သူတွေဟာ နိုင်ငံတကာအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးဖို့အတွက် ကုလသမဂ္ဂရုံး အပါအဝင် နိုင်ငံတကာသံရုံးတွေရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးရှေ့မှာ ဆိုရင်လည်း ဆန္ဒပြတဲ့သူတွေဟာ သောင်းနဲ့ချီအထိ ရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ဆန္ဒပြတဲ့သူတွေဟာ တရုတ်သံရုံး၊ စင်ကာပူသံရုံး စတဲ့ ဒေသတွင်းက မြန်မာ့အိမ်နီးချင်း နိုင်ငံတွေရဲ့ သံရုံးတွေရှေ့မှာ ဒီနေ့ သွားရောက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဆန္ဒပြတဲ့သူတွေဟာ လှည်းတန်းမီးပွိုင့် အပါအဝင် မြေနီကုန်း၊ မြန်မာပလာဇာရှေ့ အပါအဝင် ရန်ကုန်မြို့ နေရာအနှံ့မှာ စုဝေးဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

စမ်းချောင်းမြို့နယ် မြေနီကုန်းက ဆန္ဒပြပွဲအတွင်းမှာတော့ ညဘက်တွေမှာ လူတွေကို လိုက်လံဖမ်းဆီးတာတွေကို မလုပ်ဖို့ တောင်းဆိုတာတွေ ဒီနေ့မှာ ရှိခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ရန်ကုန်မြို့ခံတဦးဖြစ်တဲ့ ကိုကျော်ကျော်မျိုးဟန်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော် မြေနီကုန်း ခုံးတံတားအောက်ကို ရောက်တော့ စီးပွားရေးတက္ကသိုလ်က ကျောင်းသားတွေ၊ နောက် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေနဲ့ တော်တော်လေး ပြည့်ကျပ်နေပြီး အရင်ကထက်ပိုပြီး လူများလာတယ်။ အရင်ကထက်ပိုပြီး စည်းလုံးလာတယ်။ သိန်းဂဏန်းလောက် ရှိမယ်ထင်တယ်၊ မြေနီကုန်းမှာ၊ ဟိုဘက် ဒဂုံစင်တာ အောက်တွေရော။ CDM Movement ကို အဓိက တောင်းဆိုကြပြီး ကြွေးကြော်သံတွေ ကြွေးကြော်ကြတယ်။ ဒီနေ့မှာ ထပ်တိုးလာတာတော့ Stop arresting people at the midnight ဆိုတာလေး တိုးလာတယ်။ ညဘက်မှာ လူတွေလိုက်ဖမ်းနေတာကို ရပ်တန့်ပေးပါဆိုပြီးတော့ ဆိုင်းဘုတ်တွေ ကိုင်စွဲလာတာ တွေ့ရတယ်။”

ရန်ကုန်မြို့ ဒီနေ့ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြ ကျောင်းသားပြည်သူတွေနဲ့အတူ လေကြောင်းလိုင်းက ဝန်ထမ်းတွေ၊ ရထားပို့ဆောင်ရေးဌာနက ဝန်ထမ်းတွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနက အောက်ခြေ သန့်ရှင်းရေးဝန်ထမ်းတွေ အပြင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ကျောင်းသား ကျောင်းသူဟောင်းတွေ အပြင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားတွေလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM Myanmar) ရဲ့ ဦးဆောင်မှုနဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေ သပိတ်မှောက်တာကြောင့် ရန်ကုန်မြို့ အဝင်အထွက် ရထားလိုင်းအားလုံး မနေ့ကတည်းက ရပ်ဆိုင်းသွားတယ်လို့လည်း သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၆ နှစ်ပြည့်မြောက်တဲ့ မွေးနေ့ဖြစ်တာကြောင့် နိုင်ငံတဝန်းက နေရာအတော်များများမှာ ဆန္ဒပြတဲ့သူတွေကို ဗိုလ်ချုပ်အောင်ဆန်းကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြား ကျွေးတာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေဘက်က အကြမ်းဖက်နှိမ်နင်းမှုတွေ ရှိခဲ့တဲ့ မန္တလေးမြို့မှာဆိုရင်လည်း ဒီနေ့မှာ ဆန္ဒပြတဲ့သူတွေ သိန်းနဲ့ချီရှိခဲ့ပြီး သက်ဆိုင်ရာ ဆန္ဒပြ သပိတ်စစ်ကြောင်းတွေအလိုက် လူတွေသိန်းနဲ့ချီပြီး မြို့အနှံ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။

ဒါ့အပြင် အစိုးရရုံးစိုက်ရာ မြို့တော် နေပြည်တော် အပါအဝင် မုံရွာ၊ ဘားအံ စတဲ့ မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့သလို ဘားအံမြို့က ဆန္ဒပြပွဲတွေမှာတော့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဆန္ဒပြတဲ့သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့တာကိုလည်း တွေ့ခဲ့ရပြီး ဆန္ဒပြပွဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG