သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ညပိုင္းလိုက္လံဖမ္းဆီးမႈေတြ ရပ္ဖို႔ ဆႏၵျပသူေတြ ေတာင္းဆို


ေမာ္လၿမိဳင္ၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပပြဲအတြင္း ရဲတပ္ဖြဲ႔က ဖမ္းဆီးေနတဲ့ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြမွာ ပါဝင္သူေတြကို ညဘက္ေတြမွာ လိုက္ဖမ္းတာေတြ ရွိေနၿပီး လူထုကလည္း သိတာနဲ႔ ညမထြက္ရအမိန႔္ ထုတ္ထားတဲ့ၾကားကပဲ လမ္းေတြေပၚ အုံနဲ႔က်င္းနဲ႔ ထြက္လာၿပီး သံပုံးေတြတီးၿပီးေတာ့ တားဆီးၾကပါတယ္။

ဒီကေန႔ ဆႏၵျပပြဲေတြမွာဆိုရင္ အဲဒီလို ညဘက္ႀကီး လိုက္ဖမ္းတာကို အျပင္းအထန္ ကန႔္ကြက္ၾကၿပီးေတာ့ "ညဘက္ ျပန္ေပးဆြဲတာ ရပ္" ဆိုတဲ့ အဓိပၸါယ္နဲ႔ အဂၤလိပ္ဘာသာစာတန္းေတြ ကိုင္ေဆာင္ ဆႏၵျပၾကပါတယ္။

ဒါ့အျပင္ "မိမိတို႔ရဲ႕ ညေတြဟာ မလုံၿခဳံေတာ့ဘူး"၊ "ျမန္မာစစ္တပ္က ညဘက္မွာ လူေတြကို ျပန္ေပးဆြဲေနတယ္" လို႔ အဓိပၸါယ္ရတဲ့ အဂၤလိပ္စာသားေတြကိုလည္း အြန္လိုင္းေပၚမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္ေနၾကတာ ေတြ႔ရပါတယ္။

႐ုတ္တရက္ ဖမ္းဆီးခံရသူေတြရဲ႕ မိသားစုဝင္ေတြအေနနဲ႔ ဘာလို႔ဖမ္းတယ္၊ ဘယ္ေနရာကို ေခၚသြားတယ္၊ စတာေတြကို ဘာမွမသိရဘူးလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ညအခ်ိန္မေတာ္ ဝင္ဖမ္းတာေတြဟာ တခုတည္း၊ တေနရာတည္းမွာ ျဖစ္တာမဟုတ္ဘဲ ႏိုင္ငံတဝန္းမွာ ျဖစ္ေနတယ္လို႔ AAPP က ေျပာပါတယ္။ အခုလိုမ်ဳိး လမ္းမေပၚ၊ အိမ္ေတြေပၚကေန မတရား ဆြဲေခၚ ဖမ္းဆီးတာေတြဟာ တည္ဆဲဥပေဒနဲ႔ မကိုက္ညီဘူးလို႔လည္း AAPP က ေဝဖန္ထားပါတယ္။

ပုသိမ္ၿမိဳ႕အေျခစိုက္ တိုင္းဧရာသတင္းဌာနအတြက္ ဗီြဒီယိုသတင္းေတြ တင္ဆက္ေပးေနတဲ့ သတင္းေထာက္ မေရႊရည္ဝင္းဆိုရင္ ေဖေဖာ္ဝါရီလ ၁၀ ရက္၊ ဗုဒၶဟူးေန႔ညမွာ စစ္တပ္၊ ရဲနဲ႔ အရပ္ဝတ္လူတခ်ဳိ႕က လာေခၚသြားတယ္လုိ႔ မိခင္ျဖစ္သူက ေျပာတာကို တိုင္းဧရာသတင္းဌာနရဲ႕ ေဖ့စ္ဘုတ္မွာ တင္ထားပါတယ္။

မေရႊရည္ဝင္းမွာ တႏွစ္သားအရြယ္ သားငယ္တဦးရွိၿပီး အခုဆိုရင္ ကေလးငယ္ဟာ မိခင္ႏို႔ မစို႔ရတဲ့အတြက္ အေတာ့္ကို ဒုကၡေရာက္ေနတယ္လို႔ မေရႊရည္ဝင္းရဲ႕ မိခင္ျဖစ္သူ ေဒၚသိန္းသိန္းက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

"အရမ္းကို စိတ္ပူေနပါတယ္၊ သူတို႔လာေခၚတုန္းက သမီးဟာ ဖိနပ္ေတာင္ စီးမသြားရပါဘူး" လို႔ မိခင္ျဖစ္သူ ေဒၚသိန္းသိန္းက ေျပာပါတယ္။

ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်ီနီဗာၿမိဳ႕အေျခစိုက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ ေသာၾကာေန႔က ခ်မွတ္ခဲ့တဲ့ ျမန္မာ့လူ႔အခြင့္အေရး အေျခအေနဆိုင္ရာ ဆံုးျဖတ္ခ်က္ထဲမွာ ဖမ္းဆီးထားသူ အားလံုးကုိ အျမန္ဆံုး ျပန္လႊတ္ေပးဖို႔၊ ဆႏၵျပသူေတြကို အင္အားသံုး ႏွိမ္နင္းတာ မလုပ္ဖို႔၊ ေရြးေကာက္ခံ အရပ္သားအစိုးရလက္ထဲ အာဏာျပန္လႊဲေပးဖို႔ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ညပိုင်းလိုက်လံဖမ်းဆီးမှုတွေ ရပ်ဖို့ ဆန္ဒပြသူတွေ တောင်းဆို

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေကို ညဘက်တွေမှာ လိုက်ဖမ်းတာတွေ ရှိနေပြီး လူထုကလည်း သိတာနဲ့ ညမထွက်ရအမိန့် ထုတ်ထားတဲ့ကြားကပဲ လမ်းတွေပေါ် အုံနဲ့ကျင်းနဲ့ ထွက်လာပြီး သံပုံးတွေတီးပြီးတော့ တားဆီးကြပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲတွေမှာဆိုရင် အဲဒီလို ညဘက်ကြီး လိုက်ဖမ်းတာကို အပြင်းအထန် ကန့်ကွက်ကြပြီးတော့ "ညဘက် ပြန်ပေးဆွဲတာ ရပ်" ဆိုတဲ့ အဓိပ္ပါယ်နဲ့ အင်္ဂလိပ်ဘာသာစာတန်းတွေ ကိုင်ဆောင် ဆန္ဒပြကြပါတယ်။

ဒါ့အပြင် "မိမိတို့ရဲ့ ညတွေဟာ မလုံခြုံတော့ဘူး"၊ "မြန်မာစစ်တပ်က ညဘက်မှာ လူတွေကို ပြန်ပေးဆွဲနေတယ်" လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်စာသားတွေကိုလည်း အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေကြတာ တွေ့ရပါတယ်။

ရုတ်တရက် ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ ဘာလို့ဖမ်းတယ်၊ ဘယ်နေရာကို ခေါ်သွားတယ်၊ စတာတွေကို ဘာမှမသိရဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ညအချိန်မတော် ဝင်ဖမ်းတာတွေဟာ တခုတည်း၊ တနေရာတည်းမှာ ဖြစ်တာမဟုတ်ဘဲ နိုင်ငံတဝန်းမှာ ဖြစ်နေတယ်လို့ AAPP က ပြောပါတယ်။ အခုလိုမျိုး လမ်းမပေါ်၊ အိမ်တွေပေါ်ကနေ မတရား ဆွဲခေါ် ဖမ်းဆီးတာတွေဟာ တည်ဆဲဥပဒေနဲ့ မကိုက်ညီဘူးလို့လည်း AAPP က ဝေဖန်ထားပါတယ်။

ပုသိမ်မြို့အခြေစိုက် တိုင်းဧရာသတင်းဌာနအတွက် ဗွီဒီယိုသတင်းတွေ တင်ဆက်ပေးနေတဲ့ သတင်းထောက် မရွှေရည်ဝင်းဆိုရင် ဖေဖော်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ညမှာ စစ်တပ်၊ ရဲနဲ့ အရပ်ဝတ်လူတချို့က လာခေါ်သွားတယ်လို့ မိခင်ဖြစ်သူက ပြောတာကို တိုင်းဧရာသတင်းဌာနရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။

မရွှေရည်ဝင်းမှာ တနှစ်သားအရွယ် သားငယ်တဦးရှိပြီး အခုဆိုရင် ကလေးငယ်ဟာ မိခင်နို့ မစို့ရတဲ့အတွက် အတော့်ကို ဒုက္ခရောက်နေတယ်လို့ မရွှေရည်ဝင်းရဲ့ မိခင်ဖြစ်သူ ဒေါ်သိန်းသိန်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

"အရမ်းကို စိတ်ပူနေပါတယ်၊ သူတို့လာခေါ်တုန်းက သမီးဟာ ဖိနပ်တောင် စီးမသွားရပါဘူး" လို့ မိခင်ဖြစ်သူ ဒေါ်သိန်းသိန်းက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ သောကြာနေ့က ချမှတ်ခဲ့တဲ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ ဖမ်းဆီးထားသူ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းတာ မလုပ်ဖို့၊ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထဲ အာဏာပြန်လွှဲပေးဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG